backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကောင်းမွန်သောထမင်းတစ်နပ်ဖြစ်ရန် အချက် ၁၀ချက်


Dr. Ye Pyae Hein မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကောင်းမွန်သောထမင်းတစ်နပ်ဖြစ်ရန် အချက် ၁၀ချက်

ကောင်းမွန်သောထမင်းတစ်နပ်ဖြစ်ရန် အချက် (၁၀)ချက်

ကျန်းမာသောနေ့စဉ်ဘဝအတွက် အစားအစာများကိုရွေးချယ်ရာတွင် ရိုးရှင်းသောအောက်ပါအချက် (၁၀)ချက်ကိုအသုံးပြုကြည့်ပါ။ သင်၏ကယ်လိုရီကိုညီညွတ်မျှတစေရန် မည်သည်တို့ကိုပို၍စားသုံးရမည်၊ မည်သည်တို့ကိုလျှော့၍စားသုံးရမည်ကိုအကြုံပြုပေးထားပါသည်။

(၁) ကယ်လိုရီကိုညီညွတ်မျှတအောင်စားပါ

သင်၏ကိုယ်အလေးချိန်ကိုထိန်းညှိရန် တစ်နေ့တွင်သင့်အတွက်လိုအပ်သောကယ်လိုရီပမာဏကိုသိအောင်လုပ်ပါ။ www.ChooseMyPlate.govတွင်လေ့လာနိုင်ပါသည်။ လှုပ်လှုပ်ရှားရှားနေခြင်းကလည်းကယ်လိုရီညီညွတ်မျှတစေရန်အထောက်အကူပြုပါသည်။

(၂) အစားအစာကိုအချိန်ပေး၍စားပါ

နှစ်သက်စွာ စားသောက်နိုင်ရန်လုံလောက်အောင် အချိန်ပေးပါ။ လျှင်မြန်စွာစားခြင်း (သို့မဟုတ်) အစားစားစဉ်အခြားသို့အာရုံရောက်နေပါက ကယ်လိုရီများစွာ စားမိနိုင်ပါသည်။ မစားမီ၊ စားနေစဉ် နှင့် စားပြီးအချိန်များတွင် ဗိုက်ဆာနေလား ၊ ဗိုက်ပြည့်ပြီလားသတိထားကြည့်ပါ။ ထိုအခါ မည်သည့်အခါအစားစားသင့်ပြီးမည်သည့်အခါလုံလောက်ပြီကိုသင်သိလိမ့်မည်။

(၃) လွန်ကဲစွာစားသုံးခြင်းကိုရှောင်ပါ

ပန်းကန်ပြားသေးသေး ၊ ဟင်းချိုခွက်နှင့် ဖန်ခွက်တို့နှင့် စားသုံးပါ။ မစားမီ အစားအစာတစ်ချို့ကိုလျှော့ပါ။ အပြင်ထွက်၍စားသည့်အခါ နည်းနည်းသာစားပါ။ အခြားသူများနှင့်မျှ၍စားပါ။ အချို့ကိုအိမ်ပြန်သယ်ပါ။

(၄) မကြာခဏစားပေးသင့်သောအစားအစာများ

ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ အစေ့အဆန်များနှင့် အဆီမပါသောနို့တို့ကို များများစားသောက်ပေးပါ။ ကျန်းမာရေးအတွက် လိုအပ်သောပိုတက်ဆီယမ် ၊ ကယ်လ်ဆီယမ်၊ဗီတာမင်ဒီ နှင့်အမျှင်ဓါတ်တို့ပါဝင်ပါသည်။ အစားအစာအနပ်တိုင်းအတွက် ထိုအစားအစာတို့ကိုအခြေခံအဖြစ်ပါဝင်ပါစေ။

(၅) မိမိစားသောပန်းကန်၏ တစ်ဝက်ကိုဟင်းသီးဟင်းရွက်နှင့်သစ်သီးတို့ပါဝင်အောင်စားပါ

အနီရောင်၊ လိမ္မော်ရောင်နှင့် အစိမ်းရင့်ရောင်ရှိသောခရမ်းချဉ်သီး၊ ကန်စွန်းဥနှင့် ပန်းဂေါ်ဖီစိမ်းတို့ကို ပါဝင်အောင်စားပါ။ အရန်ဟင်းလျာ (သို့မဟုတ်)အချိုပွဲအဖြစ် သစ်သီးတစ်မျိုးမျိုးကိုထပ်စားပေးပါ။

(၆) အဆိမပါသော (သို့မဟုတ်) အဆီနည်းသောနွားနို့ကိုပြောင်းသောက်ပါ

ကယ်လ်ဆီယမ် နှင့် အခြားအာဟာရဓါတ်များသည် ပုံမှန်နွားနို့နှင့်တူညီပြီးကယ်လိုရီပမာဏမှာမူပိုနည်း၍ ပြည့်ဝဆီပါဝင်မှုလည်းနည်းပါးသည်။

(၇)နှံစားနှင့်သာပြုလုပ်ထားသောအစားအစာများကိုပို၍စားပေးပါ

ပိုမိုနူးညံ့ကောင်းမွန်အောင်ပြုလုပ်ထားသောပေါင်မုန့်၊ ဆန်ချောတို့အစားပေါင်မုန့်ကြမ်း၊ ဆန်လုံးညိုတို့ကိုစားပေးပါ။

(၈) ရံဖန်ရံခါသာစားသင့်သောအစားအစာများ

အဆီ၊ သကြားနှင့် အငန်များသော အစားအစာတို့ကို လျှော့စားပါ။ ထိုအစားအစာတို့မှာကွတ်ကီး ၊ ကိတ်မုန့် ၊ ရေခဲမုန့် ၊ သကြားလုံး ၊ အချိုရည်များ ၊ပီဇာ ၊ ဝက်အူချောင်း ၊နံရိုးကင် ၊ ဟော့ဒေါ့တို့ဖြစ်သည်။ ထိုအစားအစာတို့ကိုနေ့စဉ်မဟုတ်ဘဲ ကြုံကြိုက်မှသာ ရံဖန်ရံခါစားပါ။

(၉)ပါဝင်သော ဆိုဒီယမ် (ဆားဓါတ်)ကိုနှိုင်းယှဉ်ကြည့်ပါ

ဆိုဒီယမ်ပါဝင်မှုနည်းသောအစားအစာများ (ဥပမာ- စွပ်ပြုတ် ၊ ပေါင်မုန့်၊အေးခဲထားသောအသား)တို့ကိုရွေးချယ်စားသုံးပါ။ “ဆိုဒီယမ်ပါဝင်မှုနည်းသည်” “ဆားထပ်ဖြည့်ထားခြင်းမရှိပါ” စသောစာတန်းများပါသည့် စည်သွပ်ဘူးတို့ကိုသာရွေးချယ်ပါ။

(၁၀) အချိုရည်သောက်မည့်အစားရေကိုသာသောက်ပါ

-ရေသောက်ခြင်း (သို့မဟုတ်) အချိုဓါတ်မပါသောအားဖြည့်အရည်များကိုသောက်သုံးခြင်းဖြင့် ကယ်လိုရီကိုလျှော့ချပါ။ အမေရိကန်အစားအစာများတွင် ဆိုဒါ ၊ အားဖြည့်အချိုရည်နှင့် အားကစားလုပ်ပြီးသောက်သောအချိုရည်များသည် သကြားနှင့် ကယ်လိုရီဓါတ် ပါဝင်မှုလွန်စွာများပြားသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Ye Pyae Hein မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement