ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်ကြီးလာတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်နဲ့ စိတ်မှာ ဘယ်လိုတွေ ပြောင်းလဲလာသလဲ။ သင့်ကိုယ်သင် ကျန်းမာသန်စွမ်းအောင် ဘယ်လိုနေထိုင်မလဲဆိုတာ သိထားရင် အသက်ကြီးလာမှာကို ကြောက်စရာမလိုပါဘူး။ ဒီနည်းလမ်းတွေကိုတော့ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။ အသက်ကြီးလာပေမယ့် ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ

ဆောင်းရာသီမှာ နေထိုင်မကောင်းဖြစ်တာက လူတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် ကိုယ်ခံအား နည်းနေတဲ့ ကလေးလေးတွေ နဲ့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး နေထိုင်မကောင်းဖြစ်တာက ကိုယ်ခံအားနည်းသူတွေအဖို့မှာ တော်တော်ပြင်းပြင်းထန်ထန် ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဆောင်းရာသီမှာ ကိုယ်ခံအားနည်းနေနိုင်တဲ့ ဘိုးဘိုးဘွားဘွားတို့ ဖျားနာမှု ကင်းအောင် ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ အကြောင်း ပြောပြပေးချင်ပါတယ်။  အသက်ကြီးလာတာနဲ့ အမျှ အရေးပါလာတဲ့ ကိုယ်ခံအား အသက်ကြီးလာတာနဲ့အမျှ ဖျားနာလာပြီဆိုရင် နလန်ထူဖို့ ပိုကြာလာတာကြောင့် အရွယ်ရလာလေလေ ကိုယ်ခံအား ကောင်းဖို့ လိုအပ်လာလေလေပါ။ ကိုယ်ခံအား ကောင်းမှလည်း ကူးစက်ရောဂါတွေ ကူးစက်ခံရမှုကနေ ကာကွယ်နိုင်မှာပါ။ ဒါကြောင့် အသက်ကြီးလာလေလေ ကျန်းမာပျော်ရွှင်ဖို့ ဆိုရင် ကိုယ်ခံအားကောင်းဖို့ လိုအပ်လာလေလေပါ။ ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ ခုဆက်ပြောမယ့်အချက်တွေကတော့ […]

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကို ရှာဖွေမည်။

အဖြစ်များသော လူကြီးရောဂါများ

ဘိုးဘိုးဘွားဘွားတွေ ဗိုက်အောင့်တာက နှလုံးဖောက် တဲ့ လက္ခဏာဖြစ်နိုင်လား။

နှလုံးဖောက် တယ်လို့ ပြောလိုက်ရင် လူအများစု မြင်ကြတာက ရုပ်ရှင်ထဲကလို ရင်ဘတ်အောင့်ပြီး ပစ်လဲကျသွားတာမျိုးပါ။ လက်တွေ့မှာကျတော့ ဒီလို လက္ခဏာတွေ မပြဘဲ နှလုံးဖောက်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ အထူးသဖြင့် လူကြီးတွေမှာပေါ့။ ဘိုးဘိုးဘွားဘွားတွေ ဗိုက်အောင့်တာက နှလုံးဖောက် တဲ့ လက္ခဏာ ဖြစ်လိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ပေါ့ပေါ့ဆဆနေမိတတ်ပါတယ်။ ဘိုးဘိုးဘွားဘွားတွေ ဗိုက်အောင့်တာက နှလုံးဖောက် တဲ့ လက္ခဏာဖြစ်နိုင်လား။ ဘိုးဘိုးဘွားဘွားတွေမှာ ဗိုက်အောင့်တာနဲ့ နှလုံးဖောက် တာ ဘယ်လိုများ ဆက်စပ်နေတာလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ နှလုံးဖောက်တယ်ဆိုတာ နှလုံးသွေးကြောမှာ သွေးခဲပိတ်တာပါ။ သွေးခဲပိတ်တာကြောင့် နှလုံးကြွက်သားပုပ်ပြီး သွေးကောင်းကောင်း မညှစ်နိုင်ဘဲ ရင်ဘတ်အောင့်တာ၊ တစ်ခုခုနဲ့ ဖိထားသလို ခံစားရတာပါ။ တစ်ခါတလေမှာ ဒီလို အောင့်တာက ဝမ်းဗိုက်အစာအိမ်ရှိတဲ့နေရာကိုလည်း ပျံ့သွားတတ်ပါတယ်။ ရောဂါက နှလုံးမှာ […]


သက်ကြီးရွယ်အို အာဟာရ

ဘိုးဘိုးဘွားဘွားတွေ အစာစားချင်စိတ်ပျောက်ဆုံး နေခဲ့ရင်

အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်ကြီးရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းလာသလို စိတ်ပိုင်းဆိုင်ရာအရလည်း ထိလွယ်ရှလွယ် ပိုဖြစ်လာတတ်ပါတယ်။ ဒါကြောင့်လည်း လူကြီးတွေကို အစာစားချင်စိတ် ပျောက်ဆုံး  မနေအောင်၊ အာဟာရဓာတ်တွေ လုံလောက်ပြည့်ဝနေအောင် ဖြည့်ဆည်းနေနိုင်ဖို့ လိုအပ်တာပေါ့။ အာဟာရဓာတ်တွေ ပြည့်ဝနေဖို့ဆိုရင် လူကြီးတွေ အစားအသောက်ပျက် မနေဖို့ လိုအပ်ပါတယ်။ အကြောင်းကတော့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ လူကြီးတွေအနေနဲ့ အကြောင်းပြချက် အမျိုးမျိုးကြောင့် အစားအသောက်ပျက်တတ်ကြပါတယ်။ အစာစားချင်စိတ်ပျောက်ဆုံး ပြီး အစားအသောက်ပျက် တဲ့အခါ လိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့်ဆည်းနိုင်တော့မှာ မဟုတ်တာမို့ တခြားကျန်းမာရေးပြဿနာတွေကို ဖိတ်ခေါ်သလို ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘိုးဘိုးဘွားဘွားတွေ အစာစားချင်စိတ်ပျောက်ဆုံး နေခဲ့ရင် ဘာလုပ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ဘာကြောင့် အစားအသောက်ပျက်သလဲ လူနေမှုပုံစံနဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေက သက်ကြီးရွယ်အိုတွေ ဘိုးဘိုးဘွားဘွားတွေကို အစာစားချင်စိတ် ပျောက်ဆုံးစေတတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရဆိုရင်လည်း ခန္ဓာကိုယ်ကြီးရဲ့ ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲလာတာ၊ အရသာခံနိုင်စွမ်းကျဆင်းလာတာနဲ့ သွား၊ […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်လာတဲ့အခါ အများစု မြင်တာက ဆံပင်တွေဖြူလာတာ၊ ပါးရေနားရေတွေ တွန့်လာတာကိုပါ။ ဒါက ဇရာရဲ့ သဘောလို့ပေါ့။ တကယ်ကတော့ အသက်အရွယ်ရလာတဲ့အခါ ဒီပြောင်းလဲမှုတွေတင်ဖြစ်တာမဟုတ်ပါဘူး။ အသက်အရွယ် ကြီးရင့်မှုက သွားတွေ၊ နှလုံး၊ အသည်းကစလို့ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေမှာရော အသားအရေတွေ အပေါ်မှာပါ  သက်ရောက်မှု ရှိတာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ မျိုးပွားစနစ်ပေါ်မှာလည်း သက်ရောက်နေပါသေးတယ်။ ကိုယ်အလေးချိန်လည်း ပြောင်းလဲလာပါမယ်။ ဇရာကြောင့် ပြောင်းလဲမှု အသက် ၃၀ကျော်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေအားလုံးရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ တဖြည်းဖြည်း ကျလာပါတယ်။ အသက်အရွယ် ရလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ၊ တစ်ရှူးတွေနဲ့ အင်္ဂါ အစိတ်အပိုင်းတွေက ပြောင်းလဲလာပါတယ်။ ဒီပြောင်းလဲလာမှုတွေက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ အသက်အရွယ်ရလာတဲ့အခါ ခန္ဓာကိုယ်က အင်္ဂါအစိတ်အပိုင်းတွေလည်း ပြောင်းလဲပါတယ်။ အသက်ရလာတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာ သလား။ ဒီ မေးခွန်းကို မဖြေခင် ဒါလေးကို အရင် မေးကြည့် ပါရစေနော်။ငယ်ငယ်တုန်းကထက် ပိုပြီး ဖျားနာလာတယ်။ ရေချိုး နောက်ကျမိရုံလေး၊ အဲကွန်းဖွင့်ပြီး အမှတ်တမဲ့ အိပ်မိသွားရုံလောက်နဲ့ နေထိုင်မကောင်း ဖြစ်တော့တာပဲ ဆိုပြီး စိတ်ညစ်နေပြီလား။ ရာသီဥတု အပြောင်းအလဲလေး ဖြစ်တာနဲ့ အအေးမိသလိုလို ဖျားချင်သလိုလို ခံစားနေရပြီလား။ဒါက ဘာကြောင့်လို့ ထင်ပါသလဲ။ အဖြေက အသက်ရ လာလို့လေဆိုရင်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် အသက်ရ လာတဲ့အခါ ဖျားနာလွယ်တာက မွေးကတည်းက ထပ်ကြပ်မကွာ လိုက်စောင့်ရှောက်ပေးခဲ့တဲ့ သက်တော်စောင့် ကိုယ်ခံအားလေးကလည်း ကိုယ်နဲ့အတူ အသက်အရွယ် ရလာလို့လေ။အသက်အရွယ် ကြီးရင့်လာလေလေ ကိုယ်ခံအားလေးက အားနည်းလာလေပေါ့။မြင်သာအောင် ပြောပြရရင် အသက်အရွယ် ရလာတဲ့အခါ အသက် ၂၀ တုန်းကလောက် […]


အဖြစ်များသော လူကြီးရောဂါများ

ဖိုးဖိုးဖွားဖွားတို့နဲ့ ကာကွယ်ဆေးထိုးနှံခြင်း

ဖိုးဖိုးဖွားဖွားတို့နဲ့ ကာကွယ်ဆေးထိုးနှံခြင်း ဆိုလို့ ကာကွယ်ဆေးက ကလေးတွေပဲ ထိုးရတာလေ လူကြီးတွေ ထိုးဖို့ လိုလို့လားဆိုတော့ လိုပါတယ်။။ ဥပမာ တုပ်ကွေး ကာကွယ်ဆေး၊ အသည်းရောင် အသားဝါ ဘီ ကာကွယ်ဆေး စသဖြင့်ပေါ့။ အသက်အရွယ် ရလာလေလေ ကိုယ်ခံအားစနစ် ကလည်း ပြောင်းလာလေလေပါ။ ဒီလို ကိုယ်ခံအားစနစ် ပြောင်းလဲလာမှုက ခန္ဓာကိုယ်ထဲကို ရောဂါတွေ အလွယ်တကူ ဝင်ရောက်နိုင်သလို ကာကွယ်ဆေးတွေ ထိုးနှံပြီးတဲ့ အခါမျိုးမှာလည်း လုံလောက်တဲ့ ကာကွယ်မှုကို မရရှိတာမျိုး ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ ဆိုတာကို ဆောင်းပါးလေး ထဲမှာ ပြောပြပေးထားတာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ အသက်အရွယ်ရလာတဲ့အခါ ကာကွယ်ဆေး ထိရောက်မှုက ပြောင်းလဲလာသလား။ အသက်အရွယ် ရလာတာ နဲ့အမျှ ကိုယ်ခံအားစနစ်ထဲမှာ ပြောင်းလဲမှုတွေ ဖြစ်လာတယ်။ ရောဂါတွေ အလွယ်တကူ  ဝင်ရောက်ကူးစက်တာမျိုးနဲ့ ရောဂါတွေကို […]


သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့

အသက်အရွယ်ကြီးရင့်လာတာ နဲ့အမျှ ကိုယ်ခံအား ကလည်း နည်းလာ တတ်ပါတယ်။ ဒီလို ကိုယ်ခံအား နည်းလာတာက ရောဂါတွေ အလွယ်တကူ ဝင်ရောက်လာနိုင်သလို ကာကွယ်ဆေး တုံ့ပြန်နိုင်စွမ်း အားနည်းတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ကိုယ်ခံအား စနစ်အတွက် အရေးပါတဲ့ သွေးဖြူဥဆဲလ်တွေဟာ အသက် ၃၀ အရွယ်ရောက်လာတာနဲ့အမျှ တစ်နှစ်ကို ၁ရာခိုင်နှုန်းလောက် ကျဆင်းလာတာပါ။ ဒီလို ကျဆင်းမှုက ကိုယ်ခံအားကို နည်းစေပြီး ရောဂါတွေကို ခုခံနိုင်စွမ်း ကျစေပါတယ်။ ဒါကြောင့်လည်း ဖိုးဖိုးဖွားဖွားတွေ အသက် (၅၀) နှစ်နဲ့အထက် လူ​ကြီးတွေကို ရောဂါခုခံနိုင်စွမ်း နည်းပြီး ကူးစက်ခံရနိုင်ခြေ အများဆုံး အုပ်စုရယ်လို့ သတ်မှတ်ကြတာပါ။ အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့ ဘယ်လိုလုပ်ဆောင်သင့်လဲဆိုတာ ပြောပြချင်ပါတယ်။  အသက်ကြီးလာတာကို သိနိုင်မယ့် လက္ခဏာများ အသက်ကြီးလာတာကို သိနိုင်မယ့် လက္ခဏာတွေကတော့ ဆံပင်ဖြူလာတာ၊ […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

ချစ်ရသော အဘိုးအဘွားများနဲ့ ပျော်ရွှင်စရာအချိန်လေး ဖန်တီးနိုင်ဖို့

ကျွန်တော်တို့တွေရဲ့ အဘိုးအဘွားတွေဟာ အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူး။ အရင်တုန်းကလိုပဲ သွားနိုင်၊ လာနိုင်၊ စားနိုင်၊ သောက်နိုင်တုန်းပါပဲ။ အိုဇာတာ ကောင်းတယ်ဆိုတာ ဒါမျိုးပေါ့။ ဒီလိုဖြစ်အောင်လည်း ကျွန်တော်တို့တွေက အားပေးထောက်ပံ့ပေးထားတယ်လေ။ တစ်သက်လုံးစောင့်ရှောက်လာခဲ့တဲ့ အဘိုးအဘွားတွေကို ကျွန်တော်တို့က လက်ပြန်ကမ်းပေးဖို့ အချိန်ရောက်လာခဲ့ပါပြီ။ နေဝင်ချိန်မှာ ဆည်းဆာတွေနဲ့ လှပနိုင်ဖို့ ကျွန်တော်တို့တွေမှာ အများကြီး တာဝန်ရှိပါတယ်။ ချစ်ရသော အဘိုးအဘွားများနဲ့ ပျော်ရွှင်စရာအချိန်လေး ဖန်တီးနိုင်ဖို့ အချိန်ပေးပါ။ ဒါအရေးကြီးဆုံးပါပဲ။ ကံကောင်းတာက ဒီမှာက အသက်ကြီးတဲ့အထိ မိဘနဲ့ပဲ အတူနေကြတာ များတဲ့အတွက် နေ့တိုင်းလိုလို တွေ့ဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်သိပ်များလွန်းတဲ့အခါကျ တစ်အိမ်ထဲမှာ နေတာတောင် ဂရုမစိုက်မိတဲ့အခါတွေ ရှိတတ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နာရီပိုင်းလောက်ဖြစ်ဖြစ် အားအောင်လုပ်ပြီး အဖော်လုပ်ပေးပါ။ ထမင်းအတူစားပေးပါ။ အဝေးမှာ နေရတယ်ဆိုရင်လည်း အဆက်အသွယ် မပြတ်ပါစေနဲ့။ ဖုန်းလေးတော့ ပုံမှန်ပြောဖြစ်အောင် ကြိုးစားပါ။ […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

ဒီကနေ့ခေတ်မှာ အသက်အရွယ်မရွေး ကိုယ်အလေးချိန် မြင့်တက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်လာကြရပါတယ်။ အသက် ၅၀ ကျော်လာတဲ့ အချိန်မျိုးမှာ ခန္ဓာကိုယ်ရဲ့ အဘက်ဘက်က ယိုယွင်းလာမှုကြောင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ပိုမို ခက်ခဲလာကြပါတယ်။ ဒီအသက်အရွယ်မှာ ကိုယ်အလေးချိန်ကို ထိန်းချုပ်ရတာဟာ တစ်နှစ်ထက် တစ်နှစ် ပိုမိုခက်ခဲလာတဲ့ ကိစ္စတစ်ခုပါ။ တစ်သက်လုံး ကျန်းမာရေးနဲ့ မညီညွတ်စွာ နေထိုင်စားသောက်ခဲ့မိမယ်ဆိုရင် အသက် ၅၀ ကျော်လာချိန်တွေမှာ အဝလွန်နေနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်တွေကြောင့်နဲ့တော့ သင်ဟာ ကိုယ်အလေးချိန်ချလို့မရဘူး၊ အဆီပိုတွေကို မဖယ်ရှားနိုင်ဘူးလို့ မယူဆလိုက်ပါနဲ့။ အသက် ၅၀ တန်း လူကြီးတွေအနေနဲ့လည်း ရိုးရှင်းတဲ့နည်းလမ်းတွေကိုအသုံးပြုပြီး အလေးချိန်ကို ထိန်းညှိလို့ရပါတယ်။ ဒီတစ်ခေါက်တော့ အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို […]


သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးလာရင် ရေများများ သောက်ပေးပါ

အသက်ကြီးတဲ့ လူကြီးမိဘတွေရဲ့ ကျန်းမာရေးကို အလေးထားတယ် ဆိုရင် နေ့စဉ်နေ့တိုင်း ရေများများ သောက်သုံးခိုင်းသင့် ပါတယ်တဲ့။ ဘာလို့လဲ ဆိုရင် အသက်အရွယ် ကြီးရင့်လာချိန်မှာ လူခန္ဓာကိုယ်က ရေဓာတ် ပိုမို လိုအပ်လာတာမို့ ရေများများ သောက်သုံးပေးသင့်တာပါတဲ့။ အသက်ကြီးလာရင် ရေများများ သောက်ပေးပါ  ဆိုတော့ ဘယ်လိုကျေးဇူးတွေ ရမှာမို့လို့လဲ။ အသက်ကြီးလာရင် ရေများများ သောက်ပေးပါ လေ့လာချက်တွေ အရဆိုရင် လူ့ခန္ဓာကိုယ်ကြီးဟာ အိုမင်းရင့်ရော် လာတာနဲ့အမျှ ကိုယ်ခန္ဓာ အပူချိန် ပိုမိုပြီး ပြောင်းလဲလာမှာပါ။ ဒါကြောင့် ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်တွင်း အပူချိန်ကို ထိန်းညှိနိုင်ဖို့ ရေဓာတ်ကို မပြတ် ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ရေဓာတ် ဆုံးရှုံးမှု များတာ၊ ရေဓာတ် မပြည့်ဝတာတွေဟာ လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အသက်အရွယ် ကြီးရင့်သူတွေကို ပိုမို […]


တက်ကြွလှုပ်ရှားစွာနေထိုင်ခြင်း

ဘိုးဘိုးဘွားဘွားတို့အတွက် စကင်းကဲလ်

အသက်အရွယ်ရလာတာနဲ့အမျှ အသားအရေကလည်း အိုမင်းလာပါတယ်။ ကော်လာဂျင် ထုတ်လုပ်နိုင်စွမ်း ကျလာသလို အရေပြား တင်းရင်းမှုလည်း လျော့နည်းလာပါတယ်။ အရေပြားက ပိုပါးလာပြီး ထိခိုက်နိုင်ခြေကလည်း များလာပါတယ်။ ဘိုးဘိုးဘွားဘွားတို့အတွက် စကင်းကဲလ် လိုအပ်လာပါတယ်။ ဘိုးဘိုးဘွားဘွားတွေမှာ အရေပြား ခြောက်တာ၊ ထိခိုက်မိတာကတဆင့် ပိုးဝင်ကူးစက်ပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဒီတော့ ချစ်ရတဲ့ ဘိုးဘိုးဘွားဘွားတို့ကို အရေပြား ပြဿနာ ကင်းစေဖို့ ဘယ်အချက်လေးတွေကို သတိထားရမလဲ ဆိုတာကိုရော သိပြီးပြီးလား...... မသိသေးဘူးဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လို့ ဘိုးဘိုးဘွားဘွားတို့ကို သေချာ ဂရုစိုက်လိုက်ပါ။ ဘိုးဘိုးဘွားဘွားတို့အတွက် စကင်းကဲလ် စကင်းကဲလ်တာက အသက်အရွယ်တိုင်းနဲ့ သက်ဆိုင်ပါတယ်။ အသက်အရွယ်ရလာတဲ့အခါ လှချင်သည်ဖြစ်စေ၊ မလှချင်သည်ဖြစ်စေ ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်ထားဖို့တော့ လိုပါမယ်။ ဒါမှ ကျန်းမာမှာပါ။ ဒီတော့ အရွယ်ရတဲ့အထိ အသားအရေ ကျန်းမာနေစေဖို့ဆိုရင် […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်