backup og meta

လူကြီးသုံးသေးခံ ရွေးချယ်မယ်ဆိုရင် ဘောင်းဘီက အကောင်းဆုံးဆိုတာ ဘာကြောင့်လဲ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူကြီးသုံးသေးခံ ရွေးချယ်မယ်ဆိုရင် ဘောင်းဘီက အကောင်းဆုံးဆိုတာ ဘာကြောင့်လဲ။

    ဇရာထောင်းရင် အကုန်ပြောင်းတယ်တဲ့။ ဟုတ်တယ်နော်။ ရုပ်ရည်သွင်ပြင်၊ ကျန်းမာရေး၊ ကိုယ်ခန္ဓါ ကြံ့ခိုင်မှု အားလုံး အားလုံး လူလတ်ပိုင်းတစ်ယောက်နဲ့မတူတော့ပါဘူး။ ဒီ ဇရာထောင်းလို့ ပြောင်းသွားတဲ့ ကိစ္စတွေမှာ ဘိုးဘိုးဘွားဘွားတိုင်း စိတ်ညစ်ရတဲ့ ကိစ္စတစ်ခုရှိပါတယ်။ ပြင်းထန်တဲ့ရောဂါတော့မဟုတ်ပေမယ့် သူတို့ရဲ့ လူနေမှု ဘဝကို ထိခိုက်စေတဲ့ ဆီးမထိန်းနိုင်တဲ့ ပြဿနာပဲဖြစ်ပါတယ်။

    ညညအိပ်ရာထဲမှာ ဆီးသွားမိတာပဲ ဖြစ်ဖြစ် ၊ ဆီးသွားချင်တာနဲ့ ဆီးပေါက်ချမိတာပဲဖြစ်ဖြစ် ဆီးမထိန်းနိုင်တဲ့ ပြဿနာကို အသက်ကြီးလာတဲ့ ဘိုးဘိုးဘွားဘွားတိုင်း ခံစားရလေ့ရှိပါတယ်။ ရောဂါရဲ့ သက်ရောက်မှုကြောင့်ဖြစ်နိုင်သလို အသက်အရွယ်ကြောင့် ကြွက်သားတွေ အားနည်းလာလို့ ဆီးမထိန်းနိုင်တာတွေဖြစ်နိုင်ပါတယ်။ ဘယ်သူကတော့ ဆီးထွက်ကျတာ၊ ဆီးမထိန်းနိုင်တာတွေ ဖြစ်ချင်မလဲနော်။ ရှက်စရာလည်းကောင်းတယ်၊ စိတ်လည်းညစ်ရတယ်လေ။

    ပြဿနာရှိရင် ဖြေရှင်းဖို့နည်းလမ်းဆိုတာ ရှိစမြဲဖြစ်တာကြောင့် ဆီးမထိန်းနိုင်လို့ ၊ ဆီးပေါက်ချမိလို့ စိတ်ညစ်နေရတဲ့ လူကြီးတွေအတွက် လူကြီးသုံးသေးခံ တွေ ပေါ်ထွက်လို့လာပါပြီ။

    လူကြီးသုံးသေးခံဆိုတော့ ကြားရတာ အထူးအဆန်းဖြစ်နေပြီး ဝယ်ဖို့လည်းရှက်နေတတ်ပါတယ်။ ဆီးမထိန်းနိုင်လို့ အရှက်ရတဲ့ ပြဿာနာကို သူကသာ ဖြေရှင်းပေးနိုင်တာကြောင့် လူကြီးသုံးသေးခံတွေကို ဝယ်ရတာ၊ သုံးရတာ ရှက်စရာ မဟုတ်ပါဘူး။ အသုံးပြုတဲ့အခါမှာလည်း သက်တောင့်သက်သာနဲ့ ဝတ်ထားမှန်းတောင် မသိသာတာကြောင့် ရှက်စရာလုံးဝမလိုအပ်ပါဘူးနော်။ အရေးကြီးတာက သုံးရအဆင်ပြေပြီး အကိုက်ညီဆုံးဖြစ်မယ့် သေးခံတွေကို ရွေးဝယ်တတ်ဖို့ပါပဲ ။ ။

    လူကြီးသုံးသေးခံ ၆မျိုးရှိပါတယ်။ ။

    ၁- Pantiliner ( အတွင်းခံတစ်လျှောက် ကပ်ထားနိုင်တဲ့ ကပ်ခွာ)

    ၂- Pads ( လစဉ်သုံး ပစ္စည်း ေတွလိုမျိုး အတွင်းခံထဲ ထည့်ကပ်ရတဲ့ လူကြီးသေးခံကပ်ခွာ)

    ၃ – Guards ( man) ( အမျိုးသားများအတွက် သီးသန့်ထုတ်ထားတဲ့ အတွင်းခံထဲ ထည့်ကပ်ရတဲ့ ကပ်ခွာ)

    ၄ – Belted Undergarment ( ခါးပတ်လိုမျိုး ကွင်းလေးပါပြီး အတွင်းခံထဲ ထည့်ဝတ်ရတဲ့ လူကြီးသုံးသေးခံ)

    ၅ – PULL-ON (သေးခံပါတစ်ခါတည်းပါတဲ့အပြင် အတွင်းခံဘောင်းဘီလိုမျိုး သရေပါပြီး ကျုံနိုင်ဆန့်နိုင်အားကောင်းတဲ့ Pants type ( အတွင်းခံပုံစံလူကြီးသုံးသေးခံ)

    ၆ – Tab Brief ( အတွင်းခံဘောင်းဘီကပ်ခွာပုံစံမျိုး လူကြီးသုံးသေးခံ ) ဆိုပြီး လူကြီးသုံးသေးခံ ပုံစံ ၆ မျိုးရှိပါတယ်။

    ဒါဆို ဘယ်လို အမျိုးအစားက ဘိုးဘိုးဘွားဘွားတို့နဲ့ အသင့်တော်ဆုံးဖြစ်မလဲ ။ ။

    လူကြီးသုံးသေးခံတစ်ခုဟာ စုပ်ယူအားကောင်းရမယ်၊ သက်တောင့်သက်တာရှိရမယ်၊ ဘက်တီးရီးယားတွေကြောင့်ြဖစ်တဲ့ အနံ့ဆိုးကို ကာကွယ်ပေးနိုင်ရမယ်၊ ဝတ်ရချွတ်ရတာလည်း လွယ်ကူရမယ်၊ စတဲ့ အချက်တွေကတော့ ပြည့်စုံမှရမှာပါ။ အကောင်းဆုံး လူကြီး သေးခံတစ်ခုမှာ ဒီလို အချက်တွေ ပါကိုပါနေရပါမယ်။

    ကိုယ်ဝယ်ပေးမယ့် သေးခံမှာ ပါသင့်တဲ့ အချက်တွေ အကုန်ပါနေတယ် ဆိုရင် နောက်ထပ် ခေါင်းစားကြတာက အပေါ်မှာ ပြောခဲ့တဲ့ လူကြီးသုံးသေးခံ ၆ မျိုး ထဲက ဘယ်လိုပုံစံမျိုးကို ဝယ်ပေးရမလဲဆိုတာပါ။

    အကြံပေးချင်တာကတော့ ဘောင်းဘီအတွင်းခံ ပုံစံမျိုး ဝတ်ထားလို့ရတဲ့ လူကြီးသုံးသေးခံတွေက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ pants type သေးခံလို့လည်း လူသိများကြပါတယ်။ သူက ဘာကြောင့် ကောင်းတာလဲ ။ ။

    • အတွင်းခံဘောင်းဘီပုံစံ လူကြီးသုံးသေးခံတို့ရဲ့ အဓိက အားသားချက်ကတော ဝတ်ရချွတ်ရ လွယ်ကူတာပဲ ဖြစ်ပါတယ်။
    • ဘောင်းဘီပုံစံဖြစ်နေတာကြောင့် ရင်းနှီးပြီးသားလည်း ဖြစ်နေလို့ ဝတ်ထားမှန်းမသိဘဲ နေရထိုင်ရတာလည်း သက်တောင့်သက်တာရှိစေမှာပါ။
    • နူးညံ့ပြီးခြောက်သွေ့လွယ်တဲ့အသားနဲ့ လုပ်ထားတာကြောင့် လေဝင်လေထွက်ကောင်းပြီး ကျုံ့နိုင်ဆန့်နိုင်အားလည်း ကောင်းတဲ့အတွက် ကြပ်ထုတ်နေတာမျိုးလည်း ဖြစ်မနေတော့ပါဘူး။
    • သပ်သပ်ကြီးကပ်စရာ မလိုဘဲ သေးခံပါ တစ်ခါတည်းပါပြီးဘောင်းဘီပုံစံ ဖြစ်တာကြောင့် ဘိုးဘိုးဘွားဘွားတို့ အလုပ်မရှုပ်ဘဲ သုံးရတာ အရမ်းအဆင်ပြေပါတယ်။ ။

    ကဲ ဒီလောက်သိထားပြီဆိုရင်တော့ အိမ်က ဘိုးဘိုးဘွားဘွားတို့အတွက် ဘယ်လို အမျိုးအစားသေးခံတွေ ဝယ်ပေးရမလဲဆိုတာ အထူးတလည် စဉ်းစား မနေနဲ့တော့နော် ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement