backup og meta

အသက် ၄၀ ပြည့်သောအခါလေ့ကျင့်ခန်းပြုလုပ်ခြင်းကိုမဖြစ်မနေစတင်သင့်ပုံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက် ၄၀ ပြည့်သောအခါလေ့ကျင့်ခန်းပြုလုပ်ခြင်းကိုမဖြစ်မနေစတင်သင့်ပုံ

    အသက်(၄၀)ဟူသောဘဝမှတ်တိုင်သည် များစွာသောကျန်းမာရေးပြဿနာများဖြစ်နိုင်ချေရှိလာခြင်းကိုပြသနေသည်။ ကျွမ်ကျင်သူများက( ၄၀)ပြည့်နှစ်မွေးနေ့သည် သင့်ကျန်းမာရေးကို ကိုယ်တိုင်စစ်ဆေး အကဲဖြတ်ရန်အကောင်းဆုံးအချိန်ဟုဆိုကြသည်။ လူများစွာတို့ သည်များပြားသောအလုပ်တာဝန်များ၊အသက်အရွယ်ရလာသောမိဘများ၊ရင်သွေးငယ်များစသည်တို့နှင့် မအားလပ်နိုင်ကြသည့်အတွက်ကျန်းမာရေးကိုဘေးချန်ထားမိတတ်ကြသည်။ သို့သော်အသက် (၄၀)ဟူသောကာလသည်သင်နေထိုင်ကောင်းမှုကိုဆန်းစစ်ရန်နှင့်ရေရှည်အတွက်အစီအစဉ်ဆွဲရန်ကာလတစ်ခုဖြစ်ပါသည်။

    အမြင်အာရုံနှင့်ပတ်သက်သောပြဿနာများအတွက်သတိရှိပါ

    အသက်(၄၀)အရွယ်တွင် အမြင်အာရုံပိုင်းအားနည်းစပြုလာသည့်အတွက်သင်၏မျက်လုံးကိုစစ်ဆေးရန်လိုအပ်လာသည်။ သင့်အနေနှင့်ဆေးပုလင်းများနှင့် အခြားသောအရာများပေါ်တွင်ရေးသားထားသောအညွှန်းများကို ဖတ်နိုင်ရမည်။ သင့်မှာစာကြည့်မျက်မှန်လည်းမရှိ၊စာလုံးသေးသေးလေးများကိုလည်းမမြင်နိုင်ဟုဆိုလျှင်အရေးကြီးသောအချက်များကိုသင်မသိလိုက်ဘဲဖြစ်သွားနိုင်သည်။

    သက်ကြီးရွယ်အိုများတွင် မျက်စိကွယ်ရခြင်း၏အဓိက အကြောင်းရင်းတစ်ရပ်မှာMacular Degeneration ဟုခေါ်သောမြင်လွှာနောက်ခံသားပျက်စီးသည့်ရောဂါဖြစ်ပါသည်။ အသက်(၄၀) ကျော်ပြီးသူများ၏၉.၁သန်းခန့်တွင်ထိုရောဂါခံစားနေရသည်ဟုဆိုသည်။

    နေကာမျက်မှန်တပ်ခြင်းကလည်း ကာကွယ်မှုထပ်မံရရှိနိုင်သည်။ နေရောင်ခြည်ကိုထိတွေ့မှုများလျှင် အတွင်းတိမ်ရောဂါဖြစ်စေနိုင်သည့်အတွက်နေကာမျက်မှန် တပ်ခြင်းသည်ကောင်းသောစိတ်ကူးဖြစ်သည်။ ထိုမျက်မှန်ကို ရွေးချယ်သည့်အခါခရမ်းလွန်ရောင်ခြည်အေနှင့်ဘီကိုကာကွယ်နိုင်သောအမျိုးအစားကိုရွေးပါ။

    သင်နှင့်ပတ်သက်သောကိန်းဂဏန်းတန်ဖိုးတချို့ကိုသိအောင်လုပ်ပါ

    အသက်(၄၀) အရွယ်တွင်သင်၏သွေးပေါင်ချိန်၊သွေးတွင်း အဆီဓါတ်ကိုလက်စထရော၊သွေးတွင်းသကြားဓါတ်နှင့် ကိုယ်အလေးချိန်စသည်တို့၏တန်ဖိုးကိုသင်ကိုယ်တိုင်သိအောင်လုပ်ရမည်။ မိမိ၏ကိုလက်စထရောပမာဏကိုသိရှိနေရန်လိုအပ်ပြီးယခင်က မစစ်ဆေးဖူးပါကအသက်(၄၀)အရွယ်တွင်စစ်ဆေးမှုပြုလုပ်သင့်ပါသည်။

    နီးစပ်ရာဆေးခန်းတွင် သွေးပေါင်ချိန်တိုင်းခြင်း၊ဆရာဝန်နှင့်တိုင်ပင်၍သွေးတွင်း သကြားဓါတ်(ဆီးချိုရောဂါရှိ/မရှိ)တို့ကိုစစ်ဆေးသင့်သည်။ ထို တန်ဖိုးများကိုသိရှိခြင်းဖြင့်သင်ရောသင့်ဆရာဝန်ကပါတိမ်မြုပ်နေသောရောဂါတစ်ခုခုကိုတွေ့ရှိနိုင်သည်။

    ကြွက်သားလေ့ကျင့်ခန်းများပြုလုပ်ပါ

    အသက်(၄၀)အရွယ်မှစ၍၊၁နှစ်လျှင် ကြွက်သား၁%ခန့်ဆုံးရှုံးသွားသည်။ ထို့ကြောင့်အလေးမသောလေ့ကျင့်ခန်းများကိုနှလုံးကျန်းမာရေးဆိုင်ရာ ကာဒီယိုလေ့ကျင့်ခန်းများနှင့်တွဲဖက်၍တစ်ပတ်စာလေ့ကျင့်မှုအစီအစဉ်ဆွဲ၍အားထုတ်မည်ဆိုလျှင် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ အသက်အရွယ်ရလာလေလေ

    ကိုယ်ခန္ဓါ၏ပျော့ပြောင်းမှုလည်းနည်းပါးလာလေဖြစ်သည်။ သင်နေ့စဉ်လေ့ကျင့်ခန်းများတွင်ယောဂကျင့်စဉ်နှင့် ခန္ဓါကိုယ်ဟန်ချက်လေ့ကျင့်ခန်းများ(Pilates)တို့ကိုပါ ထည့်သွင်းပြုလုပ်ပါ။ ထိုလေ့ကျင့်မှုများကသင့်ကိုယ်ခန္ဓါ၏ ကွေးဆန့်စွမ်းရည်၊ကိုယ်ခန္ဓါအတွင်းပိုင်းစွမ်းအား၊ဟန်ချက်ညီမှုနှင့်လှုပ်ရှားနိုင်မှုတို့ကိုတိုးတက်ကောင်းမွန်စေသည်။

    အမျှင်ဓါတ်များများစားပါ

    အစားအများကြီး စားသော်လည်းကိုယ်အလေးချိန်မတက်သောနေ့ရက်များကကုန်ဆုံးသွားပြီဖြစ်ပါသည်။ အသက်(၄၀)အရွယ်တွင်သင်ခန္ဓါကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များကနှေးကွေးလာသည့်အတွက် ကယ်လိုရီနည်းနည်းစားမှသာကျန်းမာရေးနှင့်ညီညွှတ်နိုင်သည်။ သို့သော်လည်းလုံလောက်သော အမျှင်ဓါတ်ပမာဏကိုစားသုံးပေးဖို့နှင့်ရေများများသောက်ဖို့သတိရပါ။

    ထိခိုက်ဒဏ်ရာနှင့်အဆစ်အမြစ်နာကျင်မှုများမဖြစ်အောင်ဂရုစိုက်ပါ

    အသက်အရွယ်ရလာသောအခါ ကျွန်ုပ်တို့၏ကြွက်သားများနှင့်တွယ်ဆက်ထားသောအရွတ်များတောင့်တင်းလာသည့်အတွက်ဒဏ်ရာရရန်ပို၍လွယ်ကူလာသည်။ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်သောအခါ အဆစ်အမြစ်များပတ်ပတ်လည်ရှိကြွက်သားများသန်မာလာသည့်အတွက်ဒဏ်ရာရနိုင်ချေနည်းသွားသည်။ ထို့ပြင် အဆစ်အမြစ်နာကျင်ကိုက်ခဲမှုကိုလည်းသက်သာစေပါသည်။

    အရိုးကျန်းမာရေးဂရုပြုပါ

    အသက်ကြီးလာသောအခါ အရိုးများပါးလာခြင်း၊ပွလာခြင်းတို့ဖြစ်လာသည်။ အရိုး သိပ်သည်းဆကိုထိန်းထားနိုင်ရန်အလေးမလေ့ကျင့်ခန်းနှင့် တွန်းကန်လေ့ကျင့်ခန်းများကိုပြုလုပ်ပေးရမည်။ လုပ်နေကျအလေးမလေ့ကျင့်ခန်းများသည်စက်နှင့်တွဲဖက်လေ့ကျင့်ရသည်။ ခန္ဓါကိုယ်တစ်ခုလုံးပါဝင်စေရန်စက်မပါဘဲ အလေးမတုံးသက်သက်ဖြင့်လေ့ကျင့်ခြင်း၊တွန်းကန်နိုင်သော သားရေပြားများနှင့်လေ့ကျင့်ခြင်းတို့ကိုပြုလုပ်ပေးပါ။ အောက်ပိုင်းထိုင်သောလေ့ကျင့်ခန်းများ၊ရှေ့တိုး နောက်ဆုတ်လေ့ကျင့်ခန်းများ၊ပခုံးနှင့် လက်မောင်းအရှေ့သားလေ့ကျင့်ခန်းတို့ဖြစ်ကြသည်။ ထိုလေ့ကျင့်မှုများသည်သင်နေ့စဉ်ဘဝတွင်ပြုလုပ်ရသောလှုပ်ရှားမှုများ(ဥပမာ- သေတ္တာမခြင်း၊လှေကားတက်ခြင်း)တို့နှင့်လည်းတူညီပါသည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement