home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

သစ်သီးဝလံကို မှန်ကန်အကျိုးရှိအောင် ဘယ်လိုစားသုံးကြမလဲ။

သစ်သီးဝလံကို မှန်ကန်အကျိုးရှိအောင် ဘယ်လိုစားသုံးကြမလဲ။

အသီးအနှံတွေမှာ ခန္ဓါကိုယ်ကိုရောဂါတွေကနေကာကွယ်ပေးပြီးတော့ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ သွေးတိုးရောဂါ ဖြစ်ပွားမှုကိုလျော့ကျစေတဲ့ အာဟာရဓါတ်တွေ အမြောက်အများပါဝင်ပါတယ်။ တကယ်လို့သင်ဟာအသီးအနှံတွေမှာပါဝင်တဲ့ အာဟာရဓါတ်တွေ အကြောင်းသေချာမသိဘူးဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးပိုမိုရရှိနိုင်ပါတယ်။ အသီးအနှံစားသုံးဖို့ မှန်ကန်တဲ့နည်းလမ်းကိုသိသွားပြီဆိုရင်တော့ သင့်အလှအပနဲ့ ကျန်းမာရေးကိုစိတ်ချရပါပြီ။ ဒီဆောင်းပါးမှာတော့ အသီးအနှံတွေကိုဘယ်လိုမှန်ကန်စွာသုံးဆောင်မလဲဆိုတာဖေါ်ပြပေးမှာပါ။

အသီးအနှံစားရန် သင့်သောအချိန်များ

(၁)ဗိုက်ထဲတွင် အစာမရှိချိန် (သို့) အစာတစ်ခုနှင့် တစ်ခုကြား

အသီးအနှံတွေကိုဗိုက်ထဲတွင် အစာမရှိချိန် (သို့) အစာတစ်ခုနှင့် တစ်ခုကြားမှာစားသုံးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုအချိန်တွေမှာသာအစာခြေခြင်းဟာလျင်မြန်စွာပြီးဆုံးနိုင်ပြီးတော့ အစာခြေတဲ့ဖြစ်စဉ်ကိုလာရောက်ကူညီပေးတဲ့ အင်ဇိုင်းတွေ အများအပြားရှိတာဖြစ်ပါတယ်။ အသီးအနှံတွေကရတဲ့ သကြားဓါတ်ကို ခန္ဓါကိုယ်ကစုပ်ယူဖို့ အချိန်ကြာမြင့်ပါတယ်။ အသီးတွေကိုဗိုက်ထဲတွင် အစာမရှိချိန် (သို့) အစာတစ်ခုနှင့် တစ်ခုကြားစားသုံးမယ်ဆိုရင် အာဟာရတွေ အမျှင်ဓါတ်တွေနဲ့ သကြားဓါတ်တွေကို ပြီးပြည့်စုံစွာချေဖျက်နိုင်ပါတယ်။ ဒါ့ကြောင့် အသီးအနှံစားရာမှ ရရှိတဲ့ အကျိုးကျေးဇူးကိုအမြောက်အများရရှိမှာ ဖြစ်ပါတယ်။

သို့သော်လည်းအစာစားပြီးမှ အသီးစားသုံးခြင်းဟာမသင့်လျော်ပါဘူး။ အစာစားတာနဲ့ အသီးစားတာနဲ့ကအနည်းဆုံးနာရီဝက် ဝေးသင့်ပါတယ်။ ဆီးချို၊ အစာအိမ်ရောဂါ ရှိမယ်ဆိုရင်တော့ အသီးအနှံတွေကိုအစာစားပြီး နှစ်နာရီ (သို့) အစာမစားခင် တစ်နာရီမှာစားသုံးသင့်ပါတယ်။ ဆီးချိုရောဂါဟာအစာအိမ်အူလမ်းကြောင်းရောဂါများနဲ့ ဆက်စပ်မှုရှိပါတယ်။

(၂) အားကစားမလုပ်မီ (သို့) လုပ်ပြီး

အားကစားမလုပ်မီ (သို့) လုပ်ပြီးအချိန်ဟာလည်းအသီးစားဖို့ သင့်တော်ပါတယ်။ အသီးမှာပါတဲ့ သကြားဓါတ်က ခန္ဓါကိုယ်ကလိုအပ်တဲ့အားအင်တွေကို ဖြည့်စွမ်းပေးပြီးအားကစားလုပ်ပြီးချိန်မှာလည်းကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

အသီးအနှံမစားသင့်သောအချိန်များ

အိပ်ခါနီးမှာအသီးအနှံတွေ မစားသင့်ပါဘူး။ စားမိရင် ရုတ်တရက် ထိုးတက်လာတဲ့သကြားဓါတ်နဲ့ အင်ဆူလင် ဓါတ်တွေကအိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် မအိပ်ခင် အသီးမစားသင့်ပါ ။ မည့်သည့်အစားအစာမဆိုအိပ်ရာမဝင်ခင် သုံးနာရီအလိုမှာနောက်ဆုံးထားစားပါ။

အသီးအနှံများရောစပ်စားခြင်း

အကောင်းဆုံးကတော့ လတ်ဆတ်တဲ့ အသီးစိမ်းကိုစားခြင်းဖြစ်ပါတယ်။ သို့သော်လည်းသင့်မှာအစာအိမ်ရောဂါ မရှိဘူးဆိုရင် အသီးကိုဒိန်ချဉ် (သို့) ဆားအနည်းငယ်ထည့်ပြီးစားနိုင်ပါတယ်။ အရွက်များနဲ့ cereal တွေ ထဲကိုလည်းအခြားအသီးတွေဖြစ်တဲ့ သင်္ဘောသီး၊ လိမ္မော်သီး၊ ဖရဲသီးတွေနဲ့ အခွံမာသီးတွေကိုထည့်သွင်းစားသောက်နိုင်ပါတယ်။

အသီးအရွက်ဖျော်ရည်ဟာလည်းကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ အသီးအနှံတွေကိုအုန်းနို့ (သို့) နွားနို့အနည်းငယ်ထည့်သွင်းပြီးသောက်နိုင်ပါတယ်။ အခွံမာသီးတွေကရတဲ့ ထောပတ်၊ နို့နဲ့ နို့ထွက်ပစ္စည်းမဟုတ်တဲ့ ဒိန်ချဉ်တွေဟာအစာခြေစနစ်ကိုမထိခိုက်စေနိုင်ပါဘူး။ သကြားဓါတ်နည်းတဲ့ အသီးအနှံတွေကိုတစ်ခါပြင်စာအစိမ်းရောင် အသီးအရွက်ဖျော်ရည်ထဲကိုထည့်သွင်းပေးနိုင်ပါတယ်။ ပြဿနာတစ်စုံတစ်ရာမဖြစ်အောင် အစာစားပြီးရင်တော့ မသောက်သင့်ပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံ
Dr . Phyu Mon Latt မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။