backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Hello Sayarwon မှ ရေးသားသည်။ · 13/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း) ကဘာလဲ။

နဖူး၊ခေါင်းနဲ့လည်ပင်းနောက်ကျောတစ်ဝိုက် တောင့်တင်းနေမယ်၊ဦးခေါင်းတစ်ခုလုံးတင်းကျပ်ပြီးနာနေမယ်၊ညှစ်ထားသလိုနာနေမယ်ဆိုရင်တင်းအားများခေါင်းကိုက်ခြင်းလို့ သတ်မှတ်နိုင်ပါတယ်။ တစ်လမှာဖြစ်တဲ့အကြိမ်၁၅ကြိမ်ထက်နည်းမယ်ဆိုရင် လတ်တလောရုတ်တရက် ခေါင်းကိုက်ခြင်းလို့ သတ်မှတ်ပြီးဒီထက်ပိုမယ်ဆိုရင်တော့နာတာရှည်ခေါင်းကိုက်ခြင်းလို့သတ်မှတ်ပါတယ်။

Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးတွေမှာပိုတွေ့ရတတ်ပြီးဘယ်အရွယ်မဆိုဖြစ်ပွားနိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းတွေကိုလျှော့ချခြင်းဖြင့်ထိန်းချုပ်နိုင်ပါတယ်။ ပိုမိုသိရှိလိုသော အချက်များအတွက် သင့်ဆရာဝန်နဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်။

လက္ခဏာများ

Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့ လက္ခဏာတွေကတော့

  • ခေါင်းအရှေ့ခြမ်း၊ထိပ်(သို့)ဘေးဘြက်ခမ်းတွေမှာတင်းငြ်္ပီးနာခြင်း
  • အိပ်ရေးမဝခြင်း
  • မောပန်းခြင်း
  • ဆတ်ဆတ်ထိမခံဖြစ်ခြင်း
  • အာရုံစိုက်မရဖြစ်ခြင်း
  • အသံ၊အလင်းဒဏ်ကိုမခံနိုင်ခြင်း
  • ကြွက်သားများနာခြင်း
  • ခေါင်းတစ်ခုလုံးထုံထိုင်းနေခြင်း
  • နဖူးကြောများတင်းနေခြင်း
  • နဖူးနှင့်ဦးရေပြားများအထိမခံနိုင်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအချက်တွေထဲကတစ်ချက်ချက်ရှိခဲ့မယ်ဆိုရင်သွားပြသင့်ပါတယ်။

  • သင့်ရဲ့နေ့စဉ်ဘဝကိုထိခိုက်လာမယ်ဆိုရင်
  • တစ်ပတ်မှာနှစ်ကြိမ်ထက်ပိုပြီးခေါင်းကိုက်ပျောက်ဆေးသောက်နေရမယ်ဆိုရင်
  • ခေါင်းကိုက်တဲ့ပုံစံရုတ်တရက်ကြီးပြောင်းသွားမယ်ဆိုရင်
  • ရုတ်ချည်းဆိုးရွားသွားရင်
  • ဖျားတာ၊ဇက်ကြောတက်တာ၊စိတ်ရှုပ်ထွေးတာ၊တက်တာ၊နှစ်ထပ်မြင်တာ၊အားနည်းတာ၊ထုံတာ၊စကားပြောရခက်တာတွေဖြစ်လာမယ်ဆိုရင်

ထိခိုက်ဒဏ်ရာရပြီးနောက်မှခေါင်းကိုက်တာမျိုး(သို့)ပိုဆိုးလာတာမျိုးဆိုရင်သွားပြသင့်ပါတယ်။

အကြောင်းရင်းများ

Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဘာကြောင့်ဖြစ်ရတယ်ဆိုတာအတိအကျမသိရသေးပါဘူး။ ပြဿနာတွေ၊ အခက်အခဲတွေကိုရင်မဆိုင်နိုင်ခြင်းကြောင့် လည်း ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့်အများဆုံးဖြစ်နိုင်ပါတယ်။ အလုပ်၊ကျောင်းစာ၊မိသားစု၊သူငယ်ချင်းဆက်ဆံရေးအဆင်မပြေမှုတွေကြောင့်စိတ်ဖိစီးနိုင်ပါတယ်။

ဦးခေါင်း၊ လည်ပင်းနောက်ခြမ်း တောင့်တင်းခြင်းကိုဖြစ်စေနိုင်တဲ့အခြားအကြောင်းရင်းတွေကတော့

  • ပြည့်ပြည့်ဝဝအနားမယူရခြင်း
  • ကိုယ်နေဟန်ထားမမှန်ခြင်း
  • စိတ်ဖိစီးမှုများခြင်း၊စိတ်ဓါတ်ကျခြင်း
  • စိုးရိမ်စိတ်များခြင်း
  • မောပန်းနွမ်းနွယ်ခြင်း
  • ဆာလောင်မွတ်သိပ်ခြင်း
  • သံဓါတ်ချို့တဲ့ခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အကြောင်းအများကြီးရှိပါတယ်။

  • အမျိုးသမီးတွေ (အမျိုးသမီးထုရဲ့ ၉၀ရာခိုင်နှုန်းမှာတွေ့နေရပါတယ်။)
  • သက်လတ်ပိုင်းအရွယ်တွေမှာပိုဖြစ်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

နာတာရှည်(သို့)ခဏခဏ ခေါင်းကိုက်နေမယ်ဆိုရင် ကိုယ်ခန္ဓါပိုင်းဆိုင်ရာအာရုံကြောပိုင်းဆိုင်ရာစမ်းသပ်မှုတွေ လိုပါလိမ့်မယ်။ တမြည့်မြည့်ကိုက်နေတာလား၊ဆစ်ခနဲဆစ်ခနဲထိုးထိုးကိုက်တာလား၊အလုပ်ပျက်လောက်အောင်ကိုက်နေတာလားကိုက်လွန်းလို့ အိပ်နေရင်းနိုးလာဖူးလားစသည်တို့ကိုအခြေခံပြီးဘာကြောင့်ကိုက်တာလဲကို သိနိုင်ပါလိမ့်မယ်။ ဘယ်နေရာမှာကိုက်တာလဲခေါင်းတစ်ခုလုံးကိုက်တာလား၊တစ်ခြမ်းပဲကိုက်တာလား၊နဖူးနား၊မျက်လုံးနားမှာပဲလားဆိုတာတွေလည်းမေးနိုင်ပါတယ်။အရမ်းဆိုးရွားကိုက်နေမယ်ဆိုရင်တော့သင့်ရဲ့ဦးနှောက်အခြေအနေကိုသိနိုင်ဖို့ ကွန်ပျူတာဓါတ်မှန်၊ သံလိုက်ဓါတ်မှန်တို့ ရိုက်ဖို့လိုလာပါလိမ့်မယ်။ သံလိုက်ဓါတ်မှန် (MRI) ဆိုသည်မှာ သံလိုက်စက်ကွင်းသုံးပုံဖော်ကိရိယာများအသုံးပြုခြင်းဖြင့်ခန္ဓါကိုယ်အစိတ်အပိုင်းတွေကိုသံလိုက်စက်ကွင်းများ၊ရေဒီယိုလှိုင်းများဖြင့် ရှင်းလင်းပြတ်သားသောပုံရိပ်တည်ဆောက်ပေးနိုင်ပါတယ်။ ကွန်ပျူတာဓါတ်မှန်န (CT) ဆိုသည်မှာကွန်ပျူတာပုံရိပ်ဖမ်းစက်ဖြင့် ဦးနှောကိကိုပုံရိပ်ဖော်ခြင်းဖြစ်ပါတယ်။

Tension Headaches (တင်းအားများခေါင်းကိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ဖစ်ခါစ လက္ခဏာတွေမဆိုးသေးခင်ကတည်းကမြန်နိုင်သမျှမြန်မြန်ကုသသင့်ပါတယ်။ ဒါမှသာလျှင် ပိုမဆိုးသွားအောင်၊ ပိုသက်သာလာအောင်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ လုပ်ရမှာကတော့ကုသမှုခံယူဖို့နဲ့ ဖြစ်စေနိုင်တဲ့အရာတွေကို ရှောင်ကြဉ်ဖို့ပဲဖြစ်ပါတယ်။ ဆေးသောက်ဖို့လိုမယ်ဆိုရင်အလွယ်တကူဝယ်ယူရနိုင်တဲ့အကိုက်အခဲပျောက်ဆေးမျိုးကိုပထမဆုံးသောက်ခိုင်းပါလိမ့်မယ်။ နာတာရှည်ဖြစ်နေမယ်ဆိုရင်အကိုက်အခဲပျောက်ဆေးနဲ့ မသက်သာဘူးဆိုရင် အာနိသင်ပိုကောင်းတဲ့ဆေးတွေ၊ကြွက်သားတောင့်တင်းမှုကိုလျော့စေတဲ့ဆေးတွေပေးပါလိမ့်မယ်။ဦးနှောက်အတွင်းစီရိုတိုနင် (Serotonin) ပမာဏကိုထိန်းပေးတဲ့စိတ်ဓါတ်ကျရောဂါကိုသက်သာစေတဲ့ဆေးတွေသောက်ခြင်းဖြင့်စိတ်ဖိစီးမှုကိုကျော်လွှားနိုင်ပါတယ်။

သိမြင်ခြင်းနဲ့အပြုအမူပိုင်းဆိုင်ရာကုထုံးတွေလည်းလိုပါလိမ့်မယ်။ ဒီကုထုံးတွေကတစ်ဆင့်သင့်ရဲ့စိတ်ဖိစီးမှုတွေ၊ စိုးရိမ်မှုတွေဘာကြောင့်ဖြစ်ရတယ်ဆိုတာသိနိုင်ပါတယ်။ ရှောင်ကြဉ်နိုင်ပါတယ်။ အပ်စိုကိကုသခြင်းဖြင့်လည်းစိတ်ဖိစီးမှုကိုလျော့စေနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့်အိမ်သုံးကုထုံးတွေက တင်းအားများခေါင်းကိုက်ခြင်း ကိုကုသရာမှာ ဘယ်လိုအထောက်အကူပေးလဲ။

အောက်ဖော်ပြပါလူနေမှုပုံစံနဲ့ အိမ်သုံးကုထုံးတွေက တင်းအားများခေါင်းကိုက်ခြင်း ကိုကုသရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေရတဲ့နေရာတွေမှာ အကူအညီပေးပါတယ်။

  • စိတ်ဖိစီးမှုကိုလျှော့ချခြင်း၊ကိုယ်စိတ်ဖြေလျော့ခြင်း
  • ရေနွေးအိတ်ရေခဲအိတ်ကပ်ပေးခြင်းကိုယ်ဟန်အနေအထားပြောင်းခြင်း
  • မတ်တပ်ရပ်သည့်အခါ ခါးကို မတ်မတ်ရပ်ခြင်းထိုင်သည့်အခါပေါင်ကို ကြမ်းပြင်နှင့်မျဉ်းပြိုင်ထားရှိခြင်း၊ခေါင်းကိုမတ်မတ်ထားခြင်း စသည့်နေထိုင်မှုပုံစံများက ရောဂါသက်သာအောင် အကူအညီပေးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Hello Sayarwon မှ ရေးသားသည်။ · 13/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement