backup og meta

သင် ဝိတ်မကျရတဲ့ အကြောင်းပြချက် ၅ ချက်


Nadi မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင် ဝိတ်မကျရတဲ့ အကြောင်းပြချက် ၅ ချက်

    အစားအသောက် လျှော့စားသင့်လောက်အောင် ဝနေပြီလို့သိပေမယ့်လည်း အဝလွန်ခြင်းက လူသားတွေအတွက် မပြီးဆုံးနိုင်သေးတဲ့ တိုက်ပွဲတစ်ပွဲအဖြစ် ရှိနေပါသေးတယ်။ နောက်ပိုင်းလူတော်တော်များများက သူတို့ ဘယ်လောက်ဝနေပြီ၊ ဘယ်လိုပုံစံဖြစ်နေပြီကို သိပ်ဂရုမစိုက်ကြဘူး ဖြစ်နေပါတယ်။ ဒါပေမယ့် ဆေးသိပ္ပံရှာဖွေချက်အရ အဝလွန်ခြင်းက သင်ဘဝပျော်ရွင်ခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ရောဂါတော်တော်များများရဲ့ ဇစ်မြစ်မှန်း ရှာဖွေတွေရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ကြည့်ကောင်းခြင်းက အမြဲအကျိုးရှိပါတယ်။ ယခု လူတွေက ခန္ဓာကိုယ်ပုံစံလှတာကို ပိုပြီးအာရုံစိုက်လာကြပြီး ကြည့်ကောင်းတယ်ဆိုတာကလည်း အချိုးအစားပြေပြစ်ပြီး အဆီပိုရှိနေတာ၊ အဝလွန်နေတာမဟုတ်ပါဘူး။ ကြည့်ကောင်းစေမယ့် နည်းလမ်းတွေကိုလည်း စာအုပ်တွေကနေ အင်တာနက်လိုင်းပေါ်ထိ အများကြီးရယူနိုင်ပါတယ်။ သင်နည်းလမ်းအကုန်ကြိုးစားတာတောင် ဝနေသေးတယ်ဆိုရင် အောက်ပါအချက် ၅ချက်က သင်ဘာလို့ဝိတ်မကျလဲဆိုတာကိုပြနေပါတယ်။

    အစားအသောက် မမှန်ကန်ခြင်း။

    ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အသီးရွက်၊ သကြား၊ အသင့်စားတွေ…..အားလုံးက စိတ်ရှုပ်စရာကောင်းပါတယ်။ ဒါကြောင့် တစ်ရက်လောက် ဘာမျှမစဉ်းစားပဲ မက်ဒေါနယ်လ်က အသင့်စားမုန့်တွေ အဝစားပြီး နောက်နေ့နှစ်ရက်စာ လေ့ကျင်ခန်းလုပ်လိုက်မယ်ဆိုတဲ့အတွေးများရှိနိုင်ပါတယ်။ ဒါမှမဟုတ် သင်လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ပြီးနောက် ဟမ်ဘာဂါ၊ ကြက်ကြော်နဲ့ ချိစ် စားလိုက်မယ်ဆိုပြီးလည်း တွေးမိနိုင်ပါတယ်။ ဝိတ်ချခြင်းသည် ထိုသို့လုပ်ပါက အကျိုးရှိမည်မဟုတ်ပါ။ မက်ဒေါနယ်လ်က အစားအသောက် ၃ ခုကို တစ်နေ့စာစားခြင်းက သင်လုပ်ဆောင်ချက်အားလုံးကို ပျက်စီးစေနိုင်ပါတယ်။ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ပြီး အပြင်းအထန် နင်းကန်စားပါက သင့်အင်အားကို မညီမမျှဖြစ်စေနိုင်ပါတယ်။ ထိုကြောင့် အစားအသောက်အမှန်ကို မှန်သောအချိန်တွင် စားရန်လိုအပ်ပါတယ်။ ပင်ပင်ပန်းပန်းလေ့ကျင့်ခန်းလုပ်ပြီး ကာဗိုဟိုက်ဒရိတ်စားချင်လာခြင်းမျိုးရှိပါက သကြား သို့မဟုတ် အသင့်စားအစာများကို “အန်ကယ်ကတော့နိုးပါ” လို့ပြောပါရစေ။ လုံးဝမစားပါနှင့်။

    သောက်စားလိုစိတ်ပြင်းခြင်း။

    သောက်စားလိုစိတ်ပြင်းခြင်းဆိုတာ လူတိုင်းမှာ ဘယ်အစားအသောက်ကိုမဆို ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကျန်းမာတဲ့အစားအစာတွေဆိုလည်း ဖြစ်နိုင်ပါတယ်။ သင်ဟာ ညသန်းခေါင်ယံ ရေခဲသေတ္တာဆီသွားပြီး အရွက်သုပ်တစ်ပန်းကန်စားပြီး သင့်ရဲ့သံစုံမြည်နေတဲ့ဗိုက်လေးကို ဖြည့်တင်းလိုက်တာဟာ ဘာမှမဖြစ်လောက်ဘူးလို့ထင်ကောင်းထင်ပါလိမ့်မယ်။ နေ့ဘက်မှာလည်း အသီးအရွက်ပဲစားတာပါဆိုပြီး လိုတာထက် ပိုပြီးစားနေတယ်ဆိုတဲ့ အကြောင်းလဲ ထည့်ပြောရဦးမယ်။ အဲ့တာလဲ မကောင်းပါဘူး။

    သင် ဘယ်အစားအစာကိုပဲစားစား ကယ်လိုရီက တက်နေမယ့်အပြင် အများကြီးစားလိုက်တာလည်း သင်ကြိုးစားပြီးတည်ဆောက်နေတဲ့အရာကို ဖျက်ဆီးပစ်မှာပါ။

    နှလုံးလေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ခြင်း။

    လေ့ကျင့်ခန်းရုံတွင် အချိန်ကုန်စေခြင်းကကောင်းပါတယ်။ ဒါပေမယ့် ရံဖန်ရံခါ လမ်းလျှောက်ခြင်း သို့မဟုတ် ရေကူးခြင်းတို့ကို မတန်ဘူးထင်ပြီး မလုပ်တာကတော့ လွဲမှားနေပါတယ်။ နှလုံးလေ့ကျင်ခန်းတွေက သင့်ကြွက်သားတွေကို ခဏလောက် အနားပေးတဲ့အပြင် ခါးအဆီကျအောင်လည်း အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။

    ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေကို လုပ်တဲ့အခါ သင့်ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့စွမ်းအင်တွေအတွက် အဆီတွေကို ပိုစုဆောင်းပါတယ်။ ရလဒ်ကတော့ အံ့အားသင့်လောက်အောင် ဆိုးရွားပါတယ်။ အဲ့တော့ မမတို့က ဝိတ်ကျချင်နေကြတာဆိုတော့ ဒါမျိုးတွေက မစမ်းကြည့်သင့်ဘူး၊ ဟုတ်တယ်မလား။

    ရေသောက်သောအကျင့်။

    ရေဆိုတာ ဘဝရဲ့ အံ့သြလောက်အောင် ကောင်းလွန်းတဲ့အရာဖြစ်ပါတယ်။ ကုတ်(ကိုကာကိုလာ) က ဆိုတာကလည်း တစ်ခါတစ်ရံမှာ အံ့သြလောက်အောင်ကို ကောင်းပါတယ်။ နေအရမ်းပူတဲ့အခါမျိုးမှာဆိုရင်ပေါ့။ ဘီယာကလဲ တစ်ခါတစ်ရံ အပျော်သဘောနှင့် သောက်တယ်ဆိုတာ လက်ခံပါတယ်။ သင်ဟက်ဟက်ပက်ပက်ရယ်မောပြီး ကောင်းကောင်းပျော်ချင်ရင်တော့ ဘီယာလိုတာပေါ့။ ဒါပေမယ့် များများသောက်ရင်တော့ မလိုအပ်တဲ့ အဆီတွေစုလာပြီး လူတိုင်းမဖြစ်ချင်တဲ့ ဘီယာဗိုက်လေးတစ်လုံး ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။ အဲ့တော့ အချိုရည်သောက်ချင်လာလျှင် မသောက်ပါနှင့်။ ရေနွေးကြမ်း သို့မဟုတ် ကျန်းမာရေးနှင့်ညီညွတ်တဲ့တစ်ခုခုသောက်လိုက်ပါ။ ဘီယာကလည်းကောင်းကျိုးရှိပေမယ့် သင့်ဗိုက်ကိုစိတ်ပူသင့်ပါတယ်။

    ကောင်းမွန်စွာမအိပ်စက်ခြင်း။

    အိပ်ခြင်းက သင်ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်မှု၊ စိတ်ပိုင်းဆိုင်ရာ ပျော်ရွင်မှုတို့ရရန် အိပ်ခြင်းသည် လိုသောအရာဖြစ်သည်။ ထိုအပြင် သင်စိတ်ဖိစီးမှုခံစားရသောအချိန်တွင်လည်း လိုအပ်သည်။ ထိုအချိန်တွေမှာ သင့်ခန္ဓာကိုယ်ကို အနားပေးရန်လိုသည်။ အိပ်ခြင်းက ထိခိုက်မှုအရှိဆုံး နည်းလမ်းတစ်ခုဖြစ်သည်။ အရွယ်ရောက်သူများတွင် ကောင်းမွန်စွာမအိပ်စက်ခြင်းက ၅၅ရာခိုင်နှုန်းခန့်ပိုဝစေသည်။

    ဝိတ်ကျအောင်ကြိုးစားရတယ်ဆိုတာ တော်တော်ကိုစိတ်ပင်ပန်း၊ကိုယ်ပင်ပန်း ဖြစ်ရပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့နည်းလမ်းတွေကို သုံးမယ်ဆိုရင်တော့ ရလဒ်တွေက အံ့အားသင့်စရာပါပဲ။ သင်လိုချင်တဲ့ ပေါင်ချိန်စက်ပေါ်က ဂဏန်းကိုရလာပြီဆိုရင်တော့ နောက်ထပ်အရေးကြီးတာတစ်ခုက အဲ့ ဂဏန်းကို ဆက်လက်ထိန်းထားဖို့ပဲ ဖြစ်ပါတယ်။ အဲ့မတိုင်ခင်တော့ သက်သောင့်သက်သာပဲနေ၊ ကိုယ့်ဘာသာကိုယ်အရမ်းကြီး စိတ်ဒုက္ခမပေးနဲ့။ မဟုတ်ရင် ရလဒ်က ဆိုးရွားလိမ့်မယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Nadi မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement