backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 20/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း)

Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း) ဆိုတာ

အေးတဲ့ ပတ်ဝန်းကျင်မှာနေရင် ခြေဖျားလက်ဖျားအေးခြင်း က အဖြစ်များပါတယ်။ ခြေဖျားလက်ဖျားအေးခြင်းဟာ ကိုယ်ခန္ဓာအပူချိန်ကို ထိန်းညှိပေးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တာမို့ စိတ်မပူသင့်ပါဘူး။

တကယ်လို့ ခြေဖျားလက်ဖျားအေးခြင်းက ဆက်တိုက်ဖြစ်နေပြီး အရောင်ပြောင်းလဲမှုတွေပါ ရှိတယ်ဆိုရင်တော့ ဒါဟာ သတိပေးလက္ခဏာ တစ်ခုဖြစ်နိုင်ပါတယ်။ ဥပမာ လက်အေးခြင်းဟာ အာရုံကြော၊ သွေးစီးဆင်းမှု ပြဿနာ (သို့) လက်၊ ခြေထောက်မှာရှိတဲ့ တစ်ရှူးပျက်စီးခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

အပြင်ရာသီဥတုက အလွန်အေးပြီး သင့်မှာ ခြေဖျားလက်ဖျားအေးခြင်း ဖြစ်တယ်ဆိုရင် နှင်းကိုက်ခြင်းရဲ့ လက္ခဏာတွေကို စောင့်ကြည့်သင့်ပါတယ်။

Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အိမ်ခြေယာမဲ့၊ အေးတဲ့အချိန် အပြင်မှာ အလုပ်လုပ်ရသူ၊ တောင်တက်သူတွေမှာ အဖြစ်များပါတယ်။ အမြင့်မှာ အလုပ်လုပ်ရသူနဲ့ အရက်သောက်သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။

Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း) ရဲ့ လက္ခဏာများ

ခြေဖျားလက်ဖျားအေးခြင်းက ကိုယ်ခန္ဓာရဲ့ သဘာဝအတိုင်း အပူချိန်တုံ့ပြန်ခြင်းကြောင့် ဖြစ်နိုင်သလို ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သွေးလှည့်ပတ်မှုဆိုင်ရာ ပြဿနာများ၊ လက်အတွင်း သွေးကြောငယ်များမှ ပြဿနာများ၊ အခြားပြဿနာတွေက ခြေဖျားလက်ဖျားအေးခြင်းကို ဖြစ်စေနိုင်ပါတယ်။

ခြေဖျားလက်ဖျားအေးခြင်း ကို ဘာတွေကဖြစ်စေသလဲ

လူတွေဟာ သွေးနွေးသတ္တဝါတွေ ဖြစ်ပါတယ်။ ပူရင် ပူသလို အေးရင် အေးသလို အပူချိန်ကို ချိန်ညှိပါတယ်။ အအေးနဲ့ ထိတွေ့ရင် ကိုယ်ခန္ဓာက နွေးအောင်ကြိုးစားပါတယ်။

ဒီအခါ ကိုယ်ခန္ဓာတစ်ခုလုံးကို နွေးထွေးစေဖို့ ခြေဖျား၊ လက်ဖျားတွေကို သွားတဲ့ သွေးစီးဆင်းမှုကို လျှော့ချလိုက်ရပါတယ်။ ရေခဲလောက် အေးတဲ့ အပူချိန်မှာတော့ ဒီနေရာတွေမှာ သွေးလှည့်ပတ်မှု နည်းလာတတ်ပါတယ်။ ရာသီဥတုကြောင့် မဟုတ်ဘဲ ရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။

  •  Immersion injuries တွေမှာ အအေး၊ စိုစွတ်တဲ့နေရာ၊ ရေခဲနေတဲ့နေရာတွေနဲ့ ထိတွေ့ပြီးချိန်မှာ အာရုံကြောတွေ၊ သွေးကြောတွေဟာ ပျက်စီးနိုင်ပါတယ်။
  • Pernio ဟာ အေးခဲခြင်း၊ စိုစွတ်ခြင်းမရှိဘဲ အေးတဲ့ ရာသီဥတုကို အချိန်အကြာကြီး ထိတွေ့ရခြင်းကြောင့် ဖြစ်ပါတယ်။
  • Raynaud’s phenomenon ကတော့ လက်ချောင်း၊ ခြေချောင်းတွေ အေးလာပြီး သွေးကြော ပုံမှန်အတိုင်းမဟုတ်ဘဲ ကျဉ်းလာခြင်းကို ဆိုလိုပါတယ်။
  • Cryoglobulins တွေဟာ အေးခဲသွားတဲ့အခါ အခဲ၊ ဂျယ်ဖြစ်လာပြီး သွေးထဲမှာ ပုံမှန်အတိုင်းပျော်ဝင်နေတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပါတယ်။ Cryoglobulinemia ဟာ Cryoglobulins တွေ သွေးအတွင်းများတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အအေးကြောင့် ခြေချောင်း၊ လက်ချောင်းတွေ အပြာရောင်ပြောင်းလာခြင်း ဖြစ်ပါတယ်။
  • အအေးဓာတ်ကြောင့် အင်ပျဉ်လို အကွက်ထလာခြင်းကိုတော့ cold urticaria လို့ ခေါ်ပါတယ်။

ခြေဖျားလက်ဖျားအေးခြင်းကို ဖြစ်စေတဲ့ တခြားအခြေအနေတွေကတော့

  • နှင်းကိုက်ခြင်း
  • သွေးအားနည်းခြင်း
  • ဆီးချို
  • Lupus
  • Raynaud’s Disease
  • Scleroderma
  • Buerger’s Disease
  • သိုင်းရွိုက်ရောဂါ
  • သွေးလည်ပတ်မှု မကောင်းတာ
  • အာရုံကြောရောဂါတွေပဲဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

ခြေဖျားလက်ဖျားအေးခြင်းဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

Cold Hands and Feet ဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • လေအေးတိုက်တဲ့ အခြေအနေတွေ
  • သွေးမလျှောက်နိုင်လောက်အောင် တင်းကျပ်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ခြင်း
  • ခြေ၊ လက် အမြဲစိုနေခြင်း
  • ဆေးလိပ်သောက်ခြင်း (ခြေ၊လက်ကို သွားတဲ့ သွေးလှည့်ပတ်မှုကို လျော့ကျစေပါတယ်)

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ခြေဖျားလက်ဖျားအေးခြင်းကို ဘယ်လိုအတည်ပြုပါသလဲ

နှင်းကိုက်ခြင်းကြောင့်ဖြစ်တာက ပုံစံကြည့်ရုံနဲ့ သိသာပါတယ်။ အအေးကြောင့် ဖြစ်တဲ့ အခြေအနေတွေအတွက် ထူးခြားတဲ့ စစ်ဆေးမှုတွေမရှိဘဲ cryoglobulin တစ်မျိုးသာ စစ်ဆေးနိုင်ပါတယ်။ နှင်းကိုက်ခြင်းနဲ့ အတူ အခြားဒဏ်ရာရမှုတွေ၊ အခြေအနေတွေကို ပါ စစ်ဆေးသင့်ပါတယ်။

တကယ်လို့ ကိုယ်ခန္ဓာအပူချိန်နည်းစေတဲ့ အခြေအနေတွေ၊ အရိုးကျိုးခြင်းတွေ ရှိတယ်ဆိုရင်တော့ ဒဏ်ရာရရှိမှုတွေအတွက် စစ်ဆေးမှုတွေ လိုအပ်နိုင်ပါတယ်။

နှင်းကိုက်ခြင်းက ပြင်းထန်ရင် bone scan လိုအပ်နိုင်ပါတယ်။ ဒါဟာ ဆရာဝန်က ခြေ၊ လက်အတွင်း သွေးလျှောက်လားကို သိချင်လို့ ပြုလုပ်တာဖြစ်ပြီး နာကျင်မှု မရှိပါဘူး။

နှင်းကိုက်ခြင်းအတွက် ပြုလုပ်တဲ့ အခြားစစ်ဆေးမှုတွေကတော့ သွေးစစ်ဆေးမှု၊ သွေးခဲခြင်း စစ်ဆေးမှုနဲ့ X-rays တွေပဲဖြစ်ပါတယ်။

ခြေဖျားလက်ဖျားအေးခြင်းကို ဘယ်လိုကုသပါသလဲ

သင်ဟာ အရေးပေါ်ဌာနကိုရောက်ပြီး နှင်းကိုက်တဲ့ အကွက်တွေ ရှိနေဆဲဆိုရင် ဆရာဝန်က ကိုယ်ခန္ဓာအပူချိန်ထက် အနည်းငယ်ပူနွေးတဲ့ ရေထဲမှာ နွေးအောာင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အေးနေတဲ့နေရာတွေဟာ ပန်းရောင်ဖြစ်လာပြီး သွေးစီးဆင်းမှု ပြန်ကောင်းလာမှာ ဖြစ်ပါတယ်။

တကယ်လို့ နွေးနေတဲ့နေရာက အနည်းငယ် နီနေခဲ့ရင် ဒီနေရာကို ဘယ်လိုကာကွယ်မလဲဆိုတဲ့ ညွှန်ကြားချက်တွေကို ပြောပြပြီး အိမ်ပြန်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ လက်ချောင်း၊ ခြေချောင်းတွေအစွန်းမှာ အရည်ကြည်ဖုထခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတွေဖြစ်ခဲ့တယ်ဆိုရင်တော့ ညွှန်ကြားချက်ပေးပြီး အိမ်ပြန်စေမှာဖြစ်ပါတယ်။

အရောင်ရင့်တဲ့ အရည်ကြည်ဖုတွေဖြစ်ပြီး ရောင်ရမ်းခြင်းမရှိဘဲ သွေးစီးဆင်းမှုပါ မရှိဘူးဆိုရင် ဆေးရုံတက်ရမှာဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေမှာ aspirin သို့ ibuprofen သောက်ခိုင်းမှာ ဖြစ်ပြီး ဒီဆေးတွေဟာ ပျက်စီးနေတဲ့ဆဲလ်တွေက ထုတ်လိုက်တဲ့ အရာတွေကြောင့် ဒဏ်ရာထပ်ရစေခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးစီးဆင်းမှုကောင်းစေပြီး အာဟာရပြည့်စေတဲ့ အခြားဆေးတွေကိုလည်း ပေးနိုင်ပါတယ်။

တကယ်လို့ ဆေးရုံတင်ရရင်တော့ ဒဏ်ရာရတဲ့နေရာကို ပတ်ပြီး မြှင့်တင်ထားမှာဖြစ်ပါတယ်။ တစ်နေ့မှာ နှစ်ကြိမ် အပတ်ဖြေပြီး whirlpool ထဲကို အရေပြား မျက်နှာပြင်ပေါ်မှာဖြစ်လာတဲ့ ဆဲလ်အသေတွေ၊ ဘက်တီးရီးယားတွေကို ဖယ်ထုတ်ဖို့ ထည့်ရမှာဖြစ်ပါတယ်။

နှင်းကိုက်ခြင်းက ပြင်းထန်ခဲ့ရင်တော့ ဆဲလ်သေနေရာတွေကို ဖယ်ထုတ်ဖို့အတွက် ခြေထောက်၊ လက် ဖြတ်ထုတ်ရနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်း

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Cold Hands and Feet ကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • အနာဖြစ်တဲ့နေရာကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။
  • ဒဏ်ရာနေရာကို မြှင့်ထားပါ။
  • အအေးခံခြင်းကို ရှောင်ကျဉ်ပါ။
  • ဒဏ်ရာနေရာကို ဖိအားပေးခြင်း၊ ပွတ်ခြင်းတွေ ပြုလုပ်ပါ။
  • ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဟာ ရေချိုးကန်၊ ဘေစင်ရဲ့ အောက်ခြေ၊ ဘေးဘက်တွေကို မထိသင့်ပါဘူး။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 20/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement