backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကြာကွက်ကြောက်ရောဂါ (Trypophobia)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Trypophobia(ကြာကွက်ကြောက်ရောဂါ) ဆိုတာဘာလဲ။

Trypophobia(ကြာကွက်ကြောက်ရောဂါ) ဆိုတာက စုပြုံနေတဲ့အပေါက်တွေကို ကြောက်တဲ့၊ ရွံတဲ့ရောဂါဖြစ်ပါတယ်။ Trypophobia(ကြာကွက်ကြောက်ရောဂါ) ရှိသူတွေက အပေါက်တွေစုပြုံနေတဲ့ မျက်နှာပြင်တစ်ခုကိုမြင်တဲ့အခါ မူးနောက်ပျို့ချင်လာပါတယ်။ ဥပမာ – ကြာခွက်မျက်နှာပြင်၊ စတော်ဘယ်ရီမျက်နှာပြင်တို့က ဒီလိုဖိုးဘီးယားရှိသူတွေအတွက် မအီမသာဖြစ်စေပါတယ်။

Trypophobia(ကြာကွက်ကြောက်ရောဂါ) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Trypophobia(ကြာကွက်ကြောက်ရောဂါ) က အဖြစ်များတာမျိုးတော့မဟုတ်ဘူး။ တရားဝင်အရ အသိအမှတ်လည်းမပြုပါဘူး။ Trypophobia(ကြာကွက်ကြောက်ရောဂါ) ကိုလေ့လာတာကလည်း နည်းပါသေးတယ်။ ရောဂါဟုတ်မဟုတ် တရားဝင်သတ်မှတ်လို့ရအောင်လုပ်နေတဲ့ သုတေသနလောက်ပဲ ရှိပါတယ်။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ရောဂါလက္ခဏာများ

Trypophobia(ကြာကွက်ကြောက်ရောဂါ) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

အပေါက် ဒါမှမဟုတ် အပေါက်နဲ့တူတဲ့အရာလေးတွေ စုပြုံနေတာကိုမြင်ရတဲ့အခါ ဖြစ်လာတဲ့လက္ခဏာတွေကို တင်ပြထားကြပါတယ်။

ဒါတွေကိုမြင်တဲ့အခါ Trypophobia(ကြာကွက်ကြောက်ရောဂါ) ရှိသူတွေက ရွံတာ ကြောက်တာတွေ ဖြစ်ကြပါတယ်။ တစ်ချို့လက္ခဏာတွေကတော့…

  • ကြက်သီးထခြင်း
  • မနှစ်မျို့ခြင်း
  • မအီမသာခံစားရခြင်း
  • အမြင်အာရုံမှာ မသက်မသာဖြစ်ခြင် ဥပမာ မျက်လုံးနာခြင်း၊ ထင်ယောင်မှားခြင်း
  • စိတ်ထွေပြားခြင်း
  • ထိတ်လန့်ခြင်း
  • ချွေးပြန်ခြင်း
  • ပျို့ခြင်း
  • ခန္ဓါကိုယ်တုန်ခြင်း

အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက Trypophobia(ကြာကွက်ကြောက်ရောဂါ) ဖြစ်ပွားစေသလဲ။

Trypophobia(ကြာကွက်ကြောက်ရောဂါ) အကြောင်း အများကြီးမသိရသေးပါဘူး။ ဒါပေမယ့် ဒါကိုဖြစ်စေတဲ့ ခလုတ်တွေကတော့

  • ကြာခွက်
  • ပျားအုံ
  • စတော်ဘယ်ရီ
  • သန္တာကျောက်
  • အိုးတိုက်သံအူ
  • သလဲသီး
  • ရေပူဖောင်းလေးများ
  • ရေငွေ့ချွေး
  • သခွားမွှေးစေ့
  • မျက်လုံးအများကြီးစုထားသောပုံ

အရေပြားအပြောက်အစက်၊ သားမွှေးအပြောက်အစက် စတာတွေပါတဲ့ တိရိစ္ဆာန်များ၊ အင်းဆက်များ၊ တွားသွားသတ္တဝါများ၊ နို့တိုက်သတ္တဝါများနဲ့ တခြားသတ္တဝါတွေကလည်း Trypophobia (ကြာကွက်ကြောက်ရောဂါ) ဖြစ်ဖို့ ခလုတ်တွေဖြစ်နိုင်ပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်မားစေတဲ့အကြောင်းရင်းများ

ဘယ်အရာတွေက Trypophobia ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Trypophobia(ကြာကွက်ကြောက်ရောဂါ) ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းကို ကောင်းကောင်းမသိရသေးပါဘူး။ ၂၀၁၇ မှာလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုမှာ Trypophobia(ကြာကွက်ကြောက်ရောဂါ) နဲ့ အထူးစိတ်ကျရောဂါ၊ စိုးရိမ်စိတ်ရောဂါတို့နဲ့ ဆက်စပ်နေနိုင်ကြောင်း ချိတ်ဆက်မှုကို တွေ့ခဲ့ရပါတယ်။ သုတေသီတွေပြောပုံအရ Trypophobia(ကြာကွက်ကြောက်ရောဂါ) ရှိသူတွေက အထက်ပါရောဂါနှစ်မျိုး ဖြစ်နေနိုင်တယ်လို့ဆိုပါတယ်။ ၂၀၁၆ မှာလုပ်ခဲ့တဲ့ နောက်ထပ်လေ့လာမှုတစ်ခုမှာတော့ Social anxiety နဲ့ Trypophobia(ကြာကွက်ကြောက်ရောဂါ) ဆက်စပ်တယ်လို့ ပြောထားပါတယ်။ ထပ်ပြီးသိလိုပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ရောဂါစစ်ဆေးကုသခြင်း

ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။

Trypophobia(ကြာကွက်ကြောက်ရောဂါ) ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ဖိုးဘီးယားတစ်ခုကို အတည်ပြုမယ်ဆိုရင် ဆရာဝန် သင့်လက္ခဏာနဲ့ပါတ်သတ်တဲ့မေးခွန်းတွေကို မေးပါလိမ့်မယ်။ သင့်ရဲ့ ရောဂါ၊ စိတ်အခြေအနေ၊ လူမှုရေးရာဇဝင်တွေကိုပါ မေးပါလိမ့်မယ်။ ရောဂါအတည်ပြုဖို့အတွက် DSM-5 ကို လွှဲကောင်းလွှဲနိုင်ပါတယ်။ ဖိုးဘိးယားဆိုတာတွေကို ဆေးပညာနှင့် စိတ်ရောဂါကုအဖွဲ့အစည်းကနေ တရားဝင်လက်ခံထားတာမဟုတ်လို့ Trypophobia က အတည်ပြုမရပါဘူး။

Trypophobia(ကြာကွက်ကြောက်ရောဂါ) ကို ဘယ်လိုကုသလဲ။

ဖိုးဘီးယားကိုကုသဖို့အတွက် နည်းအမျိုးမျိုးရှိပါတယ်။ သက်ရောက်မှုအကောင်းဆုံးကုသမှုကတော့ ကြောက်တတ်တာကိုများများထိတွေ့ပေးဖို့ပဲ။ ထိတွေ့ပေးတဲ့ကုထုံးက ကိုယ်ကြောက်တဲ့အရာကပေါ် တုံ့ပြန်နိုင်စွမ်းကို ပြောင်းလဲသွားအောင် အာရုံစိုက်ပေးတဲ့ စိတ်ရောဂါကုထုံးပဲဖြစ်ပါတယ်။

ဖိုးဘီးယားအတွက် နောက်ထပ်ကုသမှုတစ်ခုက cognitive behavioral therapy (CBT) ဖြစ်ပါတယ်။ CBT နဲ့ ထိတွေ့ပေးကုထုံးတို့အပြင်တ တခြားနည်းစနစ်ကိုသုံးပြီး သင့်ရဲ့စိုးရိမ်စိတ်ကို စီမံရာတွင် အကူအညီဖြစ်စေပြီး အတွေးတွေကို ထိန်းပေးပါလိမ့်မယ်။

တခြားသော ရွေးချယ်စရာကုထုံးတွေကတော့…

  • နှစ်သိမ့်ဆွေးနွေးသူ သို့မဟုတ် စိတ်ရောဂါကုဆရာဝန်နှင့် ဆွေးနွေးသောကုထုံး
  • စိုးရိမ်စိတ်နဲ့ ထိတ်လန့်လက္ခဏာတွေကို လျော့ချပေးမယ့် Beta-blocker နဲ့ အိပ်ဆေးတွေလို ဆေးများ
  • အသက်ပြင်းပြင်းရှူခြင်းနဲ့ ယောဂတို့လို စိတ်ပြေလျော့စေတဲ့ နည်းစနစ်များ
  • စိုးရိမ်စိတ်ကိုစီမံနိုင်မယ့် ကိုယ်လက်လှုပ်ရှားမှုများ
  • သတိစိတ်နဲ့အသက်ရှူခြင်း၊ စောင့်ကြည့်ခြင်း၊ နားထောင်ခြင်းနဲ့ တခြားသော အသိစိတ်ပါနည်းစနစ်များက ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်။

စိုးရိမ်စိတ်ရောဂါတွေမှာ ဆေးတွေကိုစမ်းသပ်ပြီး ဖြစ်ပေမယ့်လည်း trypophobia(ကြာကွက်ကြောက်ရောဂါ) အတွက်တော့ မသိရသေးပါဘူး။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Trypophobia ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံတွေနဲ့အိမ်သုံးကုထုံးတွေက သင့်အနေနဲ့ Trypophobia(ကြာကွက်ကြောက်ရောဂါ) ကိုကုသတဲ့နေရာ၊ လိုက်လျောညီထွေဖြစ်အောင်လုပ်တဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါလိမ့်မယ်။

  • ကောင်းကောင်းအနားယူပါ
  • မျှတတဲ့ကျန်းမာစေတဲ့အစားအသောက်ကို စားပါ
  • ကဖိန်းနဲ့ စိုးရိမ်စိတ်ဖြစ်စေတဲ့ဟာတွေကို ရှောင်ပါ။
  • သူငယ်ချင်း၊ မိသားစုတွေနဲ့ ဆက်သွယ်ပါ။ လက္ခဏာတူခံစားနေရသူချင်း ဆွေးနွေးပွဲတွေကိုသွားပါ။
  • တတ်နိုင်သလောက် ကြောက်စရာအခြေအနေတွေကို ရင်ဆိုင်လိုက်ပါ။

တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement