backup og meta

ကြက်ဥ အမျိုးအစားနဲ့ အာဟာရဓာတ်များ

ကြက်ဥ အမျိုးအစားနဲ့ အာဟာရဓာတ်များ

ကြက်မက ဥတာခြင်း အတူတူ ကြက်ဥ တွေမှာ အရောင်တွေ ကွဲနေတာကို သတိထားမိမှာပါ။ တချို့မှာ အခွံက အညိုရင့်ရင့်၊ အညိုဖျော့၊ အဖြူ၊ တောကြက်ဥ၊ စက်ဥ စသဖြင့် အမျိုးမျိုး ရှိပါတယ်။ ဒါလိုတွေ ကွာနေတဲ့အခါကျတော့ ကြက်ဥမှာ ပါတဲ့ အာဟာရတွေကရော ကွာနေလားဆိုပြီး မေးစရာ ရှိပါတယ်။ ကဲ ….. ကြက်ဥ အမျိုးအစားနဲ့ အာဟာရဓာတ်များ အကြောင်း လေ့လာလိုက်ရအောင်နော်။

ကြက်ဥ အမျိုးအစားနဲ့ အာဟာရဓာတ်များ

ကြက်ဥ အမျိုးအစားနဲ့ အာဟာရဓာတ်များ အကြောင်း ပြောရမယ်ဆိုရင်တော့ ကြက်ဥအမျိုးအစားတွေကို အရင် ပြောပြပေးချင်ပါတယ်။

ကြက်ဥ အမျိုးအစား

  • ဥအညို

ဥခွံညိညိုကြီးတွေ ရှိတဲ့ ကြက်ဥတွေကို မြင်ဖူးကြမှာပါ။ ဒါက တခြားကြက်ဥတွေလိုပါပဲ။ အရသာ၊ အာဟာရ၊ ဥခွံအထူ၊ ချက်ပြုတ်တဲ့ပုံစံ အကုန်တူတူပါပဲ။ ဒီလို အခွံအရောင်တွေ မတူရတာက ကြက်မကြောင့်ပါတဲ့။ ဒါကြောင့် တချို့က အညိုဖျော့၊ တချို့က အညိုရင့် ဖြစ်နေတာပါ။

ဒီလို ကြက်ဥတွေ ရဖို့ဆို ကြက်မတွေကို ငါးကြီးဆီတို့၊ နှမ်းကြတ်စေ့ စတာတွေ ကျွေးရပါတယ်။ အိုမီဂါ သရီး ကြွယ်ဝတဲ့ ကြက်ဥတွေကို စားရင် သာမန်ကြက်ဥတွေထက် အိုမီဂါ သရီးနဲ့ ဗီတာမင် အီး ပိုပြီးကြွယ်ဝပါတယ်။

  • အော်ဂဲနစ် ကြက်ဥ (Organic eggs)

ဒီကြက်ဥရဖို့ဆို ကြက်မတွေကို သဘာဝအစားအစာတွေပဲ ကျွေးရပါတယ်။ သူတို့စားတဲ့ အပင်တွေ၊ အစေ့အဆန်တွေကိုတောင် ပိုးသတ်ဆေး မသုံးထားပါဘူး။ ကြက်စာမှာ ကြီးထွားစေတဲ့ ဟော်မုန်းတွေ၊ ပဋိဇီဝဆေးတွေလည်း မပါပါဘူး။ သူတို့ရဲ့ အာဟာရပါတင်မှုက သာမန်ကြက်ဥတွေနဲ့ တူတူပါပဲ။ ကြက်မတွေကို ကျွေးတဲ့အစာပဲ ကွာသွားတာပါ။

  • Free-Run or Cage-free eggs

ဒီကြက်မတွေကိုတော့ ကြက်ခြံထဲမှာ လွတ်လွတ်လပ်လပ်ပဲ မွေးထားပါတယ်။ သွားချင်ရာ သွားလို့ရပြီး ဝပ်ကျင်းတွေမှာ လွတ်လွတ်လပ်လပ် ဥနိုင်ပါတယ်။ Stress free environmentမှာ မွေးထားတယ်ဆိုတဲ့ ကြက်တွေပါ။ ကြက်ဥတွေရဲ့ အာဟာရကတော့ တူတူပါပဲ။

  • Free-Range eggs

သူကလည်း Cage-free eggsနဲ့ တူတူပါပဲ။ ကွာတာက ခြံပြင်ပါ ပေးထွက်ပါတယ်။ ပိုပြီး လွတ်လွတ်လပ်လပ်နဲ့ Stress free နေလို့ရပါတယ်။ အာဟာရတန်ဖိုးလည်း ကွာခြားခြင်း မရှိပါဘူး။

  • ပြုပြင်ထားတဲ့ ကြက်ဥတွေ

ဒါကတော့ ကြက်ဥတွေကို ခဲနေအောင် လုပ်ထားတာ၊ အရည်ဖြစ်အောင် ပြင်ထားတာ၊ အခြောက်ခံထားတာပဲ ဖြစ်ပါတယ်။ ကြာရှည်ခံဆေးတွေ၊ အရသာတွေ၊ အရောင်တွေ ထပ်ထည့်ထားတတ်ပါတယ်။

ဒါဆို ကြက်ဥတွေက အားလုံးတူတူပဲလား။

လူတွေ ထင်နေကြတာက ကြက်ဥတွေက ပုံစံမတူရင် အာဟာရပါဝင်မှုလည်း မတူဘူးဆိုတာပါ။ ဥပမာ တောဥက စက်ဥထက် ကောင်းတယ်ဆိုတာမျိုးပေါ့။ တကယ်တမ်းကျတော့ ကြက်မတွေရဲ့ အစာမှာ ပြောင်းလဲမှု မရှိရင် ဘာမှသိပ်မထူးခြားပါဘူး။

ကြက်ဥခွံတွေရဲ့ အရောင် အနုအရင့်တွေက ကြက်မနဲ့ပဲ ဆိုင်ပါတယ်။ ကြက်ဥခွံအရောင်ကွာလို့ အာဟာရတန်ဖိုးတွေ ကွာသွားတာမျိုးလည်း မရှိပါဘူး။ အော်ဂဲနစ်တို့၊ Cage-Freeတို့၊ Free-Rangeတို့ ဆိုတာကလည်း မွေးတဲ့ ပုံစံကိုပဲ ပြောတာဖြစ်ပါတယ်။ အာဟာရတန်ဖိုးကို ပြောတာမဟုတ်ပါဘူး။

စျေးကြီးတဲ့ ကြက်ဥက ပိုပြီး အာဟာရပြည့်တယ်လို့ ပြောလို့မရပါဘူး။ သူတို့ကို မွေးတဲ့ ပုံစံနဲ့ ကြက်စာကြောင့်ပဲ ဖြစ်ပါတယ်။

ကြက်ဥတွေ အာဟာရပြည့်မပြည့်ဆိုတာ သူတို့ကို ကျွေးတဲ့ အစာနဲ့ပဲ ဆိုင်ပါတယ်။ ဥပမာ အိုမီဂါ သရီးတို့၊ ဗီတာမင်ဒီတို့ ကျွေးထားတဲ့ ကြက်တွေဆို သူတို့ဥမှာလည်း ဒီဓာတ်တွေ ပိုများမှာပါ။ ဒီလိုကြက်ဥတွေကျတော့ ရောင်းတဲ့ ပါကင်မှာတည်းကိုက တစ်ခါတည်း ရေးထားပါတယ်။

ဒါကြောင့် ကြက်ဥမှာ ပါတဲ့ အာဟာရတွေက အကြမ်းအားဖြင့်တော့ အတူတူပါပဲ။ အာဟာရဖြည့်စွက်ထားတဲ့ ကြက်ဥကို စားရင်တော့ အဲ့ဒီအာဟာရတွေ ပိုရမှာပါ။ အာဟာရဖြည့်စွက်ထားလားဆိုတာ သိချင်ရင်တော့ ဝယ်တဲ့ ပါကင်မှာ ကြည့်ပါ။ စျေးကြီးလို့ ပိုကောင်းတယ်ဆိုတာ အမြဲတမ်းတော့ မမှန်ပါဘူး။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthcastle.com/eggs-101-are-some-eggs-healthier-than-others/

https://www.incredibleegg.org/nutritional-differences-for-different-types-of-eggs/

https://eggs.ab.ca/healthy-eggs/types-of-eggs/

 

ယခုပုံစံ

24/02/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ် စားပါ

ကြက်ဥစား ရင် ဝိတ်ကျတယ်ဆိုတာ မှန်ရဲ့လား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement