brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Fast Food စားရင် ဖြစ်တတ်တဲ့ သင် သတိမထားမိသော အကြောင်းအရာများ

၂၁ ရာစု မှာ Fast Food စားတဲ့ အလေ့အထ က လူတော်တော် များများ မှာ ပျံ့နှံ့လာပါတယ်။ အလွယ်တကူ စားလို့ လွယ်တယ်ဆိုပြီးစားတာ များနေတဲ့ ဒီ Fast Foodတွေ က စားရင် နှလုံးသွေးကြောကျဉ်းရောဂါဆီးချိုရောဂါ သွေးတိုးရောဂါ လေဖြတ်လေငန်း ရောဂါအဝလွန်ရောဂါ စတာတွေ အဖြစ်များတယ်လို့ အသိများပေမယ့်။ အခု ဖော်ပြမယ့် အချက်တွေကိုတော့ လူတော်တော်များများ သတိမထားမိပါဘူး။

Fast Food စားရင် ဖြစ်တတ်တဲ့ သင် သတိမထားမိသော အကြောင်းအရာများ

Fast Food စားရင် ဖြစ်တတ်တဲ့ သင် သတိမထားမိသော အကြောင်းအရာများ

Fast Food စားရင် ဖြစ်တတ်တဲ့ သင် သတိမထားမိသော အကြောင်းအရာများ ကတော့

  • မှတ်ဉာဏ်စွမ်းအား လျှော့နည်းလာခြင်း – အချိုများလွန်းတဲ့ အစားအစာတွေ၊ အဆီ လွန်ကဲ လွန်းတဲ့ အစားအစာ တွေ၊ ကယ်လ်လိုရီ များတဲ့ အစားအစာ တွေ ဟာ BDNF (Brain Derived Neurotrophic Factor) တွေရဲ့ လုပ်ဆောင်မှုကို ဟန့်တားတဲ့ အတွက် ထိုကဲ့သို့ အချိုလွန်ကဲပြီး အဆီများတဲ့ အစားအစာ တွေ စားပါများရင် မှတ်ဉာဏ်စွမ်းအားကို လျော့ကျစေပါတယ်။
  • Fast Foodတွေ မှာပါတဲ့ အသွင်ပြောင်း အဆီတွေ (Trans Fat) တွေ ကလည်း အစားစားချင်စိတ် ကို မထိန်းပေးနိုင်အောင် ဟန့်တားပါတယ်။ တနည်းအားဖြင့်ပြောရရင် အဆီများတဲ့ အစားအစာ စားတာများတဲ့ သူတွေ က တော်ရုံ ဗိုက်မပြည့်ပဲ စားနေကျ အဆီများတဲ့ အစားအစာ တွေ ကိုသာ ထပ်ခါ ထပ်ခါ စားချင်စိတ်ကို ဖြစ်စေပါတယ်။
  • Fast Foodတွေ လိုမျိုး အဆီများတဲ့ အစားအစာတွေ၊ အချိုများတဲ့ အစားအစာတွေ စားပါများရက် တော်ရုံ တန်ရုံ စိတ်ဖိစီးမှု ဒဏ်ကို မခံနိုင်တော့ဘဲ စိတ်ဓါတ်ကျလွယ် လာတတ်ပါတယ်။ တစ်နည်းအားဖြင့် ဦးနှောက်လုပ်ဆောင်ချက် အတွက် လိုအပ်တဲ့ amino acid တစ်မျိုးဖြစ်တဲ့ Tryptophan နည်းသွားတဲ့ အတွက် စိတ်ဓာတ်ကျရောဂါ ကို ပိုဆိုးစေပါတယ်။
  • ဒိုးနတ်တို့ ကိတ်မုန့်တို့လိုမျိုး အချိုများပြီး အဆီ လွန်ကဲ တဲ့ အစားအစာ တွေ ကို စားမိရင်လည်း စားစားပြီးချင်းမှာ စိတ်ထဲ ပျော်ရွင်သွားပေမယ့် တကယ့်တကယ် စားပြီး ခဏ ကြာတဲ့ အခါ သွေးတွင်း သကြားဓာတ် က သိသိသာသာ ပြန်ကျသွားတော့ စိတ်တို၊ စိတ်ဆက် လွယ်လာကြပါတယ်။ အခုနောက်ပိုင်းမှာ ဆိုရင် fast foodတွေ မှာ sodium benzoate ထည့်လာကြတဲ့ အတွက် စားသုံးသူတွေ ကို စိတ်တတက်ကြွ စေပါတယ်။ ဒါပေမယ့် ဓာတုပစ္စည်းတစ်မျိုးပဲ ဖြစ်တဲ့ အတွက် ရေရှည် မစားသင့်ပါဘူး။
  • နောက်ပြီး fast food တွေ က စွဲစေတဲ့ အတွက် အစပျိုးပြီး စားမိပြီ ဆိုတာနဲ့ အရှိန်မသတ် နိုင်တော့ဘဲ ထပ်ခါ ထပ်ခါ စားမိတဲ့ အတွက် ဝိတ်တက်လာစေနိုင်ပါတယ်။

    ဒါဆို တစ်ခါတလေ fast food စားမိရင် ဘာပြန်လုပ်သင့်သလဲ။

    တစ်ခါတရံ မလွဲ မရှောင်သာ လို့ ကြက်ကြော်၊ ဘာဂါ၊ ပီဇာ၊ ကိတ်မုန့်၊ ဒိုးနတ်၊ အာလူးကြော်၊ ဆီကြော်မုန့်မျိုး စုံ စားမိတယ် ဆိုပါက ဟင်းသီးဟင်းရွက် ကြော်၊ သုပ်၊ အသီးအနှံတွေ ပိုစားပေးရပါမယ်။ ဒီအပြင် စားစားပြီးချင်းလည်း လမ်းကို ၁၀-၁၅ မိနစ် လောက် ပုံမှန်လေး ပြန်လျှောက်ပေးသင့်ပါတယ်။

    ဖြစ်နိုင်ရင်တော့ ရှောင်နိုင်တာ အကောင်းဆုံးပါ။

    လေးစားစွာဖြင့်

    ဒေါက်တာ ညီညီကျော်

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/10/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။