အာရုံကြောစနစ်ကို ကျန်းမာစေနိုင်တယ်
ဆိုဒီယမ်က ခန္ဓါကိုယ်ထဲကရေစီးဆင်းမှုကို ထိန်းညှိပေးနိုင်ပါတယ်။ ဒီလုပ်ဆောင်မှုက အာရုံကြောစနစ်ကျန်းမာဖို့အတွက် အရေးပါပါတယ်။ ဦးနှောက်အနေနဲ့ကလည်း ကျန်းမာနေဖို့က ဆိုဒီယမ်နဲ့ အခြားဓါတ်တွေမျှတနေဖို့လိုပါမယ်။ ဒါကြောင့်ဆားကို အတန်အသင့်လောက်တော့ စားသုံးဖို့လိုပါမယ်။
အိပ်ရေးဝစေတယ်
ဆားက အိပ်စက်ခြင်းကို အထောက်အပံ့ပေးပါတယ်။ အများကြီးစားမိရင်တော့သွေးပေါင်တက်ပြီး အိပ်ချင်တာမျိုးဖြစ်လာစေနိုင်ပါတယ်။ ဆားက ကိုယ်တွင်းရဲ့ ဆိုဒီယမ်မညီမျှမှုမဖြစ်အောင် ထိန်းညှိပေးပြီး ကိုယ်တွင်းရေဓါတ်ကိုပြည့်ဝစေနိုင်တာကြောင့်ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်တွင်းဟော်မုန်းကို ထိန်းညှိပေးတာကကောင်းကောင်းအိပ်စက်ဖို့အထောက်အပံ့ပေးနိုင်တာပါ။
ဆားနည်းနည်းပဲစားတဲ့အခါ
ဆားကအများကြီးစားရင် သွေးတိုးတယ်ဆိုပေမယ့် နည်းနည်းပဲစားမယ်ဆိုရင်လည်း ခန္ဓါကိုယ်မှာ ထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။
- သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုမြင့်တက်စေနိုင်တယ်
- နှလုံးရောဂါဖြစ်စေနိုင်တယ်
- ရုတ်တရက်နှလုံးရပ်သွားရတာမျိုးခံစားရနိုင်တယ်
- အင်ဆူလင်မတိုးတာမျိုးခံစားရနိုင်တယ်
- အမျိုးအစား (၂) ဆီးချိုခံစားရနိုင်တယ်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။