backup og meta

မနေ့က ရေနွေး ပြန်နွှေးမသောက်သင့်တဲ့အကြောင်းရင်း


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မနေ့က ရေနွေး ပြန်နွှေးမသောက်သင့်တဲ့အကြောင်းရင်း

    ရေကိုကျိုချက်ပြီးသောက်ပါ ဆိုတာ ကျန်းမာရေးအသိပညာဖြန့်ဝေတဲ့အခါတိုင်း ပြောလေ့ရှိကြတဲ့စကား။ ဒါပေမယ့် ကျိုချက်တိုင်းဘေးကင်းတာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျိုချက်ပြီးသားရေနွေးပူကို မပူတော့ရင်ဖြစ်ဖြစ်၊ နောက်တစ်နေ့ကြာသွားရင်ဖြစ်ဖြစ် နှမျောပြီး ပြန်နွှေးသောက်ကြလို့ပါပဲ။ သင်ရော ဓာတ်ဘူးထဲက ရေနွေးအကျန်တွေကို ဘာလုပ်ပစ်လဲ၊ သွန်ပစ်လား၊ပြန်နွှေးသောက်တာလား။

    အခုဆို သုံးမိနစ်အမြန်တည် လျှပ်စစ်ရေနွေးအိုးတွေ အသုံးများလာတော့ ပိုဆိုးပါတယ်။ လိုတဲ့အချိန် အမြန်တည်လို့ရတော့ တချို့ကကော်ဖီတစ်ခွက်စာယူသောက်လိုက်၊ ကျန်တာဒီအတိုင်းထားလိုက်၊ လိုရင်ပလပ်ထိုးပြီးပြန်နွှေးလိုက် လုပ်တတ်ပါတယ်။ ဒါပေမယ့် ပြဿနာက ဆူပြီးသားရေကို ပြန်မတည်ဖို့ ပညာရှင်တွေက သတိပေးထားပါတယ်။ ရေကိုပြန်တည်ရင် သူ့မှာပါတဲ့ပျော်ဝင်ဓာတ်ပစ္စည်းတွေရဲ့ ပမာဏတိုးလာနိုင်ပါတယ်။ ပြန်တည်တဲ့ရေမှာ အန္တရာယ်ဖြစ်လာနိုင်တဲ့ ဓာတ်တွေက –

  • နိုက်ထရိတ် –ရေမှာပျော်ဝင်နေတဲ့ နိုက်ထရိတ်က ပုံမှန်တော့ အန္တရာယ်မရှိပေမယ့် အရမ်းခန်းအောင်တည်ထားတဲ့ရေ သို့မဟုတ် ပြန်တည်ထားတဲ့ရေမှာ နိုက်ထရိတ်က ကင်ဆာ၊ သွေးကင်ဆာသွေးဖြူဥကင်ဆာတို့လို ရောဂါတွေဖြစ်စေနိုင်တဲ့ အဆိပ်ဓာတ်nitrosamineဖြစ်လာနိုင်ပါတယ်။
  • အာဆင်းနစ်ပြန်တည်တဲ့ရေမှာ အာဆင်းနစ်ပမာဏကို တိုးလာစေပါတယ်။ ရေထဲမှာ အာဆင်းနစ်ပမာဏနည်းနည်းပဲပါတာဆို အန္တရာယ်မရှိပေမယ့် ပမာဏများရင်တော့ ကင်ဆာရောဂါ၊ ကလေးမရနိုင်ခြင်း၊ နှလုံးရပ်ခြင်း၊ စိတ်ရောဂါ စတာတွေဖြစ်စေနိုင်ပါတယ်။ အာဆင်းနစ်ပါတဲ့ရေကို ရေရှည်သောက်သုံးမိရင်သွေးလည်ပတ်မှုစနစ်ကို ထိခိုက်စေပြီး အသားအရေပျက်စီးစေပါတယ်။
  • ဖလူအိုရိုက် –ရေထဲမှာပါတဲ့ ဖလူအိုရိုက်ပမာဏများလာရင် အရိုးကျိုးအက်ခြင်း၊ နာကျင်ခြင်း၊ကိုက်ခြင်းတို့လို အရိုးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အသက် ၈ နှစ်အောက် ကလေးတွေမှာ သွားနဲ့ကြွေလွှာပျက်စီးတာတွေဖြစ်နိုင်ပါတယ်။
  • ကယ်လ်စီယမ်– ကယ်လ်စီယမ်က သွားနဲ့အရိုးအတွက်ကောင်းတယ်ဆိုပေမယ့် ပြန်တည်လိုက်တဲ့အခါ ပျော်ဝင်ကယ်လ်စီယမ်ပမာဏကိုတိုးစေတာကြောင့်ကျောက်ကပ်ကျောက်တည်တာ၊ သည်းခြေကျောက်တည်တာတွေဖြစ်စေနိုင်ပါတယ်။
  • ရေမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေပြောင်းလဲစေတယ် –ရေနွေးကို ပြန်တည်တာဟာ ပျော်ဝင်တဲ့ဂက်စ်တွေနဲ့ ဒြပ်ပေါင်းအစုံကို လျော့သွားစေ ဒါမှမဟုတ် ဆုံးရှုံးသွားစေပါတယ်။ အရသာတော့ ပြောင်းလဲသွားမှာမဟုတ်ပေမယ့် ရေထဲမှာ မလိုအပ်တဲ့ဓာတ်တွေ ပမာဏတိုးစေပြီး ရေကိုမသန့်စေတော့ပါဘူး။
  • ဒီလိုမျိုး ဘေးကင်းမှုကို စိတ်မချရတဲ့အကြောင်းရင်းကြောင့် ပြန်တည်တဲ့ရေ၊ ပြန်နွှေးတဲ့ရေကို ကလေးငယ်တွေ နို့ဘူးဖျော်ဖို့မသုံးသင့်ပါဘူး။ သတိဆိုတာ ပိုတယ်မရှိဘူးဆိုတဲ့အတိုင်း ရေနွေးကို လိုသလောက်ပဲတည်၊ ပိုတာစွန့်ပစ်တာကောင်းပါတယ်။ ရေကို နွှေးသောက်နေကျပဲ ဘာမှမဖြစ်ခဲ့ဖူးဘူးဆိုပြီး ဆက်မလုပ်သင့်ပါဘူး။ ချက်ချင်းတော့ ကျန်းမာရေးပြဿနာ ထမဖြစ်နိုင်ဘဲ ရေရှည်မှာဘေးမကင်းမှာ စိုးရိမ်ရပါတယ်။ ဒါ့ကြောင့် အကြံပြုချင်တာက ဖြစ်နိုင်ရင် ဘယ်အစားအသောက်ကိုမဆို အဟောင်းတွေ၊ အကျန်တွေ မစား၊ မသောက်ပါနဲ့၊ လိုသလောက်ကိုပဲ စီစဉ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement