အသက်အရွယ်ကြီးရင့်လာတဲ့မိဘများနဲ့အတူလုပ်ဆောင်နိုင်မယ့် အကောင်းဆုံးလေ့ကျင့်ခန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ကျွန်မတို့ချစ်ခင်ရတဲ့သူတွေကို စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာနဲ့လူမှုဆက်ဆံရေးတွေကိုကောင်းမွန်အောင် လုပ်ဆောင်ပေးခြင်းဖြင့် ကျန်းမာသန်စွမ်းနေအောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်သလိုလူကြီးတွေကို စိတ်ဖိစီး တာတွေနဲ့အထီးကျန်တာတွေကနေကင်းဝေးစေမှာဖြစ်ပါတယ်။ မိဘတွေကိုကျန်းမာသန်စွမ်းစေဖို့အတွက် မိဘတွေနဲ့အတူလုပ်ဆောင်လို့ရတဲ့လေ့ကျင့်ခန်းလေးတွေကိုဖော်ပြပေးလိုပါတယ်။

ကျွန်မတို့အနေနဲ့ မိဘတွေနဲ့အတူ ရက်သတ္တပတ် တစ်ပတ်ကို မိနစ် ၁၅၀ လောက် လမ်းလျှောက်တာ၊ရေကူးတာ၊ စက်ဘီးစီးတာလိုမျိုးကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဆောင်ပေးသင့်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးတာကြောင့် လူကြီးမိဘတွေကို ခွန်အားတိုးတက်စေမှာဖြစ်သလိုကိုယ်ခန္ဓါကိုလည်းဟန်ချက်ညီစေမှာဖြစ်ပါတယ်။

ဝမ်းဗိုက်ကြွက်သားတွေသန်စွမ်းစေဖို့အတွက် အသက်ကိုပြင်းပြင်းရှုသွင်းပြီး ဝမ်းဗိုက်ကြွက်သားတွေကို တောင့်တင်းနေအောင်လုပ်ဆောင်လိုက်ပါ။ အသက်အောင့်တဲ့လေ့ကျင့်မှုကို ၃ ကြိမ်လုပ်ဆောင်ပေးပါ၊ အဲ့နောက်မှာကြွက်သားတွေကိုပြန်လည်လျှော့ချပေးလိုက်ပါ။

နံရံတွန်းတဲ့လေ့ကျင့်ခန်း – ရင်ဘတ်နဲ့ပခုံးမှာအင်အားတွေတိုးလာစေဖို့အတွက် နံရံတွန်းတဲ့လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးနိုင်ပါတယ်။ နံရံနဲ့ ၃ ပေအကွာမှာနံရံဘက်ကိုမျက်နှာမူပြီးမတ်မတ်ရပ်ပါ၊ ပခုံးကိုခြေထောက် ခွဲရပ်ထားတဲ့အကွာအဝေးအတိုင်းထားပါ။ လက်တွေကိုနံရံပေါ်မှာပခုံးနဲ့တညီတည်းတင်ထားပါ။ ခန္ဓါကိုယ်ကို ကျောရိုးနဲ့တညီတည်းမတ်မတ်ထားရပါမယ်။ ကိုင်းမနေရပါဘူး။ အဲ့နောက် ခန္ဓါကိုယ်ကိုနံရံဆီကို လက်တွေ ကွေးညွတ်ပြီးကပ်ချရပါမယ်။ ပြီးတဲ့နောက် ကိုယ်ကိုပြန်မတ်ရပါမယ်။

Pelvic Tilts လေကျင့်ခန်းနောက်ကျောကြွက်သားတွေသန်မာစေဖို့အတွက်နဲ့ကြွက်သားတွေပြေလျော့စေဖို့ လုပ်ဆောင်ရတဲ့လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။ အသက်ပြင်းပြင်းရှိုက်ရှုပြီးတင်ပါးကိုတင်းနေအောင်ထားရပါမယ်။ အဲ့နောက် ပက်လက် အနေအထားနဲ့ တင်ပါးကို ဖြည်းဖြည်းချင်းကြမ်းပြင်ကနေ ၃ စက္ကန့်ကြာကြွအောင်လုပ်ဆောင် ရမှာဖြစ်ပြီး ကြမ်းပြင်နဲ့ပြန်ထိပေးရမှာဖြစ်ပါတယ်။

