backup og meta

ဘာကြောင့် ပဲတီပင်ပေါက်စားသင့်တာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Eaindray Kha မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာကြောင့် ပဲတီပင်ပေါက်စားသင့်တာလဲ

    ဘာကြောင့် ပဲတီပင်ပေါက်စားသင့်တာလဲ

    ပဲတီပင်ပေါက်ကို အရွက်ကြော်၊ ဟင်းချို၊ အပြင် ပဲတီချဉ်အနေနဲ့လည်း စားသုံးပါတယ်။ ပဲတီပင်ကို အမြစ်လေးတွဲလောင်းနဲ့ အရွယ်အစား ပိန်ပိန်လေး ကြိုက်တဲ့သူတွေရှိသလို ဖောင်းဖောင်းလေးမှ ကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လိုပုံသဏ္ဍာန်ပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ပဲ ချက်ပြုတ်စားစား ပဲတီပင်ရဲ့ ခန္ဓာကိုယ်အပေါ် အကျိုးပြုတဲ့ အာဟာရဓာတ်တွေကတော့ လျှော့မသွားပါဘူး။ တကယ်တော့ ပဲတီပင်ပေါက် စားကို စားပေးဖို့ လိုပါတယ်။ Hello ဆရာဝန်ပရိသတ်တွေအတွက် ပဲတီပင်ပေါက်က ခန္ဓာကိုယ် ကျန်းမာရေးအတွက် ဘယ်လိုအာဟာရတွေ ပေးစွမ်းနိုင်သလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

    ဗီတာမင် K

    ကိုယ်တစ်နေ့တာ စားသုံးတဲ့ အစားအစာတွေထဲမှာ ဗီတာမင် K လုံလုံလောက်လောက် ပါဝင်ဖို့ အရေးကြီးပါတယ်။ ဗီတာမင် K ဟာ သွေးခဲတာတွေ မဖြစ်စေဖို့ အရမ်းကို အရေးပါတဲ့ ဗီတာမင် ဓာတ်တစ်မျိုးပါ။ အမျိုးသမီးတွေမှာ (၃၇) ရာခိုင်နှုန်း လိုအပ်ပြီး အမျိုးသားတွေမှာတော့ (၂၈) ရာခိုင်နှုန်း လိုပါတယ်။ ဗီတာမင် K ဓာတ်က အရိုးတွေရဲ့ သိပ်သည်းဆကိုလည်း ထိန်းထားပေးပြီး သွေးကြောထဲမှာ ရှိတဲ့ ကယ်လ်စီယမ်တွေ တည်ဆောက်ဖို့ ပရိုတင်း လိုအပ်မှုကို အထောက်အကူပြုပါတယ်။ ဒါကြောင့် နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ ရောဂါတွေ ကင်းစေပါတယ်။ ဘာလို့လဲဆိုတော့ ပဲတီပင်ပေါက် တစ်ခွက်မှာ ဗီတာမင် (၃၄) မိုက်ခရိုဂရမ် ပါဝင်တာကြောင့်ပါ။

    ဗီတာမင် C

    ဗီတာမင် စီ ကတော့ နေထိုင်မကောင်းခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ဗီတာမင်စီဟာ ချိတ်ဆက်တစ်ရှူးတွေကို ကောင်းမွန်စေပြီး အရေပြား၊ အရိုးနုနဲ့ ခန္ဓာကိုယ်အတွင်းပိုင်း ကလီစာတွေ ကောင်းမွန်ဖို့ အထောက်အကူ ပြုပါတယ်။ ပဲတီပင်ပေါက် တစ်ခွက်မှာ ဗီတာမင် စီ (၁၄) မီလီဂရမ် ပါဝင်ပါတယ်။ နေမကောင်းတဲ့အခါ ခန္ဓာကိုယ် အားပြည့်စေဖို့ ပဲတီပင်ပေါက် ဟင်းချို ပူပူလေး တစ်ခွက်လောက် သောက်ပေးပါ။

    သံဓာတ်

    သံဓာတ်ကတော့ ခန္ဓာကိုယ်ကောင်းကောင်း လည်ပတ်ဖို့ အလိုအပ်ဆုံး ဓာတ်တစ်မျိုးပါပဲ။ အမျိုးသားတွေအတွက် (၈) မီလီဂရမ် လိုအပ်ပြီး အမျိုးသမီးတွေအတွက်တော့ (၁၈) မီလီဂရမ် လိုပါတယ်။ သံဓာတ်ဟာ သွေးဆီ အောက်ဆီဂျင် သယ်ဖို့နဲ့ ခန္ဓာကိုယ် ကိုယ်ခံအားကောင်းအောင် ပြုလုပ်ပေးတဲ့ ဆဲလ်တွေ တိုးတက်အောင် လုပ်ပေးနိုင်တဲ့အပြင် ဖျားနာခြင်းလည်း ကင်းစေနိုင်ပါတယ်။

    ဝမ်းချုပ်ခြင်း

    ပဲတီပင်ပေါက်မှာ အမျှင်ဓာတ်များများ ပါဝင်တာကြောင့် အူလမ်းကြောင်းကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းတွေ ကင်းဝေးစေပါတယ်။

    အသည်း

    ပဲတီပင်ပေါက်မှာ ပါဝင်တဲ့ lecithin ဟာ သွေးတွင်းကိုလက်စထရော မြင့်တက်ခြင်းကို လျှော့ချပေးပြီး အသည်းမှာ အဆီတွေ မရှိစေဖို့လည်း ကူညီပေးပါတယ်။

    ဆံပင်နဲ့ လက်သည်း

    ဆံပင်နဲ့ လက်သည်းတွေ ကြွပ်ဆတ်ပြီး ကျိုးကြေလွယ်တာတွေ မဖြစ်စေဖို့အတွက် ပရိုတင်း၊ ဇင့်နဲ့ ဗီတာမင်တွေ အများကြီး လိုအပ်ပါတယ်။ ပဲတီပင်ပေါက်မှာတော့ လက်သည်းနဲ့ ဆံပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် မိန်းကလေးတွေ များများ စားပေးသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Eaindray Kha မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement