backup og meta

အစားမလျှော့ဘဲကိုယ်အလေးချိန်လျှော့ချရန်နည်းလမ်းများ


Dr. Ye Pyae Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစားမလျှော့ဘဲကိုယ်အလေးချိန်လျှော့ချရန်နည်းလမ်းများ

    – အချို့လူများအတွက်ကိုယ်အလေးချိန်လျှော့ချရန်အစား လျှော့စားခြင်းသည်နားထောင်ရသလောက်မလွယ်ကူပါ။ ပီဇာနှင့် ဒိန်ခဲသွပ်ထားသောဘာဂါတို့ကိုမစားမိအောင်လုပ်ဖို့ အတော်ခက်သည်။

    သို့သော်လည်းထိုသူတို့သည်သူတို့၏ခါးကိုခပ်ဝဝခပ်တုတ်တုတ် လည်းမဖြစ်လိုကြပါ။ သို့ဆိုလျှင်စားမကောင်းသော၊ခံတွင်း မလိုက်သောအစားအစာများကိုမစားရဘဲအခြားနည်းလမ်းများ ရှိပါသေးသလား။ အောက်ပါအချက်(၁၀) ချက်ကိုလေ့လာကြည့်ပါ။

    (၁) နံနက်စာစားဖို့မမေ့ပါနှင့်

    – လူအတော်များများသည်နံနက်စာမစားဘဲနေခြင်းက ကိုယ်အလေးချိန်လျော့ချဖို့အတွက်ကောင်းသည်ဟုထင်နေတတ် ကြသည်။ မနက်စောစောတွင်အလုပ်မီဖို့ပြေးလွှားသွားရတတ်ကြရာအရေးပါသောနံနက်စာကိုစားဖို့မေ့နေတတ်ကြသည်။ သို့သော်လည်းလေ့လာချက်များ၏အဆိုအရနံနက်စာကိုမစားဘဲနေလိုက်သည့်အတွက်နောက်ထပ်စားရမည့် ထမင်းအနပ်များကိုပမာဏများပြားစွာပိုမိုစားဖြစ်စေနိုင်သည်ဟု ဆိုပါသည်။ သို့ဆိုလျှင်သင်၏ဝဖိုင့်သောခါးကိုလျော့ရန်လွယ်ကူပါ တော့မည်လား။

    (၂) အစာကိုဖြည်းဖြည်းစားပါ

    – ကျွန်ုပ်တို့၏ဦးနှောက်ကအချက်အလက်များစုစည်းရန်အချိန်လိုအပ်သကဲ့သို့အစာချေခြင်းသည်လည်းထိုနည်းတူဖြစ်သည်။ ထို့ကြောင့်မြန်၂စားလေဗိုက်ပြည့်ဖို့ခက်လေ ဖြစ်သည်။ ထို့ကြောင့်ပိုမိုစားဖြစ်သွားသည်။ သုတေသီ ၂၃ဦးတို့၏မကြာသေးခင်ကသုံးသပ်ချက်အရ အစားစောစောစားပြီးတတ်သူများသည်ဖြည်းဖြည်းမှန်မှန်စားသူများထက်ကိုယ် အလေးချိန်ပိုများနေတတ်သည်ဟုဖြစ်သည်။ ထိုကြောင့်

    ဖြည်းဖြည်းစားပါ။ သင့်ဦးနှောက်ကသင်ဗိုက်ဝပြီဖြစ်ကြောင်း သိရှိပြီးနောက်ထပ်မစားမိအောင်သတိပေးပါလိမ့်မည်။

    (၃) ညဘက်တွင်မီးဖိုချောင်နှင့်ဝေးဝေးနေပါ

    – လူအများစုကညဘက်အစားစားလျှင်ကိုယ်အလေးချိန်မြင့်တက် နိုင်သည်ဟုယုံကြည်ကြသည်။ သင်ယုံသည်ဖြစ်စေ၊မယုံသည်ဖြစ်စေ လေးနပ်မြောက်(သို့မဟုတ်)ငါးနပ်မြောက်ညဘက်အစားစားခြင်းကသင်လိုချင်နေသည့်ကိုယ်အလေးချိန်လျော့ချရေးကိုမကူညီနိုင်သည့်အပြင်ပိုမိုသာအလေးချိန်တိုးစေမည်ဖြစ်ပါသည်။

    (၄) ကျန်းမာရေးနှင့်မညီညွတ်သောအရာများကိုအနည်းငယ်သာစားပါ

    – ကျန်းမာရေးနှင့်မညီညွတ်သည်များကိုအနည်းငယ်သားစားသုံးသင့်သည်။ သို့သော်ထိုအစားအစာများသည်အရသာပိုမိုရှိ၍စွဲဆောင်မှုပိုကောင်းသည့်အတွက် သင်မည်သို့ပြုလုပ်မည်နည်း။ ပန်းကန်သေးသေးဖြင့်သာစားပါ။ ထိုအစားအစာများကိုပန်းကန်ထဲသို့အနည်းငယ်သာထည့်ပါ။ အကယ်၍သင်ကပန်းကန်ပြားကြီးကြီးနှင့်စားပါကသင့်ဦးနှောက်ကထိုအစားအစာများကိုနည်းနည်းသာစားရသေးသည်ဟုထင်မှတ်ပြီးအများကြီးစားမိ သွားတတ်သည်။

    (၅) ရေများများသောက်ပါ

    – ရေသောက်ခြင်းကဗိုက်ခဏပြည့်စေသဖြင့်အစာမစားမီ ရေသောက်ပါ။ ထိုအခါအဆာပြေသွားသဖြင့်နည်းနည်းသာစားမိတော့မည်။ ရေအစားဆိုဒါနှင့်အခြား ကယ်လိုရီဓါတ်ပေးသောအချိုရည်များလည်းသောက်ပေးနိုင်ပါသည်။

    (၆) အစားစားစဉ်အာရုံစိုက်ပါ

    – အစားစားစဉ်တီဗီကြည့်ခြင်းနှင့် ဂိမ်းဆော့ခြင်းဖြင့်သင့်ကိုယ်သင်များများစားမိလိုက်သည်ဟု မထင်လိုက်သည့်အတွက်အများကြီးစားမိတတ်သည်။ ဂိမ်းနှင့်ရုပ်ရှင်များသည်အဓိကဖျော်ဖြေရေးလုပ်ငန်းများဖြစ်ပြီးစိတ်လှုပ်ရှားရသည့်နေရာများစွာပါဝင်တတ်ရာသင်စားနေသောအစားအစာမှအခြားကိုအာရုံဆွဲဆောင်သွားရန်မခက်ခဲတတ်ပါ။

    (၇) ကောင်းစွာအိပ်စက်ပါ

    – သိပ္ပံနည်းကျအဆိုအရအအိပ်အနေနည်းခြင်းသည် အစားကိုပိုမိုစားစေသည်ဟုဖြစ်သည်။ အိပ်ရေးပျက်ပါကဗိုက်ဆာပြီးကျန်းမာရေးနှင့်မညီညွတ်သည်များကို ပိုမိုစားချင်စိတ်ဖြစ်စေတတ်သည်။

    (၈) စိတ်ဖိစီးမှုကိုလျော့ချပါ

    – စိတ်ဖိစီးမှုဖြစ်သောအခါအခြားအရေးမပါသောအရာများကို စိတ်ထဲဂရုမပြုမသိဘဲရှိတတ်သည်။ စိတ်ဖိစီးမှုကပုံမှန်အိပ်စက်ခြင်းကိုလည်းနှောင့်ယှက်တတ်ပါသည်။ ထိုအခါမလိုအပ်ဘဲနေ့ရှိသရွေ့အစားများများစားခြင်းမျိုးဖြစ်တတ်သည်။

    (၉) ပရိုတိန်းဓါတ်ကိုရှောင်ရန်မလိုအပ်ပါ

    – ပရိုတိန်း(ခေါ်)အသားဓါတ်သည်သင့်ကိုဗိုက်ပြည့်စေသည့်အတွက်ကယ်လိုရီအနည်းငယ်သာထပ်စားမိတော့သည်။ ကြက်ဥ၊ငါး၊ကြက်သားတို့သည် အရသာရှိပြီးသင့်အစားအစာထဲတွင်ထည့်သွင်းစားသုံးခြင်းဖြင့်ကိုယ်အလေးချိန်လျှော့ချခြင်းအပေါ် အကျိုးသက်ရောက်မှုရှိပါသည်။

    (၁၀) အချိုရည်များကိုရှောင်ပါ

    – သကြားဓါတ်နှင့်အချိုရည်သောက်သုံးခြင်းသည် ကယ်လိုရီကိုရရှိစေသည်။ သို့သော် သင့်ဦးနှောက်ကထိုအချိုရည်များမှရရှိသော ကယ်လိုရီကို အစားအစာကဲ့သို့ထည့်မတွက်သည့်အတွက်ဗိုက်ပြည့်သည်ဟုမခံစားရဘဲလိုအပ်သောကယ်လိုရီပမာဏထက်ပိုမိုစားမိတတ်ပြီး သင့်ခါးကိုပိုမိုဝစေပါသည်။ ထို့ပြင်သကြားဓါတ်အများအပြား စားသုံးခြင်းသည်သင့်ဦးနှောက်အတွက် မကောင်းပါ။

    – အားလုံးကိုခြုံ၍ကြည့်လျှင်အသီးအရွက်ကိုသာစားရန်မလိုဘဲကိုယ်အလေးချိန်လျှော့ချရန်အခြားနည်းလမ်းများစွာရှိပါသေးသည်။ သင်ပုံမှန်စားနေကျအတိုင်း ပင်စားသုံးရန်လိုအပ်ပြီးသင်ကြိုက်နှစ်သက်သောအစားအစာများကိုရှောင်ရန်လည်းမလိုအပ်ဘဲဉာဏ်ရှိသလိုကျင့်သုံးရန်သာဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement