backup og meta

ညာဘက်ရင်ဘတ်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ!

ရင်ဘတ်အောင့်တယ် ဆိုတာက နှလုံးရှိရာ ဘယ်ဘက်ခြမ်းမှာမှ အောင့်တတ်တာ မဟုတ်ပါဘူး။ ညာဘက် ရင်ဘတ်ခြမ်းကလည်း အောင့်တတ်ပါတယ်။ ဒါဆိုရင် ညာဘက်ခြမ်းက နှလုံးမှ မရှိပါဘဲ။ ဘယ်အရာက ရင်ဘတ် အောင့်တာကို ဖြစ်စေတာ ပါလိမ့်လို့ စဉ်းစား ရခက်နေပြီလား! ‘ဒါဆိုရင်တော့ ညာဘက်ရင်ဘတ်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ 

ညာဘက်ရင်ဘတ်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ!

ညာဘက်ရင်ဘတ်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ!

ညာဘက်ရင်ဘတ်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ! ဆိုတော့ အကြောင်းအရင်း တွေကတော့ အများကြီး ရှိနိုင်ပါတယ်။ 

ညာဘက် ရင်ဘတ်အောင့်တဲ့အခါ ရင်ဘတ်ထဲက စူးခနဲအောင့်တာမျိုး ဖြစ်နိုင်ပါတယ်။ အသက်ရှူသွင်းလိုက်ချိန်၊ အသက်ကို ခပ်ပြင်းပြင်း ရှိုက်ရှူလိုက်ချိန်မှာ ပိုဆိုးတာမျိုး ဖြစ်နိုင်ပါတယ်။ ညာဘက် ရင်ဘတ် အောင့်တဲ့အခါ ရင်ဘတ်အောင့်တာနဲ့အတူ ရင်ဘတ်ထဲက တင်းတင်းကျပ်ကျပ်ကြီး ဖြစ်တာ၊ အသက်ရှူရခက်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။ 

ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကတော့

  • အဆုတ် သွေးကြောထဲမှာ သွေးခဲ ပိတ်ဆို့တာ

ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုခုမှာ ဖြစ်တဲ့ သွေးခဲက အဆုတ်ထဲမှာ ရှိတဲ့ သွေးကြောထဲမှာ ပိတ်ဆို့တဲ့ အခြေအနေကို ခံစားရချိန်မှာလည်း အသက်ရှူလိုက်ချိန်မှာ ရင်ဘတ်ထဲက စူးခနဲ အောင့်တာ နာတာမျိုး ခံစားရနိုင်ပါတယ်။ ဒီအခြေအနေမှာ ရင်ဘတ်အောင့်တာနဲ့အတူ အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာ၊ နှလုံးခုန်မြန်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။

  • နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)

အဆုတ်ထဲက လေအိတ်လေးတွေနဲ့ လေပြွန်အတွင်းနံရံတွေကြောင့် အသက်ရှူဖို့ အခက်အခဲ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ရင်ဘတ်ထဲက တင်းတင်းကြပ်ကြပ်နဲ့ အောင့်တာ၊ အသက်ရှူရတာ ပြတ်တောင်းတောင်း ဖြစ်တာ၊ အသက်ရှူသံ တရွှီရွှီ မြည်တာမျိုး ခံစားရနိုင်ပါတယ်။

  • အဆုတ်ရောင်ရောဂါ

အဆုတ်မှာ ပိုးဝင်ကူးစက်တာကြောင့် အဆုတ်ရောင်တာကို ခံစားရချိန်မှာလည်း ညာဘက်ခြမ်း ရင်ဘတ် အောင့်တာကို ခံစားရနိုင်ပါတယ်။ အဆုတ်ရောင်တဲ့အခါ ရင်ဘတ်အောင့်တာနဲ့အတူ အဖျားဝင်တာ၊ ချမ်းတုန်တာ၊ ချောင်းဆိုးချွဲပိတ်တာမျိုးကို ခံစားရနိုင်ပါတယ်။

  • အဆုတ် အမြှေးပါး ပိုးဝင်တာ 

အဆုတ်ကို ကာကွယ်လွှမ်းခြုံထားတဲ့ အမြှေးပါးလေးမှာ ပိုးဝင်တာ ဒါမှမဟုတ် အဲ့အမြှေးပါးလေး ရောင်တဲ့အခါ ချောင်းဆိုးလိုက်တိုင်း ဒါမှမဟုတ် အသက်ကို ရှိုက်ပြီး ရှူလိုက်တိုင်းမှာ ညာဘက်ရင်ဘတ်ခြမ်းက အောင့်တာမျိုးကို ခံစားရနိုင်ပါတယ်။ ထပ်ပြီး ခံစားရနိုင်တာကတော့ ပခုံးနာတာမျိုးပါ။

  • အဆုတ် ပျက်စီးတာ

အဆုတ်ကို ကာကွယ်လွှမ်းခြုံထားတဲ့ တစ်ရှူးအလွှာထဲကို ပိုးဝင်ပြီး ရောင်ရမ်းတာမျိုး ဖြစ်မယ်ဆိုရင်လည်း ရင်ဘတ်အောင့်နိုင်ပါတယ်။ ဒီလို ဖြစ်တဲ့အခါ အစပျိုး လက္ခဏာ တစ်ခုမှ မခံစားရဘဲ ရင်ဘတ်ထဲက စူးပြီးအောင့်တာ၊ ဇက်ကြောနဲ့ ပခုံးတဝိုက် နာကျင်တာကို ခံစားရနိုင်ပါတယ်။

  • အဆုတ်သွေးကြောထဲမှာ သွေးတိုးခြင်း (Pulmonary hypertension)

အဆုတ်သွေးကြောထဲမှာ သွေးတိုးတာကို ဖြစ်စေနိုင်တဲ့ အခြေအနေတွေကတော့ အများကြီးပါ။ အဆုတ်ဆီကို သွေးတွေ ပေးပို့တဲ့ သွေးကြောတွေက ကာဗွန်ဒိုင်အောက်ဆိုက် နဲ့ အောက်ဆီဂျင်ကို လဲလှယ်ပေးတာပါ။  အဆုတ်သွေးကြောတွေမှာ သွေးတိုးတဲ့အခါ သွေးစီးဆင်းမှုကို အနှောင့်အယှက် ဖြစ်စေပြီး ညာဘက်ခြမ်း ရင်ဘတ်အောင့်တာကို ဖြစ်စေနိုင်ပါတယ်။

  • ပန်းနာရင်ကျပ်

ဓာတ်မတည့်တဲ့ အရာတွေက လေပြွန်ကို ကျဉ်းစေပြီး အသက်ရှူရ ခက်စေပါတယ်။ ဒီအခြေအနေက ချောင်းဆိုးတာ၊ အသက်ရှူသံ တရွှီရွှီ မြည်တာ၊ ရင်ဘတ်ထဲက တင်းတင်းကြပ်ကြပ် အောင့်တာမျိုးကို ခံစားရစေနိုင်ပါတယ်။

  • အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာကလည်း ရင်ဘတ်အောင့်တာကို ဖြစ်စေနိုင်သလို ချောင်းဆိုးချိန်၊ ရယ်မောလိုက်ချိန်နဲ့ အသက်ပြင်းပြင်းရှူလိုက်ချိန်တွေမှာ သိသိသာသာ အောင့်တာကို ခံစားရနိုင်ပါတယ်။

  • နံရိုးကျိုးတာ

မတော်တဆမှု တစ်ခုခုကြောင့် ရင်ဘတ်အတွင်းပိုင်း ကလီစာတွေကို ကာကွယ်ထားတဲ့ နံရိုး ကျိုးသွားချိန်မှာလည်း အသက်ပြင်းပြင်းရှူလိုက်ချိန်မှာ ရင်ဘတ်အောင့်တာကို ခံစားရနိုင်ပါတယ်။

  • ရင်ဘတ် ကြွက်သား ထိခိုက်ဒဏ်ရာရတာ 

ရင်ဘတ် ကြွက်သား ထိခိုက်ဒဏ်ရာရတာ၊ ကြွက်သားစုတ်ပြဲတာကို ဖြစ်စေနိုင်သလို လှုပ်ရှားလိုက်ချိန်မှာ ရင်ဘတ်ထဲက နာကျင်တာကို ခံစားရနိုင်ပါတယ်။

  • ရေယုန်

ရေယုန်ဗိုင်းရပ်စ်က အရေပြားမှာ အဖုအပိမ့်တွေ ဖြစ်စေပြီး နာကျင်စေနိုင်သလို ရင်ဘတ်ပိုင်းမှာ ပေါက်တဲ့အခါ ရင်ဘတ်ကနာကျင်တာ အောင့်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

  • သည်းခြေကျောက်တည်တာ

သည်းခြေကျောက်က သည်းခြေပြွန်ကို ပိတ်ဆို့သွားချိန်မှာ သည်ခြေအိတ်က ရောင်လာပြီး ညာဘက်ရင်ဘတ် အောက်နားခြမ်းက နာကျင်တာကို ခံစားရစေနိုင်ပါတယ်။ ဒီလို နာကျင်မှုက နာရီနဲ့ ချီပြီး ခံစားရနိုင်ပါတယ်။

ကုသမှုတွေကရော ဘာတွေလဲ!

ရင်ဘတ် ညာဘက်ခြမ်းအောင့်တာကို သက်သာစေမယ့် နည်းလမ်းတွေကတော့ ရောဂါအခြေအနေကို လိုက်ပြီး ကုသရပါတယ်။ အချို့သော အခြေအနေတွေက ဆေးသောက်ရတာမျိုး နဲ့ သက်သာအောင် လုပ်ဆောင်လို့ ရပေမယ့် အချို့ အခြေအနေတွေမှာတော့ ခွဲစိတ်ကုသမှုကို ခံယူရမှာ ဖြစ်ပါတယ်။ ရောဂါ အခြေအနေကို လိုက်ပြီး ကုသမှုတွေက ကွာခြားနိုင်ပါတယ်။ 

ရင်ဘတ် ညာဘက်ခြမ်းအောင့်တာကို ဘယ်လို လျှော့ချမလဲ!

ရင်ဘတ် ညာဘက်ခြမ်းအောင့်တာ ခံစားရနိုင်ခြေကို လျှော့ချဖို့ဆိုရင်တော့ 

  • ပန်းနာရင်ကျပ်၊ အဆုတ်လေပြွန်ကျဉ်းတာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကနေ ထုတ်ထားတဲ့ အရာတွေကို သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ
  • ရေယုန်၊ ရေကျောက် စတဲ့ ကာကွယ်ဆေးတွေကို ထိုးနှံထားပါ
  • အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ပါ
  • သွေးမခဲအောင် ကာကွယ်ပါ
  • လှုပ်လှုပ်ရှားရှား နေပါ
  • အဆုတ်နဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်တာကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို လိုက်နာပါ
  • ခရီးဝေးသွားတဲ့အခါ ခြေထောက်တွေကို မကြာခဏ အကြောဆန့်ပါ။

ရင်ဘတ်ညာဘက်ခြမ်းက အောင့်တာက အတော်လေး ခံရခက်ပါတယ်။ ဒီလိုမျိုး ရင်ဘတ် ညာဘက်ခြမ်းက အောင့်ရတဲ့ အကြောင်းအရင်းတွေထဲမှာ အတွေ့ရ အများဆုံး အကြောင်းအရင်းက အဆုတ်ကြောင့်ပါ။ ဒါကြောင့် ရင်ဘတ် ညာဘက်ခြမ်းက အောင့်ပြီဆိုရင် အကောင်းဆုံးနည်းလမ်းကတော့ ကျန်းမာရေး စစ်ဆေးမှု ခံယူတာပါ။ ဒီလို လုပ်ဆောင်တာက လက္ခဏာတွေကနေ တဆင့် ကျန်းမာရေး အခြေအနေကို တိတိကျကျ သိရနိုင်သလို လိုအပ်တဲ့ ကုသမှုကိုလည်း တိတိကျကျ ခံယူနိုင်မှာ ဖြစ်ပါတယ်။ 

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Chest pain https://www.nhs.uk/conditions/chest-pain/ Accessed Date 18 January 2024

RIGHT SIDE CHEST PAIN – CAUSES, SYMPTOMS & TREATMENT OPTIONS https://www.narayanahealth.org/blog/right-side-chest-pain-causes-symptoms-treatment-options/ 

Accessed Date 18 January 2024

Chest pain https://www.mayoclinic.org/diseases-conditions/chest-pain/symptoms-causes/syc-20370838 Accessed Date 18 January 2024

Chest Pain https://patient.info/signs-symptoms/chest-pain-leaflet Accessed Date 18 January 2024

Right-Side Chest Pain https://my.clevelandclinic.org/health/symptoms/25070-right-side-chest-pain Accessed Date 18 January 2024

ယခုပုံစံ

23/04/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရင်ဘတ်ဓါတ်မှန် Chest X-ray အကြောင်း သိကောင်းစရာများ ။ ။

ရင်ဘတ်အောင့်တဲ့ပြဿနာဟာ မပေါ့ဆသ့င်တဲ့အရာတစ်ခုပါ။


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/04/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