backup og meta

သက်ကြီးရွယ်အိုတွေမှာ အရိုးပွဝေဒနာခံစားရခြင်းကိုဘယ်လိုကာကွယ်မလဲ


Aye Thi Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သက်ကြီးရွယ်အိုတွေမှာ အရိုးပွဝေဒနာခံစားရခြင်းကိုဘယ်လိုကာကွယ်မလဲ

    သက်ကြီးရွယ်အိုတွေမှာ အရိုးပွဝေဒနာခံစားရခြင်းကိုဘယ်လိုကာကွယ်မလဲ

    အရွယ်သုံးပါးစလုံးအတွက်အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့က အရေးကြီးလှပါတယ်။ အရိုးပွရောဂါကို ကုသဖို့နဲ့ ကာကွယ်နိုင်ဖို့အတွက် လေ့ကျင့်ခန်းလုပ်ဆောင်မှုက အရေးပါလှပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်တာက အရိုးတွေကို ကျန်းမာသန်စွမ်းစေရုံသာမက ကြွက်သားတွေကျန်းမာသန်စွမ်းမှု၊ ဟန်ချက်ညီညီလှုပ်ရှားနိုင်မှုတွေကို တိုးတက်ကောင်းမွန်စေနိုင်သလိုလဲကျတာနဲ့အခြားသောအကြောင်းအရင်းများကြောင့်အရိုးကျိုးအက်တာမျိုးတွေ အပါအဝင် ကျန်းမာရေးကိုပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီး ၈ သန်းနဲ့ အမျိုးသား ၂ သန်းလောက်ကအရိုးပွရောဂါကိုခံစားနေရပါတယ်။

    ကြွက်သားတွေလိုပဲအရိုးတွေဟာလည်း ရှင်သန်ကြီးထွားနေတဲ့ တစ်သျှူးတွေနဲ့ဖွဲ့စည်းထားတာဖြစ်တာကြောင့် လေ့ကျင့်ခန်းလုပ်ဆောင်တာက အရိုးတွေကိုကြံ့ခိုင်သန်စွမ်းလာစေပါတယ်။ လူအများစုဟာ အသက် ၃၀ အရွယ် ရောက်လာတဲ့အခါအရိုးတွေရဲ့ သိပ်သည်းဆကအကောင်းဆုံးသောအနေအထားကိုရောက်ရှိလာပြီဖြစ်ပြီး အသက် ၃၀ နောက်ပိုင်းမှာတော့ အရိုးသိပ်သည်းမှုတွေစတင်လျော့ပါးဆုံးရှုံးလာပြီဖြစ်ပါတယ်။ အသက် ၂၀ ကျော် အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ နေ့စဉ်လေ့ကျင့်ခန်းလုပ်ဆောင်ပေးခြင်းဖြင့် အရိုးသိပ်သည်းဆလျော့ပါးလာမှုကို ကာကွယ်ရာမှာအထောက်အပံ့ရရှိစေမှာဖြစ်ပါတယ်။ အရိုးပွရောဂါခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးသင့်ပါတယ်။

    အရိုးကျန်းမာသန်စွမ်းစေမယ့်အကောင်းဆုံးသောလေ့ကျင့်ခန်း

    အရိုးတွေကြံ့ခိုင်သန်စွမ်းစေဖို့လုပ်ဆောင်ပေးသင့်တဲ့အကောင်းဆုံးသောနည်းလမ်းတွေကတော့ အလေးမခြင်း၊ လမ်းလျှောက်ခြင်း၊တောင်တက်ခြင်း၊ရွရွကလေးပြေးခြင်း၊လှေကားတက်ခြင်း၊တင်းနစ်ကစားခြင်း၊ ကခြင်း၊ ရေကူးခြင်းနဲ့စက်ဘီးစီးခြင်းတို့ပဲဖြစ်ပါတယ်။ ဒီလိုမျိုးလေ့ကျင့်ခန်းတွေလုပ်ဆောင်တာက ကြွက်သားတွေကို ကြံ့ခိုင်သန်စွမ်းစေရုံသာမက နှလုံးသွေးကြောတွေကိုလည်း ကောင်းမွန်စေတဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ ဖော်ပြခဲ့တဲ့လေ့ကျင့်ခန်းတွေက အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့အတွက်ပဲမဟုတ်ပါဘူး။ ဒီလေ့ကျင့်ခန်းတွေကို တစ်နေ့ကို မိနစ် ၃၀ ကနေ ၄၅ မိနစ်လောက်အထိ တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်လောက်လုပ်ဆောင်ပေးနိုင် ပါတယ်။

    နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေခံစားနေရတာ၊သွေးပေါင်ချိန်မြင့်တာ၊ဆီးချိုရောဂါ၊အဝလွန်တာလိုမျိုးဝေဒနာတွေ ခံစားနေရသူတွေအနေနဲ့ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းမလုပ်ဆောင်ခင်မှာ ဆရာဝန်တွေနဲ့ကျန်းမာရေးစစ်ဆေးတိုင်ပင် တာမျိုးတွေလုပ်ဆောင်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်းရင်ဘတ်အောင့်တာနဲ့ မအီမသာဖြစ်တာမျိုး ခံစားလာ ရမယ်ဆိုရင် လေ့ကျင့်ခန်းလုပ်နေတာကို ချက်ချင်းရပ်လိုက်ပါ။ နောက်ထပ်လေ့ကျင့်ခန်းမလုပ်ဆောင်ခင်မှာ ဆရာဝန်နဲ့တိုင်ပင်ပါ။ အရိုးပွရောဂါရှိနေပါကလည်း မိမိနဲ့သင့်တော်မယ့်လေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ပြည့်စုံတဲ့အရိုးပွရောဂါကာကွယ်ရေးအစီအစဉ်

    လေ့ကျင့်ခန်းလုပ်ဆောင်ရုံတစ်ခုတည်းနဲ့အရိုးပွရောဂါကို မကာကွယ်မကုသနိုင်ဘူးဆိုတာကို သတိရပါ။ အရွယ်မရွေးအရိုးတွေကျန်းမာသန်စွမ်းစေဖို့အတွက် ကယ်လ်ဆီယမ်နဲ့ဗီတာမင် ဒီကြွယ်ဝစွာပါဝင်တဲ့အစားအစာ တွေကိုစားသုံးပေးပြီးလေ့ကျင့်ခန်းကိုပါလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ ဒါပေမယ့်လည်း သင့်တော်တဲ့ လေ့ကျင့်ခန်းနဲ့အစားအသောက်တွေက ကျန်းမာရေးအခြေအနေကြောင့်ဖြစ်တဲ့ အရိုးသိပ်သည်းစလျော့ကျလာမှု၊ သွေးဆုံးချိန်မှာ ဖြစ်ပါ်ခံစားရလေ့ရှိတဲ့အရိုးပွတာနဲ့ ဆေးလိပ်သောက်သုံးတာနဲ့ အရက်အလွန်အကျွံသောက်သုံး တာတွေကြောင့်ဖြစ်တဲ့အရိုးပါးလာတာတွေကိုကိုတော့ မတားဆီးပေးနိုင်ပါဘူး။

    ကယ်လ်ဆီယမ်တွေက အရိုးတွေကို ကျန်းမာသန်စွမ်းစေနိုင်တာကြောင့် ကယ်လ်ဆီဝမ်ဓါတ်ကြွယ်ဝစွာပါဝင်တဲ့ အဆီထုတ်ထားတဲ့ နို့၊အဆီနည်း ဒိန်ချဉ်၊ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊နှမ်း၊အယ်လ်မွန်သီးနဲ့အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကိုစားသုံးပေးနိုင်ပါတယ်။ အပင်တွေကနေရရှိတဲ့ ပရိုတင်းဓါတ်တွေကလည်း အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။ ပဲကနေထုတ်လုပ်တဲ့အစာအစာတွေထဲမှာ ပရိုတင်းဓါတ်မြင့်မားစွာပါဝင်နေပါတယ်။ ပရိုတင်းက ကြွက်သားတွေကို သန်စွမ်းစေသလို အရိုးတွေကြံ့ခိုင်အောင်လည်းထောက်ပံ့ပေးပါတယ်။

    အနီရောင်ရှိတဲ့အသား၊အချိုရည်တွေ၊အရက်နဲ့ကဖင်းဓါတ်ပါတဲ့အရာတွေက ခန္ဓါကိုယ်က ကယ်လ်ဆီယမ် စုပ်ယူနိုင်စွမ်းကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

    နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ကယ်လ်ဆီယမ်ဓါတ်လုံလောက်စွာမပါဝင်ပါက ဆရာဝန်နဲ့တိုင်ပင်ပြီး ဖြည့်စွက်စားသုံးပေးသင့်ပါတယ်။ များသောအားဖြင့် လူတစ်ဦးအနေနဲ့ တစ်နေ့ကို ကယ်လ်ဆီယမ်ပမာဏ ၁,၀၀၀ မီလီဂရမ်စားသုံး ပေးဖို့လိုအပ်ပါတယ်။ ဒါပေမယ့် အသက် ၇၀ ကျော်အမျိုးသားတွေနဲ့ သွေးဆုံးပြီးအမျိုးသမီးတွေ ကတော့ တစ်နေ့ကိုကယ်လ်ဆီယမ်ပမာဏ ၁,၂၀၀ မီလီဂရမ်စားသုံးပေးဖို့လိုအပ်ပါတယ်။ အရိုးပွရောဂါ ခံစား နေသူတွေအနေနဲ့ ဆေးလိပ်သောက်သုံးပါက အရိုးကျိုးအက်နိုင်ခြေပိုများတာကြောင့် ဆေးလိပ်မသောက်သုံး သင့်ပါဘူး။ အရိုးပွရောဂါကိုထိန်းသိမ်းစောင့်ရှောက်ကာကွယ်ဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်ဆောင်ရုံသာမက လိုအပ်တဲ့ အာဟာရ ဓါတ်တွေဖြစ်ကြတဲ့ ကယ်လ်ဆီယမ်နဲ့ဗီတာမင်ဓါတ်တွေကိုသင့်တင့်မျှတစွာစားသုံးဖို့လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement