backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဩဇာသီး စားရင်း ကျန်းမာကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဩဇာသီး စားရင်း ကျန်းမာကြမယ်

ရာသီပေါ်စာ ဩဇာသီး စားရတာကို သဘောကျတဲ့သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဩဇာသီးစားတာက ကျန်းမာရေးကို ထောက်ကူပေးသလို အသားအရေကိုရော ကျန်းမာစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဩဇာသီး စားရင်း ရရှိမယ့် ကျန်းမာရေးအကြောင်းကို ပြောပြပေးချင်ပါတယ်။

ဩဇာသီး ဆိုတာ

ဩဇာသီး ဆိုတာ ဩဇာပင်ရဲ့ အသီးပါ။ ဩဇာသီးကအပြင်ခွံမှာ အဖုအချိုင့်လေးတွေပါပြီး အရောင်က အစိမ်းရောင်ပါ။ အတွင်းသားက တစ်ဆံချင်း ဖြူဖြူလေးတွေပါ။ အထဲမှာတော့ အမည်းရောင် အစေ့လေးတွေ ပါဝင်နေပါတယ်။

အရသာက ချိုချိုလေးပါ။ အသီးတင် ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။ အရွက်ရော အပင်အခေါက်ကပါ ဆေးဖက်ဝင်တာပါ။

ဩဇာပင်က အိန္ဒိယ မျိုးရင်းပင် ဖြစ်ပြီး မြန်မာနိုင်ငံက အပူပိုင်းဒေသမှာ ပေါက်ရောက်ပါတယ်။

ဩဇာသီးမှာ ပါတဲ့ အာဟာရဓာတ်တွေ

ဩဇာသီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • အဆီဓာတ်
  • ပရိုတင်းဓာတ်
  • ကာဗိုဟိုက်ဒရိတ်
  • အမျှင်ဓာတ်
  • ကယ်လ်ဆီယမ်
  • ပိုတက်ဆီယမ်
  • ဖော့စဖရိတ်
  • သံဓာတ်
  • မဂ္ဂနီဆီယမ်
  • ဆိုဒီယမ်
  • ဗီတာမင် C
  • ဗီတာမင် A
  • ဗီတာမင် B6
  • နီကာဆင်
  • Riboflavin
  • သီရာမင်း
  • ဖက်တီးအက်စစ်
  • Tryptophan
  • Methionine
  • လိုင်ဆင်း တို့ ပါဝင်နေပါတယ်။

ဩဇာသီး စားရင်း ကျန်းမာကြမယ်

ဩဇာသီး စားရင်း ကျန်းမာကြမယ်

ဩဇာသီး စားရင်း ကျန်းမာကြမယ် …. ဘယ်လို ကျန်းမာစေသလဲ ဆိုတော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

ဩဇာသီးက ပိုတက်ဆီယမ် နဲ့ ဆိုဒီယမ် မျှတစွာ ပါဝင်နေတဲ့ အသီးတစ်မျိုးပါ။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

မဂ္ဂနီဆီယမ် ပါဝင်နေတာကလည်း နှလုံးကြွက်သားကို ပြေလျော့စေနိုင်ပါတယ်။ လေဖြတ်တာ၊ ရုတ်တရက် နှလုံးရပ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ် နဲ့ နီကာဆင် ပါဝင်နေတာကလည်း သွေးတွင်း ကိုလက်စထရောကို ထိန်းညှိပေးနိုင်ပါတယ်။ အူတွေရဲ့ အာဟာရစုပ်ယူမှုကို ကောင်းစေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ရောဂါကြောင့် ဖြစ်ဖြစ် နေ့စဉ်ဘဝမှာ တွေ့ကြုံရတဲ့ ပင်ပန်းမှုတွေကြောင့်ဖြစ်ဖြစ် ခြေကုန်လက်ပမ်း ကျနိုင်ပါတယ်။

ဩဇာသီးမှာက ကယ်လ်လိုရီ ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်မှာ အင်အား ပြည့်ဝစေပြီး တစ်နေတာကို လန်းဆန်းတက်ကြွစေမှာပါ။ ခြေကုန်လက်ပမ်းကျတာကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

  • အမြင်အာရုံ ကျန်းမာစေတယ်

ဩဇာသီးမှာ ဗီတာမင် C နဲ့ riboflavin လိုမျိုး မျက်လုံးအတွက် အထောက်အကူပြုပေးနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာ‌ကြောင့် မျက်လုံးတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဓာတ်တိုးပစ္စည်းတွေကြောင့် မျက်လုံးဆဲလ်တွေ ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာ၊ အမြင်အာရုံ အားနည်းတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

  • ကင်ဆာ ကာကွယ်ပေးတယ်

ဩဇာသီးမှာ ဖလေဗာနွိုက် ပါဝင်နေတာကြောင့် ကင်ဆာကျိတ်တွေ နဲ့ ကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးပါ တယ်။ alkaloids နဲ့ acetogenin ပါဝင်နေတာကြောင့် ကျောက်ကပ်ထိခိုက်တာနဲ့ ကင်ဆာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ဩဇာသီးမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပြီး ကျန်းမာတဲ့ဆဲလ်တွေကို ထိခိုက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် ကင်ဆာမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

  • အဆစ်ရောင်တာကို သက်သာစေတယ်
  • ဩဇာသီးမှာ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် ကိုယ်တွင်းက အရည်ဓာတ်ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ အဆစ်တွေထဲက အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

    အဆစ်ရောင်တာကို သက်သာစေပြီး လေးဖက်နာ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကြွက်သားတွကို သန်မာစေပြီး ကယ်လ်ဆီယမ် ပါဝ်နေမှုက အရိုးတွေကို ကြံ့ခိုင် ကျန်းမာစေနိုင်ပါတယ်။

    • ဦးနှောက် ကျန်းမာစေတယ်

    ဗီတာမင် B အုပ်စု ပါဝင်နေတာကြောင့် အာရုံကြောဆဲလ်တွေထဲက chemical levels ကို ထိန်းညှိပေးပါတယ်။

    စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာတွေကို သက်သာစေပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။ စိတ်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။  ပါကင်ဆန်ရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    • အရောင်ကျစေနိုင်တယ်

    ဩဇာသီးက အဆစ်ရောင်တာနဲ့ ဂေါက်ရောဂါလိုမျိုး ရောဂါတွေကြောင့် ရောင်ရမ်းတာကို သက်သာစေနိုင်သလို ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။ အရေပြားက ရောင်ရမ်းတာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

    • အရေပြား ကျန်းမာစေတယ်

    ဩဇာသီး စားပေးတာက ခန္ဓာကိုယ်ကို ကော်လာဂျင် ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး အရေပြား ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသားအရေကို တင်းရင်းစေပြီး အရေပြားပြဿနာ ကင်းစေဖို့ ထောက်ကူပေးပါ တယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာတွေ ကင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    • သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးတယ်

    ဩဇာသီးက သံဓာတ် ကြွယ်ဝတာကြောင့် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးသလို သွေးတွင်းအောက်ဆီဂျင်ပမာဏကို လုံလောက်စွာ ရရှိစေပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    သတိထားရမယ့် အချက်တွေ

    ဩဇာသီးက ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့် ရောဂါအခံရှိသူတွေ၊ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးပုံမှန် သောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

    ဩဇာသီး စားရင်း ကျန်းမာကြမယ်

    ဩဇာသီးက အခုလို ကျန်းမာစေပါတယ်။
    • နှလုံးသွေးကြောတွေကို ကျန်းမာစေတယ်
    • ခြေကုန်လက်ပမ်းကျတာကို သက်သာစေတယ်
    • အမြင်အာရုံ ကျန်းမာစေတယ်
    • ကင်ဆာ ကာကွယ်ပေးတယ်
    • အဆစ်ရောင်တာကို သက်သာစေတယ်
    • ဦးနှောက် ကျန်းမာစေတယ်
    • အရောင်ကျစေနိုင်တယ်
    • အရေပြား ကျန်းမာစေတယ်
    • သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement