ပိန်ချင်ယောင်ဆောင်ပြီး အဆီဖုံးနေပြီလား ……. တချို့လူတွေက လူပုံက ပိန်ပိန်ပါးပါးရယ်။ မှန်ထဲမှာ ကြည့်ကြည့် ကိုယ်အလေးချိန် ချိန်ကြည့်ကြည့် ဝတယ်လို့ ထင်စရာမရှိတတ်ဘူး။ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို ကံကောင်းလှပြီ။ အဆင်ပြေနေပြီလို့ ထင်ချင်ထင်ရနိုင်တယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ပိန်ချင်ယောင်ဆောင်ပြီး အဆီဖုံးနေပြီလား ……. တချို့လူတွေက လူပုံက ပိန်ပိန်ပါးပါးရယ်။ မှန်ထဲမှာ ကြည့်ကြည့် ကိုယ်အလေးချိန် ချိန်ကြည့်ကြည့် ဝတယ်လို့ ထင်စရာမရှိတတ်ဘူး။ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို ကံကောင်းလှပြီ။ အဆင်ပြေနေပြီလို့ ထင်ချင်ထင်ရနိုင်တယ်။
ဒါပေမယ့် ဒီအချက်တွေဟာ ကိုယ်အလေးချိန်ဆိုင်ရာ ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ညွှန်းဆိုနိုင်တယ်ဆိုတာ သင်သိရဲ့လား။ တခါတလေမှာ ကိုယ်က ပိန်နေပေမယ့် ကျန်းမာရေးနဲ့ မကိုက်ညီသူ၊ အဝလွန်နေသူဖြစ်နိုင်ပါတယ်။
တစ်ခါတစ်လေမှာ ကိုယ်က ပိန်နေပေမယ့် Skinny-fat တစ်ယောက်ဖြစ်နေနိုင်တာကို သတိထားသင့်ပါတယ်။ Skinny-fat ဆိုတာက ကိုယ်အလေးချိန် မမြင့်မားပေမယ့် ကိုယ်တွင်းမှာ အဆီပမာဏ များပြားနေသူမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ သာမန်ကိုယ်အလေးချိန်ရှိတဲ့လူ ၄ ဦးမှာ ၁ ဦးက Skinny-fat ဖြစ်နေတယ်လို့ UC Davis Health System ရဲ့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဒီလို Skinny-fat ဖြစ်နေပြီဆိုရင် သွေးတွင်း ဖိအားနှုန်းမြင့်မားတာ၊ သွေးတွင်း သကြားပမာဏများပြားတာတွေ ဖြစ်နိုင်ပြီး ဇီဝကမ္မဖြစ်စဉ်တစ်ခုလုံးဟာ ပုံမှန်အဝလွန်နေသူတွေလိုပဲ ဖြစ်ပျက်နေမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့တွေဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေ မြင့်မားသလို နှလုံးသွေးကြောနဲ့ သက်ဆိုင်တဲ့ ဝေဒနာတွေလည်း ဖြစ်နိုင်ခြေ မြင့်မားလှပါတယ်။
လူတစ်ယောက်ဟာ သာမန်ကိုယ်အလေးချိန်မျိုး၊ သာမန် ခန္ဓာကိုယ်မျိုးသာ ပိုင်ဆိုင်ထားပေမယ့် Skinny-fat ဖြစ်နေနိုင်တယ်ဆိုတာကို အောက်က အချက် ၅ ချက်ကို ကြည့်ပြီးသိနိုင်မှာဖြစ်ပါတယ်။
ခန္ဓာကိုယ် အရွယ်အစား အတူတူချင်း၊ ကိုယ်အလေးချိန် အတူတူချင်းဖြစ်ပေမယ့်လည်း Skinny-fat သမားတွေဟာ ကိုယ်အလေးချိန် မြင့်မားနေသူတွေ အဝလွန်နေသူတွေလိုပဲ လေ့ကျင့်ခန်းလို၊ အလုပ်ကြမ်းလိုအရာမျိုးတွေ ပြုလုပ်ချိန်တွေမှာ စောလျင်စွာ ပင်ပန်းတာ၊ နွမ်းနယ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဆီအများစုဟာ သွေးတွင်းနဲ့ ဗိုက်ဝန်းကျင်မှာသာ စုနေနိုင်တာမို့ တခြားသူတွေထက် ပိုပင်ပန်းရတာဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေရဲ့ အဆီတွေဟာ ခါးနဲ့ ဗိုက်တို့မှာ မသိမသာအနေအထားနဲ့ ရှိနေတာများပါတယ်။
Skinny-fat ဖြစ်နေတဲ့ လူတွေဟာ ကိုယ်တွင်း အဆီပမာဏများပြားနေတတ်ပါတယ်။ သူတို့ရဲ့ ကြွက်သားထုထည်ဟာလည်း ကြီးမားခြင်းမရှိတတ်တာမို့ လေ့ကျင့်ခန်းတွေ ပြုလုပ်ရာမှာ အခက်အခဲတွေ ပိုမိုကြုံရနိုင်ပါတယ်။ အထူးသဖြင့် ဒိုက်ထိုးတာလို လေ့ကျင့်ခန်းမျိုးတွေဟာ သူတို့အတွက် ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့်လည်း ကြိုးစားပြီး လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဂရုမစိုက်ဘဲ ဒီအတိုင်းနေမိမယ်ဆိုရင် အဝလွန်တဲ့သူတွေလိုမျိုး ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလို Skinny-fat ဖြစ်နေတာဟာ မိဘတွေဆီကနေ အမွေဆက်ခံလာတာလဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သွေးနီးတဲ့ ဆွေမျိုးတွေဆီကနေပေါ့။ သွေးတိုး၊ ဆီးချို၊ သွေးတွင်းသကြားဓာတ်များတာ၊ ကိုလက်စထရောများတာနဲ့ နှလုံးဝေဒနာတွေကိုလည်း လက်ဆင့်ကမ်းလာနိုင်တာကို သတိထားဖို့ လိုအပ်ပါတယ်။
တကယ်လို့များ ကိုယ်က နေ့စဉ်ရက်ဆက် Fast Food တွေ၊ ကျန်းမာရေးနဲ့ မသင့်တော်တဲ့ အစားအစာတွေကိုပဲ ပုံမှန်စားသောက်နေမယ်ဆိုရင်လည်း Skinny-fat အခြေအနေမျိုးကို ရောက်လာနိုင်ပါတယ်။ တချို့တွေက လူကောင်ထွားမလာပေမယ့် ကိုယ်တွင်း အဆီပမာဏတိုးလာတာမျိုး ကြုံရတတ်တာ ဒီလို အစားအသောက် မဆင်ခြင်တာကြောင့်ဖြစ်ပါတယ်။
BMI သုံးပြီး ကိုယ့်ရဲ့ ဖြစ်သင့်တဲ့ ကိုယ်အလေးချိန်ကို တွက်ချက်လို့ရနိုင်ပေမယ့် လူတွေဟာ မျိုးနွယ်စုအလိုက်လည်း Skinny-fat ဖြစ်နိုင်တယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ ဥပမာ တောင်အာရှဒေသအခြေစိုက် လူမျိုးတွေဟာ ကော့ကေးရှန်းဒေသက လူတွေနဲ့ BMI ခြင်းကွာဟချက် ကြီးကြီးမားမား ကွာဟချက် မရှိပေမယ့် အဆီပမာဏ ပိုများနေတာမျိုးဖြစ်ပါတယ်။
Skinny-fat ဖြစ်နေပြီဆိုတာကို သိထားရင် လေ့ကျင့်ခန်းတွေ ကောင်းကောင်းလုပ်တာနဲ့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကို ဂရုတစိုက်စားသောက်တာမျိုးတွေ လုပ်ဖို့ လိုအပ်မှာဖြစ်ပြီးတော့ ကိုယ်တွင်း အဆီဓာတ်တွေ နည်းပါးသွားအောင် ဂရုတစိုက် နေထိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။