backup og meta

အစာခြေစနစ်အတွက် အမျှင်ဓါတ်က ဘယ်လိုအကျိုးပြုတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာခြေစနစ်အတွက် အမျှင်ဓါတ်က ဘယ်လိုအကျိုးပြုတာလဲ

    သင်က ဟင်းသီးဟင်းရွက်တွေကို မနှစ်သက်တတ်သူလည်းဖြစ်နိုင်ပါတယ်။ ဒါဟာ ထူးဆန်းတဲ့အရသာတွေကို မကြိုက်တတ်တဲ့သင့်ကြောင့်ဖြစ်နိုင်သလို တစ်ခါတလေမှာလည်း အစားအစာရဲ့ အရသာမရှိမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ဒါပေမဲ့ သူတို့မှာတော့ အမျှင်ဓါတ်တွေအများကြီးပါနေပါတယ်။ ဒီအမျှင်ဓါတ်တွေက သင့်ရဲ့ အစာခြေစနစ်အတွက် အရမ်းကိုကောင်းတာပါ။ အမျှင်ဓါတ်ဆိုတာဘာလဲ။ သင့်ရဲ့ အစာခြေစနစ်ကို ဘယ်နည်းဘယ်ပုံအကျိုးပြုနေသလဲဆိုတာကတော့..

    အမျှင်ဓါတ်ဆိုတာဘာလဲ။

    Dietary fiber (အစားအသောက်မှာပါတဲ့အမျှင်ဓါတ်)ကို roughage ဒါမှမဟုတ် bulk လို့လည်း သိကြပါတယ်။ ဒီအမျှင်ဓါတ်ဟာ သင့်ခန္ဓါကိုယ်က အစာမခြေနိုင်တဲ့ ဒါမှမဟုတ် မစုပ်ယူနိုင်တဲ့ အပင်တွေရဲ့အစိတ်အပိုင်းမှာ ပါပါတယ်။ အမျှင်ဓါတ်ကို ယေဘုယျအားဖြင့် အုပ်စု ၂စု ခွဲခြားနိုင်ပါတယ်။

    ပျော်ဝင်နိုင်တဲ့အမျှင်

    ဒီအမျှင်ကတော့ ရေနဲ့ပျော်ဝင်နိုင်ပြီး ဂျယ်လ် ပုံစံဖြစ်သွားပါတယ်။

    ဒီအမျှင်တွေကိုတော့ အများအားဖြင့် အုတ်ဂျုံ၊ ပဲပိစပ်၊ ပဲအမျိုးမျိုး၊ အက်စစ်ဓါတ်ပါတဲ့အသီးတွေ စတာတွေမှာ တွေ့ရတတ်ပါတယ်။ သူကတော့ သင့်သွေးထဲမှာရှိတဲ့ ဂလူးကို့စ်လယ်ဗယ်နဲ့ ကိုလက်စထရောကို လျှော့ချပေးတဲ့နေရာမှာ အထောက်အကူဖြစ်ပါတယ် ။

    မပျော်ဝင်နိုင်တဲ့အမျှင်

    ဒီအမျိုးအစားကတော့ သင့်ရဲ့အစာခြေစနစ်တစ်လျှောက်အရာဝတ္ထုတွေသွားနှုန်းကို ထောက်ပံ့ပေးပြီး မစင်ပမာဏပိုတိုးစေပါတယ်။ ဒီအမျှင်တွေကိုတော့ လုံးတီးဂျုံမှုန့်တွေ၊ အခွံမာသီးတွေ၊ ပဲတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရပါတယ်။

    အမျှင်တွေကို ဘယ်မှာတွေ့နိုင်လဲ။

    အပင်ကိုအခြေခံတဲ့စားစရာအများစုမှာ အမျှင်၂မျိုးလုံးပါပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစားအသောက်တစ်ခုစီမှာပါဝင်တဲ့အမျှင်ပမာဏဟာ ပြောင်းလဲနိုင်ပါတယ်။

    ယေဘုယျအားဖြင့်တော့ အမျှင်ဓါတ်ရင်းမြစ်တွေဟာ လုံးတီးအနှံတွေနဲ့ပြုလုပ်ထားတဲ့အရာတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေ၊ ပဲပိစပ်နဲ့ ပဲအမျိုးမျိုး၊ ခွံမာသီးတွေနဲ့ အစေ့တွေဖြစ်ကပါတယ်။

    ဒါ့အပြင် Metamucil, Citrucel , FiberCon တို့လို အမျှင်ဓါတ်ပါဝင်တဲ့ ဖြည်းစွက်စာတွေရှိနေပါသေးတယ်။ ဒါပေမယ့် သူတို့ကတော့ တကယ့်စားစရာတွေလိုမျိုး အမျှင်အမျိုးမျိုးကို မဖန်တီးပေးနိုင်ပါဘူး။ အချို့သောစားစရာတွေမှာ အမျှင်ဓါတ်တွေကိုပေါင်းထည့်ပေးလို့ရပါတယ်။

    ဥပမာ-cereal, granola bars , ရေခဲမုန့်နဲ့ ဒိန်ချဉ်တို့လိုပေါ့။ ထပ်တိုးလိုက်တဲ့ အမျှင်တွေကိုတော့ insulin သို့မဟုတ် chicory root လို့ တံဆိပ်ကပ်ပါတယ်။

    စည်သွပ်ထားတဲ့အသီးတွေနဲ့ဟင်းသီးဟင်းရွက်တွေလို ပြန်လည်ပြုပြင်ထားတဲ့အစာတွေမှာတော့ အမျှင်ဓါတ်နည်းပါးပါတယ်။ အနှံတွေကို ပြန်လည်ပြုပြင်တဲ့လုပ်ငန်းစဉ်မှာဆိုရင် ဒီအနှံတွေရဲ့ အပေါ်ယံလွှာကို ဖယ်ရှားပစ်ရပါတယ်။ ဒါကပဲ အမျှင်ပါဝင်မှုကို လျော့သွားစေတာပါ။

    အမျှင်စားသုံးခြင်းရဲ့ ကောင်းကျိုးများ

    အူကျန်းမာရေးကို အထောက်အပံ့ဖြစ်စေပါတယ်။ အစားအသောက်မှာပါတဲ့အမျှင်တွေက သင့်ရဲ့မစင်ကို အလေးချိန်ရော အရွယ်အစားပါတိုးစေတဲ့အတွက် ပျော့ပျောင်းစေပါတယ်။ ရလဒ်အားဖြင့်တော့ ဝမ်းမချုပ်စေဘူးပေါ့။

    တကယ်လို့သင့်မှာ အရည်ပါတဲ့ဝမ်းသွားနေတယ်ဆိုရင် အမျှင်တွေက ရေတွေကိုစုပ်ယူပြီး မစင်ပမာဏထပ်တိုးစေခြင်းအားဖြင့် ခဲပစ်ပါတယ်။ ဒါ့အပြင် အမျှင်တေါက Hemorrhoids ဖြစ်ပေါ်မှုနဲ့ အူထဲမှာ အိတ်ငယ်လေးတွေဖြစ်ပေါ်မှုကို ကာကွယ်ပေးပါတယ်။

    ကိုလက်စထရောနဲ့ သကြားပမာဏ

    ပျော်ဝင်နိုင်တဲ့အမျှင်တွေက သိပ်သည်းဆနည်းတဲ့ lipoprotein ကိုလျှော့ချလိုက်ခြင်းအားဖြင့် ကိုလက်စထရောစုစုပေါင်းပမာဏကို လျော့ကျသွားစေပါတယ်။ လေ့လာမှုတွေအရ အမျှင်ဓါတ်ကြွယ်ဝတဲ့ စားစရာတွေဟာ နှလုံးကျန်းမာရေးအတွက်ကောင်းမွန်ပြီး သွေးဖိအားနဲ့ ရောင်ယမ်းခြင်းကိုလျော့ကျစေပါတယ်။

    ဒါ့အပြင် ပျော်ဝင်နိုင်တဲ့ အမျှင်တွေဟာ ဆီးချိုရောဂါရှိသူတွေမှာတော့ သကြားဓါတ်စုပ်ယူခြင်းကို နှေးကွေးစေတာကြောင့် သူတို့ရဲ့ သွေးတွင်းသကြားဓါတ်လယ်ဗယ်ကို တိုးတက်လာစေပါတယ်။ အခြားတစ်ဘက်မှာလည်း မပျော်ဝင်နိုင်တဲ့ အမျှင်တွေက type 2 ဆီးချိုဖြစ်နိုင်ချေတွေကို လျှော့ချပေးပါတယ်။

    ကျန်းမာရေးနဲ့ညီတဲ့အလေးချိန်ကို ထိန်းထားနိုင်ခြင်း

    အမျှင်များတဲ့ အစားအစာတွေက အခြားသောအစာတွေထက် အချိန်ကြာကြာ ဗိုက်ပြည့်စေပါတယ်။ ဒါနဲ့ပဲ သင်နေ့တိုင်းစားနေတဲ့ ကယ်လိုရီတွေကို လျှော့ချပေးနိုင်တာပေါ့။

    ကင်ဆာကာကွယ်ပေးခြင်း : အမျှင်တွေဟာ အူမကြီးကင်ဆာမဖြစ်အောင်ကာကွယ်ပေးတယ်လို့ ဆိုကြပေမယ့် ဒါအတွက် အတည်ပြုနိုင်တာမျိုးတော့ သေသေချာချာမရှိသေးပါဘူး။

    ဘက်တီးရီးယားကောင်းတွေ တိုးပွားခြေင်း

    prebiotics လို့ခေါ်တဲ့ အချို့သော အမျှင်တွေဟာ Probiotic တွေကို အထောက်အပံ့ဖြစ်စေပြီး အူလမ်းကြောင်းတွေကို ချောမွေ့စေပါတယ်။ (probiotic ဆိုတာကတော့ အစာခြေစနစ်ရဲ့ကျန်းမာရေးကို တိုးတက်စေတဲ့ ဘက်တီးရီးယားပါ) ။

    ဒါတွေကို ဘယ်မှာတွေ့နိုင်လဲဆိုတော့ ဒိန်ချဉ်တွေ ဒါမှမဟုတ် အခြားသော အချဉ်ဖောက်ထားတဲ့ အစားအစာတွေမှာတွေ့ရတတ်ပါတယ်။ အခြားသော ရင်းမြစ်တွေကတော့ ငှက်ပျောသီး၊ လုံးတီးဂျုံတွေနဲ့ ပြောင်းတွေ ဖြစ်နိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement