Systemic inflammatory response syndrome (Systemic inflammatory response syndrome) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Systemic inflammatory response syndrome ဆိုတာဘာလဲ။

SIRS ဆိုတာက ခန္ဓါကိုယ်ရဲ့ကိုယ်ခံအားစနစ် အသက်ဝင်လာတာရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ တစ်မျိုးပြောရရင် ဒါက ရောင်ရမ်းခြင်းဖြင့်တုံ့ပြန်မှုပါပဲ။

SIRS ကို တစ်ခါတစ်လေမှာ သွေးဆိပ်သင့်တာနဲ့ မှားတတ်ပေမယ့် ခွဲခြားလို့ရမယ့် အဓိကအချက် ရှိပါတယ်။ ဒါက ကူးစက်ပိုးရှိမရှိကြည့်တာပဲ။ SIRS ကတော့ ထိခိုက်မိခြင်း၊ ရောင်ရမ်းခြင်း၊ တစ်ရှူးသွေးမဝခြင်း၊ ပိုးဝင်ခြင်းတို့ကနေ ဖြစ်လာနိုင်ပေမယ့် သွေးဆိပ်သင့်တာကတော့ ပိုးဝင်တာကနေပဲ ဖြစ်နိုင်ပါတယ်။ အထက်ပါ အခြေအနေဖြစ်တိုင်း SIRS ဖြစ်မယ်လို့မဆိုလိုပေမယ့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတစ်ခုလို့ ဆိုရပါမယ်။ ပိုးဝင်လာတဲ့အခါ ကောင်းကောင်းမကုသရင် SIRS ဖြစ်လာနိုင်ပါတယ်။

Systemic inflammatory response syndrome ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ရောဂါလက္ခဏာများ

Systemic inflammatory response syndrome ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Systemic inflammatory response syndrome ရဲ့ အဖြစ်အများဆုံးလက္ခဏာတွေကတော့

  • အဖျား ၁၀၀.၄ အထက် သို့မဟုတ် ၉၆.၈ အောက်
  • နှလုံးခုန်နှုန်းက တစ်မိနစ်ကို ၉၀ နှင့်အထက်
  • အသက်ရှူနှုန်း တစ်မိနစ်ကို ၂၀ နှင့်အထက် သို့မဟုတ် သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် 32 mmHg အောက်
  • သွေးဖြူဥပမာဏ ၁၂၀၀၀ အထက် သို့မဟုတ် ၄၀၀၀ အောက်

အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက Systemic inflammatory response syndrome ဖြစ်ပွားစေသလဲ။

SIRS က ပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပိုးဝင်တာတစ်ခုတည်းက သည်လက္ခဏာတွေကိုဖြစ်စေတာ မဟုတ်ပါဘူး။ SIRS ဖြစ်လေ့ရှိတဲ့အကြောင်းရင်းတစ်ချို့ကတော့ အပူလောင်ခြင်း၊ ထိခိုက်ခြင်း၊ နှလုံးသွေးကြောရောဂါ၊ နှလုံးရပ်ခြင်း၊ အဆုတ်ရောဂါနဲ့ ခန္ဓါကိုယ်ရဲ့ မခွဲစိတ်ခင်တုံ့ပြန်မှု (အထူးသဖြင့် နှလုံးသွေးကြော ခွဲစိတ်ခြင်း) တို့ ဖြစ်ပါတယ်။

SIRS ဖြစ်နိုင်ချေများတဲ့ အကြောင်းရင်းတွေက…

ကူးစက်ရောဂါများ

  • နမိုးနီးယား
  • အနာပိုးဝင်ခြင်း
  • နှလုံးအတွင်းလွှာရောင်ခြင်း
  • Cellulitis
  • ဆီးလမ်းကြောင်းပိုးဝင်ခြင်း
  • Toxic shock syndrome
  • အသားပုပ်ခြင်း
  • ဦးနှောက်အမြှေးရောင်ခြင်း
  • သည်းခြေအိတ်ရောင်ခြင်း

မကူးဆက်သောရောဂါ

  • အပူလောင်ခြင်း
  • ကိုယ်ခံအားမှပြန်တိုက်သောရောဂါ
  • အသည်းခြောက်ခြင်း
  • ရေဓါတ်ခမ်းခြောက်ခြင်း
  • လျှပ်စစ်ကြောင့်ဒဏ်ရာရခြင်း
  • သွေးထွက်ခြင်း
  • နှလုံးဖောက်ခြင်း
  • ခွဲစိတ်ခြင်း
  • သွေးသွင်းခြင်းမှ ဓါတ်ပြုခြင်း

ဖြစ်ပွားစေနိုင်ချေကို မြင့်မားစေတဲ့အကြောင်းရင်းများ

ဘယ်အရာတွေက Systemic inflammatory response syndrome ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

ထပ်ပြီးသိလိုတဲ့အချက်အလက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။

ရောဂါအဖြေရှာခြင်းနဲ့ ကုသခြင်း

ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။

Systemic inflammatory response syndrome ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

SIRS ကိုအတည်ပြုတာက အထက်ပါလက္ခဏာတွေအပြင် ခန္ဓါကိုယ်ကို ထိခိုက်နေတဲ့အချက်တွေကိုပါ အခြေခံပါတယ်။ SIRS ကို သံသယဖြစ်တဲ့အခါ သွေးပိုးမွေးတာ၊ လက်တစ်အက်စစ်နဲ့ complete blood count တွေကို စစ်ဆေးရပါမယ်။

SIRS ကို သံသယဖြစ်တဲ့အခါ စစ်ရမှာတွေက…

  • Complete blood count
  • သွေးပိုးမွေးခြင်း
  • ဆီးပိုးမွေးခြင်း
  • သလိပ်ပိုးမွေးခြင်း
  • အသည်းလုပ်ငန်းစဉ်စစ်ခြင်း
  • နှလုံးအင်ဇိုင်းစစ်ခြင်း
  • လက်တစ်အက်စစ်စစ်ခြင်း
  • သွေးတွင်းဓါတ်ငွေ့များစစ်ခြင်း
  • ဦးနှောက်အာရုံကြောရည်စစ်ခြင်း

Systemic inflammatory response syndrome ကို ဘယ်လိုကုသလဲ။

သည်ရောဂါကို အတည်ပြုပြီးတဲ့အခါ ကုသရမယ့်ရည်ရွယ်ချက်က အကြောင်းရင်းကို ပျောက်အောင်ကုသခြင်းဖြစ်ပါတယ်။

ဥပမာ SIRS က တစ်ရှူးသွေးမဝတာ (သွေးကြောပိတ်တာ) ကြောင့်ဆိုရင် ကုသမှုကို သွေးမဝနေတဲ့တစ်ရှူးဆီ သွေးပြန်ရောက်အောင် လုပ်ပေးနိုင်ဖို့ ဦးတည်ရပါမယ်။ လက္ခဏာတွေကို သက်သာစေမယ့်ကုသမှုပါ တွဲရမှာပါ။ SIRS က နှလုံးဖောက်တာကြောင့်ဆိုရင် ကုသမှုကို နှလုံးအလုပ်လုပ်နိုင်စွမ်းကိုထိန်းပေးဖို့နဲ့ SIRS ကြောင့်ဖြစ်လာတဲ့လက္ခဏာတွေကို သက်သာဖို့ ဦးတည်ရပါမယ်။ SIRS ကို တစ်ခါတစ်လေမှာ ခန္ဓါကိုယ်အတွက် ကာကွယ်ပေးတဲ့ ခုခံစနစ်ကြောင့်ဆိုပြီး တွေးလို့ရပါတယ်။ ဘာလို့လဲဆိုတော့ SIRS ကိုယ်တိုင်က ခန္ဓါကိုယ်ကို လာထိတဲ့ထိခိုက်မှုကို ပြန်တိုက်ဖို့ကြိုးစားတဲ့ ရှုပ်ရှုပ်ထွေးထွေးဖြစ်စဉ်ကြီးတစ်ခု ဖြစ်နေလို့ပါပဲ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Systemic inflammatory response syndrome ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 27, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။