home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ငရုတ်ကောင်းကြိုက်တဲ့သူတွေသာ ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ။ ။

ငရုတ်ကောင်းကြိုက်တဲ့သူတွေသာ ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ။  ။

ငရုတ်ကောင်းရဲ့ အံ့မခန်းကျန်းမာရေး အကျိုးကျေးဇူးများ ။ ။

ငရုတ်ကောင်းဆိုတာ ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံး အမွှေးအကြိုင်တစ်ခုပါ။ မွှေးပျံ့ပြီး ပူစပ်လှတဲ့သူ့ရဲ့ အာနိသင်ကြောင့် အနံ့ကလေးရတာနဲ့တင် သင့် အစားအစားချင်စိတ်ကို သူကဆွပေးနေတာပါ. ။ ဟင်းပွဲတော်တော်များများရဲ့ မွှေးရနံ့နဲ့ အရသာကို တာဝန်ယူထားရတဲ့ ဒီငရုတ်ကောင်းဟာ သင့်ကျန်းမာရေး ကောင်းမွန်ဖို့အတွက်လည်း တာဝန်ယူထားတဲ့ အရာတစ်ခုဆိုရင်မှားပါဘူး။ ငရုတ်ကောင်းက ပေးစွမ်းတဲ့ ကျန်းမာရေး အကျိုး ကျေးဇူးတွေက ဘာတွေလဲ ။ ။

အစာခြေစနစ်ကို အားကောင်းစေပါတယ်။ ။

ငရုတ်ကောင်းစားလိုက်ပြီဆိုတာနဲ့ အစာခြေရည်နဲ့ အစာခြေ အင်ဇိုင်းတွေကို အစာအိမ်ထဲက ပိုထွက်စေတဲ့အပြင် အစာခြေတဲ့နေရာမှာ ကူညီပေးတဲ့ ပန်ကရိယက အင်ဇိုင်းတွေကိုလည်း ပိုထွက်စေတာကြောင့် ငရုတ်ကောင်းက အစာခြေစနစ်ကို အားပေးတဲ့ အရာတစ်ခုဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါ့အပြင် ငရုတ်ကောင်းဟာ လေလည်စေဖိုက အားပေးတာကြောင့် ဗိုက်ထဲလေပွခြင်းနဲ့ လေထိုးလေအောင့်ဖြစ်ခြင်းကို သက်သာစေပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေးတယ် ။ ။

ငရုတ်ကောင်းမှာပါတဲ့ Piperine ဟာ အူအတွင်းကျန်းမာရေးအားကောင်းစေပြီး ကင်ဆာရောဂါမဖြစ်စေဖို့ ကြိုကာကွယ်ပေးတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ဖြစ်တဲ့ selenium, curcumin, beta-carotene နဲ့ B vitamins တို့ စုပ်ယူခြင်းကို အားကောင်းစေပါတယ်။ ဒါ့အပြင် အူမကြီးအပေါ် သက်ရောက်တဲ့ ဓါတ်တိုးပစ္စည်းတွေရဲ့ ဖိအားကိုလည်း လျော့ကျစေတာကြောင့် အူမကြီးကင်ဆာကိုလည်း ကာကွယ်ပေးတာတယ်။ ဒါ့အပြင် Piperine ဟာ ဆီးကျိတ်ကင်ဆာကို ကုသတဲ့ဆေးတွေမှာ ပါတဲ့ docetaxel စုပ်ယူခြင်းကို အားကောင်းစေတာကြောင့် ငရုတ်ကောင်းဟာ ဆီးကျိတ်ကင်ဆာဖြစ်နေတဲ့သူတွေ အားထားစားသင့်တဲ့ အရာတစ်ခုပါ။

သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။

သွေးတိုးသမားတွေမှာ သွေးပေါင်ချိန်ကို လျောကျအောင် လုပ်ပေးတဲ့ ငရုတ်ကောင်းရဲ့ အာနိသင်ဟာ Piperine ကြောင့်ပဲ ဖြစ်ရတာပါ။ Piperine ဟာ သွေးကြောများကို ကျယ်စေပြီး သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။

ကိုယ်အလေးချိန်ကို လျောကျစေပါတယ် ။ ။

သင့်ကို နှာချေစေပြီး နှာခေါင်းတွင်းရှိတဲ့ ဘက်တီးရီးယားတွေကို လွင့်စင်သွားစေသလို သင့်ကိုယ်တွင်းမှာ ရှိတဲ့အဆီတွေကို လွင့်သွားအောင် ငရုတ်ကောင်းမှာပါတဲ့ Piperine က လုပ်နိုင်စွမ်းရှိပါတယ်။ ကိုယ်တွင်းမှာ အဆီတွေဖြစ်ပေါ်လာမှုကို ငရုတ်ကောင်းက တားဆီးပေးတဲ့အပြင် ငရုတ်ကောင်းတစ်ဇွန်းမှာ ၈ ကယ်လိုရီပဲ ရှိတာကြောင့် ကိုယ်အလေးချိန်ထိန်းနေတဲ့သူတွေ အတွက် ငရုတ်ကောင်းက ဦးစားပေးရွေးချယ်သင့်တဲ့ ဟင်းခတ်အမွှေးအကြိုင် တစ်ခုပါ။

အအေးမိ တုပ်ကွေးမိခြင်းများအတွက် ငရုတ်ကောင်းက အားထားရာတစ်ခုပါ။ ။

ငရုတ်ကောင်းနဲ့ ပျားရည်နဲ့ တွဲလိုက်ရင် သင့်လည်ချောင်းထဲမှာ ကပ်နေတဲ့ ချွဲတွေ အကုန် အရည်ပျော်သွားမှာပါ။ ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်းနှစ်ဇွန်းတို့ကို ရေနွေးပူပူနဲ့ ရောဖျော်ပြီး အအေးခံထားပါ။ ဒီရောစပ်ထားတဲ့ အရည်လေးကို ချောင်ဆိုး နှာစေးဖြစ်နေတဲ့အချိန် တစ်နေ့ ၃ ကြိမ်လောက်သာ သောက်ပေးလို့ကတော့ သင့်မှာ ဖြစ်နေတဲ့ ချောင်းဆိုးခြင်း၊ နှာစေးခြင်းတွေ အကုန် အဝေးကို လွင့်သွားတော့မှာပါ။

ခုခံအားကိုကောင်းစေပါတယ်။

ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်တွေ ကြွယ်ဝတဲ့ ငရုတ်ကောင်း ကြောင့် သင့်ခုခံအား စနစ် အားရှိလာမှာ အသေအချာပါ။

ကဲ ဒါတွေကတော့ စားလိုက်ရင် အကျိုးများလှတဲ့ ငရုတ်ကောင်းရဲ့ ကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။ ကိုယ်က ပူပူစပ်စပ် အစားအသောက်တွေ ကို ကြိုက်တဲ့သူတစ်ယောက်ဆိုရင်တော့ အနံ့ အရသာလည်းရှိ ကျန်းမာရေးအတွက်လည်းအကျိုးများစေတဲ့ ငရုတ်ကောင်းကို သား ရွေးချယ်ဖို့ တိုက်တွန်းလိုက်ပါရစေ ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 3 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။