backup og meta

လူနာစောင့်ကောင်းတစ်ယောက် ဘယ်လိုရှာဖွေကြမလဲ

လူနာစောင့်ကောင်းတစ်ယောက် ဘယ်လိုရှာဖွေကြမလဲ

အူမကြီးနဲ့ အစာဟောင်းအိမ် ကင်ဆာဝေဒနာခံစားနေရသော သင်ချစ်ရသောသူကို ပြုစုစောင့်ရှောက်ဖို့ဆိုသည်မှာ ရှုပ်ထွေးပြီး အစပိုင်းမှာ ကိုင်တွယ်ရခက်ခဲတတ်ပါတယ်။ အကယ်၍ သင့်မှာ အချိန်မရှိလျှင် (သို့) ကောင်းစွာမပြုစုနိုင်လျှင် သင်ချစ်ရသောသူအတွက် ပြုစုစောင့်ရှောက်ဖို့လူ ရှာခြင်းက အကောင်းဆုံးနည်းလမ်းပါ။

သို့သော် လူနာစောင့်ကောင်းတစ်ယောက် ဘယ်လိုရှာရမလဲဆိုတာ သင်သိပါသလား။

သင်သည် လူနာစောင့်ထံမှ ဘာလိုချင်သလဲ ဆိုတာ အရင်ဆုံး သိအောင်ကြိုးစားပါ။

လူနာစောင့်မခေါ်ခင် ပထမဦးဆုံးအဆင့်က သင်ချစ်ရသောသူ လိုအပ်နေသော ပြုစုစောင့်ရှောက်မှုပမာဏကို အရင်သိဖို့ လိုအပ်သည်။ ရေချိုးခြင်း (သို့) အဝတ်ဝတ်ဆင်ခြင်း ကဲ့သို့သော နေ့စဉ်လုပ်ငန်းစဉ်များ (သို့) ဆေးတိုက်ခြင်း၊ အနာဆေးထည့်ခြင်း နဲ့ အခြား ဆေးဖက်ဆိုင်ရာ အကူအညီများအတွက် ကူညီဖို့ လူနာစောင့် လိုမလို သင်အရင် သုံးသပ်ရမည်။

သင်ချစ်ရသော ဝေဒနာခံစားနေရသော လူနာ၏ ရောဂါ အခြေအနေကို သိဖို့ လိုအပ်သလို သူတို့အကူအညီ လိုအပ်သလားဆိုတာကို မေးသင့်ပါတယ်။ သို့မှသာ လူနာစောင့် ခေါ်သင့်မခေါ်သင့် ဆုံးဖြတ်နိုင်မည်။

အကူညီလိုအပ်မှု အဆင့်ကို သုံးသပ်ပြီးသည်နှင့် လူနာစောင့်လုပ်ရမည့် တာဝန်များနှင့် လူနာစောင့်ဆီမှ သင်မျှော်လင့်ထားသော အချက်များကို စာရင်းတို့ထားလိုက်ပါ။ သင်တိတိကျကျလုပ်လေ၊ မှန်ကန်သော လူကိုရှာရပိုလွယ်လေ ဖြစ်သည်။

ထိုစာရင်းနှင့် အတူ သင်ချစ်ရသော လူနာ လိုအပ်သော ပြုစုစောင့်ရှောက်သူကို အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်သည်။

မှန်ကန်သော လူနာစောင့်ကို ဘယ်မှာ သွားရှာကြမလဲ။

လူနာလိုအပ်ချက်များနှင့် ကိုက်ညီသော လူနာစောင့်ကို ကျန်းမာရေးအေဂျင်စီများမှတစ်ဆင့် (သို့) သင်ကိုယ်တိုင် တိုက်ရိုက်ဆက်သွယ်ရှာဖွေ နိုင်ပါတယ်။ နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ သင့်ဆွေမျိုး၊ သူငယ်ချင်း၊ မိတ်ဆွေများမှတစ်ဆင့် မေးမြန်းစုံစမ်းရှာဖွေခြင်း ဖြစ်ပါတယ်။

ထို့ပြင် သင်သည် ပညာရှင်ငှားရမ်းလိုလျှင် ကျန်းမာရေးအေဂျင်စီ၊ ခရစ်ယာန်ဘာသာရေးကျောင်း၊ သက်ကြီးကျန်းမာရေးစင်တာများနှင့် အထူးသဖြင့် သူနာပြုနှင့် လူမှုကူညီရေး အဖွဲ့အစည်းများကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

သင်ငှားမည့် လူနာစောင့်အကြောင်း သိအောင် ကြိုးစားပါ။

လျှောက်ထားသော လူနာစောင့်များ၏ ကိုယ်ရေးအချက်အလက်များကို ဖတ်ရှုပြီး သူတို့ကို ဖုန်းနဲ့ အင်တာဗျူးလုပ်ဖို့ အချိန်ဇယားဆွဲပါ။ တယ်လီဖုန်းမှတစ်ဆင့် လူနာစောင့်မှာ သင်လိုချင်သော လေ့ကျင့်မှုများနှင့် အရည်အချင်းများ ရှိမရှိအတည်ပြုနိုင်ဖို့လိုအပ်သည်။

သူတို့၏ နောက်ကြောင်းနဲ့ အခြေအနေများကိုလည်း စစ်ဆေးမည်ဆိုသည်အကြောင်းကို ကြိုပြောပြထားပါ။ အကယ်၍ သင်သည်လျှောက်ထားလာသော လူနာစောင့်နှင့် ပတ်သက်ပြီး စိတ်ကြိုက်ဖြစ်ပြီးဆိုလျှင် သူ့ကို ကားမောင်းလိုင်စင်၊ ကိုယ်ရေးအချက်အလက်၊ လူမှုဝန်ထမ်းကဒ်၊ အရင်အိမ်လိပ်စာများ အပါအဝင် အိမ်လိပ်စာ စာရင်း နှင့်တကွ လူတွေ့ အင်တာဗျူးခေါ်လိုက်ပါ။

အကယ်၍ ဆွေမျိုး၊ မိတ်ဆွေများထံမှ ထောက်ခံမှု ရရှိထားသော လူနာစောင့်ဖြစ်နေရင်တောင် လုံးလုံးလျားလျား ယုံကြည်လက်ခံဖို့ မသင့်သေးပါဘူး။ သူများအတွက် အဆင်ပြေပေမဲ့ ကိုယ့်လူနာနဲ့ အဆင်ပြေချင်မှ ပြေမှာပါ။ ထို့ကြောင့် လူနာစောင့် လျာထားသူအားလုံးရဲ့ အချက်အလက်တွေကို သေချာလေ့လာသင့်ပါတယ်။

အင်တာဗျူးစစ်ဆေးပါ။

မျက်နှာချင်းဆိုင် ထိုင်ပြီး အင်တာဗျူး စစ်ဆေးခြင်းက အကောင်းဆုံးနည်းလမ်းပါ။ သင်သည် အခြားမိသားစုဝင် (သို့) သင့်တော်သော သူငယ်ချင်းတစ်ယောက်ကို အကြံဉာဏ်၊ယူဆချက်တွေ ပေးနိုင်ဖို့ အင်တာဗျူးအချိန်ခေါ်ထားသင့်ပါတယ်။

လူနာစောင့်နဲ့ လူနာအကြား ဆက်ဆံရေး၊ အခြေအနေဘယ်လို ရှိသလဲဆိုတာ ကြည့်ရှုနိုင်တဲ့ အခွင့်အရေးတစ်ခု ဖန်တီးဖို့ မမေ့ပါနဲ့။ ထိုအပိုင်းကို အင်တာဗျူးဖြေပြီးနောက် သင်သဘောကျသော လူနာစောင့်နဲ့ လူနာကို တွေ့ပေးနိုင်ပါတယ်။ (သို့) အကောင်းဆုံး လူနာစောင့် နှစ်ယောက်လောက်ကို ဖိတ်ပြီး မိသားစုဝင်တွေနဲ့ ဆုံပေးနိုင်ပါတယ်။

အင်တာဗျူးပြီးနောက်မှာတော့ သင့်အထင်အမြင်တွေကို မိသားစုဝင်၊ သူငယ်ချင်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။ အချိန်အကြာကြီး မဆွဲပါနဲ့။ လူနာစောင့်ကောင်းတစ်ယောက်သည် အခြားအလုပ်ကို ရှာသွားရင် သင်သူ့ကို လက်လွှတ်လိုက်ရမှာစိုးလု့ိပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.seniorsresourceguide.com/articles/art01009.html
http://www.huffingtonpost.com/jim-t-miller/home-care-worker_b_2387834.html
https://www.caregiver.org/hiring-home-help

ယခုပုံစံ

10/01/2022

Hello Sayarwon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ

ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝနေသူတစ်ဦးရဲ့ လက္ခဏာများ



Hello Sayarwon မှ ရေးသားသည်။ · 10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement