backup og meta

လူကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ ဆီးပြဿနာကို ဘယ်လိုကူညီဖြေရှင်းကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Mhan Linn မှ ရေးသားသည်။ · 26/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ ဆီးပြဿနာကို ဘယ်လိုကူညီဖြေရှင်းကြမလဲ

    သင့်အိမ်မှာ သက်ကြီးရွယ်အို အဘိုးအဘွား လူကြီးမိဘတွေ ရှိမယ်ဆိုရင် သူတို့မှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာအချို့အကြောင်း တီးမိခေါက်မိပြီး ဖြစ်ပါလိမ့်မယ်။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က ကြွက်သားတွေ အားနည်းလျော့ရဲလာတဲ့အလျောက် ကြွက်သားများနဲ့ ပြုလုပ်တည်ဆောက်ထားတဲ့ ဆီးအိမ်နံရံဟာလည်း အလုပ်လုပ်နိုင်စွမ်း ကျဆင်းလာပြီး ဆီးသွားခြင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာရပါတယ်။ ဒီဆောင်းပါးမှာတော့ လူကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ ဆီးပြဿနာကို ဘယ်လိုကူညီဖြေရှင်းကြမလဲ ဆိုတာကို လေ့လာကြည့်ရအောင်။

    လူကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ ဆီးပြဿနာကို ဘယ်လိုကူညီဖြေရှင်းကြမလဲ

    • ဆရာဝန်နဲ့ သွားရောက်ပြသပေးပါ

    ပထမဦးဆုံး လုပ်သင့်တာကတော့ ဆီးပြဿနာရှိတဲ့ သင့်အဘိုးအဘွား လူကြီးမိဘတွေကို ဆရာဝန်နဲ့ သွားရောက်ပြသခြင်းပါပဲ။ သင့်အနေနဲ့ လူကြီးမှာဖြစ်နေတဲ့ လက္ခဏာတွေကို သိနိုင်ပေမယ့် ဘာကြောင့် ဒီလက္ခဏာတွေ ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကိုလည်း တိတိကျကျသိဖို့ လိုပါလိမ့်မယ်။

    လူကြီးပိုင်းတွေမှာ ဆီးလမ်းကြောင်းပိုးဝင်တတ်သလို ဆီးပြွန်ပတ်ပတ်လည်က ကြွက်သားတွေကို မထိန်းချုပ်နိုင်ဘဲ သူ့အလိုလို ဆီးထွက်ကျတာမျိုးလည်း ဖြစ်တတ်ပါတယ်။

    သက်ဆိုင်ရာဆရာဝန်အနေနဲ့ လူနာရဲ့ ကျန်းမာရေးရာဇဝင်ကို ပြန်လှန်မေးမြန်းပြီး ကိုယ်ကာယလေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ အကြံပြုလိမ့်မှာ ဖြစ်ပါတယ်။ လူနာမဖြေနိုင်တဲ့ မေးခွန်းတွေကို သင်က ကူညီဖြေကြားပေးနိုင်ပါတယ်။ သင့်ရဲ့အဖြေအပေါ်မူတည်ပြီး ဆရာဝန်က ကုသမှုနည်းလမ်းကို ဆုံးဖြတ်ရတာဖြစ်တဲ့အတွက် မေးသမျှကို မှန်မှန်ကန်ကန် ဖြေပေးဖို့ အရေးကြီးပါတယ်။ ဆရာဝန်ရဲ့ ညွှန်ကြားအကြံပြုချက်တွေကို လိုက်နာဆောင်ရွက်ရာမှာလည်း လူကြီးမိဘတွေကို သင်က အကူအညီပေးနိုင်ပါတယ်။

    • ကြွက်သားလေ့ကျင့်ခန်း ပြုလုပ်ပေးပါ

    သင့်အနေနဲ့ ဆီးပြဿနာရှိသူ အဘိုးအဘွား လူကြီးမိဘတွေကို ဆီးအိမ်ထိန်းချုပ်မှု ပိုကောင်းလာစေဖို့ အထူးလေ့ကျင့်ခန်းအချို့ ပြုလုပ်ဖို့ အကြံပြုနိုင်ပါတယ်။ ဒီနေရာမှာ ထိရောက်မှုအရှိဆုံး လေ့ကျင့်ခန်းကတော့ Kegel exercise ဖြစ်ပါတယ်။

    Kegel exercise ဆိုတာ ဆီးအိမ်ကို ပံ့ပိုးပေးတဲ့ တင်ပါးဆုံကြွက်သားတွေ တောင့်တင်းသန်မာအောင် လေ့ကျင့်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

    လေ့ကျင့်ခန်းလုပ်ပုံလုပ်နည်းဟာလည်း ရိုးရှင်းပါတယ်။

    • ခန္ဓာကိုယ်က ဆီးသွားဖို့ ဆန္ဒရှိနေချိန်မှာ ဆီးထွက်မကျအောင် ထိန်းထားသလို စိတ်ကူးကြည့်ပါ။
    • တင်ပါးဆုံကြွက်သားများကို တောင့်ထားပါ။
    • တောင့်လျက်အနေအထားအတိုင်း ၁၀ စက္ကန့် ထိန်းထားပါ။
    • အဆိုပါနည်းအတိုင်း ၁၀ကြိမ် ပြုလုပ်ပါ။
    • ဒီလေ့ကျင့်ခန်းကို တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ ပြုလုပ်နိုင်ပါတယ်။

    လေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးကို လက်တွေ့ခံစားရဖို့ ရက်သတ္တပတ် ၃ပတ်မှ ၆ပတ်ခန့် ကြာမြင့်နိုင်တဲ့အတွက် လူနာကို စိတ်ရှည်သည်းခံဖို့ ဖြောင်းဖြပေးပါ။

    • ဆီးသွားချိန် သတ်မှတ်ပေးပါ

    ဆီးသွားချိန်သတ်မှတ်ခြင်း (ဥပမာ တစ်နာရီတစ်ခါ ဆီးသွားစေခြင်း) ဟာလည်း ဆီးအိမ်ကို ထိန်းချုပ်နိုင်အောင် အကူအညီပေးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဆီးသွားချိန် တစ်ချိန်နဲ့တစ်ချိန်ကြား ဖြည်းဖြည်းချင်း ခြားသွားပြီး လေ့ကျင့်နိုင်ပါတယ်။ သင့်အနေနဲ့ လူနာကို သတ်မှတ်ချိန်အတိုင်း ဆီးသွားဖို့ ဖြောင်းဖြပေးရမှာ ဖြစ်ပါတယ်။

    • လူနေမှုပုံစံ ပြောင်းလဲခြင်း

    လူနာကို ဆေးလိပ်နဲ့ အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဉ်ဖို့၊ ကော်ဖီလျော့သောက်ဖို့ အကြံပေးပါ။ အကယ်၍ လူနာဟာ ကိုယ်အလေးချိန် လိုတာထက်ပိုနေမယ်၊ အဝလွန်နေမယ်ဆိုရင် ကိုယ်အလေးချိန်လျှော့ချဖို့ စဉ်းစားသင့်ပါတယ်။ လူကြီးတွေကို ကိုယ်အလေးချိန်လျှော့ချတဲ့ အစီအစဉ်တစ်ခုခုမှာ ပါဝင်ဖို့ တိုက်တွန်းကူညီသင့်ပါတယ်။

    ဆီးပြဿနာဟာ သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ဖြစ်ထ အလွန်များတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ သူတို့မှာ ဒီပြဿနာဖြစ်လာပြီ ဆိုရင်လည်း သင့်အကူအညီကို အများကြီးလိုအပ်ပါတယ်။ သင့် အဘိုးအဘွား လူကြီးမိဘတွေကို ကျွမ်းကျင်တဲ့ဆရာဝန်ဆီ သွားရောက်ပြသပေးပြီး ထိရောက်တဲ့နည်းလမ်းတွေနဲ့ ရောဂါရှာဖွေ ကုသပေးခြင်း အားဖြင့် သူတို့တွေ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပြေလည်အောင် ကူညီဖြေရှင်းပေးနိုင်ရုံသာမက ဘဝနေထိုင်မှု တိုးတက်ကောင်းမွန်အောင်လည်း အထောက်အပံ့ပေးနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 26/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement