Copper – ခန္ဓါကိုယ်ထဲမှာသံဓါတ်ကိုချေဖျက်အသုံးချမှုအတွက် အထောက်အကူပေးပြီး ဆဲလ်တွေအတွက် အကျိုးပြုပါတယ်။ အရိုးနဲ့ တွယ်ဆက်တစ်ရှူး၊သွေးကြောတွေကိုလည်း ကျန်းမာစေပါတယ်။
Manganese – အရိုးကျန်းမာရေးနဲ့အနာကျက်ခြင်းအတွက် အပြင် ပရိုတင်း၊ကိုလက်စထရောနဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ခန္ဓါကိုယ်တွင်း ချက်လုပ်မှုကို အားပေးပါတယ်။
Iodine –အိုင်အိုဒင်းကတော့ သိုင်းရွိုက်ဟော်မုန်းတွေဖြစ်ပေါ်မှုအတွက် အကျိုးပြုပါတယ်။
Potassium –ပိုတက်စီယမ်က အာရုံကြောစနစ်နဲ့ကြွက်သားတွေအတွက်ကောင်းကျိုးပြုသလိုရေဓါတ်ကိုလည်း ထိန်းသိမ်းပေးပါတယ်။
Chloride – ခန္ဓါကိုယ်ထဲကအရည်ဓါတ်တွေကို ညီညွတ်မျှတအောင် ထိန်းညှိပေးပြီး အစာချေရည်မှာလည်း ပါဝင်တဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။
Chromium –သွေးတွင်းသကြားဓါတ်ပမာဏကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။
Molybdenum – ပရိုတင်းနဲ့တခြားဓါတ်တွေရဲ့လုပ်ဆောင်ချက်ကို ကူညီပေးပါတယ်။
Selenium – ဆဲလ်တွေထိခိုက်ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးပြီး သိုင်းရွိုက်ဟော်မုန်းနဲ့ပတ်သက်ပြီး ထိန်းညှိပေးပါတယ်။
Zinc – ဇင့်က ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးပြီး မျိုးပွားစနစ်နဲ့ အာရုံကြောစနစ်တွေကိုလည်း ကောင်းမွန်စေပါတယ်။
Iron – သံဓါတ်က သွေးအားကောင်းစေပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။
ဒီလိုအရေးပါတဲ့ဓါတ်တွေ ခန္ဓါကိုယ်မှာ လုံလောက်မှုမရှိဘဲ ဓါတ်တစ်ခုခုချို့တဲ့နေတဲ့အခါ ကျန်းမာရေးအတွက်ဆုတ်ယုတ်မှုတွေရှိလာနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် ဘယ်လိုထိန်းညှိရမလဲ၊ ကာကွယ်ရမလဲဆိုတာလည်းလေ့လာထားသင့်ပါတယ်။ အဓိက ကတော့
- ဆေးလိပ်၊အရက်၊ ကဖင်းပါတဲ့သောက်စရာတွေကို တတ်နိုင်သလောက်သောက်သုံးမှုလျှော့ပါ။
- အသီးအရွက်နဲ့ အသားငါးတွေကို ညီညွတ်မျှတအောင် စားသုံးပါ။
- လိုအပ်လာရင် ဗီတာမင်နဲ့သတ္တုဓါတ်ပါဝင်တဲ့ အားဆေးတွေကို သောက်သုံးပါ။
အာဟာရဓါတ်ချို့တဲ့မှုက တစ်နေ့တည်း တစ်ညတည်းနဲ့ဖြစ်လာနိုင်တာမဟုတ်တဲ့အတွက်ရေရှည်အတွက် ဆင်ခြင်နေထိုင်၊စားသုံးမှ ခန္ဓါကိုယ်ကျန်းမာရေးအတွက်ပြည့်စုံစေမှာပါ။ အပေါ်မှာဖော်ပြခဲ့တဲ့ ဗီတာမင်နဲ့သတ္တုဓါတ် (၂၆) မျိုးကို တစ်စုတည်းရရှိချင်ရင်တော့ Renovit ကိုရွေးချယ်နိုင်ပါတယ်။ Renovit ကို တစ်နေ့တစ်လုံးသောက်ရုံနဲ့ မရှိမဖြစ်လိုအပ်တဲ့ဓါတ်တွေကို ကူညီဖြည့်တင်းပေးနိုင်မှာပါ။ ဒီဆေးကို နာလန်ထစ လူနာတွေ၊ ခွဲစိတ်မှုခံယူထားသူတွေ၊ အစာစားချင်စိတ်မရှိဖြစ်နေသူတွေ၊ အာဟာရဓါတ်ချို့တဲ့နေသူတွေ၊ ကိုယ်အလေးချိန်နည်းနေသူအပြင်နေ့စဉ်အားဆေးသောက်သုံးလိုသူတွေ သုံးစွဲနိုင်ပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmr]