backup og meta

ဟင်းသီးဟင်းရွက်တို့၏စွမ်းအားသတ္တိ


Dr. Ye Pyae Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဟင်းသီးဟင်းရွက်တို့၏စွမ်းအားသတ္တိ

    ဟင်းသီးဟင်းရွက်များကိုစားသုံးပေးသင့်ကြောင်း ကျွန်ုပ်တို့အားလုံးမကြာခဏကြားဖူးကြသည်။ အစာအာဟာရ၏အစွမ်းသည် အံ့အားသင့်စရာကောင်းပြီးထိုအစားအစာများထဲတွင် ဟင်းသီးဟင်းရွက်များကထိပ်ဆုံးမှပါဝင်နေသည်။ သို့သော် ကျွန်ုပ်တို့နေ့စဉ်စားသမျှထဲတွင် ဟင်းသီးဟင်းရွက်များမှာအဓိကပါဝင်ခွင့်မရကြပါ။ လူအများစုကရိုးရှင်းလွယ်ကူသောဟင်းသီးဟင်းရွက်များအမယ်စုံအောင် စားပေးဖို့ရန် ပျက်ကွက်ကြသည်။ ကျန်းမားရေးအတွက် အဆီချခြင်းနှင့် အမျှင်ဓါတ်များသောဟင်းသီးဟင်းရွက်များစားဖို့အရေးဦးစားပေးလုပ်သင့်ပါသည်။

    ဟင်းသီးဟင်းရွက်များက ကျွန်ုပ်တို့အတွက် ဘာတွေလုပ်ပေးသလဲ?

  • ဟင်းသီးဟင်းရွက်တို့၏အရောင်မျိုးမျိုးသည် အထဲတွင်ပါဝင်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းအမျိုးမျိုးတို့ကြောင့်ဖြစ်သည်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းအားလုံးနီးပါးသည် အပင်များတွင်အဓိကတွေ့ရတတ်သည်။ အသား၊ ငါးတို့တွင် ပါဝင်မှုနည်းပါးသည်။ အကြောင်းရင်မှာသတ္တဝါတို့သည်လည်းအပင်ကိုစားသုံးသူများဖြစ်ပြီး ကျွန်ုပ်တို့ကဲ့သို့ပင် ခန္ဓါကိုယ်၌ ဓါတုစွမ်းအင်အဖြစ်သိုလှောင်ထားသည်။
  • အပင်များကထုတ်လုပ်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများသည် ခန္ဓါကိုယ်၏ဆဲလ်များကိုဖျက်ဆီးတတ်သောဓါတ်တိုးပစ္စည်းများကိုချေဖျက်နိုင်သည်။ ဤနည်းဖြင့်ကျန်းမာသော ခန္ဓါကိုယ်ဆဲလ်များကိုကာကွယ်ပေးသည်။ ထို့ကြောင့်လူသားတို့တွင်ဓါတ်တိုးပစ္စည်းများကိုကာကွယ်နိုင်သောအရံအတား သဘာဝအရမပါဝင်သည်ကိုတွေ့ရသည်။
  • ဟင်းသီးဟင်းရွက်သီးသန့်စားသူများ (သက်သက်လွတ်စားသူများ) သတိပြုရန်

    • ဟင်းသီးဟင်းရွက်များသာပါဝင်သော အစားအစာတွင် သင့်တော်သောအချိုးအစားနှင့် စားနိုင်ပါကလုံလောက်သောအာဟာရကိုရရှိနေမည်ဖြစ်သည်။ အသားကိုရှောင်ကြဉ်စားသုံးသောကြောင့်အသားမှရသောအသားဓါတ် (ပရိုတိန်း)၊ ဇင့်ဓါတ်နှင့် သံဓါတ်တို့ကိုဟင်းသီးဟင်းရွက်မှ စားသုံးပေးရမည်ဖြစ်သည်။ နို့နှင့် နို့ထွက်ပစ္စည်းများကိုရှောင်ကြဉ်ပါကလည်း နို့မှရရှိသောကယ်လ်ဆီယမ်နှင့် ဗီတာမင် ဒီဓါတ်ကိုရရှိရန် အခြားမည်သည့်အစားအစာမှ ရနိုင်သည်ကိုစဉ်းစားရန်လိုအပ်သည်။ အသား၊ ငါးမှရရှိသောအစားအစာအားလုံးကိုရှောင်ကြဉ်မည်ဆိုပါကဗီတာမင် ဘီ12 သည်လည်းအဓိကစဉ်းစားရမည့် အချက်ဖြစ်သည်။ အကယ်၍ သင်သည် စိတ်ဖိစီးမှုနည်းပြီးသန့်ရှင်းသောပတ်ဝန်းကျင်တွင်နေထိုင်ကာ သင့်တင့်မျှတသောကိုယ်လက်လှုပ်ရှားမှုပြုလုပ်သောသူဆိုပါက အိပ်ရေး၀၀အိပ်၍ သန့်ရှင်းသောအာဟာရကိုစားသုံးလျှင် ဟင်းသီးဟင်းရွက်ကိုသာစားသုံးခြင်းသည် ကြီးမားသောပြဿနာမရှိနိုင်ပါ။ သို့သော် စိတ်ဖိစီးမှုများသောအခြေအနေကိုနေ့စဉ်ကြုံတွေ့နေရပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုရှိသောနေရာတွင် နေထိုင်ကာ အအိပ်အစားမမှန်သူဆိုပါက ပြဿနာရှိလာနိုင်သည်။ အာဟာရရေးရာများကိုကမ္ဘာပေါ်တွင် ဦးဆောင်လှုပ်ရှားသူပညာရှင် Charles Poliquin က ဟင်းသီးဟင်းရွက်များကိုညီညွတ်မျှတစွာစားနိုင်သည် ဆိုပါစေ ကျန်းမာရေးအတွက် အရေးကြီးသောအိုမီဂါ ၃ အက်စစ်တို့ကဲ့သို့ အာဟာရများသည် ဟင်းသီးဟင်းရွက်များကိုစားသုံးရုံမျှဖြင့် မရနိုင်ကြောင်းဆိုထားပါသည်။
    • ကျွန်ုပ်အနေဖြင့် ဟင်းသီးဟင်းရွက်ကိုသာစားခြင်းနှင့် လူတို့၏အစားအသောက်ကိုရွေးချယ်ခြင်းပုံစံသည် စိတ်ခံစားမှုနှင့် သက်ဆိုင်သည်ကိုလည်းဆိုထားသည်။ ပတ်ဝန်းကျင်၊ လူ့ကျင့်ဝတ်၊ ဘာသာရေးနှင့် ယဉ်ကျေးမှု၊ ကျန်းမာရေးရှုထောင့်အရလူတို့သည် ဟင်းသီးဟင်းရွက်ကိုသာစားသုံးခြင်းအကြောင်းအရင်းများစွာရှိသည်။ မည်သို့ပင်ဆိုပါစေ ဟင်းသီးဟင်းရွက်ကိုသာ စားသုံးမည်ဟုစဉ်းစားပါက မိမိအနေဖြင့် ကျန်းမာကြံ့ခိုင်ရန် အာဟာရဓါတ်များကိုအစီအစဉ် သေချာဆွဲရပါမည်။ ဟင်းသီးဟင်းရွက်များသာစားသုံးသူဖြစ်လာခြင်းသည် အသား၊ ငါးမစားတော့ခြင်းကိုသာမဆိုလိုပါ။ ထို့ကြောင့် သင့်အနေဖြင့် နည်းစနစ်ကျသောဟင်းသီးဟင်းရွက်များကိုစားသုံးခြင်းဖြင့် နည်းလမ်းကျသောဟင်းသီးဟင်းရွက်စားသူ (သက်သတ်လွတ်စားသူ) တစ်ယောက်ဖြစ်လာနိုင်ပါသည်။
    • မြန်မာနိုင်ငံတွင်ရရှိနိုင်သောအရေးပါသောဟင်းသီးဟင်းရွက်(၄)မျိုးသည်လူတိုင်း၏အစားအစာထဲတွင် ပါဝင်သင့်ကြောင်း ကျွန်ုပ်အနေဖြင့် အဆိုပြုပါသည်။

    (၁) Bok Choy (မုန်ညင်းတစ်မျိုး)--ဗီတာမင်စီနှင့် အရိုးကျန်းမာရေးအတွက်ကောင်းသော ဗီတာမင်ကေများစွာ ပါဝင်ပါသည်။ ကယ်လစီယမ် ၊ ဖော့စဖောရပ် ၊ ပိုတက်စီယမ် ၊ မန်းဂနိစ် ဓါတ် ၊ သံဓါတ်နှင့် မဂ္ဂနီဆီယမ် စသောသတ္ထုဓါတ်များ လည်းပါဝင်ပါသည်။

    (၂) ပန်းဂေါ်ဖီစိမ်း — အာဟာရစွမ်းအင်မြင့်သော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ သွေးပေါင်ချိန်ကိုထိန်းညှိပေးခြင်း ၊ နေလောင်ဒဏ်ကိုကာကွယ်ပေးခြင်း ၊ အရိုးကျန်းမာရေးအတွက်ကူညီပေးခြင်း၊ ခုခံအားစနစ်ကိုကောင်းမွန်စေခြင်း၊၊ကင်ဆာရောဂါကိုကာကွယ်ပေးခြင်းစသောအာနိသင်များ

    ရရှိနိုင်ပါသည်။

    (၃) Kale (အူတိုင်မပါ ပန်းဂေါ်ဖီတစ်မျိုး)-လွန်စွာအံ့အားသင့်ဖွယ် အစွမ်းရှိသောဟင်းသီးဟင်းရွက်ဖြစ်သည်။ ထိုအစိမ်းရောင် အစားအစာသည် သင့်ကိုလက်နက်ဖြင့်တိုက်ခိုက်နေသော ရောဂါများကိုခုခံကာကွယ်ပေးသည့် တပ်သားနှင့်တူသည်။ ခန္ဓါကိုယ်၏ အဆိပ်အတောက် ဖယ်ထုတ်ခြင်းဖြစ်စဉ် (၁) နှင့် (၂) နှစ်ခုစလုံးတွင် အဓိကပါဝင်ပေးသည်။ ထို့ကြောင့် ဗီယက်နမ်နိုင်ငံတွင် အများအပြားစိုက်ပျိုးလာကြသည်။ Kale တစ်ခွက်တွင် ရောဂါများ၏ အဓိကတရားခံဖြစ်သော ရောင်ရမ်းခြင်းဖြစ်စဉ်ကိုကာကွယ်ပေးသည့် အိုမီဂါ ၃ အက်ဆစ် ၁၀ %ခန့်ပါဝင်သည်ကိုတွေ့ရသည်။

    (၄) ထောပတ်သီး — ကမ္ဘာပေါ်တွင် ကျန်းမာရေးအတွက် အထောက်အကူပြုဆုံး အစားအစာအဖြစ် သတ်မှတ်ခံရသည်။ ရှင်းပြရပါလျှင် ဒေါက်တာမယ်ရိုလာ ဆိုသူက ထောပတ်သီးကိုဟင်းချက်ရာတွင် သုံးသော ဆီအစားထိုးအဖြစ် အသုံးပြုသင့်ကြောင်းပင် ဆိုထားသည်။ အခြားစွပ်ပြုတ် ၊ ဟင်းရည်နှင့် ဟင်းချိုများတွင်လည်း အလားတ ူအသုံးပြုသင့်သည်။ ကလေးများအစားအစာ စ စားတတ်လျှင် ကျွေးသင့်သော အသီးလည်းဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာ နိုင်ငံတွင်လည်း လွယ်ကူစွာရရှိနိုင်သော ထောပတ်သီးကို အံ့အားသင့်ဖွယ် ကျန်းမာရေးအထောက်အကူပြု ဟင်းသီးဟင်းရွက်များစာရင်းမှ ချန်ထားခဲ့၍ မရနိုင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement