backup og meta

ရေခဲမုန့်ကအဆီဓါတ်များခြင်းကိုဖြစ်စေသလား


Dr. Sandy Kyaw မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေခဲမုန့်ကအဆီဓါတ်များခြင်းကိုဖြစ်စေသလား

    ရေခဲမုန့်ဆိုတာက လူတော်တော်များများ ကြိုက်ကြတဲ့ အစား

    အသောက်တစ်ခုဖြစ်ပါတယ်။ အရသာအရမ်းကောင်းတယ်

    ဆိုပေမယ့်လည်း ရေခဲမုန့်ထဲမှာ ပြည့်ဝပျော်ဝင်နေသောအ

    ဆီများနှင့် သကြားဓါတ်များ မြင့်မားစွာပါဝင်တာကြောင့် ၎င်း

    တို့ကနေမှ မကောင်းတဲ့အဆီဓါတ်အဖြစ်ပြောင်းသွားနိုင်ပါ

    တယ်။ ဒါ့အပြင် ရေခဲမုန့်က ဝိတ်တက်ခြင်းနဲ့ အဆီဓါတ်မြင့်

    မားခြင်းတို့ကို ပိုဖြစ်စေပါတယ်။

    အစားအသောက်ပုံစံနှင့်နှလုံးကျန်းမာရေး

    နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့စားသောက်မှုပုံစံမှာ

    ပြည့်ဝပျော်ဝင်သောအဆီနှင့် အခြားအဆီဓါတ်နှင့် သကြား

    အနည်းငယ်တော့ ပါဝင်သင့်ပါတယ်။ အမေရိကန်နှလုံးကျန်း

    မာရေးအဖွဲ့အစည်းအရကတော့လူတွေတစ်နေ့ကို ပြည့်ဝပျော်ဝင်သောအဆီကို ၁၆ဂရမ်လောက်ထိသာ ကန့်

    သတ်ပြီး စားသုံးသင့်တယ်လို့ဆိုထားပါတယ်။ မကောင်းတဲ့

    အဆီဓါတ်ဖြစ်တဲ့ trans fat ကိုတော့ သကြားဓါတ်အပါအဝင် ၂ဂရမ်လောက်သာစားသင့်ပါတယ်။

    ၎င်းက တစ်နေ့ကယ်လိုရီအဝင်ပမာဏနဲ့ ၅-၁၀ရာခိုင်နှုန်း

    လောက်ဖြစ်ပါတယ်။

    အဆီဓါတ်ပမာဏကိုလည်း အမြဲမပြတ်ဂရုစိုက်နေပြီး ရေခဲ

    မုန့် စားခြင်းကိုလည်း ဘယ်လိုလုပ်နိုင်မလဲ။

    ချောကလက်ရေခဲမုန့်တစ်ခွက်မှာ ၁၅ဂရမ်ရှိတဲ့ ပြည့်ဝပျော်

    ဝင်တဲ့အဆီဓါတ်ပါဝင်တာကြောင့်သင့်ရဲ့ တစ်နေ့တာ စားသင့်တဲ့ အဆီဓါတ်တွေအပြည့်ပါသွားပါပြီ။ ဆိုလိုတာက

    တော့ သင့်က ချောကလက်ရေခဲမုန့်တစ်ခွက်စားလိုက်ပါက

    တစ်ခြားပြည့်ဝပျော်ဝင်တဲ့အဆီတွေပါတဲ့ အသားများ၊ချိစ်များ

    နွားနို့နဲ့ တစ်ခြား တိရစ္ဆာကရတဲ့ အစားအသောက်တွေအ

    ကုန်လုံးကို ရှောင်ရပါတော့မယ်။ တစ်ခြားအစားအသောက်

    တွေဖြစ်တဲ့ အပင်ကရတဲ့ အစားအသောက်များ၊အသီးများ၊

    အရွက်များ၊ပဲများ၊အစေ့အစံများစားပေးရပါတော့မယ်။

    သို့သော်လည်း အပင်တွေထဲမှာတောင်မှ ပြည့်ဝပျော်ဝင်တဲ့

    အဆီဓါတ်များတဲ့ ဟာတွေရှိပါတယ်။ဥပမာ-အုန်းသီး။

    သင်က အဆီနည်းတဲ့ရေခဲမုန့်မျိုးကို စားခြင်း၊ခွက်အပြည့်စား

    မယ့်အစား တစ်ဝက်လောက်သာစားခြင်းနဲ့ ရွေးချယ်လို့ရပါ

    တယ်။ ဗနီလာရေခွက်မုန့်ခွက်တစ်ဝက်မှာ ၂.၂ဂရမ်ရှိတဲ့

    ပြည့်ဝပျော်ဝင်တဲ့အဆီဓါတ်ပါပြီး ၁၇ဂရမ်ရှိတဲ့ သကြားနဲ့

    ၆၆ကယ်လိုရီဓါတ် ပါဝင်ပါတယ်။

    ရေခဲမု့န်ကို တစ်ခါတစ်လေမှာစားတာစားလို့ရပါတယ်။ နေ့

    တိုင်းတော့ မရပါဘူး။ တစ်ခြားအစားအသောက်တွေဖြစ်တဲ့

    အစေ့အစံများ၊အသီးများ၊အရွက်များ၊အဆီနည်းတဲ့နို့ထွက်

    ပစ္စည်းများနဲ့အသားဓါတ်များကို စားဖို့ကြိုးစားပါ။ အောက်မှာ

    ပြောပြထားတာတွေကတော့ ရေခဲမုန့်အစားထိုး အဖြစ်စား

    နိုင်တဲ့ဟာတွေပါ။

    ရေခဲမုန့်အစားထိုး

    ခဲနေသော ဒိန်ချဉ်

    ခဲထားသောဒိန်ချဉ်ထဲမှာ ပြည့်ဝပျော်ဝင်တဲ့အဆီဟာ တစ်ခါ

    စား ခွက်ထဲမှာ ၂ဂရမ်သာပါပါတယ်။ ဝယ်တဲ့အချိန်မှာ ဘာတွေပါဝင်လဲဆိုတာကို သေချာဖတ်ပါ။ ခဲထားသောဒိန်ချဉ်

    အကုန်လုံးကတော့အဆီမပါဝင်တာမဟုတ်ပါဘူး။ တစ်ချို့

    သောဟာတွေမှာ ရေခဲမုန့်ထဲမှာပါသလို အဆီဓါတ်ပမာဏ

    များများပါနေတာတွေလည်းရှိတတ်ပါတယ်။

    Sherbet (ရှာလပတ်ရည်)

    Sherbet ဆိုတာက နို့ကနေလုပ်ထားတဲ့ အချိုပွဲနောက်တစ်ခု

    ဖြစ်ပါတယ်။ ဒီဟာကလည်း အဆီမပါတဲ့ ခဲထားတဲဒိန်ချဉ်လို

    ပါပဲ ဖြစ်လို့ အဆီဓါတ်ပါတဲပမာဏက တော်တော်နည်းပါ

    တယ်။ နောက်ပြီးတော့ Sherbetက အသီးအရသာမျိုးစုံနဲ့

    လာပြီးတော်တော်စားလို့ကောင်းပါတယ်။

    Sorbet (့ရှာလပတ်ရည်)

    ဒီဟာကလည်းအံ့သြလောက်စရာကောင်းတဲ့ ရေခဲအခြေခံပြီးလုပ်ထားတဲ့အချိုပွဲတစ်ခုပါပဲ။၎င်းကတော့ သကြားကိုချက် လိုက်ခြင်းနဲ့ အသီးတွေကိုရောပြီးတော့ ရေခဲ

    မုန့်လုပ်တဲ့စက်ထဲကိုထည့်ပြီးရောမွှေလိုက်တာပါ။ ရောတဲ့အချိန်မှာ နို့ထွက်ပစ္စည်းတွေကို သုံးထားခြင်းမရှိတဲ့အတွက် အဆီဓါတ်တွေများနေမှာကို စိတ်ပူစရာမရှိတော့ပါဘူး

    ရေခဲချောင်း

    ရေခဲချောင်းဆိုတာဟာ ကလေးတွေအတွက်ပဲမဟုတ်ပါဘူး။

    ရေခဲချောင်းကို အရသာမျိုးစုံ အရောင်မျိုးစုံ ပုံစံမျိုးစုံနဲ့ရပါ

    တယ်။ ဒါပေမယ့် ဘာတွေပါလဲဆိုတာကိုသေချာ ဖတ်ကြည့်ဖို့

    သတိရပါ။ အုန်းနို့ကိုအသုံးပြ ုထားတယ်ဆိုပါက အဆီပမာ

    ဏများတာတွေဖြစ်ဖို့သေချာလို့ သေချာဖတ်ကြည့်ပါ။

    ဖျော်ရည်များ

    အသီးနှင့် အရွက် ဖျော်ရည်များက ကျန်းမာရေးအတွက်

    ကောင်းကြပါတယ်။ နို့သို့မဟုတ် ခရင်မ်ပါတဲု့နိကိုသုံးမယ့်အ

    စား ဒိန်ချဉ်၊ငှက်ပျောသီး သို့မဟုတ်ထောပတ်သီးတို့ကို သုံး

    ပြီး ခရင်မ် ပါသလို ပြ ုလုပ်ပြီး သောက်လု့ိရပါတယ်။

    ခဲထားသော အသီးများ

    ခဲထားသောအသီးတွေဟာ ကျန်းမာရေးအတွက်အကောင်း

    ဆုံးရွေးချယ်မှုပါပဲ။ ဘာလို့လဲဆိုတော့ သူတို့က အဆီဓါတ်

    ပါတာနည်းခြင်းနဲ့ သကြားတွေမပါလို့ပါပဲ။

    Hello Health Group မှ ဆေးပညာ အကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုပေးခြင်းများ မပြ ုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Sandy Kyaw မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement