backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Vestibular neuritis (ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော ရောင်ရမ်းမှု )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Vestibular neuritis (ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော ရောင်ရမ်းမှု ) ကဘာလဲ။

အတွင်းနားတွင် ရှိသော ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော တွင် ရောဂါကူးစက်ခြင်း ကို ခေါ်သည်။ ထိုသို့ရောဂါကူးစက်ခြင်းက ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြောကို အနာဖြစ်စေပြီး သင့်ရဲ့ ကိုယ်နေဟန်ချက်ကို နောက်ယှက်သည်။

Vestibular neuritis (ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော ရောင်ရမ်းမှု ) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Vestibular neuritis (ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော ရောင်ရမ်းမှု ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော ရောင်ရမ်းမှု ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ရုတ်တရက်ပြင်းထန်စွာ ခေါင်းမူးဝေခြင်း( ချာချာလည်ခြင်း ၊ ယိုင်ထိုးနေသော ခံစားမှု)
  • ခေါင်းမူးခြင်း
  • ကိုယ်နေဟန်မထိန်းနိုင်ခြင်း
  • ပျို့ အန်ခြင်း
  • အာရုံစူးစိုက်ရန်ခက်ခဲခြင်း

ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြောယောင်ရမ်းခြင်း နှင့် အတွင်း နားစည်ရောင်ရမ်းခြင်းတို့သည် ဆက်စပ်နေသည်။ ကိုယ်နေဟန်ချက်ထိန်းသောအာရုံကြော ယောင်ရမ်းခြင်း တွင် ကိုယ်နေဟန်ချက်နှင့် အကြားအာရုံထိန်းပေးသော အာရုံကြော၏ ကိုယ်နေဟန်ချက်အပိုင်းသာ ထိခိုက်သည်။

အတွင်းနားစည်ရောင်ခြင်းတွင်း ထိုအာရုံကြော ၏လုပ်ဆောင်ချက်နှစ်ခုလုံးထိခိုက်သောကြောင့် ကိုယ်နေဟန်ချက်ရော အကြားအာရုံပါ ထိခိုက်သည်။ ထို့ကြောင့် အတွင်းနားစည်ယောင်ရာတွင် ကိုယ်နေဟန်ချက်ထိန်းသောအာရုံကြော တွင် တွေ့ရသော ရောဂါ လက္ခဏာများ အပြင် အပိုထပ်ဆောင်းအနေနှင့် နားအူခြင်း ( နားထဲတွင် တတီတီကြားနေရခြင်း) နှင့်/သို့ အကြားအရုံ ချို့ရွင်း ခြင်းတို့တွေ့ရမည်။

ယေဘုယျအားဖြင့် ပြင်းထန်သော လက္ခဏာများဖြစ်သည့် ခေါင်းချာချာလည်မူးခြင်း ခေါင်းတရိပ်ရိပ်မူးခြင်းတို့သည် နှစ်ရက်မျှသာ ကြာမြင့်သော်လည်း ထိုအချိန်တွင် နေ့စဉ်လုပ်ငန်းဆောင်တာများ မလုပ်နိုင်လောက်အောင် ဆိုးရွားသည်။ ထိုပြင်းထန်သော ရောဂါလက္ခဏာများ သက်သာလာပြီးနောက် လူနာအများစုသည် ရက်သတ္တပါတ်များစွာ ခန့်မှန်းခြေ ၃ပတ်လောက် အတွင်း မူလလူကောင်းပကတိပြန်ဖြစ်သည်။

သို့သော်လည်းအချို့လူများတွင် ဟန်ချက်မညီခြင်း ခေါင်းရိပ်ရိပ်မူးခြင်းတို့ကို လပေါင်းများစွာခံစားရသည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Vestibular neuritis (ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော ရောင်ရမ်းမှု ) ကိုဘာတွေကဖြစ်စေသလဲ

ဗိုင်းရပ်ပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်သည်။ ထိုဗိုင်းရပ်ပိုးသည် လည်ချောင်းနာခြင်း ၊ နှာစေးချောင်းဆိုးခြင်းတိုကနေစတင်နိုင်သည်။

ဘက်တီရီးယား ကူးစက်ခြင်းကြောင့်လည်းဖြစ်နိုင်သည်။

ဥပမာအားဖြင့် အတွင်းနားရောင်ယမ်းခြင်း

သို့မဟုတ် ဦးနှောက် အမြှေးရောင်ခြင်း သို့သော် အဖြစ်နည်းသည်။ ဦးခေါင်းထိခိုက်မှုကနေပြီး ဘက်တီရီးယားများသည်အတွင်းနား အတွင်းသို့ ဝင်လာနိုင်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Vestibular neuritis (ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော ရောင်ရမ်းမှု ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Vestibular neuritis (ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော ရောင်ရမ်းမှု ) ကို ဘယ်လိုအတည်ပြုပါသလဲ

  • အကြားအာရုံစစ်ဆေးခြင်း
  • မျက်ထောင့်တွင်သူငယ်အိမ် လှုပ်ရှားမှု

စစ်ဆေးခြင်း

  • Gadolinium ထိုးကာ လျှစ်စစ်သံလိုက်ဖြင့် ပုံဖော်ခြင်း

အကြားအာရုံနှင့် သူငယ်အိမ်လှုပ်ရှားမှု စစ်ဆေးခြင်းဖြင့် ဆရာဝန်သည် ခေါင်းချာချာလည်ခြင်းကိုဖြစ်စေသော

အကြောင်းကို အတည်ပြုနိုင်လိမ့်မည်။

လျှပ်စစ်သံလိုက်ဖြင့်ပု့ံဖော်ခြင်းဖြင့် အခြားသောအကြောင်းများ ဥပမာ ဦးနှောက် အကျိတ်ကြောင့်ဖြစ်သော ရောဂါ လက္ခဏာ မဟုတ် ကြောင်း သေချာရန်ဖြစ်သည်။

Vestibular neuritis (ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော ရောင်ရမ်းမှု ) ကို ဘယ်လိုကုသပါသလဲ

ရောဂါလက္ခဏာတွေဟာ ဆေးကုသမှုမခံယူရင်တောင် ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာသွားမှာဖြစ်တယ်။ သို့သော်လည်း ရောဂါဝေဒနာလျှောချဖို့ သင်ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့နည်းလမ်းအချို့ရှိတယ်။

ဆေးက ရောဂါသက်သာလာမယ့်အချိန်ကိုမြန်အောင်လုပ်လို့

မရပေမယ့် ရောဂါဝေဒနာကိုသက်သာစေတယ်။

သင်၏ဆရာဝန်အနေနှင့် ပြင်းထန်သောရောဂါဝေဒနာများသက်သာဖို့ အောက်ဖော်ပြပါဆေးတွေကိုညွှန်ကြားလိမ့်မယ်။

ဘန်ဇိုဒိုင်ယာဆီဖန်း – စိတ်ငြိမ်ဆေး

ကိုယ်နေဟန်ထိန်းအဖွဲ့ကနေပို့လွှတ်တဲ့ ပုံမှန်ဟုတ်တဲ့ အချက်ပြမှုတွေကြောင့်ဖြစ်လာတဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကိုလျှော့ချပေးတယ်။

အ အန်ပျောက်ဆေး

ပိုးသတ်ဆေး – ဘတ်တီရီးယားကြောင့် ဖြစ်သည်ဟုယူဆသောအခါပေးသည်။

ဖြစ်နိုင်ချေရှိသော ဆေး၏ဆိုးကျိုးများကို ဆေးနှင့်အတူတွဲပါလာသော အညွှန်းတွင်ဖတ်ကြည့်ပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော ရောင်ရမ်းမှု ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကိုယ်နေဟန်ချက်ထိန်းသော အာရုံကြော ရောင်ရမ်းမှု ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ပျို့အန်ချင်တယ်လို့ခံစားရရင် ရေဓါတ်မဆုံးရုံးရအောင် ရေများများသောက်ပါ။ ပမာဏနည်းနည်းကို ခဏခဏသောက်ပေးပါ။

ခေါင်းချာချာလည်အောင်မူးနေပါက ထိခိုက်မှုမရှိစေရန်

အိပ်ရာထဲတွင်အနားယူပါ။ ရက်အနည်းငယ်ကြာပြီးနောက် တွင်ဆိုးရွားသော ရောဂါ

လက္ခဏာများပျောက်သွားမည်။ အချိန်တိုင်းမူးဝေနေမည်မဟုတ်ပါ။

မူးဝေခြင်း ၊ချာချာလည်ခြင်းသက်သာအောင် သင်လုပ်ဆောင်နိုင်သော အရာများရှိသည်။

အရက်မသောက်ခြင်း

စူးရှသောအလင်းရောင်များကိုရှောင်ခြင်း

ပတ်ဝန်းကျင်တွင်ဆူညံသော အသံ မဖြစ်အောင်ထားခြင်း

ခေါင်းမူးပြီးကိုယ်နေမမှန်သေးဘူးဆိုရင်

ကားမောင်းခြင်း ၊အမြင့်တွင် အလုပ်လုပ်ခြင်း ၊စက်ပစ္စည်းများနဲ့အလုပ်လုပ်ခြင်းကို မလုပ်သင့်ပါဘူး။

ခေါငးမူးခြင်းသက်သာလာပြီဆိုရင်

ပုံမှန်လုပ်နေကျအလုပ်

တွေကိုဖြေးဖြေးခြင်းလုပ်နိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် လမ်းလျှောက်ပါ။ သင့်ကိုသင်ယုံကြည်မှုရှိသည့်အချိန်ထိ

ဘေးကအကူနှင့်လျှောက်ပါ။

တက်ကြွလှုပ်၇ှားခြင်းကသင့်အခြေအနေကိုဆိုးမလာနိုင်

သော်လည်းခေါင်းမူးခြင်းကိုဖြစ်စေသည်။

ပြန်လည်ကောင်းမွန်ဆဲအခြေအနေမှာလူရှုပ်ထွေးသော

နေရာတွေကိုမသွားသင့်သေးပါဘူး

ဥပမာ — ကုန်တိုက် ၊ ဈေး ၊ လူများသောလမ်း

မျက်လုံးကိုခဏခဏလှုပ်ရှားရခြင်းကြောင့် သင့်ကိုခေါင်းမူးလာစေလိမ့်မည်။ ဘေးပတ်ဝန်းကျင်ကိုကြည့်နေသည်ထက်စာရင်

အရာဝတ္ထုတစ်ခုထဲကိုစူးစိုက်ကြည့်ပါ။

ရောဂါ၏အဆိုးရွားဆုံးအခြအနေကိုကျော်လွန်သွားလျှင် ကိုယ်လက်လှုပ်ရှားခြင်းကသင့်ကိုမြန်မြန်သက်သာစေမည်

သို့သော် အစပိုင်းတွင် မအီမသာ ခံစားရလိမ့်မည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement