backup og meta

လူကြီးမိဘတွေ ကျန်းမာဖို့ အားဆေး၊ ဖြည့်စွက်စာတွေနဲ့ ကန်တော့ကြစို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 20/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူကြီးမိဘတွေ ကျန်းမာဖို့ အားဆေး၊ ဖြည့်စွက်စာတွေနဲ့ ကန်တော့ကြစို့

    ဘာလိုလိုနဲ့ သီတင်းကျွတ်ရောက်ဖို့တောင် သိပ်မလိုတော့ဘူးနော်။ အရင်နှစ်တွေတုန်းကလို မုန့်တွေ၊ သစ်သီးတွေနဲ့ လူကြီးကို ကန်တော့တာထက် ဒီနှစ်မှာ သူတို့တွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီး အားဆေးတွေ ဝယ်ကန်တော့လိုက်ရင် ပိုမကောင်းဘူးလား။ အထူးသဖြင့် လူကြီးမိဘတွေဆိုတာ အသက်ကြီးသထက် ကြီးလာပြီဆိုတော့ မဖြစ်သင့်တဲ့ ရောဂါတွေ ကာကွယ်ပေးဖို့၊ ကျန်းမာအသက်ရှည်ဖို့ ဖြည့်စွက်စာတွေပါ လိုအပ်လာပြီနော်။ ဒါကြောင့် လူကြီးမိဘတွေ ကျန်းမာဖို့ အားဆေး၊ ဖြည့်စွက်စာတွေနဲ့ ကန်တော့ကြစို့ လေ။

    လူကြီးမိဘတွေ ကျန်းမာဖို့ အားဆေး၊ ဖြည့်စွက်စာတွေနဲ့ ကန်တော့ကြစို့

    လူကြီးမိဘတွေ ကျန်းမာဖို့ အားဆေး၊ ဖြည့်စွက်စာတွေနဲ့ ဘာကြောင့် ဖြည့်ဆည်းရတာလဲ။

    ဘာလို့ အားဆေးသောက်ဖို့ လိုအပ်တာလဲ။

    အားရှိအောင်၊ ကျန်းမာအောင် ဆိုတာထက် ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ အစားအစာကနေ အာဟာရဓာတ်တွေ အလုံအလောက်မရနိုင်တာကြောင့်ပါ။ လူကြီးမိဘတွေဆိုတာ အသက်ကြီးလာလေ သွားကမကောင်းတော့တာ၊ အရင်ကလောက် အစာမစားနိုင်တော့တာ၊ အသားတွေဆိုရင်လည်း ဝါးရလွန်းတော့ မစားချင်တော့တာ၊ အရည်တွေပဲ အသောက်များလာတာတွေ တွေ့ဖူးမှာပါ။

    ဗိုက်တော့ဝသွားပေမယ့် ကိုယ်ခန္ဓာက အာဟာရဓာတ်တွေ လစ်ဟာသွားတဲ့အခါ ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။ ဒါ့အပြင် ခုခေတ်မှာက သဘာဝမြေသြဇာတွေထက် ဓာတ်မြေသြဇာတွေနဲ့ စိုက်ပျိုးတာတွေ များလာတော့ အစားအစာတွေမှာ အာဟာရဓာတ်တွေ ပိုပြီးနည်းသွားတယ်လေ။ အဲ့လို အစားအစာကနေ အလုံအလောက် အာဟာရဓာတ်မရနိုင်တဲ့အခါ အားဆေးတွေ၊ ဖြည့်စွက်စာတွေ စားပေးဖို့ လိုပါတယ်။

    ဘယ်လို အားဆေးကို ရွေးဝယ်မလဲ။

    အကောင်းဆုံးက ဈေးကွက်ထဲမှာ ရောင်းနေတဲ့အားဆေးတွေကို အလွယ်တကူမေးဝယ်တာထက် ကိုယ့်မိဘတွေကို အရင်ဆုံး ဆေးစစ်ကြည့်ပြီး ဘာရောဂါတွေရှိလဲ၊ ကျန်းမာရေးကောင်းလား၊ အာဟာရဓာတ်တွေ ဘယ်လောက်လိုအပ်နေလဲ အစရှိတာပေါ်မူတည်ပြီး ဗီတာမင်အားဆေး ဒါမှမဟုတ် အာရုံကြောအားဆေးသောက်ရမလား၊ ရောဂါထိန်းပေးတဲ့ ဆေးသောက်ရမလား၊ အမိုင်နိုအက်ဆစ်၊ ပရိုတင်း၊ ကယ်လ်စီယမ်လို သတ္တုဓာတ် အဓိကပါဝင်တဲ့ အားဆေးတွေ သောက်ရမလားဆိုတာ ဆရာဝန်ကိုယ်တိုင်ညွှန်းပေးပါလိမ့်မယ်။

    ဗီတာမင်အားဆေးသောက်လို့ ဘာအကျိုးကျေးဇူးတွေ ရနိုင်လဲ။

    သောက်တဲ့ အားဆေးပေါ်မူတည်ပြီး ရနိုင်တဲ့ အကျိုးကျေးဇူးတွေက ကွာသွားနိုင်ပါတယ်။ ဗီတာမင်အားဆေး အများစုကတော့

    • အစားအစာကနေ မလုံလောက်နိုင်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ပေးတယ်။
    • အစာခြေစနစ်၊ အာဟာရစုပ်ယူနိုင်စွမ်းနည်းတဲ့ လူကြီးတွေအတွက် သင့်လျော်တယ်။
    • ဗီတာမင်တွေ ချို့တဲ့ခြင်း မဖြစ်စေဖို့ ကာကွယ်ပေးတယ်။
    • ဆဲလ်တွေ၊ တစ်သျှူးတွေကို တည်ဆောက်ပေးပြီး ကိုယ်တွင်းအင်္ဂါတွေကို ကောင်းစွာအလုပ်လုပ်စေတယ်။
    • တချို့ရောဂါတွေကို ခုခံကာကွယ်ပေးနိုင်ပါတယ်။
    • ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး အဖျားတာတိုစေပါတယ်။
    • ဦးနှောက်အာရုံကြောစနစ်ကို ကောင်းစွာ အလုပ်လုပ်စေတယ်။
    • အမြင်အာရုံကိုလည်း ကောင်းစေတယ်။
    • ဇီဝကမ္မဖြစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲစေတယ်။
    • အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပြီး နုပျိုကျန်းမာစေပါတယ်။
    • အားမရှိတာ၊ ပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်စေဘဲ တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေတယ်။
    • အကြောင်းအမျိုးမျိုးကြောင့် အစားရှောင်ရတဲ့ လူကြီးတွေအတွက်ဆိုရင်တော့ အသင့်တော်ဆုံးပါပဲ။

    အားဆေးတွေ မဝယ်ခင်မှာ ဘာတွေ သတိထားသင့်လဲ။

    လူတစ်ယောက်မှာ ဘယ်အာဟာရဓါတ်တွေ လိုအပ်နေလဲဆိုတာ မသိဘဲနဲ့ ဆေးတွေဝယ်တိုက်တာမျိုးတော့ လုံးဝမလုပ်သင့်ပါဘူး။ တချို့အာဟာရဓာတ်တွေက လုံလောက်တဲ့ ပမာဏမှာ လူကိုကျန်းမာစေပေမယ့် ပမာဏများသွားတဲ့အခါ အဆိပ်အတောက်ဖြစ်စေတာမို့ပါ။ ဒါကြောင့် ဘယ်အားဆေးမဆို မဝယ်ခင်မှာ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ပါ။ ဆေးသောက်ရမယ့်အချိန်ကိုလည်း ဆရာဝန်နဲ့ သေချာညှိနှိုင်းကြည့်ပါ။

    အသက်ကြီးလာလေ အစားရှောင်လေ၊ အာဟာရနည်းလေ ဖြစ်တတ်တဲ့ လူကြီးတွေအတွက်တော့ အားဆေးတွေ၊ ဖြည့်စွက်စာတွေဆိုတာ မဖြစ်မနေလိုအပ်လာပါပြီ။ ဒါကြောင့် ကိုယ်ချစ်တဲ့ လူကြီးမိဘတွေကို ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့ နေနိုင်အောင်လို့ ဒီဆေးဝါးဒါနနဲ့ ကန်တော့ပြီး ကုသိုလ်ယူကြဖို့ အကြံပေးလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 20/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement