backup og meta

ဖုန်းများသည် ကလေး၏ စိတ်ပိုင်းဆိုင်ရာကို မည်သို့ထိခိုက်စေနိုင်ပါသနည်း


Dr. Su Sandy မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖုန်းများသည် ကလေး၏ စိတ်ပိုင်းဆိုင်ရာကို မည်သို့ထိခိုက်စေနိုင်ပါသနည်း

    လက်ကိုင်ဖုန်းများသည် ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို မည်သို့သက်ရောက်နိုင်သည်ဆိုသည့် အကြောင်းအရာသည် ကလေးမိဘများ၊ ပညာရှင်များနှင့် သုတေသနပညာရှင်များအတွက် ငြင်းခုံဆွေးနွေးဖွယ်ရာ အချက်တစ်ခုဖြစ်ပါသည်။ သို့သော် လက်ကိုင်ဖုန်းများသည် ယခုခေတ်တွင် အသစ်အဆန်းများဖြစ်ပြီး သက်သေသာဓကများသည်လည်း ခိုင်လုံမှုမရှိပေ။ အရေးကြီးသည်မှာ မိဘများသည် လက်ကိုင်ဖုန်းအသုံးပြုမှုမှ ကလေး၏ စိတ်ပိုင်းဆိုင်ရာအပေါ်သက်ရောက်မှုများကို ဖြစ်နိုင်ချေရှိသော အချက်အနေဖြင့် ထည့်သွင်းစဉ်းစားရန်ဖြစ်သည်။

    ဆရာဝန်များနှင့် ပညာရှင်များသည် မိုဘိုင်းနည်းပညာကို အလွန်အကျွံသုံးစွဲမှုကြောင့် ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်မှုရှိမည်ကို စိုးရိမ်နေကြသည်။

    လက်ကိုင်ဖုန်းများမှ ထွက်သော ဓာတ်ရောင်ခြည်သည် လက်ကိုင်ဖုန်းများ၏ ဦးနှောက်အပေါ်သက်ရောက်မှုတွင် အဓိက ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်သည်။ သို့သော် ဓာတ်ရောင်ခြည်ထုတ်လွှင့်မှုနှင့် ပတ်သတ်ပြီးသေချာစွာ သက်သေမပြထားသော်လည်း ကျွန်ုပ်တို့ကို အန္တရာယ်ပြုနိုင်သည့် အနေအထားအထိ မဖြစ်နိုင်ဟု ယူဆကြသည်။ ထိုအချက်ကြောင့် မိဘများ အနေဖြင့် အနည်းငယ် စိတ်သက်သာရာရသော်လည်း လက်ကိုင်ဖုန်းများမှ ရေဒီယိုဓာတ်သတ္တိထုတ်လွှတ်နိုင်စွမ်းသည် ဦးနှောက်ကို ထိခိုက်မှုရှိနိုင်ကြောင်းသည် သိသာသည်။ ဆယ်ကျော်သက်အရွယ်တွင် ဦးနှောက်၏ ဘေးဘက်နှင့် ထိပ်ဘက် အစိတ်အပိုင်းများသည် ကြီးထွားနေဆဲဖြစ်သဖြင့် ဖုန်းကို ကိုင်၍အသုံးပြုသော အခါ အနီးကပ်ဆုံးသောနေရာများလည်းဖြစ်သည်။

    ကလေးတစ်ယောက်ကြီးပြင်းလာသည့်အခါ ခေတ်သစ်တီထွင်မှုများနောက်သို့ ပြတ်မကျန်ခဲ့စေရန် နည်းပညာအသစ်အဆန်းများကို လေ့ကျင့်နေရမည်ပင်ဖြစ်သည်။

    နည်းပညာအသုံးပြုမှုများခြင်းသည် ဦးနှောက်ကို သက်ရောက်မှုရှိစေပြီး လေ့လာသင်ကြားမှု၊ အထူးသဖြင့် စာရေးခြင်း၊ စာဖတ်ခြင်း၊ အာရုံစိုက်ခြင်းတို့ကို သက်ရောက်မှုရှိစေသည်။

    လက်ကိုင်ဖုန်းနှင့် အင်တာနက်အသုံးပြုမှုများသည် လူမှုဆက်ဆံရေးနှင့် စိတ်ခံစားမှုကို လွှမ်းမိုးနိုင်ပြီး လျှပ်စစ်ပစ္စည်းများ အသုံးပြုမှုများလျှင် ပေါင်းသင်းဆက်ဆံရေးအားနည်းနိုင်သည်။

    အောက်ပါတို့သည် လက်ကိုင်ဖုန်းအသုံးပြုချိန်အတွက် အကြံပြုချက်အချို့ဖြစ်ပါသည်။

    • အသက်နှစ်နှစ်အောက်ကလေးများကို ပုံရိပ်ထင်စေသော ပိတ်ကားများ၊ လျှပ်စစ်ပစ္စည်းများအသုံးပြုရန် ခွင့်မပြုသင့်ပါ။
    • သင့်ကလေးနှင့် မျက်နှာချင်းဆိုင် အတူဆော့ကစားပါ။
    • လက်ကိုင်ဖုန်းအသုံးပြုမှုသည် သင့်ကလေး၏ ပုံမှန်ဆော့ကစားခြင်းနှင့် လူမှုပေါင်းသင်းဆက်ဆံရေးကို မထိခိုက်ပါစေနှင့်။
    • လက်ကိုင်ဖုန်း၊ ကွန်ပြူတာ၊ တီဗွီများကို တစ်နေ့လျှင် တစ်နာရီ၊ နှစ်နာရီၤ ထက်ပိုမသုံးပါစေနှင့်။
    • လက်ကိုင်ဖုန်းကို တစ်ခါတစ်ရံအသုံးပြုခြင်းသည် အဆင်ပြေပါသည်။
    • လက်ကိုင်ဖုန်းကို ကောင်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြုတတ်စေရန် သင်ကြားပေးပါ။
    • မိသားစု အတူစားခြင်း၊ စကားပြောခြင်း များကို ပုံမှန်ပြုလုပ်ပေးပါ။
    • လေ့လာမှုကို အကျိုးရှိစေသော စကားလုံးများလေ့လာခြင်း၊ သင်္ချာနှင့် သိပ္ပံပညာ အခြခံများကို လေ့လာနိုင်သော အသုံးဝင်သော လုပ်ဆောင်ချက်များကို အားပေးပါ။
    • လက်ကိုင်ဖုန်းကို အိပ်ခန်းအပြင်တွင်ထားပါ။

    ပညာရှင်များသည် လက်ကိုင်ဖုန်း၏ ဦးနှောက်အပေါ် အကျိုးသက်ရောက်မှုများကို သဘောမတူကြပေ။ သုတေသနပညာရှင်များအချင်းချင်းတွင်လည်း မရှာတွေ့သေးသော နည်းပညာများရှိသေးသဖြင့် သဘောထားကွဲလွဲမှုများရှိနေသေးသည်။

    သို့သော် မိဘများသည် လက်ကိုင်ဖုန်းနှင့်အခြားသော လျှပ်စစ်ပစ္စည်းများ၏ မကောင်းသော ဆိုးကျိုးများကို သတိပြုသင့်သည်။ ထိုသို့သော် သက်သေပြချက်မခိုင်လုံမှုများကြောင့် မိဘများမှ သူတို့၏ ကလေးများကို မည်သည့်အချိန်တွင် လက်ကိုင်ဖုန်းကို အသုံးပြုခွင့်ပေးသင့်သည်ဆိုသည်ကို မေးခွန်းထုတ်လာကြသည်။ သိုသော် အသင့်အတင့်သာ သုံးစွဲခြင်းကို ပညာရှင်များမှ သဘောတူညီကြပုံရသည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Su Sandy မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement