backup og meta

သစ်သီး များကိုနည်းမှန်လမ်းမှန်ဘယ်လို စားသုံးကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Ye Pyae Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သစ်သီး များကိုနည်းမှန်လမ်းမှန်ဘယ်လို စားသုံးကြမလဲ

    သစ်သီး ဝလံများတွင် ကျန်းမာရေးအတွက် အကျိုးပြုသော ဗီတာမင်များ၊ သတ္ထုဓာတ်များ ၊ ပိုတက်ဆီယမ်၊ဖောလစ်အက်စစ် ၊ အမျှင်ဓာတ် နှင့် ကင်ဆာ ကို အံတုနိုင်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သည်။

    သစ်သီးများကို နေ့စဉ်စားသုံးသူများတွင် နာတာရှည်ရောဂါ ဖြစ်ပွားမှု လျော့နည်းသည်ကို တွေ့ရသည်။ သို့သော် သစ်သီးများ မစားသုံးမီ သတိပြုဖွယ် အချက်အချို့တော့ရှိပါသည်။

    သစ်သီး များကိုကျွန်ုပ်တို့စားသုံးသော နည်းသည်မှားယွင်းနေသလား

    သစ်သီးများ အားလုံးတွင် လိုအပ်သောအာဟာရများအားလုံးပါဝင်နေသည်ဟု ယူဆမိခြင်းသည်(လုံးဝ)မှားယွင်းသောအယူအဆဖြစ်ပါသည်။ ဥပမာအားဖြင့်နာနတ်သီးနှင့် ဘလူးဘယ်ရီသီး ကိုကြည့်ပါ။

    နှစ်မျိုးစလုံးတွင်ဗီတာမင်ဓါတ်များပါဝင်သော်လည်းကာဘိုဟိုက်ဒရိတ်၊သကြားဓါတ်နှင့်အမျှင်များပါဝင်မှုမှာကွဲပြားသည်။ ကိုယ်အလေးချိန် လျှော့ချလိုသူ အနေဖြင့် နာနတ်သီး၊ ငှက်ပျောသီး၊ ဖရဲသီးများသည် အချိုဓါတ် လွန်စွာ များပြားသည့်အတွက် မရွေးချယ်သင့်ပါ။

    အရောင်ရင့်အသီးများဥပမာ-စပျစ်သီးနှင့် ဘလူးဘယ်ရီသီးများကိုသာရွေးချယ်ပေးပါ။ ထို့ကြောင့်အသီးများအားလုံးကိုပမာဏအတူတူမစားသင့်ပါ။ မိမိအတွက်သင့်တော်မည့်အသီးကိုစဉ်းစားပြီးရွေးချယ်စားသုံးသင့်သည်။

    သစ်သီးများကိုလည်း လိုအပ်သည်ထက်ပို မစားသင့်ပါ

    ကိုယ်အလေးချိန်လျှော့ချလိုသော အစီစဉ်ရှိလျှင် ထိုသို့မတွေးသင့်ပါ။ ကစီဓါတ် မပါသော ဟင်းသီးဟင်းရွက်များကို ကြိုက်သလောက် စားနိုင်သော်လည်း သစ်သီးများကိုတော့ ထိုသို့မဟုတ်ပါ။

    သစ်သီး များသည် ချို၍ အရသာရှိသောကြောင့် သင့်အနေဖြင့် ထပ်၍ ထပ်၍ စားချင်ပေလိမ့်မည်။

    အသီးအနှံများကို လွန်ကဲစွာ စားသုံးပါက သကြားဓါတ်နှင့် ကယ်လိုရီ အချိုးမညီဖြစ်ပြီး ကိုယ်အလေးချိန် မြင့်တက်လာနိုင်သည်။

    သင် သစ်သီးဘယ်လောက်စားလို့ရသလဲဆိုသည်မှာအသက်အရွယ်နှင့်ကြံ့ခိုင်မှုအပေါ်မူတည်၍စဉ်းစားမှသာအသီးအနှံများကသင့်အတွက်အကောင်းဆုံးကိုပေးနိုင်လိမ့်မည်။

    သစ်သီးများကိုသူ့ချည်းသက်သက်စားခြင်းထက် အချို့အစားအစာများနှင့် တွဲစားသင့်သည်

    အသီးတစ်ကိုက်စားခြင်းက မုန့်အချိုတစ်ခုစားခြင်းထက် ပိုကောင်းသော်လည်း သွေးတွင်းသကြားဓါတ် မြင့်တက်စေနိုင်သည့် အန္တရာယ်မှာမူ ရှိနေသေးသည်။

    ထိုသို့ မဖြစ်ရန် အသီးများကို အသားဓါတ်ပါသော ဒိန်ခဲ (သို့မဟုတ်) ထောပတ်ဆီ နှင့် ရော၍ စားပေးပါ။

    အသီးများက အင်ဆူလင် ဟော်မုန်းကို ထွက်စေချိန်တွင် အသားဓာတ်က ဂလူကာဂွန် ဟော်မုန်းကိုထွက်စေသည်။ ထိုဟော်မုန်းနှစ်ခုသည် သွေးတွင်းသကြားဓါတ်အပေါ်တွင် အာနိသင် မတူသည့်အတွက် အတူတကွ အလုပ်လုပ်ခြင်းဖြင့် သကြားဓာတ် ကို ထိန်းညှိပေးသည်။

    အော်ဂဲနစ် သစ်သီးမှမဟုတ် သစ်သီး မှန်လျှင် အားလုံးကောင်းသည်

    အော်ဂဲနစ် သစ်သီးများသည် ဈေးကြီးသည်ဖြစ်သော်လည်း လွန်စွာကောင်းမွန်သဖြင့် ရွေးချယ်စားသုံးရကျိုးနပ်သည်ဟု ပညာရှင်တို့က ဆိုကြပါသည်။

    ဓါတ်မြေသြဇာမသုံးဘဲ သဘာ၀ နည်းဖြင့် စိုက်ပျိုးထားသောပန်းသီး၊ စပျစ်သီး (သို့မဟုတ်) အခြားအသီးသီးတစ်မျိုးမျိုးတွင် ပိုးသတ်ဆေးပါဝင်မှုမှာအလွန်နည်းပါးသည်။ ထို့ကြောင့်စားသုံးခြင်းဖြင့်အာဟာရဓါတ်များကိုပိုလျှံစွာရရှိနိုင်သည့်အပြင်အန္တရာယ်ရှိသောဓါတုဆေးဝါးများရန်မှလည်းကင်းဝေးနိုင်သည်။

    အသီးစားလျှင် အခွံအမြဲခွာမစားသင့်ပါ

    အသီးများတွင် အခွံသည် ဗီတာမင်နှင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သော အစိတ်အပိုင်းဖြစ် သည်။

    ဥပမာ-ပန်းသီး၏ အခွံတွင် သတ္ထုဓာတ်၊ ဗီတာမင်စီနှင့် ဗီတာမင်အေတို့ပါဝင်သည်။

    အသီးများ ၏ အခွံကိုပါစားပေးခြင်းအားဖြင့် အဝလွန်ခြင်းကိုကာကွယ်နိုင်သည့်အပြင် ကင်ဆာရောဂါကိုလည်း ကင်းဝေးစေသည်။

    သင့်အနေဖြင့်အခွံကိုမစားချင်သော်လည်းရေနှင့်သေချာဆေးကြော၍ စားပေးပါ။ အသီးများ၏အခွံကိုပါစားသုံးခြင်း၏အကျိုးကျေးဇူးကို သိထားသင့်ပါသည်။

    သစ်သီးဖျော်ရည်များသည် အသီးမှရသည်မှန်သော်လည်း အသီးအတိုင်းစားခြင်းက ပိုကောင်းသည်

    အသီးဖျော်ရည်များသည် အသီးများကို စားသုံးရခြင်းထက် ပို၍ အဆင်ပြေသည်။ သို့သော်လည်း ပန်းသီး ဖျော်ရည် နှင့် ပန်းသီးကို ဒီအတိုင်းစားခြင်း၏အာဟာရတန်ဖိုးကို နားလည်လျှင်သင် ဖျော်ရည်သောက်ချင်စိတ် ရှိတော့မည်မဟုတ်ပါ။

    သစ်သီးဖျော်ရည်များတွင် အမျှင်ဓါတ်များ မပါဝင်တော့ဘဲ ကြာရှည်ခံ ပစ္စည်းများနှင့် ဖြည့်စွက်ထားသော သကြားများသာ ပါဝင်သည်။ ထို့ကြောင့် သစ်သီးများကို  ဆေးကြာသန့်စင်၍ အစိတ်အပိုင်းအားလုံး ပါဝင်အောင် စားပေးခြင်းဖြင့် ကျန်းမာရေးနှင့် ပြီးပြည့်စုံသည့်အပြင် ဓါတုပစ္စည်းများ၏ ရန်မှလည်း ကင်းဝေးနိုင်သည်။

    သစ်သီး များကို စားသုံးခြင်းသည် ကျန်းမာရေးအတွက် ကောင်းသော်လည်း နည်းလမ်းမှန်စွာ စားသုံးပါက ပို၍ အကျိုးရှိနိုင်သဖြင့် အထက်ပါ အကြံပြုချက်များကိုလိုက်နာသင့်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement