ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

မတ်ပဲ ကျန်းမာရေးကောင်းကျိုး များသလား!

မတ်ပဲကို ချက်စားစား၊ ပြုတ်ပြီး သုပ်စားစား၊ ကြိတ်ပြီး မတ်ပဲကြော် မွမွလေးပဲ ကြော်စားစား စားလို့ကောင်းတဲ့ မတ်ပဲလေးကို သဘောကျ နှစ်ခြိုက်စွာ စားလေ့ရှိလား! ဒီလိုဆို မေးစရာ ရှိတာက မတ်ပဲက စားကောင်းရုံပဲလား မတ်ပဲ ကျန်းမာရေးကောင်းကျိုး များသလား! ဆိုတာပါ။  မတ်ပဲ ဆိုတာ မတ်ပဲဆိုတာက ပဲအမျိုးအစား တစ်ခုပါ။ အစိမ်းရောင်ဖျော့ဖျော့ ပဲလုံး သေးသေးလေးတွေပါ။ မြန်မာနိုင်ငံ နဲ့ အိန္ဒိယ အပါအဝင် အာရှနိုင်ငံ တော်တော်များများမှာ စားသုံးလေ့ရှိတဲ့ ပဲတစ်မျိုးပါ။ စားရတာ အရသာရှိသလို ကျန်းမာရေးကောင်းကျိုးလေးတွေ ရှိတာကြောင့် ရှေးယခင် ကာလတွေကတည်းက ဆေးဖက်ဝင် စားစရာ တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။  https://hellosayarwon.com/herbals-alternatives/herbal-medicines/fenugreek-leaves-benefits/ မတ်ပဲရဲ့ အာဟာရ တန်ဖိုး မတ်ပဲမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။  ပရိုတင်း အဆီဓာတ် ကစီဓာတ် အမျှင်ဓာတ် […]

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မနက်စောစော ချင်း (ဂျင်း) ရေနွေးကြမ်း သောက်ပေးရင် ဘယ်လို ကောင်းကျိုး ရမလဲ!

မနက်စောစော အိပ်ရာနိုးလာချိန်မှာ သောက်သင့်တဲ့ အရာလေး တစ်ခု ရှိပါတယ်။ ဒါကတော့ ချင်း ( ဂျင်း) ရေနွေးကြမ်း နွေးနွေးလေးပါ။ ဒီလို ပြောရတာ ဘာကြောင့်လဲ! မနက်စောစော ချင်း (ဂျင်း) ရေနွေးကြမ်း သောက်ပေးရင် ဘယ်လို ကောင်းကျိုး ရမလဲ! ဆိုတာလေးကို ဆောင်းပါးလေး ကနေတဆင့် ပြောပြပေးလိုက်ပါတယ်။  ချင်း (ဂျင်း) ရေနွေးကြမ်း ဆိုတာ ဘာလဲ! ချင်း (ဂျင်း) ရေနွေးကြမ်း ဆိုတာက ရေစင်စင် ဆေးပြီး ပါးပါးလေး လွှာထားတဲ့ ချင်း ကို ခွက်တစ်ခုထဲကို ထည့်ပြီး ရေနွေးဆူဆူ လောင်းထည့်လို့ ၅ မိနစ်လောက် စိမ်ထားပြီး ခပ်နွေးနွေး အခြေအနေလေးမှာ သောက်ချလိုက်ရုံပါ။ ချင်းကို ထောင်းပြီး ထည့်လို့လည်း ရပါတယ်။ ချင်း (ဂျင်း) […]


အာဟာရဆိုင်ရာ အချက်အလက်များ

လိမ္မော်ခွံကို စားလို့ရလား! ဘယ်လိုကောင်းကျိုးရမလဲ!

လိမ္မော်သီး အမွှာလေးတွေက စားလို့ ကောင်းတယ်ဆိုတာကို သိပြီး ဖြစ်ပေမယ့် လိမ္မော်ခွံကိုတော့ မစားဘဲ ဖယ်ထုတ်ကြတာကြောင့် ဘယ်လို အရသာ ရှိသလဲဆိုတာကိုတော့ သိသူခပ်ရှားရှားပါ။ လိမ္မော်ခွံအရသာ မဆိုထားနဲ့၊ လိမ္မော်ခွံကို စားလို့ရတယ်ဆိုတာကိုတောင် သိသူက ခပ်ရှားရှား ဖြစ်မယ် ထင်ပါတယ်။ အခုတစ်ခေါက်မှာတော့ လိမ္မော်ခွံကို စားလို့ရလား! ဘာကောင်းသလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ လိမ္မော်ခွံ ဆိုတာ လိမ္မော်ခွံ ဆိုတာက လိမ္မော်သီးရဲ့ အပြင်ဆုံးက အခွံမာပါ။ အရောင်က နာမည်နဲ့ လိုက်အောင် လိမ္မော်ရောင်ရှိပြီး အဆီဂလင်း အပေါက်လေးတွေနဲ့ပါ။ အတွင်းဖက်မှာတော့ အဖြူရောင် အဖေးလေးတွေနဲ့ပါ။ အနဲ့လေးကတော့ မွှေးရှိန်းရှိန်းလေးရယ်ပါ။ https://hellosayarwon.com/healthy-eating/special-diets/eating-banana-peel-health-benefits/ လိမ္မော်ခွံမှာ ပါဝင်တဲ့ အာဟာရဓာတ်များ လိမ္မော်ခွံကို ငယ်ငယ်က သကြားတွေ ဆားတွေနဲ့နယ် အခြောက်ခံပြီး လုပ်ထားတဲ့ အချဉ်ထုတ်လိုလေးတွေကို စားဖူးမယ်ဆိုရင်တော့ လိမ္မော်ခွံက စားလို့ရတယ်ဆိုတာကို ထွေထွေထူးထူး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း တို့က မျိုးရင်း တူတူပဲ ဆိုပေမယ့် ပန်းဂေါ်ဖီ မျိုးရင်းဝင်တွေပါပဲ။ မျိုးရင်းတူသလို အာဟာရတန်ဖိုးလည်း သိပ်မကွာလှပါဘူး။ ဒါပေမယ့် ပန်းဂေါ်ဖီထက် ပန်းဂေါ်ဖီစိမ်းကို ဆေးဖက်ဝင်တယ်လို့ ထင်မှတ်ကြသူက ခပ်များများပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။  ပန်းဂေါ်ဖီ  ကောင်းကျိုး များသလား! ပန်းဂေါ်ဖီ ဆိုတာက အရိုးတံ စိမ်းစိမ်း အရွက်ဖက် စိမ်းစိမ်းလေးတွေနဲ့ အပွင့်အခက်လေးတွေကတေ့ အဖြူရောင် အဆုတ်လိုက် ကလေးတွေပေါ့။ ခပ်သိပ်သိပ်လေးဆိုရင် ပိုကောင်းတယ်လေ။ ပန်းဂေါ်ဖီကို ဘဲဥလေး၊ ပုစွန်ခြောက်လေးနဲ့ ကြော်စားတာက တော်တော်လေး စားကောင်းပါတယ်။  ပန်းဂေါ်ဖီက အဖြူရောင် ဒါမှမဟုတ် စိမ်းဖန့်ဖန့် အရောင် ရှိပြီး အမျှင်ဓာတ် ကြွယ်ဝသလို ဗီတာမင် C၊ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကြက်သွန်နီကို အစိမ်းစား ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ကြက်သွန်နီကို ပုံစံ အမျိုးမျိုးနဲ့ ဟင်းလျာ အမျိုးမျိုးထဲမှာ ထည့်စားတတ်ကြပါတယ်။ ကြက်သွန်နီကို အစိမ်းစားတာမျိုး ရှိသလို ကြော်စားတာ၊ ဟင်းအနှစ်အဖြစ် ချက်စားတာ စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားတဲ့အထဲမှာ ကြက်သွန်နီက အနံ့ပြင်းတာကြောင့် အစိမ်းစားဖို့ တော်တော်များများက သဘောမတွေ့ကြပါဘူး။ တကယ်ကတော့ ကြက်သွန်နီကို အစိမ်းစား ပေးသင့်တဲ့ အကြောင်းအရင်း ရှိပါတယ်။ ဘာကြောင့် ဒီလို ပြောရသလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/health/general-health-knowledge/tips-on-how-to-cut-onions/ ကြက်သွန်နီကို အစိမ်းစား ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး ကြက်သွန်နီကို ချက်ပြုတ် ကြော်လှော်ပြီး စားတာက အတော်လေးကို အရသာ တိုးစေနိုင်ပါတယ်။ ဒီလိုပဲ ကြက်သွန်နီကို အစိမ်းစား တာကလည်း ကျန်းမာရေး အကျိုးကျေးဇူး ရနိုင်ပါတယ်။  ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ် ကြက်သွန်နီက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်လို့ နာမည်ကြီးတဲ့ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ငှက်ပျောခွံကို စားလို့ရမလား!

ငှက်ပျောသီးလို့ ပြောလိုက်ရင် အခွံနွှာ စားရမယ် အခွံက စားလို့ မရဘူးလို့ တော်တော်များများက လက်ခံထားကြတယ်နော်။ ဒီလိုဆိုရင် ငှက်ပျောခွံကို စားလို့ရမလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ငှက်ပျောခွံကို စားလို့ရမလား! ငှက်ပျောခွံကို စားလို့ ရပါတယ်။ အသင့်အတင့် ပမာဏပေါ့။ ငှက်ပျောခွံကို ကြွပ်ကြွပ်လေး ကြော်ပြီး စားလို့ရသလို smoothie ထဲထည့်ကြိတ်ဖျော်ပေးလို့လည်း ရပါတယ်။ ငှက်ပျောခွံကို အများကြီးစားတာက လေပွပြီး ဗိုက်အောင့်စေနိုင်တာကြောင့် အသင့်အတင့်လောက်ပဲ စားပေးပါ။ https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%85%e1%80%ac%e1%80%b8%e1%80%bb%e1%80%95%e1%80%ae%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8-%e1%80%84%e1%80%bd%e1%80%80%e1%80%b9%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%81%e1%80%bc%e1%80%b6%e1%80%80/ ငှက်ပျောခွံမှာ ဘာတွေပါဝင်နေလဲ! ငှက်ပျောခွံမှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။  ကစီဓာတ် သကြားဓာတ် အမျှင်ဓာတ် ပရိုတင်း ပိုတက်ဆီယမ် မဂ္ဂနီဆီယမ် ဗီတာမင် A ဗီတာမင် C ကယ်လ်ဆီယမ် သံဓာတ် ဗီတာမင် B6 ဗီတာမင် B12 တို့ ပါဝင်နေပါတယ်။  ငှက်ပျောခွံ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လက်နဲ့စားတာ နဲ့ ဇွန်းနဲ့စားတာ ဘယ်ဟာ ပိုကောင်းလဲ

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံ‌တော်တော်များများက လက်နဲ့ ထမင်းစားတဲ့ အကျင့်ရှိပါတယ်။ အနောက်တိုင်းက  လူတွေကတော့ ဇွန်းနဲ့ ခရင်းနဲ့ စားကြတာပေါ့။ အာရှနွယ်ဖွားတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတွေကတော့ တူကို အသုံးပြုကြပါတယ်။ ခုနောက်ပိုင်းမှာတော့ လက်နဲ့ စားတဲ့ အလေ့အထက နည်းလာပါပြီ။ သင်ရော လက်နဲ့စားတာ နဲ့ ဇွန်းနဲ့စားတာ ဘယ်ဟာ ပိုကောင်းလဲ လို့ ထင်ပါသလဲ။ လက်နဲ့ စားခြင်းရဲ့ ကောင်းကျိုးဆိုးကျိုး လက်နဲ့ စားတာက ပြောရမယ်ဆိုရင် ယဉ်ကျေးမှုတစ်ခုလိုတောင် ဖြစ်နေပါပြီ။ ခုချိန်ထိ တချို့သော ပွဲလမ်းအခမ်းအနားတွေမှာ လက်နဲ့ စားတဲ့ ဓလေ့ထုံးစံတွေ ရှိနေကြပါသေးတယ်။ အာယုဗေဒနဲ့ သိပ္ပံလေ့လာချက်တွေအရ ပြောရမယ်ဆိုရင် လက်နဲ့ စားတာက လက်ချောင်း‌လေးတွေကို လေ့ကျင့်ခန်း လုပ်ဖြစ်စေပါတယ်။ အစားအစာတွေကို လက်နဲ့ နယ်ဖတ်စားသောက်တာ၊ ဖဲ့တာက လက်ချောင်းတွေကို လေ့ကျင့်ခန်း လုပ်ပြီးသား […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ချောင်းဆိုးနေချိန်မှာ ရောဂါတိုးစေနိုင်တဲ့ အစားအစာများ

ကိုယ်ခံအားကို ထိခိုက်လို့ အအေးမိ၊ ဖျားနာပြီဆိုရင် အစားအသောက်ကို သေချာလေး ဂရုစိုက်လိုက်ရုံနဲ့ သက်သာသွားတတ်တယ်ဆိုတာကို သတိထားမိပါရဲ့လား! အအေးမိဖျားနာတာနဲ့ ချောင်းဆိုးတာတွေကို သက်သာစေဖို့အတွက် အစားအသောက်က အတော်လေး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဘာကြောင့် ဒီလို ပြောရသလဲဆိုတော့ အချို့သော အစားအစာတွေက ကျန်းမာရေးကို ကောင်းစေပြီး အချို့သော အစားအစာတွေကတော့ ကျန်းမာရေးကို ထိခိုက်စေတာမျိုးတွေ ရှိပါတယ်။ အခုတစ်ခေါက်တော့ ချောင်းဆိုးတတ်သူတွေ သိထားဖို့ လိုမယ့် ချောင်းဆိုးနေချိန်မှာ ရောဂါတိုးစေနိုင်တဲ့ အစားအစာများ အကြောင်း ပြောပြပေးချင်ပါတယ်။  https://hellosayarwon.com/respiratory-health/bronchitis/home-remedies-for-bronchitis/ ချောင်းဆိုးနေချိန်မှာ ရောဂါတိုးစေနိုင်တဲ့ အစားအစာများ ချောင်းဆိုးနေချိန်မှာ ရောဂါတိုးစေနိုင်တဲ့ အစားအစာများ ကတော့ နို့ထွက် ပစ္စည်းများ ချောင်းဆိုးနေချိန်မှာ ချောင်းဆိုးတာကို သက်သာစေဖို့ဆိုရင် နို့ထွက် ပစ္စည်းတွေ ဖြစ်ကြတဲ့ နွားနို့၊ ရေခဲမုန့်၊ ချိစ် စတာတွေကို မစားပါနဲ့။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး

နွေရာသီလိုမျိုး ပူပြင်းတဲ့ရာသီမှာ ရေကို ခဏခဏ သောက်မိနိုင်ပေမယ့် ဆောင်းရာသီလိုမျိုး အေးတဲ့ကာလမျိုးမှာ တော့ နွေရာသီလောက် ရေသောက်ဖြစ်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ တကယ်ကတော့ ဆောင်းရာသီမှာလည်း နွေရာသီလိုပဲ ရေများများ သောက်မိဖို့ လိုပါမယ်။ ဘာကြောင့် ဒီလို ပြောရတာလဲ! ဆောင်းရာသီမှာ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကရော ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  ဆောင်းရာသီမှာ ရေများများ သောက်ဖို့ ဘာကြောင့် လိုအပ်တာလဲ!  ဆောင်းရာသီမှာ နွေလောက် မပူဘူးဆိုပေမယ့် ပတ်ဝန်းကျင်က အေးမြခြောက်သွေ့ပြီး လေထုထဲမှာလည်း စိုထိုင်းဆတွေ နည်းနေနိုင်ပါတယ်။ ဒီလိုအခြေအနေကပဲ ချွေးစေးပြန်ပြီး ချွေးခြောက်ဖို့ ခက်တာကြောင့် ကိုယ်တွင်းမှာ အပူတွေ များနေတတ်ပါတယ်။ ဒါ့ပြင် ဆောင်းရာသီမှာ လေ့ကျင့်ခန်း လုပ်ရင်းဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ရင်း ချွေးထွက်နိုင်သလို အေးမြတဲ့ ရာသီဥတု အခြေအနေကြောင့် ဆီးခဏခဏ […]


အာဟာရဆိုင်ရာ အချက်အလက်များ

အစပ်ပြင်းတဲ့ အာဝါးသီး ကျန်းမာရေးအတွက် ကောင်းသလား!

မီးလေးကင်ပြီး ငပိရည်ကျိုလေးထဲ ထည့်ဖျော်ဖျော်၊ လက်ဖက်လေးနဲ့ နှပ်စားစား၊ ကြက်သွန်စိမ်းလေး သံပုရာသီလေး ပုစွန်ခြောက်လေးနဲ့ သုပ်စားစား စားလို့ ကောင်းပြီး ရှူးရှူးရှဲရှဲနဲ့ အခိုးပွင့် ခံတွင်းတွေ့စေတဲ့ အာဝါးသီးလေးကို သဘောတကျ စားဖြစ်တဲ့သူလေးတွေရှိလား! စားဖြစ်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ။ ဒီဆောင်းပါးလေးထဲမှာ အစပ်ပြင်းတဲ့ အာဝါးသီး ကျန်းမာရေးအတွက် ကောင်းသလား! ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။  အာဝါးသီး ဆိုတာ အာဝါးသီးဆိုတာက ငရုတ်သီး မျိုးရင်းဝင် အသီး တစ်မျိုးပါ။ အစလိုက် အကိုင်းအခက်ဖြာပြီး ပေါက်တတ်တဲ့ အပင် ရဲ့ အသီးပါ။ ခပ်ပွပွနဲ့ အသားထူပါတယ်။ အစပ်အရသာ ပြင်းသလို အနံ့ကလည်း ပုံမှန်သရုတ်သီးထက် ပိုစူးရှပါတယ်။  ကမ္ဘာ့အစပ်ဆုံး  ငရုတ်သီး စာရင်းဝင် ငရုတ်သီး တစ်မျိုးပါ။ အာဝါးသီးက မြန်မာနိုင်ငံမှာလည်း ပေါက်ရောက်တယ်ဆိုပေမယ့် အာသန်၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဝဥ ကျန်းမာစေဖို့ ထောက်ကူပေးသလား!

ဝဥဆိုတာကို ကန်စွန်းဥလို ဥအနေနဲ့ထက် ဝဥကို ကျို၊ အခဲခံထားတဲ့ ဝဥ အတုံးလေးတွေကိုတော့ မြင်ဖူးကြမှာပါ။ ဝဥကို ပါးပါးလေး လှီးပြီး ကင်စားစား၊ ခရမ်းချဉ်သီး ငရုတ်သီးစိမ်းလေးတွေနဲ့ ချဉ်ချဉ်စပ်စပ်လေး ချက်စားစား စားလို့ ကောင်းသလို ရေနွေးဖျောပြီး သုပ်စားရင်လည်း အတော်လေး စားကောင်းပါတယ်။ ဒီလို စားကောင်းတဲ့ ဝဥ ကျန်းမာစေဖို့ ထောက်ကူပေးသလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဝဥ ဆိုတာ ဝဥ ဆိုတာက အာဟာရ ပြည့်ဝတဲ့ သစ်ဥသစ်ဖု တစ်ခုပါ။ ပီလောပီနံဥတွေနဲ့ မျိုးရင်း ခပ်ဆင်ဆင်ပါ။ ဒီအပင်က အာရှဒေသမျိုးရင်းပင် ဖြစ်ပြီး သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ တောင်တရုတ် နဲ့ နယူးဂီနီတို့မှာ ပေါက်ရောက်ကြပါတယ်။ အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အာဟာရ တန်ဖိုးများသလို ကျန်းမာရေးအတွက်လည်း […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)