backup og meta

သက်ကြီးရွယ်အိုတွေကိုတက်တက်ကြွကြွဖြစ်စေအောင်အထောက်အကူပြုပေးမယ့် အာဟာရများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 18/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သက်ကြီးရွယ်အိုတွေကိုတက်တက်ကြွကြွဖြစ်စေအောင်အထောက်အကူပြုပေးမယ့် အာဟာရများ

    သက်ကြီးရွယ်အိုတွေကိုတက်တက်ကြွကြွဖြစ်စေအောင်အထောက်အကူပြုပေးမယ့် အာဟာရများ က ဘာတွေဖြစ်မလဲ။ အသက်ကြီးလာတာနဲ့အမျှ လုံလောက်တဲ့ အာဟာရ ရရှိမှုက စိန်ခေါ်မှု တစ်ရပ် ဖြစ်လို့ လာပါတယ်။ အသက်အရွယ်ရလာမှုနဲ့အတူ စားနိုင်စွမ်းနည်းလာတာကြောင့် ခန္ဓာကိုယ်ရဲ့ ကယ်လိုရီရရှိမှုပမာဏက စတင်ကျဆင်းလာပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်က အရေးပါတဲ့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်စွမ်းလည်း လျော့ကျသွားပါတယ်။ ဒီလိုနဲ့ အားအင်ချိနဲ့ပြီး တက်တက်ကြွကြွ မရှိတော့ပါဘူး။ ဒါကြောင့် သက်ကြီးရွယ်အိုတွေကိုတက်တက်ကြွကြွဖြစ်စေအောင်အထောက်အကူပြုပေးမယ့် အာဟာရများ ကို ဖြည့်စွက်ကျွေးသင့်ပါတယ်။

    သက်ကြီးရွယ်အိုတွေကိုတက်တက်ကြွကြွဖြစ်စေအောင်အထောက်အကူပြုပေးမယ့် အာဟာရများ

    သက်ကြီးရွယ်အိုတွေကိုတက်တက်ကြွကြွဖြစ်စေအောင်အထောက်အကူပြုပေးမယ့် အာဟာရများ ကတော့

    • ဗီတာမင် B 12

    B 12 က သွေးနီဥဆဲလ်တွေနဲ့ ဒီအန်အေတွေ ဖြစ်တည်မှုအတွက် အရေးပါသလို ကျန်းမာတဲ့ အာရုံကြော လုပ်ဆောင်မှုတွေကို ထိန်းသိမ်းရာမှာလည်း အရေးပါပါတယ်။ အသက်အရွယ် ကြီးရင့်လာတဲ့သူတွေအတွက် ဗီတာမင် ဘီတွဲ အလုံအလောက် ရရှိနိုင်ဖို့ အစားအသောက်တွေ၊ ဖြည့်စွက်အာဟာရတွေကနေ  ရယူနိုင်ပါတယ်။

    • Folate (ဖောလစ်အက်ဆစ်)

    ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် ဘီ တစ်မျိုးဖြစ်တဲ့ ဖောလစ်အက်ဆစ် ရရှိမှု နည်းပါးတဲ့အခါ သွေးအားနည်းရောဂါ ခံစားရနိုင်ပါတယ်။ လူကြီးတွေမှာ သွေးအားနည်းရောဂါခံစားရရင်  ဒါကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

    • ကယ်လ်ဆီယမ်

    ကယ်လ်ဆီယမ်က ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနဲ့ အရိုးတွေ ကြံ့ခိုင်မှုကို ထိန်းသိမ်းဖို့အတွက် အရေးပါလှ ပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ နေ့စဉ် စားသုံးတဲ့ အစားအသောက်ထဲမှာ ကယ်လ်ဆီယမ်ဓာတ် ပါဝင်အောင်စားသုံးမှု နည်းပါးလာပါတယ်။ ကယ်ဆီယမ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တစ်မျိုး ဖြစ်ပြီး ကယ်ဆီယမ်ဓာတ်ကို အလုံအလောက် မရရှိဘူးဆိုရင် အရိုးတွေ ကြံ့ခိုင်မှုကျဆင်းလာမှာဖြစ်ပါတယ်။

    • ဗီတာမင် ဒီ

    ဗီတာမင် ဒီက ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်အောင် အထောက်အပံ့ပေးပါတယ်။ ဒီနည်းနဲ့ အရိုး သိပ်သည်းမှုကို ထိန်းသိမ်းပေးသလို အရိုးအဆစ်ရောင်ရမ်းနာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဗီတာမင် ဒီက ကင်ဆာ၊ အမျိုးအစား-၂ ဆီးချိုရောဂါ၊ လေးဖက်နာရောဂါ၊ multiple sclerosis ဝေဒနာနဲ့ ခုခံအားကမောက်ကမ ဖြစ်တဲ့ရောဂါတွေ အပါအဝင် နာတာရှည်ဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

  • ပိုတက်ဆီယမ်
  • နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ပိုတက်ဆီယမ် လုံလောက်စွာရရှိမယ်ဆိုရင် အရိုးတွေ ကြံ့ခိုင်သန်စွမ်းအောင် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ ပိုတက်ဆီယမ်က ဆဲလ်တွေရဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့သတ္တုဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါ့ပြင် သွေးတိုးတာနဲ့ကျောက်ကပ်မှာ ကျောက်တည်တာတွေ လျော့ကျအောင်လည်း အထောက်အကူပြုပါတယ်။

    • မဂ္ဂနီဆီယမ်

    မဂ္ဂနီဆီယမ်က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ငန်းစဉ် ၃၀၀ မှာ အရေးပါတဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်နေပါတယ်။ မဂ္ဂနီဆီယမ် အလုံအလောက်ရရှိမယ်ဆိုပါက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး နှလုံးကို ကျန်းမာစေသလို အရိုးတွေကိုလည်း ကြံ့ခိုင်စေပါတယ်။

    • အမျှင်ဓာတ်

    အမျှင်ဓာတ်က အစာခြေလမ်းကြောင်းတစ်လျှောက်က အစာတွေကို ဖယ်ရှားပေးခြင်းဖြင့် အစာခြေဖျက်ခြင်းကို တိုးတက်အောင် အထောက်အပံ့ပေးပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေက နှလုံးကိုကာကွယ်ပေးနိုင်သလို အခြားကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်းရရှိစေပါတယ်။

    • အိုမီဂါသရီး ဖက်တီးအက်ဆစ်

    အိုမီဂါ သရီးဖက်တီးအက်ဆစ်က အသက်အရွယ်ကြီးရင့်လာတာကြောင့် မြင်နိုင်စွမ်းလျော့ကျလာတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ age-related macular degeneration (AMD) ဖြစ်ပေါ်မှု ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ လေးဖက်နာဖြစ်နိုင်တဲ့အလားအလာတွေကိုလည်း လျှော့ချပေးတဲ့အပြင် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကိုလည်း ကျဆင်းစေပြီး အသက်ကြီးရင့်လာတဲ့အခါ မှတ်ဉာဏ်ကောင်းမွန်အောင် အထောက်အကူပြုပါတယ်။

    • ရေဓာတ်

    ရေက  ဗီတာမင်မဟုတ်သလို သတ္တုဓာတ်လည်းမဟုတ်ဘူး ဆိုပေမယ့် ကျန်းမာရေးကောင်းမွန်ဖို့ ခန္ဓာကိုယ်အတွက် မရှိဖြစ်လိုအပ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ရေဆာမှုနှုန်းက ကျဆင်းလာပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ အမျှင်ဓာတ်တွေ ပါဝင်မှု များလေလေ ရေကပိုပြီးအရေးပါလာလေလေပဲဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 18/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement