ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာနဲ့ ညီညွတ်စွာ ဝိတ်ကျချင်တယ်ဆိုရင် သင့်တော်တဲ့ အစားအသောက် စားဖို့ လိုပါတယ်။ ပညာရှင်တွေ ညွှန်ကြားထားတဲ့ နည်းလမ်းကောင်းတွေနဲ့ သင့်ရဲ့ ဝိတ်ချခြင်း ခရီးစဉ်ကို ကူညီပေးပါရစေ။

ကျန်းမာရေးဗဟုသုတ

ကိုယ်အလေးချိန်လျှော့ချခြင်း

ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ ထောက်ကူပေးနိုင်တဲ့ သဘာဝ လက်ဆောင်

လူတစ်ယောက်ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အချက် တစ်ချက်ရှိပါတယ်။ ဒါကတော့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိဖို့ပါ။ ကိုယ်အလေးချိန်က ရှိသင့်တာထက် များနေမယ်။ အဝလွန်နေမယ်ဆိုရင် နှလုံးရောဂါ၊ အမျိုးအစား -၂ ဆီးချိုရောဂါ၊ လေဖြတ်တာ၊ အရိုးပွတာ၊ အစာခြေစနစ်ပြဿနာ၊ အိပ်စက်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ ကင်ဆာရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒီတော့ ကျန်းမာပြီး နေ့ရက်တိုင်းကို သွက်လက်တက်ကြွစွာနဲ့ ဖြတ်သန်းချင်တယ်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မပိုအောင် သေချာလေး ဂရုစိုက် ထိန်းသိမ်းဖို့ လိုပါမယ်။ ဒီလို ထိန်းသိမ်းတဲ့အခါ အစားလျှော့စားတာ၊ လေ့ကျင့်ခန်း လုပ်တာတွေကို သင့်တင့်မျှတအောင် လုပ်ဆောင်ဖို့ လိုပါမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခု ကျန်းမာတဲ့ ကိုယ်အလေးချိန် ပိုင်ဆိုင်စေဖို့ မေ့ထားလို့ မရတဲ့အရာတစ်ခုကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတဲ့နေရာမှာတော့ […]

ကိုယ်အလေးချိန်လျှော့ချခြင်း ကို ရှာဖွေမည်။

ကိုယ်အလေးချိန်လျှော့ချခြင်း

စားနေကျ အစားအသောက်တွေစားရင်း ဝိတ်ချကြမလား။

ဝိတ်ချချင်တယ်။ အစားလည်း မလျော့ချင်ဘူး။ စားနေကျအတိုင်းပဲ ကြိုက်တတ်တာလေးတွေကို ဆက်စားချင်တယ်ဆိုတဲ့ သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ သဘောတကျနဲ့ စားနေမိတဲ့ အစားအစာလေးတွေထဲက ဘယ်ဟာလေးတွေက သင့်ကို ဝိတ်ကျစေတာလဲ ဆိုတာကို ပြောပြပေးပါရစေ။ စားနေကျ အစားအစာတွေထဲက ဝိတ်ကျစေမယ့် အစားအစာအချို့ နေ့စဉ် စားသုံးမိနေတဲ့ အစားအစာတွေထဲက သင့်ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တဲ့ အစားအစာတွေကတော့ ထောပတ်သီး ထောပတ်သီးမှာ monounsaturated fatty acids အမျှင်ဓာတ် phytochemicalsတို့ ပါဝင်နေပါတယ်။  ထောပတ်သီးက အခြား အသီးအနှံတွေထက် ကယ်လ်လိုရီ ပိုများတယ်ဆိုပေမယ့်   BMI ကိုထိန်းပေးသလို ခါးကအဆီတွေကို ဖယ်ရှားပေးဖို့လည်း ထောက်ကူပေးပါတယ်။ အမျှင်ဓာတ် ပါဝင်မှုက အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ကို သိသိသာသာ လျှော့ချနိုင်ပါတယ်။ ဥအမျိုးမျိုး ကြက်ဥ၊ ဘဲဥတို့မှာ အရည်အသွေးမြင့် ပရိုတင်း အဆီဓာတ် ဗီတာမင် D choline တို့လိုမျိုး အရေးပါတဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဝလွန်နေတဲ့ ကလေးတွေအတွက် အသက်အရွယ်အလိုက် ဝိတ်ချနည်းများ

ကလေးတစ်ယောက် ဝနေတာမြင်ရင် “ဟယ် ကလေးလေးက ဝဝ ကစ်ကစ်လေး။ ချစ်ဖို့ကောင်းလိုက်တာ” လို့ ပြောဖြစ်တတ်ကြတယ်။ တကယ်တော့ ကလေးတစ်ယောက် ဝနေတာဟာ တကယ်ချစ်စရာကောင်းတာဟုတ်ရဲ့လား။ ဘယ်အသက်အရွယ်မှာမဆို ကိုယ်အလေးချိန်ဟာ ရှိသင့်တာထက်ပိုနေရင် ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။ ငယ်ရွယ်စဉ်မှာ အဝလွန်နေရင်တော့ ကြီးပြင်းလာချိန်တလျှောက်လုံးမှာ ကျန်းမာရေးပြဿနာတွေရင်ဆိုင်ရလေရော့ဟယ်ဆိုပြီး နဖူးမှာ တံဆိပ်ကပ်ပေးလိုက်သလို ဖြစ်နေသွားမှာပါ။ ဒါကြောင့် ကိုယ့်ရင်သွေး လက်ရှိအချိန်မှာရော အနာဂတ်ကာလမှာပါ ကျန်းမာနေစေဖို့ ငယ်ရွယ်စဉ်မှာ အဝမလွန်အောင် ပြုစုစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့်တော့ ဝနေတဲ့ကလေးတိုင်းက အဝလွန်နေတာ မဟုတ်ပါဘူး။ တချို့ကလေးတွေက လူကောင်ထွားနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ကလေးတွေရဲ့ ကိုယ်မှာ အဆီစုဆောင်းတဲ့စနစ်ကလည်း အရွယ်အလိုက်ကွာခြားပါသေးတယ်။ ဒါကြောင့် ကလေးတစ်ယောက် အဝလွန်တယ် မလွန်ဘူးဆိုတာကို အမြင်နဲ့ ဆုံးဖြတ်လို့မရနိုင်ပါဘူး။ အကောင်ဆုံးကတော့ အဝလွန်ခြင်းရှိမရှိသိဖို့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်းလို့ ခေါ်တဲ့ BMIနဲ့ တွက်တာပါပဲ။ ဒါမှ ကလေးတစ်ယောက်က သူ့ရဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားရင် ဝိတ်ကျမှာလား

ကိုယ်အလေးချိန်လျှော့ချသူတွေမှာ လူသိများတဲ့ နည်းတချို့ရှိပါတယ်။ Raw until 4 ၊ Keto until 5 ၊ Vegan until 6 ၊ Dry until Fri စတာတွေပေါ့။ ဒီလိုနည်းတွေအပြင် ညနေ ၆ နာရီမတိုင်ခင် အစားအသောက်တွေမှီဝဲခိုင်းတဲ့ Before 6 ကလည်း လူသိများလှပါတယ်။ ဒါဆို ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားရင် ဝိတ်ကျမှာလား ဆိုတာလေး လေ့လာလိုက်ရအောင်နော်။ လူတော်တော်များများပြောနေကြ စကားတချို့ရှိတယ်မဟုတ်လား။ “ဝိတ်ကျချင်ရင် ညကျရင် ဘာမှမစားနဲ့” “ညနေ ၆ နာရီ ကျော်ရင် အစာမစားရဘူး” ဆိုတာမျိုးလေ။ ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားရင် ဝိတ်ကျမှာလား တကယ်ရော ညဘက် ဘာမှမစားရင် ကိုယ်အလေးချိန်လျော့ကျဖို့ အထောက်အကူဖြစ်စေမှာလား။ အာဟာရဗေဒပညာရှင်တွေနဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

တစ်နေ့ကို တစ်နပ်ပဲစားခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုသလား

လူတချို့ဟာ ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ ကျန်းမာရေး ကောင်းမွန်စေဖို့ ရည်ရွယ်ချက်နဲ့ တစ်ရက်တာမှာ အစားတစ်နပ်သာ စားပါတယ်။ ဒီလို တစ်ရက်တာမှာတစ်နပ်သာစားခြင်းကို အတိုကောက်အားဖြင့် OMAD (One Meal per Day) လို့ ရည်ညွှန်းကြပါတယ်။ ဒီလို တစ်နေ့ကို တစ်နပ်ပဲစားခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုသလား ..... တစ်နေ့ကို တစ်နပ်ပဲစားခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုသလား တစ်နေ့ကို တစ်နပ်ပဲစားခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုသလား ဆိုတော့ စားသောက်တဲ့ အစားအစာနဲ့ စားတဲ့အချိန်ဟာ တစ်ဦးချင်းစီအပေါ်မှာ မူတည်ပေမယ့် OMAD စားသောက်ပုံဟာ ကယ်လ်လိုရီကို လျှော့ချနိုင်တာတော့ အမှန်ပါပဲ။ OMAD စားသောက်ပုံနဲ့ အစာမစားဘဲနေတဲ့ fasting သဘောတရားအကြား ဆက်စပ်မှုရှိပါတယ်။ ဒီနှစ်မျိုးကို ဟန်ချက်ညီညီပေါင်းစပ်ပြီး ကိုယ်အလေးချိန်ထိန်းရာမှာ ကျင့်သုံးတဲ့ နည်းစနစ်တွေ ရှိပါတယ်။ ဥပမာ တစ်ရက်မှာ တစ်ကြိမ်သာစားပြီး ကျန်တဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အစားအသောက်မပျက် တစ်ရက်ကို ကိုယ်အလေးချိန် ၁ ပေါင်ကျစေမယ့် နည်းလမ်း

အစားအသောက်လည်း လျှော့စားဖို့မလိုဘူး၊ ကိုယ်အလေးချိန်လည်းကျမယ်ဆိုရင် စိတ်ဝင်စားကြတယ် မဟုတ်လား။ အခုနည်းလမ်းလေးကို သေချာလိုက်လုပ်ရင် ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် ကျစေမယ့်အပြင် ကြွက်သားနဲ့ ဦးနှောက်တွေကိုပါ ကြံ့ခိုင်သန်စွမ်းလာစေမှာပါ။ လူတစ်ယောက်ရဲ့ အစားအသောက်ဟာ စားပြီးချိန်မှာ ဘဝင်ကျစေဖို့၊ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကျန်းမာစေဖို့နဲ့ အဆိပ်အတောက်ကင်းစေဖို့ပဲ ဖြစ်သင့်တာမဟုတ်လား။ ကဲ အစားအသောက်မပျက် တစ်ရက်ကို ကိုယ်အလေးချိန် ၁ ပေါင်ကျစေမယ့် နည်းလမ်း ကို ကြည့်လိုက်ရအောင်။ အစားအသောက်မပျက် တစ်ရက်ကို ကိုယ်အလေးချိန် ၁ ပေါင်ကျစေမယ့် နည်းလမ်း အစားအသောက်မပျက် တစ်ရက်ကို ကိုယ်အလေးချိန် ၁ ပေါင်ကျစေမယ့် နည်းလမ်း ကတော့ ၁) မပြည့်ဝဆီ စားပေးပါ။ အဆီလို့ပြောလိုက်ရင် လူတွေကကျန်းမာရေးထိခိုက်မှာပဲလို့ တွေးတတ်ကြပါတယ်။ တကယ်တော့ အဆီဓာတ်ဟာ ပညာရှိရှိ ရွေးချယ်စားသုံးတတ်ရင် ကိုယ်အလေးချိန်ကျစေပြီး ကျန်းမာရေးအတွက် တအားအထောက်အကူပြုပါတယ်။ ဒါဆို ဘယ်လိုရွေးချယ်ရမလဲကြည့်ရအောင်။ ကျန်းမာရေးကိုထိခိုက်စေတဲ့ အဆီတွေကိုရှောင်ပါ။ ဒါတွေကတော့ ပြည့်ဝဆီ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဘာကြောင့် ပိန်ချင်တာလဲ၊ ကိုယ့်ကိုယ်ကိုယ်ရော ပြန်မေးဖူးလား

ဒီဘက်ခေတ် မိန်းကလေးတွေကို ကြည့်လိုက်ရင် ပိန်ချင်တယ်၊ Diet လုပ်နေတယ်၊ ဝိတ်ချနေတယ် အစရှိတဲ့ စကားမျိုးတွေ အမြဲ ပြောနေတတ်တာ သတိထားမိမှာပါ။ တကယ်တော့ ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ပိန်ခြင်း၊ ဝခြင်းဆိုတဲ့ ကိုယ်ခန္ဓာ အလှတရားထက် လူတစ်ယောက်ရဲ့ အသက်အရွယ်နဲ့ အရပ်အမြင့်ပေါ် မူတည်ပြီး ရှိသင့်ရှိထိုက်တဲ့ ကျန်းမာတဲ့ ကိုယ်အလေးချိန် တစ်ခု ရှိနေဖို့ပဲ လိုတာပါ။ ဒါပေမယ့်လည်း လူငယ်တွေဆိုတော့ ကျန်းမာတာထက် လှချင် ပချင်တာကိုပဲ ဦးစားပေးချင်ကြတာမလား။ ဒီအတွက် Diet တွေ အပြင်းအထန် လုပ်ကြတယ်၊ လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ကြတယ်၊ အစားတွေ ရှောင်ကြတယ်၊ တစ်ခုပြီး တစ်ခုတော့ လုပ်နေတာပဲ၊ ဘာကြောင့် လုပ်နေတာလဲဆိုတဲ့ အကြောင်းရင်း မသိရင်တော့ ရေရှည် ဇွဲရှိရှိနဲ့ လုပ်ဖို့ဆိုတာ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အဆီကို မြန်မြန်နဲ့ မှန်မှန်လေး ကျစေမယ့် အဓိကအချက် (၃) ချက်

အခုခေတ်မှာ ဝိတ်ကျဖို့ဆိုတာ ပျိုမေတိုင်းအတွက် အိပ်မက်ပန်းတိုင်တစ်ခုလို ဖြစ်နေပါပြီ။ ဝရင်မလှဘူး၊ ပိန်မှ လှတယ်ဆိုတဲ့ အယူအဆတွေဆိုတာလည်း ပတ်ဝန်းကျင်မှာ အမြဲ ကြားနေကျဆိုတော့ ကျန်းမာရေးထက် အလှအပကို ပိုဦးစားပေးတဲ့အနေနဲ့ ဝိတ်ချဖို့ကို အပြင်းအထန် လုပ်လာကြတော့တာပါပဲ။ တကယ်တော့ လူတစ်ယောက် ပိန်တယ်၊ ဝတယ်၊ ဝိတ်ကျတယ်၊ မကျဘူးဆိုတာထက် ကျန်းမာရေးအနေနဲ့ ကြည့်မယ်ဆိုရင် ကိုယ့်အသက်အရွယ်၊ အရပ်အမြင့်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန် ရှိနေဖို့သာ အရေးကြီးတာပါ။ ပိန်လွန်းရင်လည်း အဝတ်အစား ဝတ်တဲ့အခါ ကြည့်မကောင်းသလို အာဟာရဓာတ် နည်းပါးတာ၊ ကိုယ်ခံအား နည်းတာ၊ အလွယ်တကူ ဖျားနာ၊ ရောဂါဖြစ်လွယ်နိုင်ပါတယ်။ ဝလွန်းပြန်ရင်လည်း သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ ဒါ့အပြင် သွေးတွင်း အဆီများခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း၊ တစ်ခုခု […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ်အလေးချိန်လျှော့ချခြင်းနဲ့ စိတ်ဝေဒနာ

တချို့က ပိန်ချင်ကြတယ်၊ တချို့ကျ ဝချင်ကြတယ်။ လူတွေရဲ့ စိတ်က ဆန်းကျယ်တယ်ပဲ ဆိုရမှာပါ။ တစ်ခါတစ်လေကျရင် ကိုယ့်ခန္ဓာကိုယ်က ပုံမှန်ဖြစ်နေပေမယ့် ပိန်လွန်းတယ်၊ ဝလွန်းတယ်လို့ ထင်နေတာမျိုးလည်းရှိတယ်။ ဒီလောက်ဆို စိတ်နဲ့ ကိုယ်အလေးချိန် ဆက်စပ်မှုရှိတယ်ဆိုတာကို နားလည်လောက်ရောပေါ့။ လူတွေရဲ့ စိတ်ကျန်းမာရေး အခြေအနေဟာ ကိုယ်အလေးချိန်နဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ဆေးပညာရှင်တွေက ယူဆထားကြတာကြာပါပြီ။ ဒီကနေ့ခေတ်လို ပိန်မှ လှမယ်ဆိုတဲ့ အယူအဆ ကြီးစိုးတဲ့ ခေတ်မျိုးမှာဆိုရင် ကိုယ်အလေးချိန် လျှော့ချမှုမလုပ်ခင် စိတ်ပိုင်းဆိုင်ရာ အရလည်း မာကျောအားကောင်းနေဖို့ လိုအပ်ကြောင်း သတိပေးမှုတွေ ရှိနေပါတယ်။ ယျေဘုယျအားဖြင့်တော့ ကိုယ်အလေးချိန်ကို လျှော့ချပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီ အရောက်သွားနိုင်တာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တိုးပွားစေနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာကတော့ ဒီလုပ်ငန်းစဉ်ဟာ အသွား နှစ်ဖက်ပါတဲ့ ဓားသွားတစ်ခုဆိုတာကိုပါပဲ။ အသွားနှစ်ဖက်ပါတဲ့ ဓား မီဒီယာတွေနဲ့ တီဗီ၊ ရုပ်သံ၊ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချသူတွေ နဲ့ ဆီးချိုသမားများ ကာဗိုဟိုက်ဒရိတ် ရွေးချယ် စားတတ်ဖို့

carbs လို့ခေါ်ကြတဲ့ ကာဗိုဟိုက်ဒရိတ် တွေက ခန္ဓာကိုယ်ရဲ့ ပင်မခွန်အား အရင်းအမြစ် ဖြစ်ပြီး ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံတိုင်းမှာ အရေးပါတဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန် လျှော့ချလိုသူတွေနဲ့ ဆီးချိုဝေဒနာရှင်တွေအတွက်တော့ သင့်တော်မယ့် ရွေးချယ်စားသုံးနည်းကို အကြံပြုပေးချင်ပါတယ်။ ကာဗို ဘယ်နှမျိုး ရှိလဲ ကာဗိုဟိုက်ဒရိတ် အဓိကအမျိုးအစား(၃) မျိုးက သကြားဓာတ်၊ ကစီဓာတ်နဲ့ အမျှင်ဓာတ်တွေဖြစ်ပါတယ်။ သူတို့ရဲ့ဓာတုဖွဲ့စည်းမှုနဲ့ ခန္ဓာကိုယ်တုံ့ပြန်မှုတွေကို အခြေခံပြီး ရိုးရိုးလား၊ အရောလား ခွဲခြားလို့ရပါတယ်။ ဒါပေမယ့် အစားအသောက်အများစုမှာ ကာဗိုဟိုက်ဒရိတ်တစ်မျိုးနဲ့အထက် ပါဝင်နေတတ်တာကြောင့် ကိုယ့်အတွက် ကျန်းမာရေးနဲ့ညီတာ၊ မညီတာကိုရွေးချယ်ဖို့သိပ်မလွယ်နိုင်ပါဘူး။ ကာဗိုဟိုက်ဒရိတ်ရိုးရိုးတွေက ချေဖျက်ရလွယ်ကူတဲ့ အခြေခံသကြားဓာတ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ သန့်စင်၊ပြုပြင်ထားတဲ့ သကြားတွေကို သကြားလုံးတွေ၊ မုန့်တွေနဲ့ အချိုရည်တွေမှာ သုံးကြပေမယ့် ဒီလိုသကြားဓာတ်တချို့က အသီးတွေနဲ့ နို့တွေမှာ သဘာဝအတိုင်း ပါဝင်နေတတ်ပါတယ်။ ဂျုံကြမ်း၊ ပဲနဲ့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

သိပ္ပံနည်းကျ ဗိုက်ချကြမယ်

သိပ္ပံနည်းကျ ဗိုက်ချကြမယ် သင့်ဗိုက်က အဆီတွေအများကြီး လျော့သွားအောင်လုပ်တယ်ဆိုတာ တကယ်တော့ စစ်ပွဲတစ်ခုကို တိုက်နေရသလောက်ခက်ခဲတတ်ပါတယ်။ ဒါပေမယ့်လည်း ၀မ်းဗိုက်အဆီတွေဆိုတာ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါအပြင် တခြားနာတာရှည်ရောဂါအမျိုးမျိုးကို ဖိတ်ခေါ်ပေးနေတဲ့အဓိကသော့ချက်ဖြစ်တဲ့အပြင် ဖောသွပ်သွပ်နဲ့ ကိုယ့်အသွင်အပြင်ကိုယ်လည်း စိတ်ပျက်အားလျော့စေတတ်ပါတယ်။ ဒါပေမယ့် အရမ်းစိတ်မပျက်လိုက်ပါနဲ့ဦး။ သင့်ခါးဆိုဒ်ကို တကယ်ထိထိရောက်ရောက်ပြောင်းလဲလျော့သွားစေမယ့် သိပ္ပံနည်းကျနည်းလမ်းတချို့ရှိပါတယ်။ သိပ္ပံနည်းကျ ဗိုက်ချကြမယ် သိပ္ပံနည်းကျ ဗိုက်ချကြမယ် ဆိုရင် ဒီအချက်လေးတွေက လိုက်နာဖို့ လိုပါမယ်။  (၁) ကယ်လိုရီတွေကို လျှော့ချပါ။ ဒါပေမယ့် လုံးလုံးကြီးဖြတ်လိုက်တာမျိုးတော့မလုပ်ပါနဲ့။ လူတိုင်းသိပြီးသားပါပဲ။ ကိုယ့်တနေ့တာ အစားအသောက်တွေကရတဲ့ ကယ်လိုရီကိုလျှော့ချရင် ဝိတ်ကျစေတယ်ဆိုတာ။ တစ်နေ့ကို ကယ်လိုရီ ငါးရာကနေ တစ်ထောင် လျှော့ချစားသုံးမယ်ဆိုရင် တစ်ပတ်ကို တစ်ပေါင်ကနေ နှစ်ပေါင်အထိကျစေပါတယ်။ ဒါပေမယ့် ကယ်လိုရီတွေအများကြီးလျှော့ချခြင်းဟာ ဘေးထွက်ဆိုးကျိူးတွေကိုဖြစ်စေပါတယ်။ ဥပမာအားဖြင့် ဇီ၀ကမ္မဖြစ်ပျက်မှုနှုန်းကိုလျော့ကျစေပါတယ်။ အရင်လိုကယ်လိုရီအများကြီးပြန်စားရင်တောင် ဇီ၀ကမ္မဖြစ်ပျက်မှုနှုန်းက ဆက်လက်နှေးကျန်နေခဲ့တတ်ပါတယ်။ဒါကြောင့် ကယ်လိုရီအများကြီးကို အကြာကြီးလျှော့ချတာဟာ သိပ်မကောင်းလှပါဘူး။  (၂) […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်