backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Coughing Blood (ချောင်းဆိုးသွေးပါခြင်း)


Dr. Khin Yin Kyay မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Coughing Blood (ချောင်းဆိုးသွေးပါခြင်း) ကဘာလဲ။

ချောင်းဆိုးသွေးပါခြင်းဟာ အခြားသောရောဂါ တစ်ခုရဲ့ လက္ခဏာတစ်ရပ် ဖြစ်တတ်ပါတယ်။ အဆုတ်ပိုးဝင်ခြင်း၊ ကင်ဆာ နှင့် အဆုတ်တွင်း (သို့) သွေးကြောများထဲမှ ပြသနာဖြစ်ခြင်းတို့ ကဲ့သို့ ပြင်းထန်သောရောဂါ အခြေအနေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ထွက်လာတဲ့သွေးဟာ သင့်လည်ချောင်း၊ အဆုတ် (သို့) အစာအိမ်ထဲမှ ဖြစ်နိုင်ပါတယ်။

Coughing Blood (ချောင်းဆိုးသွေးပါခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ ပျမ်းမျှအားဖြင့် အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Coughing Blood (ချောင်းဆိုးသွေးပါခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ချောင်းဆိုးသွေးပါခြင်းဟာ ရောဂါတစ်ရပ်ရဲ့ လက္ခဏာသာ ဖြစ်တယ်။ ချောင်းဆိုးသွေးပါပြီးတဲ့အခါ နောက်ကလိုက်လာလေ့ရှိတဲ့ လက္ခဏာအချို့ကတော့

• ရင်ဘတ်အောင့်ခြင်း၊

• မူးဝေခြင်း၊

• ဖျားခြင်း၊

• အထိုင်အထတွင် မိုက်ခနဲဖြစ်ခြင်း၊

• ပို၍မောလာခြင်း စတာတွေဖြစ်ပါတယ်။

ထွက်လာတဲ့သွေးကို ကြည့်ပြီး ဘယ်နေရာကလာတယ်ဆိုတာ သင်သိနိုင်ပါတယ်။ ဥပမာဆိုသော် အဆုတ်မှလာသောသွေးမှာ လေပူဖောင်းငယ်လေးတွေ ပါလာနိုင်ပြီး အဆုတ်မှာရှိတဲ့ အချွဲတွေပါ ရောပါလာတတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ယဘူယျအသိပေးချက် – ယခုအပိုင်းရဲ့အစပိုင်းမှာထည့်သွင်းပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကယ်၍ သင်ချောင်းဆိုးလို့ ထွက်လာတဲ့သွေးပမာဏဟာ လက်ဖက်ရည်ဇွန်း ၁ဇွန်းစာထက် ပိုနေပြီဆိုရင် ဆရာဝန်နှင့် ပြသသင့်ပါတယ်။ အကယ်၍ ထိခိုက်ဒဏ်ရာ ရပြီးမှချောင်းဆိုးသွေးပါဖြစ်ခဲ့လျှင်လည်း ဆရာဝန်နဲ့ပြသတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ အချို့သော လူနာတွေမှာ ဆီး(သို့) ဝမ်းမှာလည်း သွေးပါတတ်ပါတယ်။

ထိုကဲ့သို့ဖြစ်လာလျှင်သွေးတွေဆုံးရှုံး သွားတာဖြစ်လို့ ချက်ချင်း ဆေးကုသမှုခံယူသင့်ပါတယ်။ ယေဘူယျအသိပေးချက် – ယခုအပိုင်းရဲ့အစပိုင်းမှာထည့်သွင်းပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Coughing Blood (ချောင်းဆိုးသွေးပါခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ချောင်းဆိုးသွေးပါ ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အဆိုပါအများကြီးထဲမှ အချိုကဖြစ်လေ့ရှိပြီး ကုသနိုင်ပါတယ်။ ဥပမာ-စီးကရက် သောက်ခြင်းကြောင့် လည်ချောင်းယား၍ ချောင်းအလွန်အကျွံဆိုးခြင်း၊ အဆုတ်လေပြွန်ရောင်ခြင်း၊ နာတာရှည် အဆုတ်ရောဂါ (နာတာရှည် အဆုတ်လေပြွန်ရောင်ခြင်း သို့ အဆုတ်ပွခြင်း)၊ နမိုးနီးယားအဆုတ်ရောင်ရောဂါတို့ဖြစ်ပါတယ်။

ချောင်းဆိုးသွေးပါခြင်း ဖြစ်စေတဲ့အခြားအကြောင်းအရာတွေကတော့

• အဆုတ်ပြည်တည်ခြင်း၊

• အဆုတ်ကင်ဆာ၊

• သွေးကြဲဆေးအလွန်အကျွံ သုံးစွဲခြင်း၊

• အဆုတ်သွေးကြောအတွင်းပိတ်ဆို့ခြင်း၊

• နုလုံးအတွင်း သွေးများစုပုံ၍ အလုပ်မလုပ်ခြင်း၊

• အဆုတ်တီဘီရောဂါ၊

• မိမိ ကိုယ်ခံအားစနစ်ကို ကိုယ်တိုင်ပြန်တိုက်နေသော အခြေအနေများ (သို့) ကိုယ်တွင်းအဂါၤရောင်ရမ်းနေသော အခြေအနေများ၊

• အဆုတ်သွေးလွှတ်ကြောနှင့် သွေးပြန်ကြော မူမမှန်ခြင်းများ၊

• ကိုကင်း(cocaine) အမှုန့်ရှုခြင်း၊

• သေနတ်ဒဏ်ရာ (သို့) ကားတိုက်ဒဏ်ရာကဲ့သို့ ထိခိုက်ဒဏ်ရာ

• များ၊

• Dieulafoy ရောဂါ၊

• ပြင်းထန်သော နှာခေါင်းသွေးလျှံ ခြင်း( သို့)

• အလွန်အကျွံအန်ခြင်း၊

ဖြစ်နိုင်ခြေများ

Coughing Blood (ချောင်းဆိုးသွေးပါခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ချောင်းဆိုးသွေးပါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေကို အထက်တွင် ဖော်ပြပြီးဖြစ်ပါတယ်။ အောက်ပါအခြေအနေတွေ ဖြစ်လာပြီ ဆိုလျှင်တော့ ဖြစ်ပွားနိုင်ခြေမြင့်နေပါပြီ။

၎င်းတို့ကတော့—

Kaposi sarcoma ဟုခေါ်သော ကင်ဆာရောဂါ၊အဆုတ်တီဘီရောဂါနှင့် မှိုရောဂါပိုးရှိသော HIV ရောဂါသည်များ၊

ကိုယ်ခံအားကျစေသော ဆေးများ ( အဆုတ်တီဘီရောဂါနှင့် မှိုရောဂါပိုးအတွက် သောက်သောဆေးများ)သုံးစွဲနေသူ၊

တီဘီရောဂါပိုးရှိသောသူများ၏ ပတ်ဝန်းကျင်တွင် နေထိုင်သူ၊ နှစ်ရှည်လများ ဆေးလိပ်သောက်သူ (ကင်ဆာဖြစ်နိုင်ခြေများသည်)၊

လတ်တလောတွင် ခွဲစိတ်ခံထားရသူ(သို့)ဆေးရုံပေါ်တွင် လဲလျောင်းနေရသော လူနာ၊ ကင်ဆာရောဂါသည်၊

ယခင်က သွေးခဲခြင်းဖြစ်ဖူးသော လူနာ (သို့) မိသားစုတွင် သွေးခဲခြင်းဖြစ်ဖူးသော ရာဇဝင်ရှိသူ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ estrogen ပါသောဆေးများ သုံးစွဲနေသူ

ယာဉ်ပေါ်တွင် အကြာကြီးထိုင်စီး၍ ခရီးဝေးသွားနေရသူများ (အဆုတ် သွေးကြောပိတ်ဆို့ခြင်း ဖြစ်နိုင်ခြေများသူ) – အဆုတ်သွေးကြောပိတ်ဆို့ခြင်း အခန်းတွင် ဖတ်ပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Coughing Blood (ချောင်းဆိုးသွေးပါခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်က သွေးပါခြင်းဖြစ်ရတဲ့ အကြောင်းခြင်းရာ ကို သေချာမေးမြန်းပါလိမ့်မယ်။ ဥပမာ- သွေးသည်(လေပြွန်၊ အဆုတ်)စသဖြင့် ဘယ်ကလာသလဲ နဲ့ သွေးဘယ်လောက်ပမာဏ ထွက်လာသလဲ စတာတွေကို မေးပြီး ဖြစ်ရတဲ့အကြောင်းကို ရှာဖွေ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ကနဦး စစ်ဆေးခွဲခြမ်းမှုပေါ်မူတည်ပြီး အခြားသော ဓါတ်ခွဲခန်းစစ်ဆေးချက်တွေလည်း လိုအပ်လာနိုင်ပါတယ်။

• ရင်ဘတ်ဓါတ်မှန်၊

• CT ဓါတ်မှန်၊

• အဆုတ်လေပြွန်တွင်းမှန်ပြောင်းကြည့်ခြင်း၊

• သွေးစစ်ခြင်း (ဥပမာ-သွေးထဲမှ သွေးဖြူဥ နဲ့ သွေးနီဥပမာဏသိရှိရန် သွေးစစ်ခြင်း) စတာတွေ ဖြစ်ပါတယ်။

Coughing Blood (ချောင်းဆိုးသွေးပါခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသတဲ့အခါမှာ အဓိကကတော့ သွေးတိတ်စေဖို့ဖြစ်ပြီး ချောင်းဆိုးသွေးပါဖြစ်စေတဲ့ ပင်မရောဂါကြီးကို ကုသရမှာဖြစ်ပါတယ်။

သွေးတိတ်စေဖို့အတွက် လေပြွန်သွေးလွှတ်ကြောကို ပိတ်ဆို့ပေးခြင်း၊ အဆုတ်လေပြွန်တွင်း မှန်ပြောင်းကြည့်ခြင်းစတာတွေ လုပ်ပေးနိုင်သလို၊ လိုအပ်လျှင် ခွဲစိတ်မှုပါ ပြုလုပ်နိုင်ပါတယ်။

လုပ်ပေးတဲ့ကုသမှုဟာ ဖြစ်နေတဲ့ရောဂါ အခြေအနေပေါ် မူတည်ပါတယ်။

ချောင်းဆိုးသွေးပါ လူနာတွေရဲ့ အခြားသော ကုသမှုတွေမှာ အောက်ပါကုသနည်းတွေလည်း ပါတတ်ပါတယ်။

• နီမိုးနီးယားအဆုတ်ရောင်ရောဂါ (သို့) တီဘီရောဂါရှိသူများအတွက် ပဋိဇီဝပိုးသတ်ဆေးများ ပေးခြင်း၊

• အဆုတ်ကင်ဆာ ဝေဒနာရှင်များအတွက် ကင်ဆာဆေးသွင်းကုသခြင်း နှင့် ဓါတ်ကင်ခြင်း၊

• ကိုယ်တွင်းအဂါၤရောင်ရမ်းသော လူနာများအတွက် steriod ဆေးများတိုက်ခြင်း၊

• ချောင်းဆိုးပျောက်ဆေးပေးခြင်း စတာတွေ ဖြစ်ပါတယ်။

• လူနာအခြေအနေပေါ် မူတည်ပြီး သွေးဆုံးရှုံးထားမှုကို ပြန်လည်ဖြည့်တင်းရန် သွေးသွင်းခြင်း (သို့) အခြားဆေးများတိုက်ခြင်း စတာတွေကိုလည်း ညွှန်ကြားနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Khin Yin Kyay မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement