backup og meta

ငှက်ပျောသီး တစ်နေ့ နှစ်လုံးစားတဲ့အခါ ဘာတွေဖြစ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 14/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ငှက်ပျောသီး တစ်နေ့ နှစ်လုံးစားတဲ့အခါ ဘာတွေဖြစ်မလဲ

    ငှက်ပျောသီးဟာ လူကြိုက်များတဲ့ သစ်သီးတစ်မျိုးပါ။ အမျိုးအစားစုံလင်လှသလို အားလုံးနီးပါးက ချိုမြိန်တဲ့အရသာနဲ့ ကြွယ်ဝလှတဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။

    ငှက်ပျောသီးက Fiber လို့ခေါ်တဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ လူတစ်ယောက်ရဲ့တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေထဲမှာ အမျှင်ဓာတ်ကလည်း အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး တစ်နေ့ကို ၂၅ ဂရမ်လောက် လိုအပ်ပါတယ်။

    ဒါတင်မကသေးပါဘူး။ ငှက်ပျောသီးမှာ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လိုရီ၊ Fat၊ ပရိုတိန်း၊ ဗီတာမင် Cဗီတာမင် B6၊ မဂ္ဂနီးစ်တို့လည်းပါဝင်နေပါသေးတယ်။ ငှက်ပျောသီးကို နေ့စဉ် လုံလောက်စွာစားပေးမယ်ဆိုရင် အမျှင်ဓာတ်ကြောင့် လူကို ဗိုက်ပြည့်တင်းတိမ်စေတာ၊ ကိုယ်အလေးချိန် လျော့ကျစေတာတွေ ဖြစ်စေနိုင်သလို နှလုံးရောဂါ၊ နာတာရှည်ရောဂါတွေနဲ့ စိတ်ဖိစီးမှုတွေကိုလည်း လျော့နည်းစေပါတယ်။

    တစ်နေ့ကို ငှက်ပျောသီး ဘယ်နှစ်လုံးလောက် စားပေးသင့်သလဲ

    ဒီလို အသုံးတည့်လှတဲ့ ငှက်ပျောသီးကို တစ်နေ့ကို ဘယ်နှစ်လုံးလောက် မှီဝဲသင့်သပါလဲ။ WHO ရဲ့ သတ်မှတ်ချက်တွေအရ တစ်နေ့ကို သစ်သီးဝလံ ၅ ခုလောက်စားပေးသင့်တယ်လို့ ဆိုထားပြီး ငှက်ပျောသီးကတော့ တစ်နေ့ ၂ လုံးလောက် မှီဝဲသင့်ပါတယ်။

    တစ်နေ့ကို ငှက်ပျောသီး ၂ လုံး မှီဝဲမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိလာမှာဖြစ်ပါတယ်။

    • စွမ်းအင် – လေ့ကျင့်ခန်းမလုပ်ခင် ငှက်ပျောသီးတစ်လုံး(သို့) နှစ်လုံးစားပေးခြင်းက လေ့ကျင့်ခန်းလုပ်ချိန် ကုန်ဆုံးသွားမယ့် အားအင်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ တစ်နာရီကျော်ကြာအောင် ခွန်အားတွေပြည့်နေစေမှာဖြစ်ပါတယ်။
    • ဝမ်းချုပ်ခြင်း – ငှက်ပျောသီးက ဝမ်းချုပ်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ငှက်ပျောသီးမှာပါတဲ့ အမျှင်ဓာတ်က ဝမ်းမချုပ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။
    • သွေးဖိအား – ငှက်ပျောသီးက ခန္ဓာကိုယ်အတွင်း ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးတာကြောင့် သွေးတိုးကိုကျစေပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူပေးပါတယ်။ အောက်သွေးပုံမှန်ဖြစ်နေအောင် ထိန်းပေးပါတယ်။
    • အစာအိမ်အနာ – အစာအိမ်အနာဖြစ်တဲ့အချိန်မှာ ငှက်ပျောသီးစားပေးနိုင်ပါတယ်။ အစာအိမ်အတွင်းနံရံကို အလွှာတစ်ထပ်လို ကာကွယ်ပေးထားပြီး နာကျင်မှုတွေကို သက်သာစေပါတယ်။ သူက အစာချေစနစ်ကို အထောက်အကူပေးပြီး ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေအားလုံးကို စွန့်ထုတ်ပေးပါတယ်။
    • သွေးအားနည်းရောဂါ – ငှက်ပျောသီးဟာ ခန္ဓာကိုယ်က လိုအပ်တဲ့ သံဓာတ်ကို ဖြည့်ဆည်းပေးတဲ့အတွက် ဟေမိုဂလိုဘင်နဲ့ သွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကိုထောက်ပံ့ပေးပါတယ်။ ဒါကြောင့် သွေးအားနည်းခြင်းကိုသက်သာစေပါတယ်။
    • စိတ်ဓာတ်ကျခြင်း – ခန္ဓာကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်ပြီး စိတ်ဖိစီးတဲ့အခါ ၊ စိတ်ဓာတ်ကျတဲ့အခါ ငှက်ပျောသီးကိုစားနိုင်ပါတယ်။

    ဒါကြောင့် ငှက်ပျောသီး နေ့စဉ်စားပါ

    ဒါ့အပြင် ပိုတက်စီယမ်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးဟာ ကျောက်ကပ်ကျန်းမာရေးအတွက် အရေးပါလှပြီး ကျောက်မတည်အောင် ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါပေမယ့် ကျောက်ကပ်ပျက်စီးလို့ ပိုတက်ဆီယမ်ကို မစွန့်ထုတ်နိုင်တဲ့သူတွေကတော့ ငှက်ပျောသီးကို မစားတာ ပိုကောင်းပါတယ်။

    မဂ္ဂနီဆီယမ်ကြောင့်လည်း အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ပိုကောင်းစေပြီး သွေးချိုအတက်အကျကို တည်ငြိမ်စေဖို့ အထောက်အကူပေးသေးပါတယ်။

    ရာသီမလာခင် နာကျင်ကိုက်ခဲမှုတွေကိုလည်း ငှက်ပျောသီးက သက်သာစေပါတယ်။ ခန္ဓာကိုယ် အပူချိန်မျှတနေအောင်လည်း သူကထိန်းညှိပေးပါတယ်။ ငှက်ပျောသီးမှာ ကင်ဆာကို တိုက်ဖျက်နိုင်တဲ့အစွမ်းတွေလည်း ပါရှိပါတယ်။

    နောက်ပြီး ငှက်ပျောသီး အတွင်းသား အခွံဖြူလေးကလည်း မျက်နှာအရေပြား ယားယံပြီး အဖုအဖိန့်ထတာတွေ၊ အရေးအကြောင်းထတာတွေနဲ့ တင်းတိပ်တွေကို ပျောက်ကင်းစေနိုင်တဲ့ အကျိုးအာနိသင်ကိုပေးစွမ်းသလို အသားအရေကို ကြည်လင်တောက်ပစေပါတယ်။

    ဒါကြောင့် ဒီလိုကျန်းမာရေးအတွက် အထောက်အကူပေးတဲ့ ငှက်ပျောသီးကို နေ့စဉ်မှီဝဲပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းနိုင်ပါတယ်နော်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 14/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement