backup og meta

ပိုမိုဖြူဝင်းတောက်ပသောသွားများပိုင်ဆိုင်နိုင်ဖို့ လျှို့ဝှက်ချက်၁၀ခု


Dr. Kaung Thar မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိုမိုဖြူဝင်းတောက်ပသောသွားများပိုင်ဆိုင်နိုင်ဖို့ လျှို့ဝှက်ချက်၁၀ခု

    ခေတ်ပေါ်လူမှုပတ်ဝန်းကျင်တွင် ပုံပန်းသဏ္ဍာန်သည် အရေးကြီးသော အပိုင်းတစ်ခုဖြစ်သည်။ လူအတော်များများသည် ပိုမိုဖြူစင်ပြီးသန်မာသောသွားများကို အလိုရှိကြသည်။ သင့်သွားက သင်မျှော်လင့်သလို ဖြစ်မနေဘူးလား။ စိတ်မပူပါနှင့်။ အောက်ပါဆောင်းပါးက သင့်သွားကိုဖြူဖွေးသွားစေရန် ဈေးမကြီးဘဲထိရောက်သောနည်းများကို လမ်းညွှန်ပေးပါမည်။

    (၁) စားသောက်ပြီးသည့်အခါတိုင်းသွားတိုက်ပါ။

    အရသာရှိသောအစားအစာ(သို့) အကြိုက်ဆုံးသောအဖျော်ယမကာ စားသောက်ပြီးသည့်အခါ နာရီဝက်စောင့်ပါ။ ထို့နောက်သွားတိုက်ပါ။ အစာစားပြီး သွားမတိုက်ခြင်းသည် သွားအစွန်းအထင်း ဖြစ်စေသည့် အဓိကအကြောင်းဖြစ်သည်။

    (၂) ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ပါ။

    ဆေးလိပ်သောက်ခြင်းသည်အဆုတ် ၊ အရေပြားအပါအဝင် ခန္ဓါကိုယ်တစ်ခုလုံးအပေါ် ဆိုးကျိုးများသက်ရောက်စေသည်။ အဆိုးဆုံးကတော့ သွားများပေါ်တွင်ဖြစ်သည်။

    (၃) ကော်ဖီနှင့်လက်ဖက်ရည် ရှောင်ပါ။

    လက်ဖက်ရည်နှင့်ကော်ဖီကို လူအများစုနှစ်သက်ကြသည်။ မည်သို့ဖြစ်စေ ၎င်းတို့က သွားတွင်မနှစ်မျို့ဖွယ် အရောင်များကျန်စေသည်။ ထို့ကြောင့် သင့်သွားများကိုတောက်ပြောင်စေချင်လျှင် ကော်ဖီနှင့်လက်ဖက်ရည်သောက်ခြင်းကိုရှောင်ပါ။

    (၄) အုန်းဆီကိုအသုံးပြုပါ။

    အုန်းဆီတွင်ပိုးမွှားသေစေသည့် ဂုဏ်သတ္တိများပါဝင်ပြီး သင့်သွားနှင့်သွားဖုံးကို ကာကွယ်ပေးသည်။ သင့်ပါးစပ်ထဲအုန်းဆီတစ်ဇွန်းထည့်ပြီးလျှင် ၅မိနစ်မှ၁၀မိနစ်အထိ ပလုတ်ကျင်းပေးပါ (သို့)သွားတိုက်တံပေါ်တွင် အစက်အနည်းငယ်ချ၍ သွားတိုက်ပေးပါ။

    (၅) ပန်းသီးရှာလကာရည်ကိုသုံးပါ။

    ပန်းသီးရှာလကာရည်တွင် အက်စစ်ဓါတ်ပါဝင်သောကြောင့် ကော်ဖီနှင့်နီကိုတင်းတို့ကြောင့်ဖြစ်သည့် အစွန်းများကို ဖယ်ရှားပေးပါသည်။

    (၆) လိမ္မော်သီး(သို့)ရှောက်သီးအခွံများကိုသုံးပါ။

    ပန်းသီးရှာလကာရည်နှင့်ဆင်တူပင် လိမ္မော်သီး(သို့)ရှောက်သီးတွင် အက်စစ်ဓါတ်ပါဝင်သဖြင့် သွားများကိုသန့်ရှင်းပေးပြီး ပိုမိုဖြူဖွေးစေပါသည်။ ၎င်းတို့ကို တစ်ပတ်တွင် ၁ကြိမ်(သို့)၂ကြိမ်သာ အသုံးပြုခြင်းဖြင့် သွားနှင့်သွားဖုံးများကို မထိခိုက်စေနိုင်ပါ။

    (၇) ဘယ်ရီသီးကိုစားပေးပါ။

    ဘယ်ရီသီးတွင် ဓါတ်ဆိုးဆန့်ကျင်ဂုဏ်သတ္တိ များပြားစွာပါဝင်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် သင့်ကျန်းမာရေး အထူးသဖြင့် သွားဖုံးအတွက် ကောင်းမွန်ပါသည်။ သွားဖုံးအပေါ်လျစ်လျူရှူပြီး သွားတစ်ခုတည်းကိုသာ အာရုံစိုက်မထားပါနှင့်။ သွားဖုံးကျန်းမာမှသာ သွားကို အထောက်အပံ့ပေးနိုင်မည်ဖြစ်သည်။

    (၈) မီးသွေးအခြေခံထုတ်ကုန်ပစ္စည်းများသုံးပါ။

    မီးသွေးကိုအခြေခံပြီး ထုတ်လုပ်ထားသောပစ္စည်း ဥပမာ-သွားတိုက်ဆေးများသည် သွားမျက်နှာပြင်ပေါ်ရှိအစွန်းများကို ဖယ်ရှားရာတွင် အံ့အားသင့်ဖွယ် အာနိသင်ရှိသည်။

    (၉) မုန့်ဖုတ်ဆိုဒါကိုသုံးပါ။

    သွားတိုက်တံပေါ်တွင် မုန့်ဖုတ်ဆိုဒါအနည်းငယ်တင်၍ သွားကိုညင်သာစွာတိုက်ပါ။ ဤလွယ်ကူသောနည်းလေးက မည်မျှထိရောက်သည်ဆိုသည်မှာ အံ့သြဖွယ်ရာပင်ဖြစ်သည်။

    (၁၀) အစားအစာပေါ်တွင်အာရုံစိုက်ပါ။

    သင်စားသုံးသည့်အရာများပေါ်တွင် အာရုံမထားပါက သင့်သွားနှင့်သွားဖုံးကျန်းမာနေဖို့မမျှော်လင့်ပါနှင့်။ သန်မာသောသွားရရှိရန် ကယ်လ်စီယမ်နှင့်ဗီတာမင်ဒီကြွယ်ဝသည့် အစားအစာများကိုစားပေးပါ။

    အထက်ပါနည်းလမ်းများသည် သင့်သွားကိုပို၍တောက်ပအောင် ကောင်းစွာလုပ်ပေးနိုင်သည်။ ထို့အပြင် ငွေကုန်ကြေးကျလည်းသက်သာသည်။ အကယ်၍ အထက်ပါနည်းလမ်းများက သင့်ကိုစိတ်ကျေနပ်အောင် ပြုလုပ်နိုင်စွမ်းမရှိလျှင်(သို့)သွားပြဿနာရှိနေသေးလျှင် ဆေးပညာအကြံဉာဏ်များရယူရန် သွားဆရာဝန်ဆီသွားဖို့မနှောင့်နှေးပါနှင့်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement