backup og meta

အသီးစားတာနဲ့ ပက်သက်တဲ့ ဆိုရိုးတွေအားလုံးက မှန်လား။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသီးစားတာနဲ့ ပက်သက်တဲ့ ဆိုရိုးတွေအားလုံးက မှန်လား။

    အသီးအနှံတွေဆိုတာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ ပစ္စည်းတွေဖြစ်တယ်ဆိုတာ လူတိုင်းက ယုံကြည်ထားကြပါတယ်။ တစ်ချို့ကြားဖူးတာလည်းရှိမှာပါ။ ဘယ်အသီးဆိုဘယ်လိုစားမှ ပိုကောင်းတာ၊ ဘယ်အချိန်မှာ စားရင် မသင့်တော်တာ၊နဲ့ အခြား ပြောနေကြတဲ့ ယုံတမ်းတွေ အများကြီး ကြားဖူးကြမှာပါ. ဒါတွေအားလုံးက တကယ် အမှန်ပဲလား။ ။

    • ထမင်းစားပြီးပြီးချင်း အသီးမစားရဘူး။ အစာမကြေဖြစ်တတ်တယ်။ လေအောင့်တတ်တယ်။

    ထမင်းစားပြီးပြီးချင်း အသီးစားရင် အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ လေထိုးလေအောင့်ဖြစ်စေတယ် ဆိုတာမျိုးတွေသင်ကြားဖူးမှာပါ။ တစ်ချို့မှန်တာတွေလည်း ရှိသလို မမှန်တာတွေလည်းရှိပါတယ်။ ထမင်းစားပြီးပြီးချင်း အသီးစားရင် အစာမကြေစေတာမဟုတ်ပါဘူး။ အသီးတွေမှာပါတဲ့အမျှင်ဓါတ်ေကြာင့် အစာခြေတဲ့အချိန်ကြာသွားတာဖြစ်ပါတယ်။ အချိန်တစ်ခုကြာရင်တော့ စားလိုက်တဲ့အစားတွေ အားလုံးကြေသွားမှာဖြစ်ပါတယ်။ အသီးကြောင့်လေထိုးလေအောင့်ဖြစ်တာ မဟုတ်ပါဘူး။ ကိုယ်စားလိုက်တဲ့ အစားအစာတွေမှာလေစာတွေပါသွားမှသာ လေထိုးလေအောင့်ဖြစ်တာပါ။

    • သစ်သီးခြောက်တွေက လတ်လတ်ဆတ်ဆတ်အသီးတွေလောက် အာဟာရမရှိဘူး။

    သစ်သီးခြောက်တွေဆိုတာ ရေဓါတ်ကိုပဲထုတ်ထားတာဖြစ်လို့ သူ့မှာရှိသင့်တဲ့ အာဟာရေတွကတော့ အကုန်ရှိနေပါသေးတယ်။ ကျန်းမာရေးကို အထောက်အကူပြုတဲ့ သစ်သီးခြောက်ကိုစားချင်ရင် သကြားနဲ့ တာရှည်ခံဓါတုပစ္စည်းတွေ မပါသင့်တဲ့အတွက် သဘာဝ အခြောက်ခံထားတဲ့သစ်သီးခြောက်တွေကိုသာ ရွေးစားစေချင်ပါတယ်။ အခြောက်ခံထားတာပဲဖြစ်ဖြစ်၊ လတ်လတ်ဆတ်ဆတ်ပဲဖြစ်ဖြစ် အကုန်လုံးမှာ ကျန်းမာစေတဲ့ အာဟာရတွေ ပါတာကြောင့် စားဖြစ်နေဖို့ကသာ အဓိကပါ။

    • ဆီးချို သမားတွေက အသီးမစားရဘူး။ ။

    ဒါက တစ်ပိုင်းမှန်ပြီး တစ်ပိုင်းမှားနေတဲ့ ကိစ္စပါ။ ဆီးချိုသမားတွေ အသီးစားပေးလို့ရပါတယ်။ အသီးတွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ တစ်ခြား ဆီးချိုအတွက်အထောက်အကူပြုနိုင်တဲ့ ပစ္စည်းတွေပါတာကြောင့် အသီးတွေစားလို့ရပါတယ်။ အရမ်းချိုလွန်းတဲ့အသီးမျိုးဆိုရင်တော့ရှောင်ပါ။ အသီးတွေမှာ ပါတဲ့ အချိုဓါတ်က အပြင်က သကြားနဲ့ မတူဘူးဆိုပေမယ့် ဆီးချိုသမားတွေကတော့ ချိုတဲ့ အသီးတွေကိုတော့ တော်သင့်ရုံစားပါ။

    • တစ်ချို့အသီးတွေက အာဟာရရှိပြီး တစ်ချို့တွေက ဘာအာဟာရမှ မရှိဘူး။

    အာဟာရတွေအကုန် ပြည့်စုံအောင်ပါတဲ့ အသီးမျိုးသာ မရှိတာပါ။ အသီးတိုင်းကတော့ သူ့အာဟာရနဲ့သူရှိပြီးသားပါ။ ဒါကြောင့် တစ်နေ့ကို တစ်မျိုးတည်း မဟုတ်ဘဲ အသီး ၃ ၄ မျိုးလောက် စားပေးသင့်တာပါ။

    • အသီးဖျော်ရည်သောက်တာက အသီးစားတာလောက် မကောင်းဘူး ။။

    အသီးကို ဖျော်ရည် လုပ်သောက်လိုက်လို့ရှိရင် အာဟာရတွေ ဆုံးရှုံးကုန်တယ်လို့ ထင်တတ်ကြပါတယ်။ တကယ်က မဟုတ်ပါဘူး။ အသီးကို အစိမ်းပဲစားစား၊ ဖျော်ရည်ပဲ လုပ်သောက်သောက် အာဟာရတွေ ပျောက်သွားတယ်ဆိုတ မဟုတ်ပါဘူး။ အပြင်ကနေ သကြားတွေ အများကြီး မထည့်မိဖို့သာ အရေးကြီးတာပါ။

    အသီးဆိုတာ အာဟာရတွေပြည့်စုံနေတဲ့ အရာတွေဖြစ်လို့ ဘယ်လိုပဲစားစား ကျန်းမာရေးအတွက်ကောင်းပါတယ်။ စားဖြစ်နေဖို့သာ အဓိကပါ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်းများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement