backup og meta

အစားအသောက်ထိန်းစရာမလိုပဲ ကိုယ်အလေးချိန် လျှော့ချနည်း ဆယ်မျိုး


Dr . Phyu Mon Latt မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစားအသောက်ထိန်းစရာမလိုပဲ ကိုယ်အလေးချိန် လျှော့ချနည်း ဆယ်မျိုး

    တချို့သူတွေအတွက်တော့ အစားလျှော့တယ်ဆိုတာထင်သလောက်မလွယ်ပါဘူး။ ပီဇာနဲ့ ချိစ်ဘာဂါတွေကို လျစ်လျူရှုဖို့ ဆိုတာခက်ခဲလွန်းပါတယ်။ သို့သော်လည်းသူတို့ဟာထပ်လည်းမဝချင်ပါဘူး။ ဒါဆိုစွဲဆောင်မှု မရှိတဲ့ သွားရည်ယိုစရာမကောင်းတဲ့ အစားအသောက်တွေကိုစားစရာမလိုပဲမဝအောင်နေလို့ ရပါသလား။ တကယ်တော့ နည်းလမ်းဆယ်ခုရှိပါတယ်။

    မနက်စာကိုမစားပဲမနေပါနဲ့။

    လူအတော်များများဟာမနက်စောစောထပြီးအလုပ်ကိုတန်းသွားရတဲ့အတွက် မနက်စာမစားပဲနေခြင်းဟာကိုယ်အလေးချိန်ကိုလျှော့ချဖို့ နည်းလမ်းကောင်းတစ်ခုလို့ထင်ပြီးတစ်နေ့တာအတွက် အရေးကြီးတဲ့ အစာဖြစ်တဲ့ မနက်စာကိုမစားပဲနေကြပါတယ်။ ဒါပေမယ့်လည်းလေ့လာချက်တွေအရပထမဆုံးအစာဖြစ်တဲ့ မနက်စာကိုမစားပဲနေခြင်းဟာနောက်စားမယ့်အစာတွေကိုပိုစားစေပါတယ်လို့ တွေ့ရှိရပါတယ်။ တကယ်လို့ မနက်စာကိုမစားဘူးဆိုရင် သင်ဟာတစ်နေကုန် ပိုပြီးတော့စားတော့မှာပါ။ ဒီပုံစံနဲ့တော့ ပိန်အောင်လုပ်ဖို့ မလွယ်ဘူးလေ။

    ဖြည်းဖြည်းချင်းစားပါ။

    လူတွေရဲ့ ဦးနှောက်ဟာအချက်အလက်တွေကိုဆန်းစစ်ဖို့ အချိန်လိုသလိုအစာခြေဖျက်ဖို့အတွက်လည်းအချိန်လိုအပ်ပါတယ်။ ဒါ့ကြောင့် အစားတစ်ခုကိုခပ်မြန်မြန်ပြီးအောင်စားလိုက်ရင် ဗိုက်ဝသွားတယ်လို့မခံစားရပဲနောက်ထပ်ပိုစားမိဖြစ်ပါတယ်။ သုတေသန ၂၃ ခုကိုဆန်းစစ်ချက်အရအတူတူစားရင်းအရင်စားပြီးသူဟာနောက်မှ စားပြီးသူတွေထက် ဝနိုင်ခြေပိုများပါတယ်။ ဒါ့ကြောင့် ဖြည်းဖြည်းစားခြင်းအားဖြင့် သင့်ဦးနှောက်ကိုဘယ်လောက်ဗိုက်ပြည့်နေပြီလဲဆိုတာစဉ်းစားဖို့ အချိန်ပေးသလိုဖြစ်ပြီးတော့ အစားစားတာလျော့နည်းလာပါလိမ့်မယ်။

    ညဘက်ကျရင် မီးဖိုချောင်ထဲမသွားပါနဲ့

    ညဘက်မှာအစာစားသောက်ခြင်းဟာကိုယ်အလေးချိန်တိုးစေနိုင်ပါတယ်။ ယုံယုံမယုံယုံတစ်နေ့မှာလေးကြိမ် (သို့) ငါးကြိမ်မြောက်စားတဲ့အစာဟာသင်စားနေတဲ့ အစာကိုများပြားစေပြီးသင်လိုချင်တဲ့ ကိုယ်အလေးချိန်ကိုရဖို့ ကူညီတော့မှာမဟုတ်ပါဘူး။

    ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေကိုနည်းနည်းချင်းစားသောက်ပါ။

    တကယ်တော့ မကျန်းမာတဲ့အစားအစာတွေကိုလုံးဝမစားသင့်ပါဘူး။ ဒါပေမယ့် သူတို့ကပုံမှန် အစာတွေထက် အရသာရှိနေတဲ့အခါမှာသင်ဘယ်လိုလုပ်မှာပါလဲ။ သေးငယ်တဲ့ ပန်းကန်ကိုယူပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေကိုပန်းကန်သေးသေးနဲ့စားတဲ့အကျင့်လုပ်ပါ။ ဘာကြောင့်လဲဆိုတော့ ဒီအစာတွေကိုပန်းကန်ကြီးကြီးထဲမှာအနည်းငယ်သာထည့်စားမယ်ဆိုရင် သင့်ဦးနှောက်ကသင်လုံလောက်စွာစားရတယ်ဆိုတဲ့ ခံစားမှုရမှာမဟုတ်လို့ ပိုပိုစားမိမှာပါ။

    ရေပိုသောက်ပါ။

    ရေဟာသင့်ကိုခဏတာတော့ ဗိုက်ပြည့်စေပါတယ်။ တကယ်လို့ ရေကိုအစာမစားခင်သောက်မယ်ဆိုရင် ဗိုက်ဆာစိတ် လျော့သွားပြီဖြစ်လို့ သင်နည်းနည်းပဲစားကောင်းစားနိုင်ပါတယ်။ ရေအစားဆိုဒါ (သို့) ကယ်လိုရီနည်းတဲ့ ဖျော်ရည်တွေ သောက်ခြင်းဟာလည်းသင်အစားအသောက်ကိုအနည်းငယ်သာစားစေမှာပါ။

    အစာစားတာကိုသာအာရုံစိုက်ပါ။

    တီဗီ (သို့) ဗီဒီယိုဂိမ်းတွေ ဆော့တဲ့သူတွေဟာသူတို့ကိုယ်သူတို့ အစာစားသင့်သလောက် မစားဘူးလို့ အထင်ရောက်တတ်ပါတယ်။ ဒီလိုနဲ့ သူတို့ ပိုစားတတ်ပါတယ်။ ဗီဒီယိုဂိမ်းတွေ၊ ရုပ်ရှင်တွေဟာ ဆွဲဆောင်အားကောင်းတဲ့ အပန်းဖြေမှုတွေ ဖြစ်ပြီးသူတို့မှာရင်သပ်ရှုမောဖွယ် အခန်းတွေ မကြာခဏပါဝင်တတ်ပါတယ်။ ဒါ့ကြောင့် သူတို့ဟာသင့်အစားအသောက်ကိုအာရုံမရောက်အောင် အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။

    ကောင်းမွန်စွာအိပ်စက်ပါ။

    သိပ္ပံပညာအရကောင်းမွန်စွာမအိပ်စက်ခြင်းဟာသင့်ကိုအစားပိုစားစေပါတယ်။ အိပ်ရေးမဝရင် သင့်ကိုဗိုက်ပိုဆာစေပြီးကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်တွေကိုပိုတောင့်တစေမှာပါ။

    စိတ်ဖိစီးမှုမှ ရှောင်ကြဉ်ပါ။

    စိတ်ဖိစီးမှုဟာ လူတွေကိုအစာစားခြင်းကဲ့သို့သော တခြားလုပ်ငန်းကိစ္စတွေအပေါ် သတိပြုမှု နည်းစေပါတယ်။ စိတ်ဖိစီးမှုဟာပုံမှန်အိပ်ချိန်ကိုတောင် နှောင့်ယှက်နိုင်ပါတယ်။ ဒီအရာတွေဟာတစ်နေ့တာအတွင်း မလိုအပ်ဘဲ အစားအသောက်စားသုံးမှု ပမာဏကို မြင့်တတ်စေပါတယ်။

    ပရိုတင်းကို မရှောင်ပါနဲ့။

    ပရိုတင်းဟာ သင့်ကိုဗိုက်ဝစေပါတယ်။ ဗိုက်ဝတာကြောင့် သင်ကယ်လိုရီပိုမိုစားခြင်းကနေ ကာကွယ်ပေးမှာပါ။ ဥ၊ ငါး၊ ကြက်သားအစရှိသည်တို့ဟာအရသာရှိတာနဲ့အမျှ သင့်ရဲ့ အစားအသောက် လျှော့ချခြင်းပေါ်မှာအကျိုးသက်ရောက်မှု ရှိပါတယ်။

    သကြားဓာတ် ပါဝင်မှုများတဲ့ အချိုရည်တွေ မသောက်သုံးပါနဲ့။

    သကြားဓာတ်ဟာကယ်လိုရီ (သို့) အရည်ပုံစံကယ်လိုရီပါဝင်ပါတယ်။ သောက်သုံးရင် သင့်ရဲ့ ဦးနှောက်ဟာအရည်ပုံစံကယ်လိုရီကိုအစားကရတဲ့ ကယ်လိုရီပုံစံလိုမျိုး တူညီစွာမသတ်မှတ်တာကြောင့် ဗိုက်ဝတယ်လို့ ခံစားရမှာမဟုတ်ပါဘူး။ ဒါဆိုလိုတာထက် ပိုစားမိပြီးခါးပိုတောင် တုတ်လာမှာပါ။ ဒါ့ပြင် သကြားဓါတ် အများအပြားသုံးစွဲမှုဟာဦးနှောက်အတွက် မကောင်းပါဘူး။

    ခြုံပြောရရင် အသီးအရွက်ချည်းစားတာမဟုတ်ပဲသင့်ကိုကိုယ်အလေးချိန်လျော့ကျစေတဲ့ နည်းလမ်းပေါင်းများစွာရှိပါတယ်။ ပုံမှန်စားနေကျအစာကိုစားနေရက်နဲ့ပဲဒီနည်းလမ်းတွေကိုအသုံးပြုခြင်းအားဖြင့် အစားအသောက်ကောင်းတွေကို နှစ်သက်စွာစားနိုင်မှာပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement