backup og meta

သက်ကြီးပိုင်းအရွယ် နှလုံးကျန်းမာအောင် ဘယ်လိုဆင်ခြင်ထိန်းသိမ်းမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သက်ကြီးပိုင်းအရွယ် နှလုံးကျန်းမာအောင် ဘယ်လိုဆင်ခြင်ထိန်းသိမ်းမလဲ

    သက်ကြီးပိုင်းအရွယ် နှလုံးကျန်းမာအောင် ဘယ်လိုဆင်ခြင်ထိန်းသိမ်းမလဲ ဆိုတာကို ဗဟုသုတရနိုင်စေဖို့ မျှဝေပေးလိုပါတယ်။

    နှလုံးရောဂါဟာ လူကြီးတွေရဲ့ကျန်းမာရေးအတွက် ကြီးမားတဲ့အန္တရာယ်တစ်ခု ဖြစ်ပါတယ်။ အသက် ၆၅ နှစ်အထက်ရှိသူတွေမှာ နှလုံးရောဂါနဲ့ သေဆုံးသူ ၈၄ ရာခိုင်နှုန်းရှိပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေက အသက်အရွယ်နဲ့လိုက်ပြီး တိုးလာတာဖြစ်ပေမယ့် အသက်ကြီးတိုင်းမလွဲမသွေ နှလုံးရောဂါဖြစ်လာမှာတော့ မဟုတ်ပါဘူး။ မှန်ကန်တဲ့ နေထိုင်မှုအမူအကျင့်တွေနဲ့ နှလုံးကျန်းမာစေမယ့် ဓာတ်စာအာဟာရတွေက နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    အဖြစ်များဆုံးနှလုံးရောဂါအမျိုးအစားကတော့ နှလုံးသွေးကြောကျဉ်းရောဂါ (coronary artery disease (CAD)) ဖြစ်ပါတယ်။ CAD ဟာ နှလုံးဖောက်ပြန်ခြင်း၊ နှလုံးရပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မမှန်ခြင်း တို့လို ပြင်းထန်တဲ့နှလုံးဝေဒနာတွေရဲ့ အကြောင်းရင်းခံဖြစ်နေတတ်ပါတယ်။

    သက်ကြီးပိုင်းအရွယ် နှလုံးကျန်းမာအောင် ဘယ်လိုဆင်ခြင်ထိန်းသိမ်းမလဲ

    သက်ကြီးပိုင်းအရွယ် နှလုံးကျန်းမာအောင် ဘယ်လိုဆင်ခြင်ထိန်းသိမ်းမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    နှလုံးရောဂါလက္ခဏာ ဘယ်လိုသိနိုင်မလဲ

    နှလုံးရောဂါရဲ့ အန္တရာယ်လက္ခဏာတွေဟာ နှလုံးဖောက်ပြန်ခြင်း (heart attack) မရခင်အထိ မသိသာသေးပါဘူး။ Heart attack ဖြစ်တော့မယ့် လက္ခဏာ ဒါမှမဟုတ် အရေးပေါ်လက္ခဏာတွေကတော့

    • မူးလဲတာ
    • မိုက်ခနဲမူးတာ
    • အသက်ရှူကျပ်လာတာ
    • မူးဝေ အော့အန်ချင်လာတာ
    • ရင်ပြည့်သလို အစာမကြေ သလို ခံစားရတာ
    • ခါး၊ ပခုံးနဲ့ လည်ပင်းတွေ ကိုက်ခဲလာတာ
    • ချွေးစေးတွေ ထွက်လာတာ
    • နှလုံးခုန်မူမမှန်တာ စတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။

    အသက်ကြီးတဲ့သူတွေမှာ နှလုံးရောဂါဖြစ်စေတဲ့ တခြားရောဂါအကြောင်းရင်းတွေ များစွာရှိသလို နှလုံးလုပ်ဆောင်ချက် ရုတ်တရက် ရပ်ဆိုင်းခြင်း ဖြစ်နိုင်ခြေလည်း များပါတယ်။ နှလုံးရောဂါရှိနေပြီဆိုရင် သွေးဖိအားကိုထိန်းပြီး သွေးတွင်းကိုလက်စထရောကို လျော့နည်းအောင် ဆင်ခြင်ရပါမယ်။ ဆီးချိုရှိရင် ဆီးချိုကိုထိန်းနိုင်ရပါမယ်။

    အသက် ဘယ်လောက်ကြီးကြီး နှလုံးကျန်းမာရေးကို ထိန်းသိမ်းလို့ ရတယ်ဆိုပေမယ့် တကယ်တမ်းကျ အားထုတ်ကြိုးစားရပါတယ်။ နှလုံးအတွက် ကောင်းကျိုးပြုတဲ့ အစာအာဟာရတွေမှီဝဲတာ၊ ကိုယ့်ရဲ့နေ့စဉ် အမူအကျင့်တွေကို ပြောင်းလဲတာအပြင် လှုပ်လှုပ်ရှားရှား နေပေးဖို့လည်း လိုပါတယ်။

    လူကြီးတွေရဲ့နှလုံးကျန်းမာရေးအတွက် ကြိုတင်ကာကွယ်စောင့်ရှောက်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

    • လုံလောက်တဲ့လှုပ်ရှားမှုလုပ်ပေးပါ။

    တစ်နေ့ကို မိနစ်၃၀လောက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။ (ဥပမာ-တစ်နေ့ကို ၁၀ မိနစ်လောက် လမ်းလျှောက်ထွက်တာမျိုး)

    • ဆေးလိပ်ဖြတ်ပါ။

    ဆေးလိပ်မသောက်တတ်ရင် အစလုပ်ပြီး မသောက်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။

  • အရက်ဖြတ်ပါ။
  • အရက်သောက်တတ်သူ ဖြစ်ရင် အရက်ဖြတ်ပါ။ အရက်သောက်သုံးမှု များရင် နှလုံးပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။

    အဆီများတဲ့ အသားတွေ၊ ကိုလက်စထရောပါတဲ့ အစားအစာတွေ၊ အငန်နဲ့ ပြည့်ဝဆီတွေကို ချင့်ချိန်စားပြီး သစ်သီးနဲ့ အသီးအရွက်တွေကို များများစားပါ။

    • သွေးပေါင်၊ ဆီးချို အတက်အကျတွေကို မျက်ခြေမပြတ်ပါစေနဲ့။

    သွေးတိုးခြင်း၊ ကိုလက်စထရော များနေခြင်း၊ ဆီးချိုတက်ခြင်းတို့ အပါအဝင် နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ ရောဂါအခံတွေကို ဆေးနဲ့ ထိန်းနိုင်ခြင်း ရှိ၊ မရှိ အမြဲစောင့်ကြည့်ပါ။

    • ဘဝရဲ့စိတ်ဖိစီးမှုကိုလျှော့ချပါ။

    စိတ်ဖိစီးမှုဟာ လူကြီးတွေ ရင်ဆိုင်နေရတဲ့ နှလုံးရောဂါ အန္တရာယ် အချက်တွေကို ပိုဆိုးစေပါတယ်။ စိတ်ဖိစီးမှု ဖြေလျှော့တဲ့ အကြံပြုချက်တွေကို ရှာဖွေပါ။

    • ကိုယ်အလေးချိန်အတက်အကျကို ဂရုစိုက်ပါ။

    ကိုယ်အလေးချိန် များလွန်းရင် နှလုံးရောဂါအန္တရာယ်ကို တိုးစေနိုင်တာကြောင့် ကိုယ်အလေးချိန်ကိုထိန်းပါ။

    • အစာအာဟာရကို ဆင်ခြင်ရွေးချယ်ပါ။

    ကျန်းမာရေးနဲ့အညီ စားတာက နှလုံးရောဂါအန္တရာယ်ကို လျှော့ချေပေးပြီး ရုတ်တရက်နှလုံးရပ်မှု ခံစားရပြီးနောက်ပိုင်းမှာ အသက်ရှင်နိုင်ဖို့ ရာခိုင်နှုန်း ပိုများစေနိုင်ပါတယ်။ Wholegrain ၊ ပါစတာ၊ ပေါင်မုန့်နဲ့ ထမင်းတို့လို ကစီများတဲ့အစာတွေ၊ နို့ထွက်ပစ္စည်း၊ အကျိုးပြုအဆီတွေနဲ့ အသား၊ ငါး၊ ကြက်ဥ၊ ပဲတို့လို ပရိုတင်းတွေ ၊အသီးအနှံ၊ အသ်ီးအရွက်တွေ အားလုံးကို ညီညွတ်မျှတအောင် စားပေးပါ။ အချိုဓာတ်များတဲ့ အစားအစာတွေနဲ့ သောက်စရာတွေကို တတ်နိုင်သလောက်လျှော့စားပါ။

    • ကျန်းမာရေးစစ်ဆေးမှုပုံမှန်လုပ်ပေးပါ။

    သွေးတိုး၊ ကိုလက်စထရော နဲ့ သွေးတွင်းသကြားဓာတ် များနေတာတွေက နှလုံးအန္တရာယ် ဖြစ်စေနိုင်တဲ့အတွက် ဒါတွေကို မှန်မှန်စစ်ဆေးနေဖို့ လိုပါတယ်။ ကိုယ့်မှာဘယ်အချက်တွေ ရှိနေသလဲ သိနိုင်ဖို့က ကျွမ်းကျင်သူနဲ့ ပုံမှန်ပြသစစ်ဆေးသင့်ပါတယ်။

    ဆရာဝန်နဲ့ ပြသစစ်ဆေးခြင်းက နှလုံးကျန်းမာရေးအတွက် အကောင်းဆုံး လမ်းညွှန်ဖြစ်ပါတယ်။ ကျန်းမာရေး ဂရုစိုက်တဲ့ လူနေမှုပုံစံကို စတင်ပြီး နှလုံးရောဂါ အန္တရာယ် ရှိ၊ မရှိကို စစ်ဆေးဖို့က ဘယ်တော့မှ နောက်မကျပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 23/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement