ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်ကြီးလာတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်နဲ့ စိတ်မှာ ဘယ်လိုတွေ ပြောင်းလဲလာသလဲ။ သင့်ကိုယ်သင် ကျန်းမာသန်စွမ်းအောင် ဘယ်လိုနေထိုင်မလဲဆိုတာ သိထားရင် အသက်ကြီးလာမှာကို ကြောက်စရာမလိုပါဘူး။ ဒီနည်းလမ်းတွေကိုတော့ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။ အသက်ကြီးလာပေမယ့် ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ

ဆောင်းရာသီမှာ နေထိုင်မကောင်းဖြစ်တာက လူတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် ကိုယ်ခံအား နည်းနေတဲ့ ကလေးလေးတွေ နဲ့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး နေထိုင်မကောင်းဖြစ်တာက ကိုယ်ခံအားနည်းသူတွေအဖို့မှာ တော်တော်ပြင်းပြင်းထန်ထန် ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဆောင်းရာသီမှာ ကိုယ်ခံအားနည်းနေနိုင်တဲ့ ဘိုးဘိုးဘွားဘွားတို့ ဖျားနာမှု ကင်းအောင် ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ အကြောင်း ပြောပြပေးချင်ပါတယ်။  အသက်ကြီးလာတာနဲ့ အမျှ အရေးပါလာတဲ့ ကိုယ်ခံအား အသက်ကြီးလာတာနဲ့အမျှ ဖျားနာလာပြီဆိုရင် နလန်ထူဖို့ ပိုကြာလာတာကြောင့် အရွယ်ရလာလေလေ ကိုယ်ခံအား ကောင်းဖို့ လိုအပ်လာလေလေပါ။ ကိုယ်ခံအား ကောင်းမှလည်း ကူးစက်ရောဂါတွေ ကူးစက်ခံရမှုကနေ ကာကွယ်နိုင်မှာပါ။ ဒါကြောင့် အသက်ကြီးလာလေလေ ကျန်းမာပျော်ရွှင်ဖို့ ဆိုရင် ကိုယ်ခံအားကောင်းဖို့ လိုအပ်လာလေလေပါ။ ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ ခုဆက်ပြောမယ့်အချက်တွေကတော့ […]

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကို ရှာဖွေမည်။

သက်ကြီးရွယ်အို အာဟာရ

တုပ်ကွေးရာသီမှာ ဘိုးဘိုးဘွားဘွားတို့ ပြင်ဆင်ပေးသင့်တဲ့ ဟင်းတစ်ခွက်

မိုးကတော်တော်လေး ခပ်စိတ်စိတ် ရွာလာချိန်မှာ အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာ တစ်ခု ရှိပါတယ်။ ဒါကတော့ တုပ်ကွေးပါ။ တုပ်ကွေးက အသက်အရွယ် မရွေးမှာ ဖြစ်နိုင်တယ် ဆိုပေမယ့် အသက်အရွယ်ရလာတာကြောင့် ကိုယ်ခံအား နည်းလာပြီ ဖြစ်တဲ့  ဘိုးဘိုးဘွားဘွားတွေနဲ့ ကိုယ်ခံအား ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အခုတစ်ခေါက်မှာတော့ ချစ်ရတဲ့ ဘိုးဘိုးဘွားဘွားတွေကို တုပ်ကွေးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ ဘယ်လိုလေးများ ပြင်ဆင်ကျွေးမွေးသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီတော့ တုပ်ကွေးရာသီမှာ ဘိုးဘိုးဘွားဘွားတို့ကို ပြင်ဆင်ပေးသင့်တဲ့ ဟင်းတစ်ခွက် က ဘာတွေ ဖြစ်မလဲဆိုတာကို အတူလိုက်ပါ ကြည့်ရှုပေးပါဦးနော်။ တုပ်ကွေးရာသီမှာ ဘိုးဘိုးဘွားဘွားတို့ကို ပြင်ဆင်ပေးသင့်တဲ့ ဟင်းတစ်ခွက် တုပ်ကွေးကို အကောင်းဆုံး ကာကွယ်ဖို့က ကိုယ်ခံအား ကောင်းနေဖို့ လိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ ဆိုရာမှာလည်း အာဟာရ ပြည့်ဝမှုက […]


အဖြစ်များသော လူကြီးရောဂါများ

နွေအပူကြောင့် လူကြီးမိဘတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ ၅ မျိုးနဲ့ ဂရုစိုက်နည်း

တစ်နေ့ထက် တစ်နေ့ပူပြင်းလာတဲ့ နွေရာသီရဲ့ အပူဒဏ်ကို လူတိုင်းလိုလို အလူးအလဲ ခံကြရပါတယ်။ ဒီလို အလူးအလဲခံရတဲ့အထဲမှာ  ကလေးတွေနဲ့ လူကြီးတွေက ပိုပြီး ပြင်းပြင်းထန်ထန် ခံစားကြရပါတယ်။ ဒီတော့ နွေအပူကြောင့် လူကြီးမိဘတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ တွေက ဘာတွေဖြစ်မလဲ။ ဘယ်လိုတွေ ဂရုစိုက်ပေးလို့ ရမလဲဆိုတာကို ဝေမျှပေးသွားပါမယ်။ နွေအပူကြောင့် လူကြီးမိဘတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ ၅ မျိုးနဲ့ ဂရုစိုက်နည်း အရင်ဆုံး နွေအပူကြောင့် လူကြီးမိဘတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ ၅ မျိုး အကြောင်းကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ အရမ်းပူတဲ့ နွေရာသီမှာ လူကြီးမိဘတွေမှာ အခုလို ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။ အပူလျှပ်တာ နွေရာသီမှာ လူကြီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ ​နွေရာသီမှာ […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

အရွယ်ရလာတဲ့ ဖေဖေမေမေတို့ စိတ်ခံစားမှု နဲ့ သိမြင်မှုစွမ်းရည် တိုးတက်ကောင်းမွန်စေဖို့

မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ သိမြင်မှုဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းမှုတွေ နဲ့ အထီးကျန်ဆန်မှုတွေက အရွယ်ရလာတဲ့ ဖေဖေမေမေတို့မှာ အများဆုံး ခံစားရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေပါ။ အသက် ၅၅ နှစ်အထက် ရောက်လာတဲ့ ဖေဖေမေမေ ၂၀ ရာခိုင်နှုန်းက စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ခံစားကြရပါတယ်။ အဖြစ်အများဆုံးကတော့ စိုးရိမ်စိတ်များတာ၊ ပြင်းထန်တဲ့ သိမြင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်အတက်အကျ မြန်တာတွေကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရွယ်ရလာတဲ့ ဖေဖေမေမေတို့ စိတ်ခံစားမှု နဲ့ သိမြင်မှုစွမ်းရည် တိုးတက်ကောင်းမွန်စေဖို့ ဘာတွေဂရုစိုက်ပေးရမလဲဆိုတာကို ဝေမျှပေးသွားချင်ပါတယ်။ စိတ်ကျန်းမာရေး ထိခိုက်မှုက ရုပ်ပိုင်းဆိုင်ရာအပေါ်မှာ သက်ရောက်မှု ရှိသလား စိတ်ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်တဲ့ စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာတွေက  အရွယ်ရလာတဲ့ ဖေဖေမေမေတို့မှာ စိတ်ပိုင်းဆိုင်ရာကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ […]


သက်ကြီးရွယ်အို အာဟာရ

အသက်အရွယ်​ကြောင့် ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ဖို့ စားပေးသင့်တာလေးများ

အသက်အရွယ်ရလာချိန်မှာ ကြွက်သားတွေကလည်း ပြောင်းလဲလာပါတယ်။ အသက်အရွယ်ရလာချိန်မှာ တစ်နှစ်ကို ကြွက်သားထုထည်က ½ to 1% လောက် ဆုံးရှုံးနေကြပါတယ်။  ဒီလို ဆုံးရှုံးမှုက အသက် ၃၀ မတိုင်ခင်မှာ စတင်ဖြစ်ပွားနေတာပါ။ အသက် ၃၀ နောက်ပိုင်း ရောက်လာချိန်မှာ ၁၀နှစ်ကို ကြွက်သားဆုံးရှုံးမှု က 3% ကနေ 8% အထိ ရှိလာမှာပါ။ လေ့လာမှု တစ်ရပ်အရ အသက် ၃၀ အရွယ် လူတစ်ဦးဟာ ထိခိုက်မှုကြောင့်ဖြစ်ဖြစ် ကျန်းမာရေး အခြေအနေကြောင့်ဖြစ်ဖြစ် တစ်လလောက် အိပ်ရာထဲမှာ မလှုပ်မရှားဘဲ နေမယ်ဆိုရင် ကြွက်သားပမာဏ ၁ ပေါင်လောက် ဆုံးရှုံးရတာကို တွေ့ရပါတယ်။ ကြွက်သားတွေ ဆုံးရှုံးလာတယ်ဆိုတာက ခန္ဓာကိုယ်ရဲ့ သန်စွမ်းမှု ကျဆင်းလာတာပါ။ အဆီုထည်လည်း တိုးပွားလာတာပါ။ ဒီအခြေနေက ချော်ကျတာ၊ ဟန်ချက်ပျက်ပြီး […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

ဖိုးဖိုးဖွားဖွားတို့ ကြွက်သားဆုံးရှုံးမှု ဖြစ်စေတဲ့ အကြောင်းအရင်း

ကြွက်သားဆုံးရှုံးမှု ဆိုလို့ နားစိမ်းနေနိုင်ပေမယ့် ဒါက အသက်အရွယ်ရလာလို့ ကြွက်သားတွေ လျော့တွဲလာတာမျိုးပါ။ အရင်ကလောက် လက်မောင်းတွေ မထွားတော့တာ၊ ခြေသလုံးလေးတွေ သေးသွားတာမျိုးပေါ့။ ကြွက်သားဆုံးရှုံးမှုကို အသက်အရွယ်ရလာသူတိုင်းမှာ မလွဲမသွေ ကြုံရနိုင်ပါတယ်။ ကြွက်သားဆုံးရှုံးမှုက အသက်အရွယ်ရလာတာနဲ့အမျှ ပိုများလာတတ်ပါတယ်။ ဒါက ကြွက်သားတွေမှာ အသက်အရွယ်ကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ အိုမင်းမှု သဘာဝဖြစ်စဉ်ပါ။ အတွေ့ရများတဲ့ လက္ခဏာ တစ်ရပ်အနေနဲ့ကတော့ ကြွက်သားတွေ အားနည်းလာတာပါ။ သိပ္ပံပညာရှင်တွေကတော့ ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုတွေကြောင့် ဖြစ်ရတာလို့ ကောက်ချက်ချထားကြပါတယ်။ အသက်အရွယ်ရလာချိန်မှာ ခံစားရတဲ့ ကြွက်သားဆုံးရှုံးမှုကြောင့် နေ့စဉ်လှုပ်ရှားမှုတွေ ဖြစ်တဲ့ လမ်းလျှောက်တာ၊ လှေကားတက်တာ၊ အလေးအပင် မတာလိုမျိုး လှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့အခါ ခက်ခဲလာတာကို ခံစားရနိုင်ပါတယ်။ ဒီလိုမျိုး ကြွက်သားဆုံးရှုံးမှုက သန်စွမ်းမှုကို ထိခိုက်စေပြီး ဟန်ချက်ထိန်းနိုင်စွမ်းကိုပါ ထိခိုက်လာစေပါတယ်။ ဒီတစ်ခေါက်တော့ […]


အဖြစ်များသော လူကြီးရောဂါများ

လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ

အသက်အရွယ် ရလာတဲ့အခါ နှလုံး နဲ့ နှလုံးသွေးကြောတွေမှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ တော်တော်များများ ပြောင်းလဲမှုတွေက အသက်အရွယ်ကြောင့် ဖြစ်လာတာဆိုပေမယ့် အချို့သောအချက်တွေကြောင့် နှလုံးကျန်းမာရေး အခြေအနေတွေက ပိုဆိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ မကုသဘဲ ထားမယ်ဆိုရင် နှလုံးရောဂါ ဖြစ်လာတော့မှာပါ။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ ကို ပြောပြပေးချင်ပါတယ်။ နှလုံး ဘယ်လို အလုပ်လုပ်သလဲ နှလုံးက သန်မာတဲ့ ကြွက်သားဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ဆီကို သွေးတွေညှစ်ထုတ်ပြီး ပေးပို့ပေးနေတဲ့ အစိတ်အပိုင်းပါ။ ပုံမှန်အားဖြင့်တော့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ နှလုံးဟာ လက်သီးဆုပ်အရွယ်လောက်ပဲ ရှိပါတယ်။ မြင်သာအောင် ပြောပြရရင် နှလုံးက ကားတစ်စီးရဲ့ အင်ဂျင်လိုပါပဲ။ အင်ဂျင်က ကားရွှေ့လျား မောင်းနှင်နိုင်အောင် လုပ်ဆောင်ပေးသလို နှလုံးက ခန္ဓာကိုယ် လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ နှလုံးမှာ အပိုင်း […]


အဖြစ်များသော လူကြီးရောဂါများ

လူကြီးတွေမှာ နှလုံးစွမ်းဆောင်ရည် ပိုကျ လာတဲ့ လက္ခဏာ၅ချက်

အသက်ကြီးလာတာနဲ့အမျှ နှလုံးကအိုမင်းလာပြီး နှလုံးစွမ်းဆောင်ရည် ပိုကျ လာပါတယ်။ နှလုံးနံရံတွေ ထူလာတာ၊ အဆို့ရှင်တွေမာလာတာ၊ သွေးကြောတွေ ကျဉ်းပြီး မာလာတာ၊ နှလုံးခုန်မမှန်တာ စတာတွေကြောင့် နှလုံးညှစ်အား ပိုပိုကျလာတတ်ပါတယ်။ နှလုံးရောဂါအခံရှိတဲ့အခါ ပိုဆိုးပါတယ်။ နှလုံးစွမ်းဆောင်ရည် ကျလာတဲ့အခါ နှလုံးက ခန္ဓာကိုယ်က လိုအပ်တဲ့ သွေးကို အလုံအလောက် မညှစ်ပေးနိုင်တော့သလို နှလုံးထဲကိုလည်း သွေးကောင်းကောင်း မဝင်တော့ပါဘူး။ နှလုံးစွမ်းဆောင်ရည်ကျပြီး နှလုံးပျက်စီးလာတာကို နှလုံးအစားထိုးမှပဲ ရမှာပါ။ လက်ရှိမှာ ဆေးဝါးတွေပေးပြီး ကုသနေတယ်ဆိုတာက ပိုပြီး ဆိုးမလာအောင်လို့ရယ်၊ သက်တမ်းစေ့နေနိုင်အောင်ရယ် ထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတယ်။ နှလုံးစွမ်းဆောင်ရည်ကျတယ်ဆိုတာ နှလုံးစွမ်းဆောင်ရည်ကျတယ်ဆိုတာ အပေါ်မှာ ပြောခဲ့သလို နှလုံးညှစ်အားကျလာတာပါ။ ဒီတော့ နောက်ဆက်တွဲအနေနဲ့ ခန္ဓာကိုယ်မှာ အရည်တွေ စုပြီး ဖောတာတွေ၊ မောတာတွေ ဖြစ်လာပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ စတာတွေ ရှိနေရင် နှလုံးပေါ် ဝန်ပိတာကြောင့် […]


အဖြစ်များသော လူကြီးရောဂါများ

အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ နှလုံးနဲ့ သွေးကြောကျန်းမာရေး

နှလုံးနဲ့ သွေးကြောကျန်းမာရေး ကို အဓိက လွှမ်းမိုးနေတဲ့အချက်ကတော့ အသက်အရွယ်ပဲ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ ၂၀၃၀လောက်ဆိုရင် လူဦးရေရဲ့ ၂၀%လောက်က အသက် ၆၅နှစ်အထက်အရွယ်တွေ ဖြစ်နေမှာပါ။ ဒီအရွယ်တွေမှာ နှလုံးသွေးကြောရောဂါတွေကြောင့် သေနှုန်းက ၄၀%လောက်ဖြစ်လာပြီး ဒါက အသေအပျောက်အများဆုံး အကြောင်းရင်းတစ်ခုလည်း ဖြစ်လာမှာပါ။ အသက်ကြီးလာတယ်ဆိုတာ ရှောင်လွှဲလို့မရတဲ့ သဘာဝဖြစ်စဉ်ပါ။ ရုပ်ပန်းသွင်ပြင် အသက်ကြီးလာသလိုမျိုး မွေးတည်းက စည်းချက်မှန်မှန်ခုန်နေရတဲ့ နှလုံးကလည်း အိုမင်းလာနိုင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ရှင်သန်ရေးအတွက်အရေးကြီးတဲ့ တာဝန်ထမ်းထားရတဲ့ နှလုံးက အသက်ကြီးလာတာနဲ့အမျှ စွမ်းဆောင်ရည်လည်း ကျဆင်းလာပါတယ်။ အသက်ကြီးလာတာနဲ့အမျှ နှလုံးနဲ့ သွေးကြောတွေက ဘယ်လိုပြောင်းလဲလာလဲဆိုတာကို သိထားမှ နှလုံးရောဂါတွေ မဖြစ်အောင်၊ ပိုမဆိုးအောင် ကြိုတင်ကာကွယ်ထားနိုင်မှာပါ။ အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ နှလုံးနဲ့ သွေးကြောကျန်းမာရေး နှလုံးကျန်းမာရေး နှလုံးခုန်နှေးသွားပါတယ်။ နှလုံးမှန်မှန်ခုန်နေရတာက နှလုံးမှာရှိတဲ့ စည်းချက်ထိန်းစနစ်ကြောင့်ပါ။ လျှပ်စီးပတ်လမ်းလို လမ်းလေးတွေက နှလုံးကြွက်သားမှာ မြုပ်နေပြီး […]


သက်ကြီးရွယ်အို အာဟာရ

လူကြီးတွေ ကြက်ဟင်းခါးသီး စားလို့ ရလား .......

ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်တယ်ဆိုတာ သိပေမယ့် အကြောတက်တတ်တယ်။ သွေးတိုးတယ်ဆိုတဲ့ အယူအဆတွေလည်း ရှိပါတယ်။ ဒီတော့ ကျန်းမာရေးအတွက် အစစအရာရာ အမှားမခံတဲ့ ဘိုးဘိုးဘွားဘွားတွေ ကြက်ဟင်းခါးသီး ကြိုက်လို့ ကြက်ဟင်းခါးသီး စားလို့ ရလား ...... ဆိုပြီး သိချင်နေပြီလား။ ဒါဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဒီတစ်ခေါက်တော့ လူကြီးတွေ ကြက်ဟင်းခါးသီး စားလို့ ရလား ...... ဘိုးဘိုးဘွားဘွားတွေ ကြက်ဟင်းခါးသီး စားရင် ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ လူကြီးတွေ ကြက်ဟင်းခါးသီး စားလို့ ရလား ....... ကြက်ဟင်းခါးသီးက ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါ။ လူကြီးတော်တော်များများ ကြိုက်နှစ်သက်တဲ့ အရံဟင်းလျာဆိုလည်း မမှားပါဘူး။ ခါးတဲ့အရသာရှိတာကြောင့် ကျန်းမာရေးကို ကောင်းကောင်း အထောက်အကူပြုပေးနိုင်ပါတယ်။ လူကြီးတွေ ကြက်ဟင်းခါးသီး စားလို့ […]


ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ဆိုတာ

အသက်လေးရလာတဲ့သူတိုင်းမှာ အရင်ကလောက် မဖျတ်လတ်တော့တာတော့ အမှန်ပါ။ ဒါပေမယ့် အသက်ရလာတဲ့အခါမှာ တက်တက်ကြွကြွ ဖျတ်ဖျတ်လတ်လတ်နဲ့ အိုမင်းချင်တဲ့ ဆန္ဒ ( ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ဆိုတဲ့ ဆုတောင်းလေး) ရှိကြစမြဲပါ။ ဒါက ဆုတောင်းဖို့ထက် တကယ်ကတော့ အဓိက လုပ်ဆောင်ဖို့ လိုတာပါ။ ကျန်းမာပျော်ရွှင်စွာ အသက်ကြီးချင်တဲ့ ဆန္ဒကို ကိုယ်တိုင် အကောင်အထည်ဖော်နိုင်ဖို့ သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။ ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ဆိုတာ အမေရိကန် ပြည်ထောင်စုက သူတွေ၊ ဂျပန်နိုင်ငံကလူတွေက အခြားနိုင်ငံတွေကသူတွေထက် အသက်ပိုရှည်ကြပါတယ်။ ဒါကြောင့်လည်း ဒီနိုင်ငံတွေမှာ အသက်အရွယ်ကြီးရင့်သူတွေ အများအပြား ရှိနေတာပါ။ တစ်နည်းအားဖြင့်ပြောရရင် လူ့သက်တမ်းရှည်တဲ့ နိုင်ငံတွေပေါ့။ သူတို့တွေ သက်တမ်းရှည်တာက ဘဝနေထိုင်မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြောင်းလဲထာထားတာကြောင့်ပါ။ အချို့သော နေထိုင်စားသောက်မှု ပုံစံတွေကို ပြောင်းလဲလိုက်တာက သက်တမ်းရှည်စေနိုင်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းအရာလေးကို […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်