home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆောင်းရာသီရဲ့ နေ့လည် အပူချိန်ကို အံတုဖို့ အတွက် အသင့်တော်ဆုံး ဖျော်ရည် ၅ မျိုး။

ဆောင်းရာသီရဲ့ နေ့လည် အပူချိန်ကို အံတုဖို့ အတွက် အသင့်တော်ဆုံး ဖျော်ရည် ၅ မျိုး။

ဆောင်းရာသီဆိုတာ ရေဓါတ်ပြည့်ဝနေဖို့လိုတဲ့ရာသီတစ်ခုပါ။ နဂိုတည်းက အသားခြောက်တဲ့ရာသီဖြစ်တဲ့အပြင် နေ့ခင်းပိုင်းဆိုပိုပူတတ်တဲ့အတွက် အပူဒဏ်ကြောင့် ပင်ပန်းတာကို ပြန်လန်းဆန်းစေဖို့နဲ့ ရေဓါတ်ပြည့်ဝနေဖို့ အရမ်းလိုအပ်ပါတယ်။ ဒါဆို့ ဘာတွေကို ရွေးသောက်ရမှာလဲ။ ကျန်းမာချင်တဲ့သူတွေကတော့တွေ့ရာ တွေ့ရာဖျော်ရည်တွေကို ဝယ်မသောက်ဘဲ ဓါတုပစ္စည်းတွေမပါတဲ့ သဘာဝဖျော်ရည်တွေကိုသာ သောက်ချင်ကြမှာပါ။ ဒါကြောင့် ဆောင်းတွင်းနေ့ခင်း အပူဒဏ်ကို အံတုမယ့် အကောင်းဆုံး ဖျော်ရည်တွေ အကြောင်းပြောပြပေးချင်ပါတယ်။

  • ၁ ။ ရေအေးအေးလေးတစ်ခွက်။ ။

ကိုယ့်အနီးအနားမှာ အလွယ်တကူရနိုင်တဲ့ အရိုးရှင်းဆုံး အရာတစ်ခုနဲ့ အရင်စလိုက်ရအောင်။ အေးမြတဲ့ရေတစ်ခွက်ဟာ ရေဓါတ်ကိုလည်းဖြည့်ပေးတယ်၊ လူကိုလည်းလန်းဆန်းစေပါတယ်။ ရိုးရိုးရေအေး သောက်နေရတာ ပျင်းလာရင် ရေထဲကို ခြမ်းထားတဲ့ သံပုရာသီးစိတ်၊ လိမ္မော်သီးစိတ်ေလးတွေထည့်ပြီး သောက်ပေးပါ။ ရေပိုက်ခေါင်းကကျလာတဲ့ရေသောက်ရင်တော့ သန့်စင်ပြီးသားရေဖြစ်နေဖို့ လိုတဲ့အတွက် ရေစစ်တွေကို ဝယ်သုံးတာမျိုးလုပ်ဖို့လိုပါတယ်။

  • ၂ ။ ရေထဲကို သဘာဝအရသာတွေထည့်ပြီးသောက်ပါ။

ဒီလိုအရသာတွေ ထည့်ထားတဲ့ရေဆိုတာ ကယ်လိုရီေတွ၊ သကြားတွေ မပါတဲ့ရေမျိုးကို ပြောတာပါ။ ရိုးရိုးရေကို သောက်ဖို့စိတ်မဝင်စားဘူးဆိုရင် ခုပြောတဲ့နည်းကို စမ်းကြည့်လို့ရပါတယ်။ သင်သောက်ရကြိုက်သွားရင် နောက်ပိုင်း သင်အများကြီးသောက်ချင်တော့မှာပါ။ ဒါဆို ရေဓါတ်ခမ်းခြောက်မှာ အတွက် ပူစရာ မလိုတော့ပါဘူး။ တစ်ခုပြောချင်တာက အရသာတွေထည့်သောက်ဖို့ ဝယ်တော့မယ်ဆိုရင် ယုံကြည်ရတဲ့ တံဆိပ်ကိုပဲ ရွေးဝယ်စေချင်ပါတယ်။ ရေထဲကို ပူစီနံရွက်ေတွ၊ သံပုရာသီးတွေထည့်သောက်ပါ။ အဆီလည်းကျ ရေဓါတ်လည်းပြည့်ဝပါလိမ့်မယ်။ ။

  • ၃ ။ လက်ဖက်ရည်အေး။ ။

လက်ဖက်ရည်ဟာ ကျန်းမာရေးအတွက်ကောင်းမွန်တယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ တစ်နေ့လုံးအတွက်သောက်လို့ရတဲ့ လက်ဖက်ရည်တွေရွေးတော့မယ်ဆို ကဖင်းဓါတ်မပါတဲ့ လက်ဖက်ရည်တွေကို ရွေးပါ။ အရသာ အမျိုးမျိုးနဲ့ ထုတ်ထားတဲ့ လက်ဖက်ရည်တွေ ဈေးကွက်ထဲမှာ အများကြီးပါ။ အချိုကြိုက်သူတွေကတော့ အချိုနည်းနည်းလေးထည့်သောက်လို့ ရပါတယ်။

  • ၄ ။ ကော်ဖီအေး။ ။

ဆောင်းရဲ့အေးမြတဲ့ မနက်ခင်း အချိန်ကသာ ကော်ဖီပူနဲ့ သင့်တော်ပါလိမ့်မယ်။ ဆောင်းနေ့လည်ခင်း အပူချိန်နဲ့တော့ ကော်ဖီပူက မသင့်တော်ပါဘူး။ သင်ဟာ ကော်ဖီပူကို ကြိုက်တဲ့သူတစ်ယောက်ဆိုပေမယ့် အပူဒဏ်ကို အံတုချင်ရင်တော့ ကော်ဖီအေးလေးပြောင်းသောက်ကြည့်စေပါတယ်။ ကယ်လိုရီမပါစေချင်ဘူးဆိုရင်တော့ သကြားမပါ၊ နို့မပါဘဲ ကော်ဖီကို ဒီတိုင်းဖျော်သောက်ပါ။ ဒါမှဟုတ် နို့နည်းနည်း၊ ခရင်မ်နည်းနည်း ထည့်သောက်လို့ရပါတယ်။ ကျန်းမာရေးနဲ့ ပိုညီညွတ်စေချင်ရင်တော့ ကဖင်းဓါတ်ေလျှာ့ထားတဲ့ ကော်ဖီတွေကို ပိုရွေးသောက်စေချင်ပါတယ်။

  • ၅ ။ အသီးဖျော်ရည်။ ။

သကြားမပါတဲ့ သဘာဝဖျော်ရည်အများစုဟာ ရေဓါတ်ကိုဖြည့်ပေးနိုင်ရုံမက အပူချိန်ကြောင့် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်ဖြည့်ပေးမှာပါ။ အသင့်သောက်ဖျော်ရည်တွေသောက်တဲ့နေရာမှာလည်း သကြားလုံးဝ မပါဘူးလို့ ဖော်ပြထားတဲ့ဖျော်ရည်တွေကိုသာ ဝယ်သောက်စေချင်ပါတယ်။

ခုနောက်ပိုင်း ဆောင်းတွင်းနေ့လည်ခင်းဆိုတာ နွေနေ့လည်ခင်းလောက်နီးနီး ပူတာကြောင့် ဆောင်းရဲ့နေ့လည်ခင်း အပူဒဏ်ကို ဖျော်ရည်အေးအေးလေးတွေနဲ့ ကျော်ဖြတ်လိုက်ရအောင်။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 4 နာရီ အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။