Shoulder Blade Squeeze လေ့ကျင့်ခန်း – ခန္ဓါကိုယ်နောက်ဘက်ခြမ်းကြွက်သားတွေနဲ့သန်မာစေဖို့နဲ့ ရင်အုပ်ပိုင်း ကြွက်သားတွေပြေလျော့စေဖို့လုပ်ဆောင်ရတဲ့လေ့ကျင့်ခန်းတစ်ရပ်ဖြစ်ပါတယ်။ ကြမ်းပြင်ပေါ်မှာခြေထောက်ကိုစင်း ပြီးမတ်မတ်ထိုင်ရပါမယ်။ လက်တွေကိုပေါင်ပေါ်တင်ထားရပါမယ်။ ပခုံးကြွက်သားတွေကိုညှစ်ပေးရပါမယ်။ လက်တွေကိုပခုံးအထက်ကိုမကျော်စေဘဲ ပခုံးကြွက်သားတွေကို ၃ စက္ကန့်ကြာညှစ်ပေးရမှာဖြစ်ပါတယ်။

Toe Taps လေ့ကျင့်ခန်း – ခြေထောက်အောက်ပိုင်းတွေသန်စွမ်းစေဖို့လုပ်ဆောင်ရတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။ ကုလားထိုင်တစ်လုံးပေါ်မှာထိုင်ပြီး ခြေဖနောင့်တွေကို ကြမ်းပြင်နဲ့ထိထားပေးပါ၊ အဲ့သည့်နောက် ညို့သကျည်း တလျှောက်ကကြွက်သားတွေကို ထိရောက်မှုရှိတယ်လို့ ခံစားရတဲ့ အထိခြေချောင်းလေးတွေကို မတင်ပေးပါ။ ဒီလိုမျိုးလုပ်ဆောင်ပေးတာက ခြေထောက်တွေမှာသွေးလည်ပတ်မှု ကောင်းမွန်စေမှာဖြစ်သလိုခြေထောက် အောက်ပိုင်းကိုလည်းကြံ့ခိုင်စေမှာဖြစ်ပါတယ်။

ဒူးမတင်တဲ့လေ့ကျင့်ခန်း – ပေါင်တွေကိုသန်မာစေပါတယ်။ ထိုင်ခုံတစ်လုံးပေါ်မှာထိုင်ပြီး လက်မောင်းတွေကို သက်တောင့်သက်သာဖြစ်တဲ့အနေအထားမျိုးထားပေးပါ။ ဒူးနဲ့ပေါင်နောက်ဘက်ခြမ်းကို ခုံကနေ ၃ လက်မ လောက်ကြွပေးပြီး ၃စက္ကန့်ကြာထားပြီးမှာ ခြေထောက်ကိုဖြည်းဖြည်းချင်းပြန်ချပေးပါ။ တစ်ဖက်ပြီးတစ်ဖက် လုပ်ပေးပါ။

ပခုံးနဲ့နောက်ကျောကြွက်သားတွေကို ပြေလျော့စေဖို့ ပခုံးနဲ့နောက်ကျောအပေါ်ဘက်ကြွက်သား ဆန့်ထုတ်ခြင်း လေ့ကျင့်ခန်း၊ခြေသလုံးကြွက်သားတွေသန်မာစေဖို့အတွက်လုပ်ဆောင်ရမယ့် ခြေချင်းဝတ်လေ့ကျင့်ခန်းလိုမျိုး လေ့ကျင့်ခန်းတွေ၊နေ့စဉ်လုပ်ဆောင်နေတဲ့လှုပ်ရှားမှုတွေကိုလုပ်ဆောင်နိုင်စွမ်းတိုးတက်စေမယ့် လည်ပင်း ကြွက်သားတွေ ပြေလျော့အောင်လုပ်ဆောင်ပေးရတဲ့လေ့ကျင့်ခန်းတွေနဲ့နောက်ကျောအပေါ်ဘက် ကြွက်သား တွေနဲ့ ပခုံး ကြွက်သားတွေ တောင့်တင်းနေတာကိုပြေလျော့စေတဲ့လေ့ကျင့်ခန်းတွေနဲ့ လူကြီးမိဘတွေကို အသက်အရွယ် ကြီးရင့်လာတဲ့အခါဟန်ချက်ထိန်းနိုင်အောင်လုပ်ဆောင်ပေးတဲ့လေ့ကျင့်ခန်းတွေလိုမျိုး ခန္ဓါကိုယ်ကြံ့ခိုင်သန်စွမ်း စေတဲ့လေ့ကျင့်ခန်းတွေကို မိမိရဲ့မိဘတွေနဲ့အတူလုပ်ဆောင်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းနေ့စဉ်လုပ်ဆောင်ပေးတာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ၊ကင်ဆာ၊ကိုက်ခဲမှုဝေဒနာ၊ အဆစ်ရောင်နာ၊ဆီးချိုရောဂါနဲ့ အခြားနာတာရှည်ရောဂါတွေကိုသက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့်ကိုယ်နေဟန်ထားကိုကောင်းမွန်စေပြီး အရိုးသိပ်သည်းစကိုထိန်းသိမ်းပေးနိုင် သလို လှုပ်ရှားသွားလာမှုနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေကိုလည်းကောင်းမွန်စေပါတယ်။ ပိုကြည့်ကောင်းပြီး ပိုမိုကျန်းမာလိုရင်တော့ လေ့ကျင့်ခန်းလုပ်ပေးဖို့လိုအပ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အိုမင်းရင့်ရော်ခြင်းနှင့်သက်ဆိုင်သော အသိမှား အမြင်မှားများ

လူတစ်ယောက် မကျန်းမမာဖြစ်ရတဲ့ အဓိကအချက်က နေထိုင်စားသောက်ပုံ စနစ်မကျလို့သာဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့ တချို့ရောဂါတွေက မဖြစ်မနေဖြစ်မယ်လို့ မှတ်ယူထားလို့မရပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ

လေ့ကျင့်ခန်း၊ Work-out၊ Gym၊ ကိုယ်အလေးချိန်၊ အပြေးလေ့ကျင့်ခန်း၊ အိပ်ပျော်၊ စိတ်ခံစားချက်၊ နှလုံး၊ အသက်ရှည်၊ လမ်းလျှောက်၊ ကယ်လိုရီ၊ သီချင်းနားထောင်၊ ရေဓာတ်၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

၃၀ တောင် မကျော်သေးဘဲ ရုပ်ရင့်နေသူတွေ ဖတ်ဖို့

ရုပ်ရင့် ရင့်ရော်မှု အသားအရေ အရွယ်မတိုင်မီ ရင့်ရော်ခြင်း အသက်ကြီးခြင်း အရေပြားကျန်းမာရေး အကြောင်းရင်း အလှအပ အရွယ်တင် နုပျိုခြင်း အသားအရေထိန်းသိမ်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကလေးတွေ မှာဘာလို့ COVID-19 အဖြစ်နည်းတာလဲ

ကလေးတွေ COVID-19 ကပ်ရောဂါ ဗိုင်းရပ်စ် လက်သန့်ဆေးရည် လက်ဆေးနည်း mask သက်ကြီးရွယ်အို ကိုယ်ဝန်ဆောင် တုပ်ကွေး ချောင်းဆိုး ကူးစက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းအောင် ဘယ်လို ဂရုစိုက်ကြမလဲ။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းအောင် ဘယ်လို ဂရုစိုက်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2021 . 2 mins read
အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 12, 2021 . 2 mins read
ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 22, 2020 . 2 mins read
ဘိုးဘိုးဘွားဘွားတွေကို ကိုဗစ်ကာလမှာ ဒီလိုစောင့်ရှောက်ပေးပါ

ဘိုးဘိုးဘွားဘွားတွေကို ကိုဗစ်ကာလမှာ ဒီလိုစောင့်ရှောက်ပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 3 mins read