backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Vitreous Opacities (ဗစ်ထရီးရပ်စ် အိုပတ်စတီးစ်)


Dr. Kaung Thar မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Vitreous Opacities (ဗစ်ထရီးရပ်စ် အိုပတ်စတီးစ်) ကဘာလဲ။

မျက်လုံးထဲတွင် ရေမြုပ်လေးများရှိနေသလို ခံစားရခြင်းဖြစ်ပါတယ်။ အမြင်အာရုံတစ်လျှောက်လိုက်ရွေ့နေတဲ့ အစက်အပြောက်သေးသေးလေးတွေ ဖြစ်ပါတယ်။ စာရွက်အဖြူရောင်၊ ကောင်းကင်ပြာပြာစတဲ့ တောက်ပတဲ့အရာတွေကို ကြည့်လိုက်တဲ့အခါမှာ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ သင့်အမြင်အာရုံကိုအနှောင့်အယှက်မပေးနိုင်ပေမယ့် သင့်စိတ်ကသိကအောက်ဖြစ်စေနိုင်ပါတယ်။

Vitreous Opacities (ဗစ်ထရီးရပ်စ် အိုပတ်စတီးစ်) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Vitreous Opacities (ဗစ်ထရီးရပ်စ် အိုပတ်စတီးစ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ရေမြုပ်ကြည်ကြည်လေးတွေလို အမြင်အာရုံမှာပေါ်လာခြင်း

မျက်လုံးရွေ့လိုက်တာမျိုးမှာ လိုက်ရွေ့သွားပြီး ကြည့်ဖို့ကြိုးစားတဲ့အခါမျိုးမျာ သင့်အမြင်စက်ဝန်းကနေ ရုတ်တရက်ပျောက်သွားတာမျိုး

ကောင်းကင်ပြာ၊ သို့ အဖြူရောင်နံရံကဲံသို့သော တောက်ပတဲ့နောက်ခံပြောင်တစ်ခုကို ကြည့်လိုက်တဲ့အခါမှာ ပိုပြီးထင်ရှားသွားတာမျိုး

တဖြည်းဖြည်းချင်း အမြင်အာရုံကနေ ပျောက်သွားတာမျိုး

ရေမြုပ်လေးတွေလိုပဲ မျက်လုံးတစ်ဝိုက်ရွေ့လျားသွားနေတာကြောင့် ဖြစ်ပါတယ်။ ကြည့်ဖို့ကြိုးစားလိုက်တဲ့အခါမှာ ပျေက်သွားတတ်ကြပါတယ်။ တစ်ကြိမ်မိသွားပြီးရင် နောက်ထပ်ထပ်မေရွေ့တော့ပါဘူး။ အချိန်တွေကြာလေ ပိုဆိုးလာနိုင်လေဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

အရင်ထက်ပိုများလာတာမျိုး

နောက်ထပ်ရုတ်တရက်ထပ်ပေါ်လာတာမျိုး

အလင်းရောင်စူးစူး

မှောင်မည်းနေခြင်း

ချက်ချင်းဂရုပြုသင့်တဲ့အန္တရာယ်ပေးနိုင်တဲ့ မြင်လွှာကွာခြင်းနဲ့တွဲပြီးသို့ မတွဲဘဲ မြင်လွှာပေါက်ပြဲသွားခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

အကြောင်းရင်းများ

Vitreous Opacities (ဗစ်ထရီးရပ်စ် အိုပတ်စတီးစ်) ကိုဘာတွေကဖြစ်စေသလဲ

ရေမြုပ်အများစုက ကော်လာဂျင်လို့ခေါ်တဲ့ပရိုတိန်းအဖတ်လေးတွေ ဖြစ်ပါတယ်။ မျက်လုံးအနောက်ဘက် မှန်ဘီလူးနဲ့သူငယ်အိမ်အကြား အရည်ကြည်ဂျယ်လေးတွေ ဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာ ဒီအရည်ကြည်တွေကိုဖြစ်စေနိုင်တဲ့ ပရိုတိန်းအမျှင်တွေကနေ အပိုင်းပိုင်းပြတ်သွားပြီး စုပုံသွားခြင်းဖြစ်နိုင်ပါတယ်။ မြင်လွှာမှာအရိပ်တွေလို ထင်လာခြင်းဖြစ်ပါတယ်။ အလင်းရောင်စူးစူးကို မြင်လိုက်တဲ့အခါမှာ မြင်လွှာကနေပျေက်သွားတာကြောင့် ဖြစ်ပါတယ်။ အောက်ပါအချက်တွေကြောင့်လည်း ဖြစ်ုနိင်ပါတယ်။

အသက်အရွယ်အလိုက်အမြင်အာရုံပြောင်းလဲမှုများ- မျက်လုံးကိုလုံးဝန်းအောင်ထိန်ေးပးတဲ့ မျက်လုံးထဲမှာပြည့်နေတဲ့ဂျယ်လီလိုအရာလိုမျိုးတွေက အသက်အရွယ်ကိုလိုက်ပြီးပြောင်းလဲမှုတွေ ဖြ်စသွေားတာကြော အများဆုံးဖြစ်နိုင်တယ်။ အချိန်ကြာလာတဲ့အခါမှာ ဒီဂျယ်လီလိုမျိုးအရာတွေကနေ တဖြည်းဖြည်းချင်းအရည်ပျော်သွားပါတယ်။ မျက်လုံးအတွင်းပိုင်းမျက်နှာပြင်ကနေပြီး ပျေက်သွားပါတယ်။ ဂျယ်လီတွေနည်းသွားတဲ့အခါမျိုးမှာ ခဲပြီးစီးကပ်ကပ်ဖြစ်သွားပါတယ်။ ဒီအစုအဝေးလေးတွေကနေ မျက်လုံးထဲဝင်လာတဲ့အလင်းရောင်တွေကို ပိတ်ဆို့လိုက်ပြီး မြင်လွှာမှာအရိပ်တွေထင်လာခြင်းဖြစ်ပါတယ်။

မျက်လုံးအနောက်ဘက်ရောင်ရမ်းခြင်း- မျက်လုံးနောက်ဘက်ယူဗီရာအလွှာလေးတွေ ေရောင်ရမ်းခြ်ငးဖြ်စပါတယ်။ ကူးစက်ပိုးဒါမှမဟုတ် ရောင်ရမ်းရောဂါတွေကြောင့် မျက်လုံးအနောက်ဘက်ရောင်ရမ်းခြင်းကနေ မျက်လုံးထဲအမြုပ်လိုမျိုးဖြစ်လာခြင်းဖြစ်နိုင်ပါတယ်။

မျက်လုံးအတွင်ေးသွားယိုခြင်း- မျက်လုံးအတွင်းအရည်တွေထဲကို သွေးယိုခြင်းမှာ ထိခိုက်မိခြင်း၊ သွေးကြောပြဿနာများအပါအဝင် အကြောင်းအမျိားကြီးကြောင့် ဖြစ်ပါတယ်။

မြင်လွှာပြဲခြင်း- အားသက်ရောက်မှုကြောင့်ဖြစ်ပါတယ်။ မကုသဘူးဆိုရင် မြင်လွှာပြဲခြင်းကနေ မြင်လွှာကွာထွက်ခြင်းဖြစ်ုနငိပါတယ်။ မြင်လွှာနောက်ပိုင်းမှာ အရည်တွေစုပုံလာခြင်းကနေ မျက်လုံးအနောက်ဘက်ကနေ ကွာထွက်သွားခြင်းဖြစ်ပါတယ်။ မြင်လွှာကွာထွက်ခြင်းကို မကုသဘူးဆိုရင် အမြင်အာရုံလုံးဝဆုံးရှုံးသွားနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

Vitreous Opacities (ဗစ်ထရီးရပ်စ် အိုပတ်စတီးစ်) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဗစ်ထရီးရပ်စ် အိုပတ်စတီးစ် ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အသက်၅၀အထက်

အဝေးမှုန်ခြင်း

မျက်လုံးထိခိုက်မိခြင်း

တိမ်ခွဲထုတ်ခြင်းရဲ့နောက်ဆက်တွဲရလဒ်

ဆီးချိုကြောင့် မြင်လွှာပျက်စီးခြ်ငး

မျက်လုံးရောင်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Vitreous Opacities (ဗစ်ထရီးရပ်စ် အိုပတ်စတီးစ်) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်မျက်လုံးအနောက်ဘက်ကို ကောင်းကောင်းမြင်နိုင်ဖို့ မျက်လုံးချဲ့ခြင်းအပါအဝင် မျက်လုံးစစ်ဆေးခြင်းကို ပြုလုပ်ပါလိမ့်မယ်။

Vitreous Opacities (ဗစ်ထရီးရပ်စ် အိုပတ်စတီးစ်) ကို ဘယ်လိုကုသပါသလဲ

မျက်လုံးအမြုပ်တွေကြောင့် အနှောင့်အယှက်ဖြစ်နိုင်ပြီး သူတို့ကိုဂရုပြုနေရတာကြောင့် အချိန်ကုန်သွားနိုင်ပါတယ်။ နောက်ဆုံးမှာတော့ လျစ်လျူရှုလိုက်နိုင်တာမျိုး သို့သိပ်သတိမထားမိတော့တာမျိုး ဖြစ်သွားနိုင်ပါတယ်။။

ရံဖန်ရံခါမှဖြစ်ပေမယ့် သင့်မျက်လုံးအမြင်ကို ထိခိုက်စေတယ်ဆိုရင် သင်နဲ့သင့်ဆရာဝန်က ကုသမှုကိုစဉ်းစားသင့်ပါတယ်။ ကုသမှုတွေကတော့

အမြုပ်တွေကိုချေဖျက်ဖို့ လေဆာအသုံးပြုချေဖျက်ခြင်း- မျက်စိအထူးကုတွေက မျက်လုံးအရည်ကြည်ထဲမှာရှိတဲ့အမြုပ်တွေကို ဖျက်တောက်ပစ်တာမျိုးနဲ့ ဂရုပြုမိနည်းအောင် အထူးပြုလုပ်ထားတဲ့လေဆာကို အသုံးပြုပါတယ်။ ဒီကုထုံးကိုခံယူနေရတဲ့ အချို့လူတွေမှာ အမြင်အာရုံတိုးတက်ကောင်းမွန်လာတာမျိုး တွေ့ရပြီး အချို့မှာတော့ ပြောင်းလဲမှုမရှိတတ်ကြပါဘူး။

လေဆာကုထုံးရဲ့ဆိုးကျိုးတွေကတော့ မှန်မှန်ကန်ကန်အသုံးမပြုနိင်ဘူးဆိုရင် မြင်လွှာပြဲသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ မျက်လုံးအမြုပ်တွေကိုကုသဖို့ လေဆာအသုံးပြုခြင်းက ရံဖန်ရံခါမှာသာအသုံးပြုတတ်ကြပါတယ်။

အရည်ကြည်တွေကိုဖယ်ဖို့ ခွဲစိတ်ကုသဖြင်း- မျက်စိအထူးကုဆရာဝန်တွေက အပေါက်သေးသေးကနေတစ်ဆင့် မျက်လုံးအရည်ကြည်တွေကို ဖယ်ထုတ်ပေးပြီး မျက်လုံးပုံသဏ္ဍာန်ကိုထိန်းပေးနိုင်တဲ့ အရည်တစ်မျိုးအစားထိုးထည့်ပေးခြင်း ဖြစ်ပါတယ်။ ခွဲစိတ်ကုသခြင်းက မျက်လုံးအမြုပ်တွေအားလုံးကို မဖယ်ရှားပေးနိုင်ဘဲ ခွဲစိတ်မှုအပြီးမှာ အမြုပ်အသစ်တွေဆက်ဖြစ်လာနိုငပါတယ်။ ဆိုးကျိုးတွေကတော့ သွေးယိုခြင်းနဲ့မြင်လွှာပြဲခြင်း ဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဗစ်ထရီးရပ်စ် အိုပတ်စတီးစ် ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဗစ်ထရီးရပ်စ် အိုပတ်စတီးစ် ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

မျက်လုံးအမြုပ်အများစုက အိုမင်းရင့်ရော်လာခြင်းသဘာဝဖြစ်စဉ်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ မကာကွယ်နိုင်ဘူးဆိုရင်လည်း ပြဿနာကြီးကြီးမားမားရဲ့ ရလဒ်မဟုတ်မှန်း သေချာသိထားသင့်ပါတယ်။ အမြုပ်လေးတွေစသတိထားမိတဲ့အခါမျိုးမှာ မျက်စိအထူးကုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သင့်အမြင်အာရုံကို ထိခိုက်စေနိုင်လောက်တဲ့အထိ ပြင်းထန်တဲ့အခြေအနေတစ်ခုရဲ့ လက္ခဏာတွေမဟုတ်ကြောင်း သေချာအောင်ပြုလုပ်ပေးပါလိမ့်မယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement