backup og meta

လူကြီးတွေအတွက် အသင့်တော်ဆုံး အားဆေးရွေးချယ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူကြီးတွေအတွက် အသင့်တော်ဆုံး အားဆေးရွေးချယ်ခြင်း

    အားဆေးလို့ပြောလိုက်တာနဲ့ ဗီတာမင်နဲ့သတ္ထုဓါတ်တွေကိုပဲ စဉ်းစားမိကြလေ့ရှိပါတယ်။ ဒါပေမယ့် ယနေ့ခေတ် ဆေးဝါးလောကမှာတော့ ဗီတာမင်၊ သတ္ထုဓါတ်၊အမျှင်ဓါတ်၊ အမိုင်နိုအက်စစ်၊ သဘာဝဆေးပင်၊ဟော်မုန်းတွေပါ ဝင်တဲ့ ဓါတ်စာအားဆေးအမျိုးမျိုးကို ဖော်စပ်ထုတ်လုပ်နေကြပါပြီ။ အားဆေးတွေကို သောက်ဆေး၊ ဆေးတောင့်၊ အမှုန့်၊ဂျယ်လ်ဆေးပြား၊အဆီ သို့မဟုတ် ဆေးရည်အသွင်တို့နဲ့ရရှိနိုင်သလို တခါတရံ အသင့်သောက်သုံးနိုင်တဲ့ အားဖြည့်အာဟာရဘူး သို့မဟုတ် အချောင်းပုံစံနဲ့လည်းရရှိနိုင်ပါတယ်။

    ဘယ်သူတွေမှာ အားဆေးသောက်ဖို့လိုအပ်သလဲ

    အားဆေးကြော်ငြာတွေကတော့ ပိုကျန်းမာစေမယ်၊ နေမကောင်းမဖြစ်အောင်ကာကွယ်ပေးမယ်၊ အသက်တောင်ပိုရှည်စေမယ်လို့ ကတိတွေပေးနေပါတယ်။ အမှန်တကယ်တော့ တန်ဆေးလွန်ဘေးဆိုသလို တချို့အားဆေးတွေက လူကိုထိခိုက်စေနိုင်ပါတယ်။ တချို့ကျတော့ ကျန်းမာရေးအကျိုးကျေးဇူးမပေးနိုင်တာ ကြောင့် ငွေဖြုန်းတီးသလိုဖြစ်နေတတ်ပါတယ်။

    ဒါ့ကြောင့် ကိုယ့်မိဘက အားဆေးသောက်ဖို့လိုအပ်နေသလားဆိုတာ သိရဖို့ ဆရာဝန်နဲ့ပြသဆွေးနွေးပါ။ မိတ်ဆွေ၊ အပေါင်းအသင်း၊ အိမ်နီးချင်း၊ ဒါမှမဟုတ် စီးပွားရေးသမား တစ်ယောက်ရဲ့အကြံပြုချက်စကားနဲ့ပဲ ကိုယ့်ရဲ့ လူကြီးမိဘတွေကို အားဆေးမတိုက်သင့်ပါဘူး။

    ကိုယ့်မိဘကအားဆေးသောက်ဖို့လိုနေပြီလား၊ သောက်ရင်ဘေးကင်းပါ့မလား၊ ဘယ်လောက်သောက်ဖို့ လိုအပ်သလဲ

    ဗီတာမင်နဲ့သတ္ထုဓါတ်တွေကတော့ အစားအစာတွေထဲမှာသဘာဝအတိုင်းပါရှိတဲ့ အာဟာရတွေပါ။ ဒါ့ကြောင့် ဆေးတွေဆီကရရှိတာထက် အစားအစာတွေကတဆင့် အာဟာရဓါတ်ရရှိတာအကောင်းဆုံးပါပဲ။

    အားဆေးကိုသောက်မယ်ဆိုရင် ဘူးမှာပါတဲ့ဖော်ပြချက်တွေကိုသေချာကြည့်ပါ။ တစ်ဖုံစာ၊တစ်ခွက်စာမှာ ပါရှိမယ့် ဗီတာမင်နဲ့သတ္ထုဓါတ်ပမာဏကို နေ့စဉ်စားသုံးတဲ့အာဟာရနဲ့နှိုင်းယှဉ်ပါ။ အားဆေးနည်းနည်းသောက်တာတောင် ကောင်းတယ်ဆိုတော့ များများသောက်ရင်ပိုကောင်းမယ်လို့တချို့ကထင်ကြပါတယ်။ ဒါပေမယ့် အားဆေးကို ပိုသောက်ဖို့မလိုအပ်ပါဘူး။

    လူကြီးမိဘတွေကို အားဆေးတိုက်ကျွေးဖို့ စဉ်းစားနေပြီဆိုရင် အောက်ပါအချက်တွေကို ထည့်စဉ်းစားသင့်ပါတယ်-

    • အိမ်နီးချင်းရဲ့မိဘတွေအတွက်အဆင်ပြေတဲ့ဆေးက သင့်မိဘအတွက် ထပ်တူကိုက်ညီမှာ မဟုတ်တာကြောင့် ကိုယ့်မိဘအတွက်တော့ သူများကိုမေးတာထက် ဆရာဝန်နဲ့ဆွေးနွေးပါ။
    • ဆရာဝန်အကြံပြုဆုံးဖြတ်ပေးတဲ့ဆေးကိုပဲသုံးပါ။ မလိုအပ်တဲ့တခြားအားဆေးတွေပါ ဝယ်ပြီး ရောမသောက်စေပါနဲ့။
    • ကိုယ့်မိဘက သောက်ဖို့စဉ်းစားနေတဲ့အားဆေးအကြောင်းကို တတ်နိုင်သမျှ သိအောင်လုပ်ပြီး ဘယ်ကထုတ်တာလဲဆိုတဲ့ အရင်းအမြစ်ကို သိအောင်လေ့လာပါ။
    • သင်၊ ဆရာဝန်တွေ၊ ပညာရှင်တွေကြားမှာ လူသိများပြီး နာမည်ကောင်းရှိတဲ့ ဆေးကုမ္ပဏီအမှတ်တံဆိပ် တွေဆီကပဲ ဝယ်ပါ။
    • အားဆေးတွေအတွက် အာမခံချက်အများစုဟာ သိပ္ပံနည်းကျသက်သေအလုံအလောက်မပြနိုင်ကြဘူး ဆိုတာ မမေ့ပါနဲ့။ ထုတ်ကုန်မှာပါဝင်တဲ့ပစ္စည်းတွေရဲ့ ထိရောက်မှုအာနိသင်နဲ့ ဘေးဥပါဒ်ကင်းရှင်းမှုအကြောင်း သိလိုတာရှိရင် ဆရာဝန်ကိုပြသမေးမြန်းပါ။

    လူကြီးတွေအတွက် အသင့်တော်ဆုံးဗီတာမင်နဲ့သတ္ထုဓါတ်အားဆေး ၅ မျိုး

    ဗီတာမင် B12 – B12 ကို တစ်နေ့ 2.4 mcg (micrograms)သောက်သုံးနိုင်ပါတယ်။ ဗီတာမင် B12က အနီရောင်ရှိတဲ့အသားနဲ့ ဂုံးကောင်တို့မှာ ပါဝင်မှုများပြီး ငါး၊ကြက်ဥ၊ကြက်၊ဘဲ၊နို့တို့မှာ အတော်လေးပါဝင်ပေမယ့် သက်ကြီးပိုင်းအရွယ် ၃ပုံ ၁ပုံလောက်က အစားအစာထဲကနေ B12 ကိုစုပ်ယူနိုင်စွမ်းမရှိကြတော့ပါဘူး။ B12 ကသွေးနဲ့ အာရုံကြောကို အားကောင်းစေပြီး ဗဟိုအာရုံကြောစနစ်ပြုပြင်ထိန်းသိမ်းမှု၊ သွေးနီဥဆဲလ်ထုတ်လုပ်မှု၊ ဇီဝဖြစ်စဉ်မှန်ကန်စေမှုတို့လို လုပ်ဆောင်ချက်အမျိုးမျိုးအတွက် အားဖြည့်ပေးနိုင်တာကြောင့် လူကြီးတွေ သောက်သုံးသင့်ပါတယ်။ B12 ဓါတ်ချို့တဲ့သူတွေမှာဆို ဝမ်းချုပ်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ သွေးအားနည်းခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ခံစားရနိုင်ပါတယ်။

    B12အားဆေးသောက်တဲ့အခါမှာ ပိုသောက်မိရင် စိတ်ပူစရာသိပ်မရှိပေမယ့် Metformin ( အသုံးများတဲ့ဆီးချို ထိန်းဆေး)၊ proton pump inhibitors၊ histamines နဲ့ တခြားပဋိဇီဝဆေးတချို့နဲ့ ဓါတ်ပြုတုံ့ပြန်မှု ဆိုးရွားတတ်ပါတယ်။

    ကယ်လ်စီယမ် –1200 mg (milligrams)သောက်နိုင်ပေမယ့် တစ်နေ့ကို 2500 mg ထက်တော့မကျော်သင့်ပါဘူး။ လူတွေကအသက်ကြီးလာတာနဲ့အမျှ အရိုးသန်မာနိုင်ဖို့ ကယ်လ်စီယမ်နဲ့ ဗီတာမင် D ကို ပိုလိုအပ်လာပါတယ်။ ဒါပေမယ့် သောက်သုံးမယ့်သူမှာ တချို့သောရောဂါအခံတွေရှိနေရင် ကယ်လ်စီယမ်သောက်လို့ ဘေးမကင်းနိုင်မှာ ကိုစိုးရိမ်ရပါတယ်။ ဒါ့ကြောင့် ကယ်လ်စီယမ်သောက်မယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သင့်ပါတယ်။ ကယ်လ်စီယမ်များလွန်းရင် calcium toxicity လို့ခေါ်တဲ့ အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်လာစေနိုင်ပါတယ်။

    ဗီတာမင် D— ဗီတာမင် D ကအရိုးနဲ့သွားအတွက်ကယ်လ်စီယမ်စုပ်ယူမှုကိုအားကောင်းစေပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့အပြင် စိတ်ကျဝေဒနာကို သက်သာစေပါတယ်။ vitamin D ချို့တဲ့ရင် အရိုးပွရောဂါ၊ multiple sclerosis နဲ့ အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ နေရောင်ခြည်ကတဆင့် ရရှိနိုင်သလို ဆီစီရယ်၊လိမ္မော်ရည်၊ နွားနို့၊ဒိန်ချဉ်၊တို့ကနေ vitamin Dကောင်းကောင်းရရှိနိုင်ပေမယ့် လူကြီးတွေမှာတော့ အားဆေးသောက်သုံးမှ အလုံအလောက်ရရှိနိင်မှာပါ။ ဒါပေမယ့် vitamin D သောက်သုံးမှု များလွန်းရင် ဆီးလမ်းကြောင်းပိုးဝင်တာ၊ အစာမစားချင်တာ၊ ဆီးကျောက်တည်တာတွေ ဖြစ်နိုင်ခြေများပါတယ်။

    သံဓါတ်အားဆေး – အမျိုးသားတွေနဲ့ သွေးဆုံးပြီးအမျိုးသမီးတွေဟာ တစ်နေ့ကို သံဓါတ် 8 mg လိုအပ်ပါတယ်။ ဟော်မုန်းအစားထိုးကုသမှုခံယူနေရတဲ့ သွေးဆုံးပြီးအမျိုးသမီးတွေမှာ ပိုပြီးလိုအပ်ကြပါတယ်။ သံဓါတ်က သွေးနီဥဆဲလ်တွေကို ကျန်းမာစေတာကြောင့် မရှိမဖြစ်လိုအပ်တဲ့အားဆေးထဲမှာပါဝင်ပါတယ်။

    ဗီတာမင် B6 – အမျိုးသားတွေမှာ 1.7 mg၊ အမျိုးသမီးတွေမှာ 1.5 mg နေ့စဉ်လိုအပ်ပါတယ်။ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်မှုနဲ့ အလုံးစုံကျန်းမာရေးအတွက် ဒီဗီတာမင်ကိုလိုအပ်ပါတယ်။ ဒါပေမယ့် B6 သောက်သုံးမှုများသွားရင် အဆိပ်အတောက်ဖြစ်ပြီး အာရုံကြောထိခိုက်မှု၊ ထုံခြင်း၊ ကျဉ်ခြင်းတို့မှာ ဆိုးဆိုးရွားရွားဖြစ်လာစေနိုင်ပါတယ်။ ပမာဏများများ သောက်သုံးမှုတာရှည်လွန်းရင်လည်း အရမ်းကိုအန္တရာယ်များပြီး ဦးနှောက်နဲ့အာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပါတယ်။

    Omega-3 fatty acids – Omega-3 fatty acids တွေဟာ ရောင်ရမ်းမှုကိုလျော့ကျစေပြီး dementia ရောဂါ၊ အဆစ်ရောင်ရောဂါ၊ကင်ဆာ၊ နှလုံးရောဂါ၊စိတ်ကျရောဂါတို့ကို ကုသရာမှာအထောက်အကူပေးတဲ့ အကျိုးပြုအဆီဓါတ်ဖြစ်ပါတယ်။ ငါးသေတ္တာငါး၊ ဆော်လမွန်ငါး၊ ပဲပိစပ်၊ သစ်ကြားသီး၊ပန်းဂေါ်ဖီစိမ်းတို့မှာ ပါဝင်မှုများပါတယ်။ ဒါပေမယ့် ဆီးချိုရောဂါရှိသူတွေ၊ သွေးကျဲဆေး သို့မဟုတ် သွေးကျဆေးသောက်နေရသူ တွေမှာတော့ Omega-3 အားဆေးကိုသောက်တဲ့အခါ သတိထားသင့်ပါတယ်။

    Omega-3 က သွေးယိုစိမ့်မှုဖြစ်နိုင်တဲ့အန္တရာယ်ရှိနိုင်ပြီး သွေးဖိအားကို အန္တရာယ်အဆင့်ထိကျဆင်းစေ နိုင်တဲ့အပြင် ဆီးချိုသမားတွေမှာလည်း သွေးတွင်းသကြားဓါတ်ကိုအမြင့်ဆုံးရောက်စေတတ်တာဖြစ်ပါတယ်။

    ဒါ့ကြောင့် ကိုယ်ချစ်ခင်ရတဲ့ လူကြီးမိဘတွေရဲ့ကျန်းမာရေးအတွက် စဉ်းစားတယ်ဆိုရင် အားဆေးလွယ်လွယ် မတိုက်ကျွေးဘဲ ဆရာဝန်နဲ့ပြသ စစ်ဆေးပြီး ညွှန်ကြားချက်အတိုင်း သောက်သုံးမှသာ ဘေးအန္တရာယ်ကင်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးကိုရရှိနိုင်မှာဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement