backup og meta

အမျိုးသမီးကျန်းမာရေးအတွက် ပိုကောင်းမွန်တဲ့ စားသောက်ပုံရွေးချယ်ခြင်း ၁၀ မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးကျန်းမာရေးအတွက် ပိုကောင်းမွန်တဲ့ စားသောက်ပုံရွေးချယ်ခြင်း ၁၀ မျိုး

    သင်စားသောအရာက သင်ခံစားချက် သင်ကိုပိုကြည့်ကောင်းမှုအပေါ်မူတည်သည်။ ထိုကြောင့် အကောင်းဆုံးဖြစ်အောင် သင်အစားအသောက်ကိုဂရုစိုက်သင့်သည်။ အောက်ပါဆယ်ချက်ကသင့်ကို ပိုလှပစေအောင် ကူညီနိုင်သောအစားအသောက်ရွေးချယ်မိကိုအထောက်အကူပြုစေသည်။

    ၁။ သင်လိုအပ်သောအာဟာရကိုရှာဖွေပါ။

    သင်အသက် အရပ် ခန္ဓါကိုယ်အလေးချိန် ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုအပေါ်မူတည်ပြီး လိုအပ်သောအစားမတူနိုင်သည်။ အွန်လိုင်းမှ အာဟာရလိုအပ်ချက်ရှာဖွေခြင်း သို့မဟုတ် အာဟာရပညာရှင်နှင့်တိုင်ပင်နိုင်သည်။

    ၂။ သင်လိုအပ်သောပမာဏကိုထိန်းသိမ်းပါ။

    ပန်းကန်ပြားသေးကိုပြောင်းလဲခြင်းက သင်အစားအသောက်စားခြင်းနှင့်ကယ်လိုရီကိုနည်ေးစသေည်။ အစားနည်းနည်းစီစားရန်အချိန်ယူပါ။

    ၃။ သင်အရိုးကိုဂရုစိုက်ပါ။

    ကယ်ဆီယမ်များသောအစာ ဥပမာ အဆီနည်းသောအဆီမရှိသောနို့ ချိစ် ဒိန်ချဉ် နှင့် ပဲနို့ကိုဝယ်ပါ။ သင့်အရိုးကိုသန်မာစေနိုင်သည်။ သင်မနက်သောက်သော ကော်ဖီက အဆီမရှိသော သိုမဟုတ် အဆိနည်းသောနို့ဖြစ်ကြောင်းသေချာပါစေ။

    ၄။ အသီးအရွက်များပါအောင်စားပါ။

    အသီးအရွက်ကအရေးကြီးသည်။ ဂျီးမများပါနှင့် အရောင်မျိုးစုံ ပုံစံမျိုးစုံစားခြင်းဖြင့် သင့်ခန္ဓါကိုယ်အား ဗီတာမင် သတ္ထုများများရပါစေ။ အသီးများကို သရေစာအဖြစ် သို့မဟုတ် အဓိကအစာအဖြစ်လည်းစားနိုင်သည်။

    ၅။ ရေများများသောက်ပါ။

    သင်ခန္ဓါကိုယ်အသက်ရှင်ရန်ရေလိုအပ်သည်။ ရေပုလင်းကိုအမြဲဆောင်ထားခြင်းဖြင့် တနေ့လုံးရေဓါတ်ပြည့်ဝအောင်နေနိုင်သည်။ အရက် သကြားပါသောအချိုရည်မျိုးကိုတော့ရှောင်ပါ။

    ၆။ ကောက်စပါးပြည့်ဝစွာပါသည့်အရာများကိုစားပါ။

    ကောက်စပါးတဝက်မဟုတ်သောအရာအစား ပြည့်ဝစွာပါသောအရာကိုစားပါ။ ပြည့်ဝကြောက်စပါးက ဗိုက်ဝစေရုံမက သင်အတွက်လိုအပ်သောအာဟာရများကိုပါပေးနိုင်သည်။ ပါမှန့်ဖြူ ဆန် နှင့် ပြန်တင်ထားသောစပါးများအစား ကောက်စပါးပြည့်ဝစွာပါသော ပါမှန့် ပါစတာ ဆန်အညို စသည်တို့ကိုစားနိုင်သည်။

    ၇။ တံဆိပ်ကိုဖတ်ပါ။

    သင်ဈေးဝယ်သွားပါက သင်လိုအပ်သည် သင်ရှောင်ရမည်ကိုသိစေရန် ပါဝင်ပစ္စည်းကိုဖတ်ပါ။ ယေဘုယျအားဖြင့် သကြားနှင့် ပြည့်ဝဆီထည့်ထားသောအရာများကိုရှောင်သင့်သည်။

    ၈။ အဆီနှင့် သကြားကိုကန့်သတ်စားပါ။

    အဆီများသောအသား ဥပမာ နံရိုး ဝက်ပေါင်ခြောက် အသားညှပ်ပါမှန့်တို့ကိုရှောင်ပါ။ ကိတ်မုန့် ကွတ်ကီး သကြားလုံးနှင့် ရေခဲမှန့်ကို တခါတလေမှစားသင့်သည်။

    ၉။ ချက်ပြုတ်နည်းသင်ယူပါ။

    သင်စားသမျှကိုထိန်းနိုင်ရန် အိမ်တွင်ချက်ပြုတ်စားသောက်သင့်သည်။ အပြင်တွင်ထွက်စားခြင်းကို မရှောင်နိုင်ပါက ပါဝင်သော အာဟာရ သတင်းကိုစစ်ဆေးသင့်သည်။

    ၁၀။ တက်တက်ကြွကြွနေပါ။

    ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများက ကျန်းမာစွာနေထိုင်နိုင်ရန် အရေးပါလှသည်။ တတ်နိုင်သမျှလှုပ်ရှားပါ။ သင်သူငယ်ချင်းမိသားစုများကိုဖိတ်ခေါ် ပြီး အတူတကွလေ့ကျင့်ခန်းလုပ်ရန်ပြောပါ။

    သင်အရေးကြီးကိစ္စများထဲတွင် သင်ကိုသင်ဂရုစိုက်ခြင်းကိုအရင်လုပ်သင့်သည်။ သင်စားသောအစာ သင်ေ့လကျင့်ခန်းလုပ်ရန်အချိန်ပေးပါ။ ထိုသို့ဖြင့် ကျန်းမာပြီး လှပသောခန္ဓါကိုယ်ကိုရနိုင်သည်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Nadi မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement