backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Unintentional Weight Loss (မရည်ရွယ်ထားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Unintentional Weight Loss (မရည်ရွယ်ထားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း) ကဘာလဲ။

မကြိုးစားဘဲ၊ မရည်ရွယ်ဘဲ ကိုယ်အလေးချိန်သိသိသာသာ ကျဆင်းသွားပါက ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။

ဒါဟာတော်တော်ကို စိတ်ညစ်စရာကောင်းနေမှာပါ။ အထူးသဖြင့် သိသိသာသာပိန်ကျသွားပြီး အကြောင်းအရင်းမသိတဲ့အခါတွေမှာပေါ့။ မရည်ရွယ်ထားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်းဟာ ရောဂါကြီးကြီးမားမားရှိလို့ ဒါမှမဟုတ် အစာအိမ်ဗိုင်းရပ်စ်ဝင်ခြင်းလိုမျိုး သာမန်ပြဿနာအသေးလေးကြောင့်လည်းဖြစ်နိုင်ပါတယ်။

အကြောင်းမသိဘဲ အလေးချိန်ကျသွားခြင်းက ကျန်းမာရေးအရစိတ်ပူစရာတစ်ခုဟုတ်ရဲ့လား မသေချာပါဘူး။ ဒါပေမယ့် ဆရာဝန်အများစုကတော့ ၆လအတွင်း ပုံမှန်အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းထက်ပိုပြီးလျော့ကျသွားပါက အထူးသဖြင့်အသက်ကြီးသူတွေမှာဆိုရင်တော့ ကျန်းမာရေးအရ တွေးဖို့လိုလာပါပြီ။

သင့်ကိုယ်အလေးချိန်ဟာ သင့်ရဲ့ ကယ်လိုရီစားသုံးမှု၊ လှုပ်ရှားမှု၊ ကျန်းမာရေးအခြေအနေ၊ အသက်အရွယ်၊ အာဟာရ၊ ခန္ဓါကိုယ်ရဲ့စုပ်ယူနိုင်မှုနဲ့ လူမှုရေး စီးပွားရေးတွေမှာမူတည်နေတတ်ပါတယ်။

Unintentional Weight Loss (မရည်ရွယ်ထားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း) က ဘယ်လောက်အဖြစ်များသလဲ

မရည်ရွယ်ထားပဲကိုယ်အလေးချိန်လျော့တာဟာ တော်တော်အဖြစ်များပါတယ်၊ ယောက်ျားမိန်းမမရွေးဖြစ်နိုင်ပြီး အသက်အရွယ်မရွေးလည်းဖြစ်နိုင်တယ်။

ဖြစ်နိုင်ချေရှိတဲ့ အချက်တွေကိုရှောင်ရှားခြင်းဖြင့်တော့ သက်သာစေနိုင်ပါတယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။

လက္ခဏာများ

Unintentional Weight Loss (မရည်ရွယ်ထားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကိုယ်အလေးချိန်ဆိုတာ အမြဲတမ်းပုံမှန်ပြောင်းလဲနေနိုင်ပါတယ်။ ဒါပေမယ့် ၆ လအတွင်း အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းခန့် ဆက်တိုက် အကြောင်းမဲ့ကျဆင်းခြင်းကတော့ စိတ်ပူစရာပါပဲ။ ထိုမျှလောက် အလေးချိန်ကျခြင်းဟာ အာဟာရမမျှတတာကြောင့်ဖြစ်နိုင်တယ်။

အထူးသခြင့်အောက်ပါလက္ခဏာတွေခံစားလာရရင်တော့ အာရုံစိုက်သင့်ပါပြီ-

  • ပင်ပန်းခြင်း
  • ခံတွင်းပျက်ခြင်း
  • ဆီးဝမ်းမမှန်ခြင်း
  • နေမကောင်းဖြစ်တာများလာခြင်း
  • ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    တကယ်လို့ မကြိုးစားဘဲအလေးချိန်ကျနေတယ်၊ အကြောင်းလဲမသိဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပငါပ။ အထူးသဖြင့် ၆ လမှ ၁၂ လအတွင်း အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းလောက်ကျရင်ပေါ့၊

    အားနည်းတတ်ပြီး အသက်ကြီးသူဖြစ်ရင်တော့ အနည်းငယ်လောက်အလေးချိန်ကျရင်ကိုပဲ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ်။

    အကြောင်းရင်းများ

    Unintentional Weight Loss (မရည်ရွယ်ထားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ ကျန်းမာရေးနဲ့ဆိုင်နိုင်သလို မဆိုင်တာလည်းဖြစ်နိုင်ပါတယ်။

    တခါတလေတော့ အကြောင်းမျိုးစုံတိုက်ဆိုင်သွားခြင်းဟာ ကျန်းမာရေးချို့ယွင်းပြီး ကိုယ်အလေးချိန်ကျခြင်းတွေဖြစ်စေနိုင်တယ်။ တခါတရံတော့ တိကျတဲ့အကြောင်းအရင်းမတွေ့တာလည်းဖြစ်နိုင်ပါတယ်။

    များသောအားဖြင့် မသိရသေးတဲ့ ကင်ဆာတွေဆိုရင်တော့ အကြောင်းမရှိဘဲ ဝိတ်ကျတာအပြင် တခြားလက္ခဏာတွေ ဒါမှမဟုတ် ဓါတ်ခွဲခန်းအဖြေတွေရှိတတ်ပါတယ။်

    အကြောင်းမရှိဘဲဝိတ်ကျနိုင်ချေရှိတဲ့ အကြောင်းတွေကတော့-

    • Addison’s ရောဂါ
    • ကင်ဆာ
    • အူဆိုင်ရာရောဂါ
    • စားသောက်မှုပုံစံ၊ အစာစားလိုစိတ်ပြောင်းလဲမှု
    • အရသာခံစိတ်ပြောင်းလဲမှု
    • အဆုတ်ရောဂါ
    • Crohn’s ရောဂါ
    • သွားပြဿနာများ
    • ဆီးချိုသွေးချို
    • နှလုံးရောဂါ
    • HIV/AIDS
    • ကယ်လ်စီယမ်များခြင်း
    • သိုင်းရွိုက်အလုပ်နည်းခြင်း
    • သိုင်းရွိုက်အလုပ်များခြင်း
    • ဆေးများ
    • Parkinson’s ရောဂါ
    • အစာအိမ်အနာပေါက်ခြင်း
    • အရက်သောက်ခြင်း၊ ဆေးသုံးခြင်း
    • TB
    • အူရောင်ခြင်း အနာပေါက်ခြင်း

    ဖြစ်နိုင်ခြေများ

    Unintentional Weight Loss (မရည်ရွယ်ထားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    မရည်ရွယ်ဘဲအလေးချိန်ကျခြင်းကို အားပေးနိုင်သောအချက်တွေကတော့-

    • စိတ်ဓါတ်ကျခြင်း
    • ခံတွင်းပျက်ခြင်း
    • ဆေးများကြောင့် ခံတွင်းခြောက်ခြင်း၊ ပါးစပ်တွင်းအနာပေါက်ခြင်း

    နှလုံး၊ အသည်း၊ ကျောက်ကပ် စသည့်ရောဂါများ၊ ကင်ဆာ၊ HIV/AIDS ၊ ကင်ဆာဆေးသွင်းခြင်းကြောင့်ပျို့ခြင်း၊ အစားအသောက်ပျက်ခြင်း။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Unintentional Weight Loss (မရည်ရွယ်ထားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    လက္ခဏာများနှင့် ပြောင်းလဲလိုက်သော နေထိုင်မှုပုံစံများကိုမေးမြန်းပြီး အလေးချိန်ကျရခြင်းအကြောင်းအရင်းများကို ရှာဖွေပါလိမ့်မယ်။

    မေးမြန်းခြင်း၊ စမ်းသပ်မှုများနဲ့ ဓါတ်ခွဲစစ်ဆေးမှုများလုပ်ရပါလိမ့်မယ်။ တကယ်လို့အာဟာရ၊ စားသောက်မှုပုံစံကြောင့်ဟုထင်ပါက အာဟာရပြည့်ဝမှုရှိမရှိ စမ်းသပ်ရနိုင်ပါတယ်။ ဒါဟာ ဗီတာမင်၊ သတ္ထုဓါတ်ပမာဏတွေအတွက် သွေးစစ်ဆေးမှုတွေပါနိုင်ပါတယ်။ သွေးအားနည်းခြင်းရှိမရှိ စမ်းသပ်စစ်ဆေးမှာဖြစ်တယ်။

    တခါတရံ အခြေခံစမ်းသပ်မှုတွေမှာ အကြောင်းမရှိပါက လအနည်းငယ်အကြာမှာ နောက်တစ်ဆင့်စမ်းသပ်ပါလိမ့်မယ်။ နောက်ထပ်အလေးချိန်ထပ်မကျဖို့၊ ပြန်တက်စေဖို့ အထူးစားသောက်ရမယ့်ပုံစံရှိလာနိုင်ပါတယ်။

    Unintentional Weight Loss (မရည်ရွယ်ထားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း) ကို ဘယ်လိုကုသပါသလဲ

    တကယ်လို့အာဟာရမမျှတခြင်းဖြစ်ပါက အာဟာရကျွမ်းကျင်သူနဲ့ ဆေးနွေးတိုင်ပင်ပြီး စားသောက်မှုပုံစံပြင်ရပါလိမ့်မယ်။ အူရောင်ခြင်းရောဂါများကဲ့သို့ အစာခြေစနစ်နှင့်ဆိုင်သောရောဂါများတွင်တော့ လိုအပ်သောအာဟာရများရဖို့ အထူးစားသောက်ပုံစံလိုပါလိမ့်မယ်။

    ဆေးဆိုင်များတွင် အလိုတကူဝယ်ယူရရှိနိုင်သောဆေးများသောက်ရန်လည်း လိုကောင်းလိုနိုင်ပါတယ်။

    တကယ်လို့ ဟော်မုန်းတွေကြောင့်ဖြစ်ရတာဆိုရင်တော့ ဆရာဝန်ကဆေးညွှန်းပေးပါလိမ့်မယ်။

    တုပ်ကွေး၊ အအေးမိခြင်း၊ အစားမှားခြင်းကြောင့် အနားယူရခြင်း၊ အစာအိမ်ဆေးများစသည့် သာမန်အချက်များကြောင့် မရည်ရွယ်ထားဘဲ အလေးချိန်ကျဆင်းသွားခြင်းများကိုတော့ နေကောင်းသွားချိန်မှာ ပုံမှန်အတိုင်းပြန်စားသောက်ခြင်းဖြင့် ပြန်ကုသနိုင်ပါတယ်။

    ကင်ဆာကဲ့သို့ စိုးရိမ်စရာရောဂါကြီးကြီးမားမားတစ်ခုခုကြောင့်ဟု သံသယရှိပါက တိကျစွာသိရဖို့ စစ်ဆေးမှုများလုပ်ဖို့လိုပါလိမ့်မယ်။

    နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အိမ်တွင်းကုနည်းများ

    အောက်ပါနည်းများကအကူအညီဖြစ်နိုင်ပါတယ်-

    • စားသောက်ပုံစံမှားယွင်းခြင်းကိုပြုပြင်ပြီး ကျန်းမာရေးနဲ့ညီညွတ်စွာစားပါ
    • ကျန်းမာရေးနှင့်ညီညွတ်သောအလေ့အကျင့်များ လေ့ကျင့်ယူပါ။
    • ဇီဝရုပ်ဖြစ်ပျက်မှုကိုအထောက်အကူပြုနိုင်ရန် ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။
    • အကောင်းမြင်စိတ်မွေးပြီး စိတ်ဖိစီးမှုများ၊ စိတ်ပူပန်စရာများကိုရှောင်ကြဉ်ပါ။
    • လုံလောက်စွာအနားယူပါ။

    သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement