backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Torticollis (အုံးလွဲခြင်း)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Torticollis (အုံးလွဲခြင်း) ကဘာလဲ။

torticollis ဆိုသည်မှာ ကြွက်သားကျုံ့သော ရောဂါဖြစ်သည်။ ထိုသို့ကျုံ့ခြင်းကြောင့် လည်ပင်းလှုပ်ရှားမှုကို ပုံမမှန်ဖြစ်ပေါ်ပြီး ခေါင်းတဖက်စောင်းသွားခြင်းဖြစ်သည်။ အဖြစ်အများဆုံးပုံစံမှာ proof spasm torticollis ဖြစ်သည်။

ဖြစ်စေသောအကြောင်းရင်းကို မသိသော်လည်း ဦးခေါင်းကို ဒဏ်ရာရပြီးနောက်တွင် ဖြစ်ပွားလေ့ရှိသည်။ ထိုသို့ခေါင်းစောင်းနေသည့် အတွက် အသက်အန္တရာယ်မရှိသလို သက်တမ်းစေ့လည်း နေရနိုင်ပါသည်။

သို့သော် ရေတာရှည် နာကျင်မှုခံစားရခြင်း နှင့် လည်ပင်းအကြောဆစ်ကွေးခြင်း ကဲ့သို့သော အခြားနောက်ဆက်တွဲပြသနာများကို ခံစားရနိုင်ပါသည်။

Torticollis (အုံးလွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ

torticollis သည် မည်သူမဆို ဖြစ်နိုင်ပြီး မွေးကင်းစ ကလေးငယ်များတွင်လည်း ဖြစ်နိုင်ပါသည်။ လူလတ်ပိုင်းများတွင် အဖြစ်များပြီး အမျိုးသမီးများတွင် အမျိုးသားများထက် ပိုအဖြစ်များသည်။

လက္ခဏာများ

Torticollis (အုံးလွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အစပိုင်းတွင် တက်ခြင်းကဲ့သို့သော လက္ခဏာများတွေ့ရပြီး နောက်ပိုင်းတွင် ကြွက်သားလှုပ်ရှားမှုကို မထိန်းချုပ်နိုင်ပဲ တက်သည့်အခါတွင် လည်ပင်း၊ ဦးခေါင်း နှင့် လည်ပင်း အနေအထား ပုံမမှန်ဖြစ်လာနိုင်သည်။

ထိုသို့တက်ခြင်းများကြောင့် ခေါင်းနှင့်လည်ပင်းကို ဦးတည်ရာများစွာသို့ဆွဲနိုင်သည်။ အရှေ့ဘက်သို့ စောင်းခြင်း သည် လည်ပင်းကို ရှေ့ဘက်သို့ကွေးညွှတ်ခြင်းဖြစ်သည်။

အနောက်ဘက်သို့စောင်းခြင်းသည် ဇက်ချိုးသည့်အခါတွင် ခေါင်းကို နောက်ဘက်သို့ စောင်းချသည့်ပုံစံဖြစ်သည်။ ဘေးဘက်သို့စောင်းခြင်းသည် ခေါင်းသည် ပုခုံးတစ်ဖက်ပေါ်သို့ စောင်းကျခြင်းဖြစ်သည်။

ထိုမှတဆင့် ကြွက်သားများလှုပ်သည့်အခါနာကျင်ပြီး၊ လည်ပင်းကြွက်သားများ တောင့်တင်းလာသည်ကို ခံစားရလိမ့်မည်။ အစာမျိုချရန်ခက်ခဲတတ်ပြီး လက်မောင်းတစ်လျောက်လည်း နာကျင်နေတတ်သည်။ လည်ပင်းကြွက်သားများလှုပ်သည့် အခါတွင် ခေါင်းကိုကိခြင်းလည်း ဖြစ်နိုင်သည်။

ထိုရောဂါဖြစ်ခြင်းသည် သက်တမ်းကို မထိခိုက်သော်လည်း ထိုသို့ဖြစ်သောလူများသည် စိတ်ဓါတ်ကျခြင်းကို ခံစားရပြီး သုူ၏ မကြာခဏတက်တတ်ခြင်းနှင့် ခေါင်းစောင်းနေခြင်းကြောင့် လူအများကြားတွင် ဖယ်ကျဉ်ခံရနိုင်သည်။

အထက်တွင် ဖော်ပြမထားသော လက္ခဏာများလည်း ရှိနိုင်သည့် အတွက် သင့်တွင် တစ်စုံတစ်ရာစိတ်ပူပန်မှုရှိနေလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရောဂါသည် ရေတာရှည်ဖြစ်နီုင်ပြီး နာကျင်မှုနှင့် လည်ပင်းအကြောဆစ်ကွေးခြင်းတို့ဖြစ်နိုင်သည်။ torticollis ၏ လက္ခဏာများရှိသည်ဟု ထင်ပါက သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

သင့်တွင် အထက်ပါလက္ခဏာများတွေ့ပါက ဆရာဝန်နှင့် ပြသဆွေးနွေးပါ။ လူတစ်ယောက်ချင်းစီသည် ခန္ဓါကိုယ်တုံ့ပြန်မှု မတူညီသည့်အတွက် သင့်အတွက် အကောင်းဆုံးဖြစ်နိုင်မည့် နည်းလမ်းကို ရှာရန်သင်၏ ဆရာဝန်နှင့် ပြသဆွေးနွေးပါ။

အကြောင်းရင်းများ

Torticollis (အုံးလွဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်စေသောအကြောင်းရင်းကို အခုထိ မသိရသေးသော်လည်း ဦးနှောက်တွင် အာရုံကြောသတင်းပို့မှုများ ဖန်တီးမှုတွင် ချို့ယွင်းချက်ရှိသည့်အတွက် ဖြစ်သည်ဟု အချို့လူများက ယုံကြည်ကြသည်။

ဦးနှောက်ထဲရှိ gray matter အကျယ်အဝန်တွင် ထိခိုက်မှုရှိသည်ဟုပြောကြပြီး ထိုနေရာသည် ကြွက်သားများမှ ထုတ်လွှတ်သော သတင်းပို့မှုကို ဆက်လက်ဆောင်ရွက်သောနေရာဖြစ်သည်။

အချိုက ဤရောဂါသည် မွေးရာပါဖြစ်သည် ဟု ငြင်းဆိုချက်ထုတ်ကြသည်။ ထိခိုက်ဒဏ်ရာကြောင့် ဖြစ်ခြင်းကို ဦးခေါင်း သို့မဟုတ် လည်ပင်းသို့ ဒဏ်ရာရပြီး ရက်အနည်းငယ်ကြာလျှင် torticollis ဖြစ်ပေါ်ခြင်းဖြင့် သက်သေပြနိုင်သည်။ အချို့သော လက္ခဏာများသည် ထိခိုက်မှုဖြစ်ပြီး လအတော်ကြာမှ ဖြစ်ပေါ်လာတတ်သည်။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Torticollis (အုံးလွဲခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

torticollis ကို ပိုမိုဖြစ်ပွားစေနိုင်သော အကြောင်းရင်းများတွင် အောက်ပါအချက်များပါဝင်သည်။

  • သင့်တွင် မိသားစုရာဇဝင်ရှိခြင်း၊
  • ခန္ဓါကိုယ်ကို ထိခိုက်စေသောဆေးဝါးများသုံးခြင်း။
  • လည်ပင်း သို့ အဓိကအားဖြင့် ထိခိုက်ဒဏ်ရာရခြင်း။

ပေးထားသော အချက်အလက်များသည် ကျန်းမာရေးအကြံပြုချက်အတွက် အစားထိုးရန်မဟုတ်သောကြောင့် သတင်းအချက်အလက်ပိုမိုရရှိနိုင်ရန် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Torticollis (အုံးလွဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်များ ဆေးကုသမှု ရာဇဝင်နှင့် ခန္ဓါကိုယ်ကို စစ်ဆေးကြည့်ပြီး ရောဂါအမည်တပ်နိုင်သည်။

ဓါတ်မှန်ရိုက်ခြင်းနှင့် အခြားသော ခန္ဓါကိုယ်လှု့ပ်ရှားမှုများကို စစ်ဆေးများလည်း ပြုလုပ်နိုင်သည်။ ထို့အပြင် သင်၏ ဆရာဝန်မှ အာရုံကြောအထူးကုနှင့် အရိုးအကြောအထူးကုတို့အား ဆက်လက်ပြသရန် အကြံပြုနိုင်ပါသည်။

Torticollis (အုံးလွဲခြင်း) ကို ဘယ်လိုကုသပါသလဲ

ကွဲပြားသောကုသမှုအမျိုးမျိုးကို ကြွက်သားများကျုံ့ခြင်းနှင့် နာကျင်ခြင်း သက်သာစေရန် အသုံးပြုကြသည်။ ကာယကုထုံး၊ လည်ဆွဲဆွဲခြင်း၊စိတ်ဖိစီးမှုကို ထိန်းချုပ်ခြင်း နှင့် biofeedback များမှလည်း အထောက်အကူ ဖြစ်စေသည်။

ဆေးဝါးဖြင့် ကုသခြင်းသည်ကြွက်သားများကျုံ့ခြင်းကို သက်သာစေပြီး အာရုံကြောလှုံ့ဆော်မှုများကို ပုံမှန်ဖြစ်စေသည်။

အကောင်းဆုံးကုသနည်းမှာ botulinum အဆိပ်ကို ဖြစ်နေသော ကြွက်သားထဲသို့ ပမာဏအနည်းငယ် ထိုးသွင်းခြင်းဖြစ်သည်။

ထိုအဆိပ်သည် ကြွက်သားများကျုံ့ခြင်းကို သက်သာစေသည်။ ဆေးများ၏ အာနိသင်သည် လပေါင်းများစွာအထိ ကြာမြင့်နိုင်သည်။ ကုသမှုများ မထိရောက်လျင် ခွဲစိတ်ကုသခြင်းကို ဆောင်ရွက်နိုင်သည်။

ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသခြင်းနည်းလမ်းများ

torticollis အတွက် မည်ကဲ့သို့ နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုသခြင်းနည်းလမ်းများကို သုံးနိုင်ပါသနည်း။

အောက်ပါတို့သည် ဤရောဂါကို သက်သာအောင် ပြုလုပ်နိုင်သောနည်းလမ်းများဖြစ်ပါသည်။

• ဆေးကိုညွှန်ကြားထားသည့်အတိုင်းသောက်ပါ။ ဆရာဝန်နှင့် မတိုင်ပင်ပဲ သက်သာလာသည့်တိုင်အောင် ဆေးကို မဖြတ်ပါနှင့်။

• လည်ပင်းပိုနာလာလျှင် သို့မဟုတ် ကြွက်သားကျုံ့ခြင်း ပိုဆိုးလာလျှင် ဆရာဝန်နှင့် ပြသပါ။

သင့်တွင် မေးမြန်လိုသည်များရှိပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး သင့်အတွက်အကောင်းဆုံးနည်းလမ်းကို ရှာဖွေပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement