backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Chest Pain (ရင်ဘတ်အောင့်ခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Chest Pain (ရင်ဘတ်အောင့်ခြင်း )

Chest Pain (ရင်ဘတ်အောင့်ခြင်း ) အကြောင်း လေ့လာလိုက်ရအောင်နော်။

အခြေခံသိသင့်သည်များကိုသိရှိခြင်း ။

Chest Pain (ရင်ဘတ်အောင့်ခြင်း ) ဆိုတာဘာလဲ ။

ရင်ဘတ်အောင့်ခြင်းဆိုသည်မှာ ရင်ဘတ်ကိုဖိထားသလို ၊ မီးလောင်နေသလိုခံစားရခြင်း ဖြစ်ပါသည် ။ တစ်ချို့လူများတွင် နာကျင်မှုသည် လည်ပင်းမှ အရိုးများ ၊ ကျောရိုးများ နှင့် လက်မောင်းတစ်ဖက် (သို့) နှစ်ဖက်စလုံးအထိပျံနှံ့နိုင်ပါတယ် ။

ရင်ဘတ်အောင့်စေတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ် ။ အန္တရာယ်အများဆုံးဖြစ်စေတဲ့အကြောင်းအရာတွေကတော့ အဆုတ် သို့ နှလုံးနဲ့ဆက်စပ်နေတဲ့ရောဂါတွေပဲဖြစ်ပါတယ်။ ရင်ဘတ်အောင့်ခြင်းဟာ အရမ်းခန့်မှန်းရခက်သောကြောင့် ဆရာဝန်နဲ့သေချာပြပြီး စစ်ဆေးသင့်ပါတယ် ။

ရင်ဘတ်အောင့်ခြင်းဟာ ဘယ်လိုအဖြစ်များတာလဲ။

ရင်ဘတ်အောင့်ခြင်းဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ သို့သော် နှလုံးနဲ့ဆက်စပ်နေတာနဲ့အသက်အန္တရာယ် စိုးရိမ်ရတာကတော့ ရှားပါးပါတယ် ။ အန္တရာယ်ရှိတာတွေကိုလျှော့ချပြီး ရင်ဘတ်အောင့်ခြင်းကို ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိရဖို့တော့ ဆရာဝန်နဲ့ဆက်လက်တိုင်ပင်သင့်ပါတယ် ။

လက္ခဏာများကို သိရှိခြင်း ။

ရင်ဘတ်အောင့်ခြင်းရဲ့ လက္ခဏာတွေကဘာတွေလဲ။

ရင်ဘတ်အောင့်ခြင်းရဲ့ အဖြစ်အများဆုံးလက္ခဏာတွေကတော့

– သင့်ရဲ့ရင်ဘတ်ဟာ ဖိထားသလိုတင်းတင်းကျပ်ကျပ်ခံစားနေရခြင်း ၊

– စုတ်ဖြဲခံနေရသလို၊ ပူလောင်နေသလိုနာကျင်မှုဟာ သင့်ရဲ့ကျောကုန်း ၊ လည်ပင်း ၊ အံသွားများ ၊ ပုခုံးနှင့် လက်မောင်းများ ( အထူးသဖြင့် ဘယ်ဘက်လက်မောင်း) ဆီသို့ ကူးစက်၍ နာကျင်နေခြင်း ၊

– နာကျင်မှုဟာ မိနစ်ပိုင်းထက်ပိုမိုနာကျင်နေခြင်း ၊ အလုပ်လုပ်လျှင်ပိုမိုနာကျင်လာခြင်း ၊ နာလာလိုက် ပျောက်သွားလိုက်ဖြစ်နေခြင်း ၊

– မောနေခြင်း ၊

– ချွေးစေးများထွက်ခြင်း ၊

– မူးဝေခြင်း သို့ အားနည်းခြင်း ၊

– ပျို့အန်ချင်သလိုဖြစ်ခြင်း သို့ ပျို့အန်ခြင်း

– သင့်ရဲ့ပါးစပ်ထဲတွင် ချဉ်သောအရသာ သို့ စားပြီးသားအစာအရသာ ပြန်ရနေခြင်း ၊

– မြိုချရခက်ခဲခြင်း ၊

– သင့်ရဲ့ခန္ဓါကိုယ်အနေအထားပြောင်းလိုက်လျှင် ပိုမိုနာကျင်လာခြင်း ၊

– အသက်ပြင်းပြင်းရှူလိုက်လျှင် (သို့) ချောင်းဆိုးလျှင် ပိုမိုနာကျင်လာခြင်း ၊

– သင့်ရင်ဘတ်ကို တွန်းလိုက်လျှင် တင်းတင်းကြီးဖြစ်နေခြင်း ။

ပုံမှန်ဖြစ်နေကျ သင့်ရဲ့ရင်ဘတ်အရိုးနောက်မှာ အပူလောင်သလို နာကျင်မှုသည် သင့်ရဲ့နှလုံး သို့ အစာအိမ် ပြဿနာများကြောင့် ဖြစ်နိုင်ပါတယ် ။

အထက်ဖော်ပြပါစာရင်းထဲမှာမပါတဲ့ ရောဂါလက္ခဏာတွေလည်းရှိပါသေးတယ် ။ ရောဂါလက္ခဏာတွေနဲ့ပတ်သက်ပြီး သိချင်သေးရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသသင့်ပြီလဲ။

အကယ်၍သင့်တွင် ရှင်းမပြနိုင်သော ရင်ဘတ်အောင့်ခြင်းမျိုး (သို့) နှလုံးရောဂါရှိနေပြီလို့ ခံစားနေရလျှင် ဆရာဝန်နဲ့ပြသရပါမယ် ။ လူတစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး ။ သင့်ရဲ့အခြေအနေကို အကောင်းဆုံး ဆုံးဖြတ်နိုင်ဖို့ ဆရာဝန်နဲ့ဆွေးနွေးတာအကောင်းဆုံးဖြစ်ပါတယ်။

အကယ်၍သင့်တွင်နှလုံးရောဂါနှင့်သက်ဆိုင်တဲ့လက္ခဏာတွေရှိနေပြီဆိုရင်တော့ သင့်ရဲ့ကျန်းမာရေးစောင့်ရှောက်သူကို ခေါ်ရပါမယ် ။

– ရုတ်တရက် သင့်ရဲ့ရင်ဘတ်အရိုးအောက်တွင် ဖိထားသလို ၊ ညှစ်ထားသလို ၊တင်းတင်းကြီးခံစားနေရခြင်း ၊

– ရင်ဘတ်အောင့်ခြင်းဟာ သင့်ရဲ့မေးရိုး ၊ ဘယ်ဘက်လက်မောင်း သို့ ကျောရိုးအထိ ကူးစက်လာခြင်း ၊

– အချိန်ကာလအတန်ကြာသည်တိုင်အောင် မလှုပ်မရှားနေပြီးသည့်အခါ အသက်ရှူမဝခြင်းနဲ့အတူ စူးစူးရှရှခံစားရခြင်း ၊

– မူးဝေခြင်း ၊ ပျို့ချင် အန်ချင်ခြင်း ၊ နှလုံးခုန်နှုန်း သို့ အသက်ရှူနှုန်းမြန်နေခြင်း ၊ ဂယောင်ချောက်ခြားဖြစ်နေခြင်း ၊ ချွေးအလွန်ထွက်ခြင်း၊

– သွေးပေါင် သို့ နှလုံးခုန်နှုန်း အရမ်းကျနေခြင်း ။

ဖြစ်စေသောအကြောင်းအရာများကိုသိရှိခြင်း ။

ဘာတွေကရင်ဘတ်အောင့်ခြင်းကိုဖြစ်စေသလဲ။

နှလုံးကြောင့်ဖြစ်စေခြင်းများ ။

– နှလုံးသွေးကြောရုတ်တရက်ပိတ်ဆို့ခြင်း ။

နှလုံးသွေးကြောပိတ်ဆို့ခြင်းဟာ သွေးခဲလေးဟာ နှလုံးကိုစီးဆင်းနေတဲ့သွေးကြောကို ပိတ်ဆို့ရာမှာဖြစ်ပေါ်လာပါတယ် ။

– ရင်ဘတ်အောင့်ခြင်း ။

သွေးကြောအတွင်းနံရံများထူလာသောအခါ သင့်နှလုံးကိုစီးဆင်းတဲ့သွေးလမ်းကြောင်းဟာ ကျဉ်းသွားပြီး ရင်ဘတ်အောင့်စေပါတယ် ။

– သွေးကြောမကြီးခွဲစိတ်ခြင်း။

အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတွေမှာ နှလုံးဆီကနေထွက်တဲ့သွေးကြောမကြီးလည်းပါဝင်ပါတယ်။ သွေးကြောမကြီးရဲ့အတွင်းအလွှာတွေဟာ ခြားနေသောအခါ သွေးတွေဟာ ခြားနေတဲ့နေရာတွေကိုဝင်ပြီး သွေးကြောမကြီးကိုပေါက်စေနိုင်ပါတယ် ။

– နှလုံးအပြင်လွှာရောင်ခြင်း ။

နှလုံးကိုကာရန်ထားတဲ့အပြင်လွှာ ရောင်ရမ်းတဲ့အခါ သင်လှဲနေတဲ့အခါ သို့ အသက်ရှူတဲ့အခါမှာစူးစူးရှရှနာကျင်မှုမျိုး ဖြစ်ပေါ်တတ်ပါတယ် ။

အစာချေလမ်းကြောင်းကြောင့် ဖြစ်စေခြင်းများ ။

ရင်ပူခြင်း ။

သင့်ရဲ့အစာအိမ်ကနေ အက်စစ်တွေဟာ အစာရေမြို (အစာအိမ်နဲ့ လည်ချောင်းနဲ့ဆက်ထားသောပြွန် ) ထဲကိုရောက်သွားတဲ့အခါမှာ ရင်ဘတ်ရိုးရဲ့နောက်မှာပူလောင်သလိနာကျင်မှုကို ခံစားရပါတယ်။

– အစာမြိုခြင်းနှင့်ဆိုင်သောပြဿနာများ ။

အစာရေမြိုနဲ့ဆိုင်တဲ့ပြသနာတွေဟာ မြိုရခက်ခဲခြင်းနဲ့ နာကျင်ခြင်းတွေဖြစ်ပေါ်စေနိုင်ပါတယ် ။

– သည်းခြေအိတ် (သို့) သရက်ရွက်ပြဿနာများ ။

သည်းခြေကျောက်များ ၊ သည်းခြေအိတ် သို့ သရက်ရွက် ရောင်ရမ်းခြင်းများဟာ ဝမ်းဗိုက်နာကျင်မှုများ ကို ဖြစ်စေပြီး နာကျင်မှုဟာ ရင်ဘတ်အထိရောက်နိုင်ပါတယ်။

အရိုးနှင့် ကြွက်သားများကြောင့် ရင်ဘတ်အောင့်ခြင်း ။

နံရိုးရှိအရိုးနုရောင်ရမ်းခြင်း ။

သင့်ရဲ့ရင်ဘတ်အရိုးနဲ့ နံရိုးနဲ့ဆက်ထားတဲ့အရိုးနုရောင်တဲ့အခါမှာလည်းရင်ဘတ်အောင့်ခြင်းတွေဖြစ်စေပါတယ် ။

လည်ပင်းကြွက်သားများ ။

နာတာရှည်နာကျင်မှုများသည် ကြွက်သားနှင့်ဆိုင်သော ရင်ဘတ်အောင့်ခြင်းများကိုလည်း ဖြစ်စေနိုင်ပါတယ်။

အဆုတ်ရောဂါများကြောင့်ရင်ဘတ်အောင့်ခြင်း ။

– အဆုတ်သွေးကြောပိတ်ခြင်း ။

သွေးခဲလေးဟာအဆုတ်ရှိ သွေးကြောတွင်ပိတ်ဆို့နေ၍ သွေးစီးဆင်းမှုကို ဟန့်တားလိုက်သည့်အခါ ရင်ဘတ်အောင့်ခြင်းတွေကို ဖြစ်စေပါတယ်။

– အဆုတ်အမြှေးပါးရောင်ခြင်း ။

သင့်ရဲ့အဆုတ်အမြှေးပါးရောင်တဲ့အခါ ချောင်းဆိုးတဲ့အခါ သို့မဟုတ် အသက်ရှူတဲ့အခါ ပိုဆိုးစေတဲ့ ရင်ဘတ်အောင့်ခြင်း ဖြစ်စေပါတယ်။

အဆုတ်သွေးတိုးခြင်း ။

အဆုတ်ဆီသို့ သွေးများကို သယ်ဆောင်တဲ့ သွေးကြောတွေမှာ ဖိအားတွေများလာတဲ့အခါ ရင်ဘတ်အောင့်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

အခြားဖြစ်စေသောအကြောင်းအရာများ ။

အခြားရင်ဘတ်အောင့်စေတဲ့အကြောင်းအရာတွေကတော့…

– ကြောက်လန့်ခြင်း ။

အကယ်၍ သင်ဟာ နှလုံးအောင့်ခြင်း၊ နှလုံးခုန်မြန်ခြင်း ၊ အသက်ရှူမြန်ခြင်း ၊ ချွေးထွက်ခြင်း ၊ အသက်ရှူမဝခြင်း ၊ မူးဝေခြင်း ၊ပျို့ချင်အန်ချင်ခြင်း နဲ့ သေရမှာကြောက်နေခြင်းတို့ဖြစ်နေလျှင် နှလုံးအောင့်ခြင်း ဖြစ်စေနိုင်ပါတယ် ။

– ရေယုန်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ပြန်လည်နှိုးဆွခြင်းဖြင့် သင့်ရဲ့နောက်ကျောကနေ ရင်အုံပတ်လည် အထိ နာကျင်မှုများနှင့် ရေကြည်ဖုများ ဖြစ်စေကာ နာကျင်ခြင်းကိုဖြစ်ပေါ်စေပါတယ် ။

အခြားအန္တရာယ်ရှိသော နှလုံးအောင့်စေသောအချက်များ ။

ဘာတွေကရင်ဘတ်အောင့်ခြင်းကို ပိုဆိုးစေသလဲ ။

ရင်ဘတ်အောင့်ခြင်းကို ပိုဆိုးစေတဲ့အကြောင်းအရာတွေများစွာရှိပါတယ် ။ အဓိကအကြောင်းရင်း ၄ ခုကတော့ အသက်အရွယ် ၊ ဆေးလိပ်သောက်ခြင်း ၊ ကျန်းမာရေးနဲ့ မညီညွတ်သော နေထိုင်မှုပုံစံများ နဲ့ မျိုးရိုးဗီဇတို့ပဲဖြစ်ပါတယ် ။

ရောဂါရှာဖွေစစ်ဆေးမှုများနှင့် ကုသမှုများကိုနားလည်သိရှိခြင်း ။

အောက်ဖော်ပြမည့် အကြောင်းအရာသည် ကျန်းမာရေးအကြံပေးချက်မျိုးမဟုတ်ပါ ။ ဒါကြောင့်အသေးစိတ်သိရှိရဖို့အတွက်ဆရာဝန်နဲ့အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ် ။

ရင်ဘတ်အောင့်ခြင်းကို ဘယ်လိုရှာဖွေစမ်းသပ်မလဲ။

သင်အရင်ဆုံးစစ်ဆေးရမယ့်စစ်ဆေးမှုတွေကတော့..

– ECG ရိုက်ခြင်းဟာ သင့်တွင်နှလုံးသွေးကြောပိတ်ဆို့ခြင်းရှိ မရှိကို အရေပြားပေါ်တွင်တပ်ဆင်ထားသော လျှပ်ခေါင်းများမှတစ်ဆင့်သင့်နှလုံးရဲ့လျှပ်စစ်စီးဆင်းမှုကိုသိရှိနိုင်ပြီးသင့်တွင် နှလုံးသွေးကြောပိတ်ခြင်း ရှိမရှိသိနိုင်ပါတယ် ။

– သွေးစစ်ခြင်းများ။

နှလုံးမှာပုံမှန်ရှိနေကြ အင်ဇိုင်းတွေရဲ့ပမာဏကိုသိရဖို့အတွက် ဆရာဝန်ဟာ သွေးစစ်ဖို့သင့်ရဲ့သွေးနမူနာကို တောင်းပါလိမ့်မယ် ။ နှလုံးသွေးကြောပိတ်ဆို့တဲ့အခါ နှလုံးထဲက အင်ဇိုင်းတွေဟာထွက်လာပြီး သွေးထဲမှာအချိန်ကာလတစ်ခုထိရှိနေတတ်ပါတယ် ။

– ရင်ဘတ်ကို x- way ရိုက်ခြင်း ။

သင့်ရဲ့ရင်ဘတ်ကို x- way ရိုက်ခြင်းဟာ သင့်ရဲ့အဆုတ်အခြေအနေနဲ့ သွေးကြောများနဲ့ နှလုံးရဲ့အခြေအနေကိုဆရာဝန်အား သေချာလေ့လာစစ်ဆေးလို့ရစေပါတယ်။ ဒါ့အပြင် x- way ရိုက်ခြင်းဟာ သင့်တွင်အဆုတ်ရောင်ရောဂါနဲ့ အဆုတ်များကောင်းမကောင်းသိစေနိုင်ပါတယ် ။

CT scan ရိုက်ခြင်း ။

CT scan ရိုက်ခြင်းဟာ သင့်ရဲ့အဆုတ်တွင်သွေးခဲများပိတ်ဆို့နေခြင်း ရှိမရှိနဲ့သင့်ရဲ့သွေးကြောမကြီးရဲ့အတွင်းဆုံးအလွှာစုတ်ပြဲခြင်းရှိမရှိကို သိရှိစေနိုင်ပါတယ် ။

စမ်းသပ်မှုများဆက်လက်လုပ်ဆောင်ခြင်း ။

အထက်ပါ စစ်ဆေးမှုများမှရလာဒ်များအပေါ်မူတည်၍ အောက်ပါစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားရပါမည် ။

– echocardiogram ရိုက်ခြင်း ။

Echocardiogram ဟာအသံလှိုင်းများကို အသုံးပြုပြီးတော့သင့်ရဲ့နှလုံးလှုပ်ရှားနေပုံကိုထုတ်လုပ်ပြသပေးပါတယ် ။ တစ်ချို့ကိစ္စများတွင်သင့်နှလုံးရဲ့အစိတ်အပိုင်းအားလုံးကို ရှင်းရှင်းလင်းလင်းမြင်ရဖို့အတွက် လည်ချောင်းမှတစ်ဆင့် ပစ္စည်းသေးသေးလေးတစ်ခုကိုထည့်၍ စစ်ဆေးရသည်များလည်းရှိပါတယ် ။

– CT scan ရိုက်ခြင်းဖြင့် သင့်ရဲ့နှလုံးသွေးကြောများတွင်ပိတ်ဆို့မှုများစုပုံနေသောနေရာကိုပြသည့်ကယ်စီယမ်လက္ခဏာများကိုကြည့်ခြင်းဖြင့်လည်း သိရှိနိုင်ပါတယ် ။ သင့်ရဲ့နှလုံးနဲ့အဆုတ်သွေးကြောများ ပိတ်ဆို့ခြင်းရှိမရှိသိရဖို့အတွက်ဆိုးဆေးနှင့်လည်း CT scan ကိုတွဲဖက်အသုံးပြုနိုင်ပါသည် ။

ဖိအားများပေး၍စမ်းသပ်ခြင်း။

ဒီလိုစမ်းသပ်ခြင်းဟာတော့သင့်ရဲ့နာကျင်မှုဟာ နှလုံးနှင့်ဆက်စပ်နေခြင်းရှိမရှိကို သိနိုင်မည့် နှလုံးနှင့်သွေးကြောများအပေါ်ဖိအားပေးပြီး စမ်းသပ်ခြင်းဖြစ်ပါတယ် ။ သင်လုပ်ရမယ့် ဖိအားနဲ့စစ်ဆေးပုံအမျိုးမျိုးရှိပါတယ် ။ သင့်ကို ECG နဲ့ချိတ်ဆက်ထားတဲ့ စက်ဘီးပေါ်မှာစီးခိုင်းပါလိမ့်မယ်။ ဒါမှမဟုတ် လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ပုံစံတူသည့် သင့်ရဲ့နှလုံးကိုလှုံဆော်ရန် ဆေးတစ်မျိုးသောက်ခိုင်းပါလိမ့်မယ် ။

– နှလုံးသွေးကြောထဲသို့ပြွန်ထည့်၍ စစ်ဆေးခြင်း ။

ဒီလိုစစ်ဆေးခြင်းဟာညဆရာဝန်ကို သင့်ရဲ့နှလုံးသွေးကြောတွေကျဉ်းနေတာလား သို့ ပိတ်နေတာလားဆိုတာကို ခွဲခြားသိမြင်စေပါတယ် ။ ဆိုးဆေးရည်ကို သင့်ရဲ့နှလုံးသွေးကြောများထဲသို့ ပါးပါးရှည်ရှည်ပြွန်တစ်ချောင်းဖြင့် လက်ကောက်ဝတ် သို့ ပေါင်ခြံမှတစ်ဆင့်သင့်ရဲ့နှလုံးသွေးကြောထဲသို့ရောက်အောင်ထည့်သွင်းရပါမည် ။ ဆိုးဆေးဟာ သွေးကြောတွေထဲကိုရောက်သွားတဲ့အခါမှာ x- ray နဲ့ ဗွီဒီယိုတွေမှာမြင်လာရပါတယ် ။

ရင်ဘတ်အောင့်ခြင်းကို ဘယ်လိုကုသမလဲ။

ရင်ဘတ်အောင့်ခြင်းကို ကုသရာတွင်ဘအသုံးအများဆုံးဆေးတွေကတော့….

– သွေးကြောကိုပြေလျော့စေသောဆေးများ ။

Nitroglycerine ဆေးပြားတစ်ပြားကို လျှာအောက်တွင်ထား၍ငုံထားခြင်းဟာ နှလုံးသွေးကြောများကို ပြေလျော့စေပြီး ကျဉ်းမြောင်းနေသောနေရာများကို သွေးများကိုအလွယ်တစ်ကူဖြတ်သန်းစီးဆင်းစေပါတယ် ။ အချို့သွေးပေါင်ကျဆေးများဟာလည်း သွေးကြောများကို ပြေလျော့စေ၍ ကျယ်စေပါတယ် ။

– အကယ်၍ ဆရာဝန်ဟာ သင်ရင်ဘတ်အောင့်ခြင်းဟာ နှလုံးရောဂါနဲ့သက်ဆိုင်တယ်လို့သံသယရှိရင်တော့ သင့်ကို asprin သောက်ခိုင်းပါလိမ့်မယ် ။

– သွေးခဲများကိုပျော်စေသောဆေးများ ။

အကယ်၍သင့်တွင် နှလုံးသွေးကြောကျဉ်းခြင်းရှိလျှင် သင့်ရဲ့နှလုံးကြွက်သားတွေဆီကိုသွေးမရောက်အောင်တားဆီးနေတဲ့သွေးခဲတွေကို ပျော်စေတဲ့ဆေးတွေဆရာဝန်ကပေစပါလိမ့်မယ် ။

– အက်ဆစ်လျော့နည်းစေသောကုသမှုများ ။

အကယ်၍သင့်ရဲ့ရင်ဘတ်အောင့်ခြင်းဟာ အစာရေမြိုမှတစ်ဆင့်တက်လာသောအစာအိမ်မှအက်ဆစ်များကြောင့်ဆိုရင်တော့ ဆရာဝန်ဟာ သင့်အစာအိမ်ထဲမှာရှိတဲ့အက်ဆစ်ပမာဏကိုလျော့နည်းစေမယ့်ဆေးများကိုပေးပါလိမ့်မယ် ။

– စိတ်ကျခြင်းကိုသက်သာစေသောဆေးများ ။

အကယ်၍သင်ဟာ ကြောက်လန့်ခြင်းများကြောင့်နှလုံးအောင့်ခြင်းခံစားနေရလျှင် ဆရာဝန်ဟာ စိတ်ကျသက်သာဆေးများကို ပေးပါလိမ့်မယ် ။ စိတ်ပိုင်းဆိုင်ရာကုသမှုများကိုလည်းလိုအပ်လျှင်ပြုလုပ်ရပါလိမ့်မည်။

ခွဲစိတ်မှုခံယူခြင်းနှင့် အခြားလုပ်ဆောင်ခြင်းများ ။

ရင်ဘတ်အောင့်ခြင်းဖြစ်စေတဲ့အသက်အန္တရာယ်ရှိသောကိစ္စများတွင် ဆရာဝန်များဟာအချို့လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန် ညွှန်ကြားပါလိမ့်မယ် ။

– ထိုအခြေအနေမျိုးတွင် ဘောလုံး သို့ ပြွန်ထည့်ခြင်းမျိုးလုပ်ကြရပါတယ် ။ အကယ်၍သင့်ရဲ့ရင်ဘတ်အောင့်ခြင်းဟာ နှလုံးဆီကိုထောက်ပံ့တဲ့သွေးကြောပိတ်ဆို့ခြင်းကြောင့်ဆိုလျှင် သင့်ရဲ့ပေါင်ခြံကနေ ပြွန်အသေးစားတစ်ခုကို ပိတ်နေတဲ့နေရာအထိရောက်အောင်ထည့်လိုက်၍ ထိုမှတစ်ဆင့်သွေးကြောကိုပြန်ပွင့်စေရန်ဘောလုံးတစ်လုံးကိုထည့်ပါသည် ။ ကိစ္စတော်တော်များများမှာတော့ သွေးကြောကိုပွင့်နေစေရန် အသေးစားပြွန်ပိုက်တစ်ခုကိုထည့်ထားကြပါသည် ။

– လမ်းကြောင်းလွှဲ၍ခွဲစိတ်ကုသခြင်း ။

ထိုခွဲစိတ်ခြင်းတွင်ဆရာဝန်သည်ခန္ဓါကိုယ်၏ အခြားနေရာမှသွေးကြောကိုယူ၍ ပိတ်နေသောသွေးကြောပိတ်လည်တွင် သွေးစီးဆင်းမှုရစေရန် ပြုလုပ်ပါသည် ။

– သွေးကြောမကြီး၏ အတွင်းဆုံးအလွှာစုတ်ပြဲနေခြင်းကို ခွဲစိတ်ကုသခြင်း ။

ထိုအခြေအနေသည် နှလုံးမှခန္ဓါကိုယ်တစ်ခုလုံးဆီသို့သွေးများသယ်ဆောင်သော သွေးကြောမကြီး ပေါက်ပြဲခြင်းကိုဖြစ်စေပြီး အသက်အန္တရာယ်စိုးရိမ်ရသောကြောင့် အလျှင်အမြန် ခွဲစိတ်မှုခံယူရန်လိုအပ်ပါသည်။

– အကယ်၍သင့်ရဲ့အဆုတ်ဟာ အလုပ်မလုပ်နိုင်တော့လျှင် ရင်ဘတ်ထဲသို့ပြွန်တစ်ခုကိုထည့်ကာ အဆုတ်ကို ပြန်ပြီး အသက်ရှူစေအောင်ပြုလုပ်ရပါတယ် ။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသမှုများ ။

ဘယ်လိုနေထိုင်မှုပုံစံတွေနဲ့အိမ်တွင်းကုသမှုတွေက ရင်ဘတ်အောင့်ခြင်းကိုသက်သာစေသလဲ။

ရောဂါလက္ခဏာတွေပြလာတာကိုစောင့်နေမည့်အစားနည်းနည်းလေးအောင့်နေပြီဆိုတာနဲ့ စမ်းသပ်စစ်ဆေးမှုတွေခံယူသင့်ပါပြီ ။

အကယ်၍သင့်တွင်မေးခွန်းတွေရှိသေးရင်တော့အကောင်းဆုံးအဖြေကိုရရှိဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ် ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement