backup og meta

အစားလျှော့တဲ့အခါ လိုက်နာစရာ မလိုတဲ့စည်းကမ်းတွေကဘာတွေလဲ

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစားလျှော့တဲ့အခါ လိုက်နာစရာ မလိုတဲ့စည်းကမ်းတွေကဘာတွေလဲ

    အစားလျှော့တဲ့အခါ လိုက်နာစရာ မလိုတဲ့ စည်းကမ်းတွေ

    ကိုယ်အလေးချိန် လျှော့ချချင်တဲ့သူတိုင်းဟာ အစားအသောက်ဆင်ခြင်ဖို့ ပြင်ဆင်တတ်ကြပါတယ်။ တချို့သော အဓိပ္ပါယ်မရှိတဲ့ စည်းကမ်းတွေကို သင့်အနေနဲ့ ကြားဖူးလိမ့်မယ်။ လိုက်လုပ်ကောင်းလည်း လုပ်ဖူးပါလိမ့်မယ်။ အစားအသောက်ထိန်းခြင်းနဲ့ ပတ်သက်ပြီး သင်အများဆုံးကြားဖူးထားတဲ့ နည်းအချို့ဟာ တကယ်တမ်းမှာ သင့်ကိုယ်အလေးချိန်ကို လျှော့ချဖို့ ကူညီမပေးနိုင်ကြပါဘူး။

    ဒီနည်း(၈)ခုကတော့ သင့်အနေနဲ့ လိုက်မလုပ်လည်း ရတဲ့ နည်းတွေ ဖြစ်ပါတယ်။

    ၁။ ညဘက်မှာ အစာစားခြင်းက သင့်ကို ဝစေတယ်။

    တကယ်တော့ အဆီတက်တယ်ဆိုတာဟာ ၂၄နာရီအချိန်အတွင်းမှာ သင်ဘယ်လောက်စားသောက်နေသလဲ ဆိုတာနဲ့ အဓိကဆိုင်ပါတယ်။ သင်ဘာတွေ စားတယ်၊ ဘယ်လောက်ပမာဏစားတယ်၊ သင်ဘယ်လောက် လှုပ်ရှားမှုရှိတယ် ဆိုတာတွေက သင်ဘယ်အချိန်စားတယ် ဆိုတာထက် ပိုအရေးကြီးပါတယ်။

    ၂။ ပုံမှန်အချိန်သတ်မှတ်ပြီး တစ်နေ့ကို ၅ကြိမ်စားပါ

    အကောင်းဆုံးကတော့ နာရီက သင့်ကို အစားစားချိန်ရောက်ပြီလို့ ပြောတာထက် ဗိုက်ဆာတဲ့အချိန် စားလိုက်တာပါပဲ။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဇီဝဖြစ်စဉ်တွေဟာ မတူကြတာမို့ ဘယ်စည်းကမ်းကိုတော့ မဖြစ်မနေလိုက်နာရမယ်ဆိုတာမျိုး မရှိပါဘူး။ တစ်နေ့(၅)ကြိမ် အချိန်မှန်စားပြီး လှုပ်ရှားမှုမရှိဘူးဆိုရင် သင့်ရဲ့ခန္ဓါကိုယ်မှာ အဆီတွေတက်လာမှာ အသေအချာပါပဲ။

    ၃။ အဆီပါဝင်တဲ့ အစာတွေဟာ သင့်ကို ကြာကြာဗိုက်ပြည့်နေစေတာမို့ သင် သိပ်မစားဖြစ်တော့ပါဘူး။

    ဒီစည်းကမ်းကတော့ အဆီဟာ အစာချေဖျက်ဖို့ အချိန်ကြာမြင့်တယ် ဆိုတဲ့အချက်ကိုယူပြီး ပြောထားတာပါ။ တကယ်တော့ ချေဖျက်ဖို့ကြာတယ် ဆိုတာ အစားမစားချင်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ တကယ်ဆို ပရိုတိန်းပါတဲ့ အစာတွေကတောင် ပိုလို့အဆာခံပါသေးတယ်။

    ၄။ တကယ်လို့ အစားအသောက်မှားသွားရင် တစ်ရက်လောက်စောင့်ပြီးမှ ပုံမှန်စားနေကျအတိုင်း ပြန်စားသင့်တယ်။

    အကောင်းဆုံးကတော့ အစားအသောက်မှားမိတယ်ဆိုလည်း ပုံမှန်ကိုယ်ထိန်းနေကျပုံစံအတိုင်း ချက်ချင်းသာ ပြန်စားပါ။

    ၅။ အိမ်လည်တဲ့အခါ၊ ပါတီပွဲတွေမှာ အစားအသောက် စားဖို့ငြင်းဆန်တာက ရိုင်းရာကျတယ်။

    ဒီလိုရှေးကျတဲ့ အတွေးအခေါ်မျိုးက ဒီခေတ်မှာ အသုံးမဝင်တော့ပါဘူး။ သင့်အနေနဲ့ အစားတစ်ခုဟာ ကျန်းမာရေးနဲ့ မသင့်တော်ဘူး၊ သင့်ရဲ့ ဝိတ်ချနေတဲ့ အစီအစဉ်ကို အနှောင့်အယှက်ဖြစ်စေမယ်ထင်ရင် ငြင်းဆန်လို့ရပါတယ်။ လူတွေကလည်း သင့်ကို နားလည်ပေးကြမှာပါ။

    ၆။ အစားမစားဘဲ တစ်ခါတစ်ရံနေခြင်းက သင့်ကို ပိန်စေလိမ့်မယ်

    ပုံမှန်မစားဘဲနေမယ်ဆိုရင် သင်ဟာ ဗိုက်ပိုဆာလာပြီး နောက်တစ်ကြိမ်ကျ အများကြီးစားမိပါလိမ့်မယ်။ သင့်ရဲ့ ဇီဝဖြစ်စဉ်ကိုလည်း ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။

    ၇။ အဆီက ဝစေတယ်

    အဆီဆိုတာသင်စားရမယ့်အာဟာရတွေထဲမှာ မဖြစ်မနေပါဝင်ပြီး ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗိုက်တာမင်တွေနဲ့ ကျန်းမာနေဖို့အတွက် အာဟာရဓါတ်တွေပါဝင်ပါတယ်။ ထပ်ပြောရမယ်ဆိုရင် ကောင်းမွန်တဲ့အဆီတချို့က အဆီသိမ်းဆည်းတတ်တဲ့ မျိုးဗီဇကို အဆီချေဖျက်တဲ့ မျိုးဗီဇအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။

    ၈။ အစားအသောက်တွေအားလုံးဟာ အတူတူပဲ

    ဒါကိုတော့ ပညာရှင်အားလုံက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ထားပါတယ်။ အစားအသောက်တစ်ခုနဲ့ တစ်ခုဟာ မတူညီကြသလို အာဟာရတန်ဖိုးချင်းလည်း ကွာခြားပါတယ်။

    နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ သင့်အနေနဲ့ မှန်တယ်ထင်နေတဲ့ အစားအသောက်ထိန်းခြင်း စည်းကမ်းတွေက လက်တွေ့မှာ အသုံးမကျပါဘူး။ သင်လိုက်နာသင့်တဲ့ စည်းကမ်းရယ်လို့ တစ်ခုတည်းရှိပါတယ်။ အဲဒါကတော့ သဘာဝနည်းနဲ့ မလုပ်ထားတဲ့ အစားအသောက်တွေကို ရှောင်ဖို့ပါပဲ။ အဆိပ်အတောက်တွေ၊ ဓါတုပစ္စည်းတွေသာ မရှိဘူးဆိုရင် သင့်ခန္ဓါကိုယ်က သင့်တော်တဲ့ကိုယ်အလေးချိန်ကို သူ့အလိုအလျောက် ထိန်းပေးပါလိမ့်မယ်။

    ဟယ်လိုဒေါက်တာ သည် မည်သည့်ကျန်းမာရေးဝန်ဆောင်မှုကိုမျှ မပေးပါ။ အကယ်၍ မိမိကျန်းမာရေးနှင့် ပတ်သက်ပြီး မူမမှန်မှုတစ်ခုခုရှိသည်ထင်ပါက ဆရာဝန်၊ ဆရာမနှင့် တိုင်ပင်ဆွေးနွေးပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement